< ကမ္ဘာဦး 39 >
1 ၁ ဣရှမေလအမျိုးသားတို့သည်ယောသပ်အား အီဂျစ်ပြည်သို့ခေါ်ဆောင်သွား၍ ပြည့်ရှင်ဖာရော ဘုရင်၏ကိုယ်ရံတော်တပ်မှူးပေါတိဖာထံ၌ ရောင်းကြ၏။-
Joseph donc fut mené en Égypte, et Putiphar Egyptien, eunuque de Pharaon et chef de l’armée, l’acheta de la main des Ismaélites par lesquels il avait été amené.
2 ၂ ထာဝရဘုရားသည်ယောသပ်နှင့်အတူရှိ သဖြင့်သူသည်ကြံစည်လုပ်ကိုင်တိုင်းအောင် မြင်၏။ သူသည်သူ၏သခင်အီဂျစ်အမျိုး သား၏အိမ်တွင်နေထိုင်လေသည်။-
Et le Seigneur fut avec lui, et c’était un homme prospérant en toutes choses: il demeura dans la maison de son maître,
3 ၃ ထာဝရဘုရားသည်သူနှင့်အတူရှိ၍သူပြု လေသမျှတို့တွင် အောင်မြင်ကြောင်းသူ၏သခင် တွေ့မြင်ရသည်။-
Qui connaissait très bien que le Seigneur était avec lui, et que tout ce qu’il faisait, le Seigneur le dirigeait entre ses mains.
4 ၄ ပေါတိဖာသည်ယောသပ်အားကျေနပ်နှစ်သက် သဖြင့် သူ၏ကိုယ်ရေးကိုယ်တာမှူးအဖြစ်ခန့် ထားလျက် သူပိုင်ဆိုင်သမျှဥစ္စာပစ္စည်းနှင့်အိမ် မှုကိစ္စတို့ကိုအုပ်ထိန်းစေလေသည်။-
Ainsi Joseph trouva grâce devant son maître, et il le servait; préposé par lui à toutes choses, il gouvernait la maison qui lui était confiée, et tout ce qui avait été remis à ses soins.
5 ၅ ထိုအချိန်မှအစပြု၍ထာဝရဘုရားသည် ယောသပ်ကြောင့် ထိုအီဂျစ်အမျိုးသား၏အိမ် ထောင်ကိုလည်းကောင်း၊ သူ၏အိမ်စီးပွားနှင့်လယ် ယာစီးပွားတို့ကိုလည်းကောင်း၊ ကောင်းချီးပေး တော်မူ၏။-
Et le Seigneur bénit la maison de l’Egyptien à cause de Joseph, et il multiplia tous ses biens, tant à la ville que dans les champs.
6 ၆ ပေါတိဖာသည်မိမိပိုင်သမျှပစ္စည်းအားလုံး တို့ကိုယောသပ်လက်သို့လွှဲအပ်ထား၏။ သူစား သောအစာမှလွဲ၍မည်သည့်အရာ၌မျှဝင် ရောက်စွက်ဖက်ခြင်းမပြုချေ။
Et il ne connaissait autre chose que le pain dont il se nourrissait. Or Joseph était beau de visage et d’un aspect très agréable.
7 ၇ ယောသပ်သည်ကိုယ်လုံးကိုယ်ပေါက်ကောင်း၍ လူ ချောလူလှတစ်ယောက်ဖြစ်ရကားကာလအတန် ကြာသောအခါ သူ့သခင်မသည်ယောသပ်အား စွဲလန်းလာသဖြင့်သူနှင့်အတူအိပ်ရန်ဖြား ယောင်းလေ၏။-
C’est pourquoi, après bien des jours, sa maîtresse jeta les yeux sur Joseph et dit: Dors avec moi.
8 ၈ သို့ရာတွင်ယောသပ်ကငြင်းဆန်လျက်``သခင်သည် ကျွန်တော်အားအရာရာကိုမျက်နှာလွှဲအပ်ထား ပါသည်။ သခင်ပိုင်သမျှဥစ္စာပစ္စည်းကိုထိန်းသိမ်း ရန်ကျွန်တော်အားတာဝန်ပေးအပ်ထားပါသည်။-
Mais celui-ci ne consentant nullement à cette action criminelle, lui répondit: Voilà que mon maître, toutes choses m’ayant été confiées, ignore ce qu’il a dans sa maison:
9 ၉ ဤအိမ်တွင်သခင်၏သြဇာညောင်းရသကဲ့သို့ ကျွန်တော်၏သြဇာလည်းညောင်းရပါသည်။ သခင်သည်သခင်မမှလွဲလျှင်ကျွန်တော်၏ လက်သို့မအပ်သောအရာဟူ၍မရှိပါ။ သို့ ဖြစ်၍ကျွန်တော်သည်အဘယ်သို့လျှင် ဤမျှ ဆိုးယုတ်သောအမှုကိုပြု၍ဘုရားသခင် ကိုပြစ်မှားနိုင်ပါမည်နည်း'' ဟုပြောလေ၏။-
Et il n’y a rien qui ne soit en ma puissance, et qu’il ne m’ait livré, excepté vous, qui êtes sa femme: comment donc pourrais-je faire ce mal, et pécher contre mon Dieu?
10 ၁၀ သခင်မသည်ယောသပ်အားနေ့စဉ်သွေးဆောင် သော်လည်းသူသည်အမြဲငြင်းဆန်လေ၏။
Par des discours semblables chaque jour cette femme était importune à ce jeune homme, et lui se refusait au crime.
11 ၁၁ တစ်နေ့သ၌အခြားသောအစေခံတစ်ယောက် မျှအိမ်ထဲ၌မရှိခိုက် ယောသပ်သည်မိမိအလုပ် တာဝန်ကိုဆောင်ရွက်ရန်အိမ်ထဲသို့ဝင်ရောက် လာရာ၊-
Or il arriva un jour que Joseph, rentré dans la maison, s’occupait de quelque travail sans témoins,
12 ၁၂ သခင်မကယောသပ်အား``ငါနှင့်အတူအိပ် ပါ'' ဟုဆို၍သူ၏ဝတ်ရုံကိုကိုင်ဆွဲထား လေ၏။ ယောသပ်သည်လည်းဝတ်ရုံကိုသခင်မ ၏လက်ထဲ၌စွန့်ပစ်ထားခဲ့၍အိမ်အပြင်သို့ ကိုယ်လွတ်ထွက်ပြေးလေသည်။-
Et qu’elle, ayant pris le bord de son manteau, dit: Dors avec moi. Mais lui, le manteau laissé dans sa main, s’enfuit et sortit dehors.
13 ၁၃ သခင်မသည်မိမိ၏လက်ထဲ၌ဝတ်ရုံကိုထား ခဲ့၍ အိမ်ပြင်သို့ယောသပ်ထွက်ပြေးသည်ကို မြင်သောအခါ၊-
Lorsque cette femme eut vu le manteau dans ses mains, et qu’elle était méprisée,
14 ၁၄ အစေခံတို့ကိုအော်ခေါ်လျက်``ဤမှာကြည့် စမ်းပါ။ သင်တို့၏သခင်ကခေါ်ထားသောဤ ဟေဗြဲအမျိုးသားကငါတို့ကိုစော်ကား ပါပြီ။ သူသည်ငါ့အခန်းထဲသို့ဝင်၍ငါ နှင့်အတူအိပ်ရန်ကြံသဖြင့်ငါအသံ ကုန်ဟစ်အော်လိုက်ရပါသည်။-
Elle appela les gens de sa maison et leur dit: Voilà qu’il a amené ici un homme hébreu pour nous insulter. Il est venu à moi pour me corrompre; et, lorsque j’ai poussé des cris,
15 ၁၅ သူသည်ငါဟစ်အော်သံကြောင့်သူ၏ဝတ်ရုံကို ငါ့လက်ထဲမှာစွန့်ပစ်ခဲ့ပြီးလျှင်ထွက်ပြေး ပါသည်'' ဟုပြောလေ၏။
Et qu’il a entendu ma voix, il a laissé son manteau que je tenais, et s’est enfui dehors.
16 ၁၆ ပေါတိဖာအိမ်သို့ပြန်ရောက်သည့်တိုင်အောင် သူ သည်ယောသပ်၏ဝတ်ရုံကိုသိမ်းထားပြီးလျှင်၊-
Et pour preuve de sa fidélité, elle montra à son mari revenu dans la maison, le manteau qu’elle avait retenu,
17 ၁၇ ပေါတိဖာအိမ်သို့ပြန်လာသောအခါ``ကိုယ်တော် ဤအိမ်သို့ခေါ်လာသောဟေဗြဲအမျိုးသား ကျွန်သည် ကျွန်မအခန်းထဲသို့ဝင်၍ကျွန်မ ကိုစော်ကားရန်ကြံပါသည်။-
Et dit: L’esclave hébreu que tu as amené, est venu à moi, pour m’insulter.
18 ၁၈ ကျွန်မကအော်ဟစ်သောအခါသူသည်ဝတ်ရုံ ကို ကျွန်မလက်ထဲမှာထားခဲ့ပြီးထွက်ပြေးပါ သည်'' ဟုတိုင်ကြားလေ၏။
Mais lorsqu’il m’a entendu crier, il a laissé son manteau, que je tenais, et il s’est enfui dehors.
19 ၁၉ ပေါတိဖာသည်အလွန်အမျက်ထွက်၍၊-
Ces plaintes entendues, le maître trop crédule aux paroles de sa femme, fut très irrité,
20 ၂၀ ယောသပ်ကိုဖမ်းဆီးလျက်ဘုရင်၏အမျက်သင့် သူများထားရာထောင်ထဲတွင်အကျဉ်းချထား လေ၏။ ယောသပ်သည်ထောင်ထဲမှာနေရသော်လည်း၊-
Et il envoya Joseph dans la prison où les prisonniers du roi étaient gardés, et il était là enfermé.
21 ၂၁ ထာဝရဘုရားသည်သူနှင့်အတူရှိ၍သူ့ အားကောင်းချီးပေးသဖြင့် သူသည်ထောင်မှူး ထံ၌မျက်နှာသာရလေ၏။-
Mais le Seigneur fut avec Joseph, et ayant pitié de lui, il lui fit trouver grâce devant le chef de la prison,
22 ၂၂ ထောင်မှူးသည်ယောသပ်အားအခြားသောအကျဉ်း သားအားလုံးတို့ကိုအုပ်ထိန်းကွပ်ကဲရန်နှင့် ထောင် ထဲတွင်ရှိသမျှကိစ္စတို့ကိုစီမံရန်တာဝန်လွှဲ အပ်ထားလေသည်။-
Lequel mit sous sa main tous les prisonniers qui étaient détenus dans la prison; de sorte que tout ce qui se faisait, était soumis à Joseph.
23 ၂၃ ထာဝရဘုရားသည်ယောသပ်နှင့်အတူရှိ၍ သူတာဝန်ယူဆောင်ရွက်သမျှတို့၌အောင်မြင် စေတော်မူသောကြောင့် ထောင်မှူးသည်ယောသပ် အားတာဝန်များကိုစိတ်ချယုံကြည်စွာ လွှဲအပ်လေသည်။
Il ne prenait même connaissance de rien, tout ayant été confié à Joseph, parce que le Seigneur était avec lui, et dirigeait toutes ses œuvres.