< ကမ္ဘာ​ဦး 39 >

1 ဣ​ရှ​မေ​လ​အ​မျိုး​သား​တို့​သည်​ယော​သပ်​အား အီ​ဂျစ်​ပြည်​သို့​ခေါ်​ဆောင်​သွား​၍ ပြည့်​ရှင်​ဖာ​ရော ဘု​ရင်​၏​ကိုယ်​ရံ​တော်​တပ်​မှူး​ပေါ​တိ​ဖာ​ထံ​၌ ရောင်း​ကြ​၏။-
And Joseph was brought into Egypt, and Putiphar an eunuch of Pharao, chief captain of the army, an Egyptian, bought him of the Ismaelites, by whom he was brought.
2 ထာ​ဝ​ရ​ဘု​ရား​သည်​ယော​သပ်​နှင့်​အ​တူ​ရှိ သ​ဖြင့်​သူ​သည်​ကြံ​စည်​လုပ်​ကိုင်​တိုင်း​အောင် မြင်​၏။ သူ​သည်​သူ​၏​သ​ခင်​အီ​ဂျစ်​အ​မျိုး သား​၏​အိမ်​တွင်​နေ​ထိုင်​လေ​သည်။-
And the Lord was with him, and he was a prosperous man in all things: and he dwelt in his master’s house,
3 ထာ​ဝ​ရ​ဘု​ရား​သည်​သူ​နှင့်​အ​တူ​ရှိ​၍​သူ​ပြု လေ​သ​မျှ​တို့​တွင် အောင်​မြင်​ကြောင်း​သူ​၏​သ​ခင် တွေ့​မြင်​ရ​သည်။-
Who knew very well that the Lord was with him, and made all that he did to prosper in his hand.
4 ပေါ​တိ​ဖာ​သည်​ယော​သပ်​အား​ကျေ​နပ်​နှစ်​သက် သ​ဖြင့် သူ​၏​ကိုယ်​ရေး​ကိုယ်​တာ​မှူး​အ​ဖြစ်​ခန့် ထား​လျက် သူ​ပိုင်​ဆိုင်​သ​မျှ​ဥစ္စာ​ပစ္စည်း​နှင့်​အိမ် မှု​ကိစ္စ​တို့​ကို​အုပ်​ထိန်း​စေ​လေ​သည်။-
And Joseph found favour in the sight of his master, and ministered to him: and being set over all by him, he governed the house committed to him, and all things that were delivered to him:
5 ထို​အ​ချိန်​မှ​အ​စ​ပြု​၍​ထာ​ဝ​ရ​ဘု​ရား​သည် ယော​သပ်​ကြောင့် ထို​အီ​ဂျစ်​အ​မျိုး​သား​၏​အိမ် ထောင်​ကို​လည်း​ကောင်း၊ သူ​၏​အိမ်​စီး​ပွား​နှင့်​လယ် ယာ​စီး​ပွား​တို့​ကို​လည်း​ကောင်း၊ ကောင်း​ချီး​ပေး တော်​မူ​၏။-
And the Lord blessed the house of the Egyptian for Joseph’s sake, and multiplied all his substance, both at home, and in the fields.
6 ပေါ​တိ​ဖာ​သည်​မိ​မိ​ပိုင်​သ​မျှ​ပစ္စည်း​အား​လုံး တို့​ကို​ယော​သပ်​လက်​သို့​လွှဲ​အပ်​ထား​၏။ သူ​စား သော​အ​စာ​မှ​လွဲ​၍​မည်​သည့်​အ​ရာ​၌​မျှ​ဝင် ရောက်​စွက်​ဖက်​ခြင်း​မ​ပြု​ချေ။
Neither knew he any other thing, but the bread which he ate. And Joseph was of a beautiful countenance, and comely to behold.
7 ယော​သပ်​သည်​ကိုယ်​လုံး​ကိုယ်​ပေါက်​ကောင်း​၍ လူ ချော​လူ​လှ​တစ်​ယောက်​ဖြစ်​ရ​ကား​ကာ​လ​အ​တန် ကြာ​သော​အ​ခါ သူ့​သ​ခင်​မ​သည်​ယော​သပ်​အား စွဲ​လန်း​လာ​သ​ဖြင့်​သူ​နှင့်​အ​တူ​အိပ်​ရန်​ဖြား ယောင်း​လေ​၏။-
And after many days his mistress cast her eyes on Joseph, and said: Lie with me.
8 သို့​ရာ​တွင်​ယော​သပ်​က​ငြင်း​ဆန်​လျက်``သ​ခင်​သည် ကျွန်​တော်​အား​အ​ရာ​ရာ​ကို​မျက်​နှာ​လွှဲ​အပ်​ထား ပါ​သည်။ သ​ခင်​ပိုင်​သ​မျှ​ဥစ္စာ​ပစ္စည်း​ကို​ထိန်း​သိမ်း ရန်​ကျွန်​တော်​အား​တာ​ဝန်​ပေး​အပ်​ထား​ပါ​သည်။-
But he, in no wise consenting to that wicked act, said to her: Behold, my master hath delivered all things to me, and knoweth not what he hath in his own house:
9 ဤ​အိမ်​တွင်​သ​ခင်​၏​သြ​ဇာ​ညောင်း​ရ​သ​ကဲ့​သို့ ကျွန်​တော်​၏​သြ​ဇာ​လည်း​ညောင်း​ရ​ပါ​သည်။ သ​ခင်​သည်​သ​ခင်​မ​မှ​လွဲ​လျှင်​ကျွန်​တော်​၏ လက်​သို့​မ​အပ်​သော​အ​ရာ​ဟူ​၍​မ​ရှိ​ပါ။ သို့ ဖြစ်​၍​ကျွန်​တော်​သည်​အ​ဘယ်​သို့​လျှင် ဤ​မျှ ဆိုး​ယုတ်​သော​အ​မှု​ကို​ပြု​၍​ဘု​ရား​သ​ခင် ကို​ပြစ်​မှား​နိုင်​ပါ​မည်​နည်း'' ဟု​ပြော​လေ​၏။-
Neither is there any thing which is not in my power, or that he hath not delivered to me, but thee, who art his wife: how then can I do this wicked thing, and sin against my God?
10 ၁၀ သ​ခင်​မ​သည်​ယော​သပ်​အား​နေ့​စဉ်​သွေး​ဆောင် သော်​လည်း​သူ​သည်​အ​မြဲ​ငြင်း​ဆန်​လေ​၏။
With such words as these day by day, both the woman was importunate with the young man, and he refused the adultery.
11 ၁၁ တစ်​နေ့​သ​၌​အ​ခြား​သော​အ​စေ​ခံ​တစ်​ယောက် မျှ​အိမ်​ထဲ​၌​မ​ရှိ​ခိုက် ယော​သပ်​သည်​မိ​မိ​အ​လုပ် တာ​ဝန်​ကို​ဆောင်​ရွက်​ရန်​အိမ်​ထဲ​သို့​ဝင်​ရောက် လာ​ရာ၊-
Now it happened on a certain day, that Joseph went into the house, and was doing some business without any, man with him:
12 ၁၂ သ​ခင်​မ​က​ယော​သပ်​အား``ငါ​နှင့်​အ​တူ​အိပ် ပါ'' ဟု​ဆို​၍​သူ​၏​ဝတ်​ရုံ​ကို​ကိုင်​ဆွဲ​ထား လေ​၏။ ယော​သပ်​သည်​လည်း​ဝတ်​ရုံ​ကို​သ​ခင်​မ ၏​လက်​ထဲ​၌​စွန့်​ပစ်​ထား​ခဲ့​၍​အိမ်​အ​ပြင်​သို့ ကိုယ်​လွတ်​ထွက်​ပြေး​လေ​သည်။-
And she catching the skirt of his garment, said: Lie with me. But he leaving the garment in her hand, fled, and went out.
13 ၁၃ သ​ခင်​မ​သည်​မိ​မိ​၏​လက်​ထဲ​၌​ဝတ်ရုံ​ကို​ထား ခဲ့​၍ အိမ်​ပြင်​သို့​ယော​သပ်​ထွက်​ပြေး​သည်​ကို မြင်​သော​အ​ခါ၊-
And when the woman saw the garment in her hands, and herself disregarded,
14 ၁၄ အ​စေ​ခံ​တို့​ကို​အော်​ခေါ်​လျက်``ဤ​မှာ​ကြည့် စမ်း​ပါ။ သင်​တို့​၏​သခင်​က​ခေါ်​ထား​သော​ဤ ဟေ​ဗြဲ​အ​မျိုး​သား​က​ငါ​တို့​ကို​စော်​ကား ပါ​ပြီ။ သူ​သည်​ငါ့​အ​ခန်း​ထဲ​သို့​ဝင်​၍​ငါ နှင့်​အ​တူ​အိပ်​ရန်​ကြံ​သ​ဖြင့်​ငါ​အ​သံ ကုန်​ဟစ်​အော်​လိုက်​ရ​ပါ​သည်။-
She called to her the men of her house, and said to them: See, he hath brought in a Hebrew, to abuse us: he came in to me, to lie with me: and when I cried out,
15 ၁၅ သူ​သည်​ငါ​ဟစ်​အော်​သံ​ကြောင့်​သူ​၏​ဝတ်​ရုံ​ကို ငါ့​လက်​ထဲ​မှာ​စွန့်​ပစ်​ခဲ့​ပြီး​လျှင်​ထွက်​ပြေး ပါ​သည်'' ဟု​ပြော​လေ​၏။
And he heard my voice, he left the garment that I held, and got him out.
16 ၁၆ ပေါ​တိ​ဖာ​အိမ်​သို့​ပြန်​ရောက်​သည့်​တိုင်​အောင် သူ သည်​ယော​သပ်​၏​ဝတ်​ရုံ​ကို​သိမ်း​ထား​ပြီး​လျှင်၊-
For a proof therefore of her fidelity, she kept the garment, and shewed it to her husband when he returned home:
17 ၁၇ ပေါ​တိ​ဖာ​အိမ်​သို့​ပြန်​လာ​သော​အ​ခါ``ကိုယ်​တော် ဤ​အိမ်​သို့​ခေါ်​လာ​သော​ဟေ​ဗြဲ​အ​မျိုး​သား ကျွန်​သည် ကျွန်​မ​အ​ခန်း​ထဲ​သို့​ဝင်​၍​ကျွန်​မ ကို​စော်​ကား​ရန်​ကြံ​ပါ​သည်။-
And said: The Hebrew servant, whom thou hast brought, came to me to abuse me.
18 ၁၈ ကျွန်​မ​က​အော်​ဟစ်​သော​အ​ခါ​သူ​သည်​ဝတ်​ရုံ ကို ကျွန်​မ​လက်​ထဲ​မှာ​ထား​ခဲ့​ပြီး​ထွက်​ပြေး​ပါ သည်'' ဟု​တိုင်​ကြား​လေ​၏။
And when he heard me cry, he left the garment which I held, and fled out.
19 ၁၉ ပေါ​တိ​ဖာ​သည်​အ​လွန်​အ​မျက်​ထွက်​၍၊-
His master hearing these things, and giving too much credit to his wife’s words, was very angry.
20 ၂၀ ယော​သပ်​ကို​ဖမ်း​ဆီး​လျက်​ဘု​ရင်​၏​အ​မျက်​သင့် သူ​များ​ထား​ရာ​ထောင်​ထဲ​တွင်​အ​ကျဉ်း​ချ​ထား လေ​၏။ ယော​သပ်​သည်​ထောင်​ထဲ​မှာ​နေ​ရ​သော်​လည်း၊-
And cast Joseph into the prison, where the king’s prisoners were kept, and he was there shut up.
21 ၂၁ ထာ​ဝ​ရ​ဘု​ရား​သည်​သူ​နှင့်​အ​တူ​ရှိ​၍​သူ့ အား​ကောင်း​ချီး​ပေး​သ​ဖြင့် သူ​သည်​ထောင်​မှူး ထံ​၌​မျက်​နှာ​သာ​ရ​လေ​၏။-
But the Lord was with Joseph and having mercy upon him gave him favour in the sight of the chief keeper of the prison:
22 ၂၂ ထောင်​မှူး​သည်​ယော​သပ်​အား​အ​ခြား​သော​အ​ကျဉ်း သား​အား​လုံး​တို့​ကို​အုပ်​ထိန်း​ကွပ်​ကဲ​ရန်​နှင့် ထောင် ထဲ​တွင်​ရှိ​သ​မျှ​ကိစ္စ​တို့​ကို​စီ​မံ​ရန်​တာ​ဝန်​လွှဲ အပ်​ထား​လေ​သည်။-
Who delivered into his hand all the prisoners that were kept in custody: and whatsoever was done was under him.
23 ၂၃ ထာ​ဝ​ရ​ဘု​ရား​သည်​ယော​သပ်​နှင့်​အ​တူ​ရှိ​၍ သူ​တာ​ဝန်​ယူ​ဆောင်​ရွက်​သ​မျှ​တို့​၌​အောင်​မြင် စေ​တော်​မူ​သော​ကြောင့် ထောင်​မှူး​သည်​ယော​သပ် အား​တာ​ဝန်​များ​ကို​စိတ်​ချ​ယုံ​ကြည်​စွာ လွှဲ​အပ်​လေ​သည်။
Neither did he himself know any thing, having committed all things to him: for the Lord was with him, and made all that he did to prosper.

< ကမ္ဘာ​ဦး 39 >