< ကမ္ဘာဦး 38 >
1 ၁ ၎င်းအချိန်လောက်တွင်ယုဒသည်သူ၏ညီအစ် ကိုတို့ထံမှထွက်ခွာ၍ အဒုလံမြို့သားဟိရ ထံ၌သွားရောက်နေထိုင်လေ၏။-
U waⱪitlarda xundaⱪ boldiki, Yǝⱨuda aka-ukilirining ⱪexidin ketip, Ⱨiraⱨ isimlik Adullamliⱪ bir kixiningkigǝ qüxti.
2 ၂ ထိုအရပ်တွင်ယုဒသည် ခါနာန်အမျိုးသား ရှုအာဆိုသူ၏သမီးကိုတွေ့မြင်၍ထိမ်းမြား လေ၏။-
Xu yǝrdǝ Yǝⱨuda Xua isimlik bir Ⱪanaaniyning ⱪizini kɵrdi; u uni hotunluⱪⱪa elip ⱪexiƣa kirip yatti.
3 ၃ သူ့မယားသည်သားတစ်ယောက်ကိုဖွားလျှင် ထိုသားကိုဧရဟုနာမည်မှည့်လေ၏။-
U ⱨamilidar bolup bir oƣul tuƣdi; Yǝⱨuda uningƣa «Ər» dǝp at ⱪoydi.
4 ၄ တစ်ဖန်သားတစ်ယောက်ဖွားလျှင်သြနန်ဟု နာမည်မှည့်လေသည်။-
U yǝnǝ ⱨamilidar bolup, bir oƣul tuƣdi wǝ uningƣa Onan dǝp at ⱪoydi.
5 ၅ နောက်တစ်ဖန်သားတစ်ယောက်ဖွားမြင်၍ရှေလ ဟုနာမည်မှည့်လေသည်။ ရှေလကိုဖွားမြင်သော အခါယုဒသည်ခေဇိပ်မြို့တွင်နေထိုင်လျက် ရှိ၏။
Andin yǝnǝ ⱨamilidar bolup bir oƣul tuƣdi wǝ uningƣa Xǝlaⱨ dǝp at ⱪoydi. U tuƣulƣanda Yǝⱨuda Kezibda idi.
6 ၆ ယုဒသည်သူ၏သားဦးဧရကိုတာမာနာမည် ရှိသောအမျိုးသမီးနှင့်ထိမ်းမြားပေးလေ၏။-
Yǝⱨuda tunji oƣli Ərgǝ Tamar isimlik bir ⱪizni elip bǝrdi.
7 ၇ ဧရသည်ထာဝရဘုရားရှေ့တော်တွင်အကျင့် ဆိုးသောသူဖြစ်ခြင်းကြောင့် ထာဝရဘုရား သည်သူ့အားအသက်တိုစေတော်မူ၏။-
Lekin Yǝⱨudaning tunji oƣli Ər Pǝrwǝrdigarning nǝziridǝ rǝzil bolƣaqⱪa, Pǝrwǝrdigar uni ɵltürdi.
8 ၈ ထိုအခါယုဒသည်သားသြနန်အား``သင် သည်အစ်ကို၏ဇနီးအားမတ်တစ်ယောက် အနေဖြင့်တာဝန်ရှိသူဖြစ်သောကြောင့် သူ နှင့်အိမ်ထောင်ပြု၍အစ်ကိုအတွက်မျိုးဆက် ပွားစေလော့'' ဟုဆိုလေ၏။-
Bu qaƣda Yǝⱨuda Onanƣa: — Akangning ayalining ⱪexiƣa kirip, uni hotunluⱪⱪa elip ⱪerindaxliⱪ burqini Ada ⱪilip, akang üqün nǝsil ⱪaldurƣin, dedi.
9 ၉ သြနန်ကမရီးနှင့်ရမည့်ကလေးသည်အစ်ကို ၏မျိုးဆက်သာဖြစ်ကြောင်းသိမြင်သဖြင့် အစ် ကိုအတွက်သားမထွန်းကားစေခြင်းငှာသူနှင့် ဆက်ဆံသည့်အခါတိုင်းသုက်ရည်ကိုအပြင် ၌သာစွန့်လေ၏။-
Əmma Onan bu nǝsilning ɵzigǝ tǝwǝ bolmaydiƣanliⱪini bilip, akisiƣa nǝsil ⱪaldurmasliⱪ üqün ⱨǝr ⱪetim akisining ayali bilǝn billǝ bolƣanda mǝniysini yǝrgǝ aⱪturuwetǝtti.
10 ၁၀ သြနန်ထိုကဲ့သို့ပြုခြင်းကိုထာဝရဘုရား မနှစ်သက်သဖြင့် သူ့ကိုလည်းအသက်တိုစေ တော်မူ၏။-
Uning bu ⱪilmixi Pǝrwǝrdigarning nǝziridǝ rǝzil kɵrüngǝqkǝ, unimu ɵltürüwǝtti.
11 ၁၁ ထိုအခါယုဒသည်သူ၏ချွေးမတာမာ အား``ငါ့သားရှေလအရွယ်ရောက်သည်အထိ သင်သည်အဖအိမ်သို့ပြန်၍မုဆိုးမဘဝ နှင့်နေလော့'' ဟုဆိုလေ၏။ ထိုသို့ဆိုရခြင်းမှာ သားရှေလသည် သူ၏အစ်ကိုတို့ကဲ့သို့သေ မည်ကိုစိုးရိမ်သောကြောင့်ဖြစ်သည်။ သို့ဖြစ်၍ တာမာသည်သူ၏ဖခင်အိမ်သို့ပြန်၍နေထိုင် လေသည်။
Yǝⱨuda ǝmdi kelini Tamarƣa: — Oƣlum Xǝlaⱨ qong bolƣuqǝ atangning ɵyidǝ tul olturup turƣin, dedi. Qünki u iqidǝ: — Bumu akiliriƣa ohxax ɵlüp ketǝrmikin, dǝp ⱪorⱪti. Xuning bilǝn Tamar berip atisining ɵyidǝ turup ⱪaldi.
12 ၁၂ ကာလအတန်ကြာလေသော်ယုဒ၏မယား ရှုအာကွယ်လွန်လေ၏။ ယုဒသည်မယားအတွက် ငိုကြွေးမြည်တမ်းရာနေ့ရက်ပြီးဆုံးသောအခါ မိမိမိတ်ဆွေအဒုလံအမျိုးသားဟိရနှင့် အတူမိမိ၏သိုးများကိုအမွေးညှပ်ရန် တိမနတ်မြို့သို့သွားလေ၏။-
Əmdi kɵp künlǝr ɵtüp, Xuaning ⱪizi, Yǝⱨudaƣa tǝgkǝn ayal ɵldi. Yǝⱨuda tǝsǝlli tapⱪandin keyin adullamliⱪ dosti Ⱨiraⱨ bilǝn billǝ ɵzining ⱪoy ⱪirⱪiƣuqilirining ǝⱨwalini bilixkǝ Timnaⱨⱪa qiⱪti.
13 ၁၃ တစ်စုံတစ်ယောက်ကတာမာအား``သင်၏ယောက္ခမ သည်တိမနတ်မြို့သို့သိုးမွေးညှပ်ရန်သွားလေ ပြီ'' ဟုသတင်းပေးလေ၏။-
Tamarƣa: — Ⱪeynatang ⱪoylirini ⱪirⱪiƣili Timnaⱨⱪa yol aldi, degǝn hǝwǝr yǝtti.
14 ၁၄ ထိုအခါသူသည်မုဆိုးမအဝတ်တို့ကိုချွတ်၍ မျက်နှာကိုပုဝါဖြင့်ဖုံးလျက် တိမနတ်သို့သွား ရာလမ်းတွင်တည်ရှိသောဧနိမ်မြို့အဝင်ဝ၌ ထိုင်နေလေ၏။ သူသည်ယုဒ၏အငယ်ဆုံးသား ရှေလအရွယ်ရောက်ပြီဖြစ်သော်လည်းသူနှင့် ထိမ်းမြားပေးခြင်းမပြုဘဲထားသောကြောင့် ဤသို့ပြုမူရခြင်းဖြစ်သည်။
Xuning bilǝn Tamar Xǝlaⱨ qong bolƣan bolsimu, mǝn uningƣa hotunluⱪⱪa elip berilmidim, dǝp ⱪarap, tulluⱪ kiyimini seliwetip, qümbǝl tartip bǝdinini orap, Timnaⱨ yolining üstidǝ Ənaimƣa kirix eƣiziƣa berip olturdi.
15 ၁၅ ယုဒသည်တာမာကိုမြင်လျှင်မျက်နှာကိုပုဝါ နှင့်ဖုံးထားသောကြောင့် ပြည့်တန်ဆာမတစ်ယောက် ဟုထင်မှတ်လေ၏။-
Əmdi Yǝⱨuda uni yüzi yepiⱪliⱪ ⱨalda kɵrgǝndǝ: — Bu bir paⱨixǝ ayal ohxaydu, dǝp oylidi.
16 ၁၆ သူသည်လမ်းဘေး၌ထိုင်နေသောတာမာထံသို့ သွားပြီးလျှင်``ငါသင်နှင့်အိပ်လိုသည်'' ဟုဆို လေ၏။ (ထိုမိန်းမသည်သူ၏ချွေးမဖြစ်မှန်း မသိချေ။) မိန်းမကသူ့အား``ကျွန်မနှင့်အိပ် လိုလျှင်မည်သည့်အခကိုပေးမည်နည်း'' ဟု မေးလေ၏။
U yoldin burulup uning yeniƣa berip, ɵz kelini ikǝnlikini bilmǝy: — Kǝl, mǝn sǝn bilǝn billǝ bolay, dedi. U jawab berip: — Mǝn bilǝn billǝ bolsang, manga nemǝ berisǝn? dǝp soridi.
17 ၁၇ သူက``ငါ၏တိရစ္ဆာန်ထဲမှဆိတ်ငယ်တစ်ကောင် ကိုပို့လိုက်မည်'' ဟုပြန်ဖြေ၏။ မိန်းမက``ဆိတ်ငယ်ကိုမပို့သေးမီအာမခံပေး လျှင် သဘောတူပါမည်''ဟုဆို၏။
U uningƣa: — Padamning iqidin bir oƣlaⱪni sanga ǝwǝtip berǝy, dedi. Ayal: — Sǝn uni ǝkelip bǝrgüqǝ, manga rǝnigǝ birǝr nǝrsǝ berǝmsǝn? dǝp soriwidi,
18 ၁၈ သူက``မည်သည့်အာမခံကိုပေးရမည်နည်း'' ဟု မေး၏။ မိန်းမက``သင်၏တံဆိပ်ပါသောစလွယ်ကြိုးနှင့် လက်စွဲတောင်ဝှေးတို့ကိုအာမခံအဖြစ်ပေးပါ'' ဟုတောင်းလေ၏။ သူသည်ထိုပစ္စည်းများကိုထို မိန်းမအားပေး၍အတူတူအိပ်သဖြင့်ပဋိ သန္ဓေစွဲလေ၏။-
U: — Sanga nemini rǝnigǝ berǝy? — dedi. U: — Ɵz mɵⱨürüng bilǝn uning xoynisini wǝ ⱪolungdiki ⱨasangni rǝnigǝ bǝrgin, dewidi, u bularni berip, uning bilǝn birgǝ boldi. Xuning bilǝn u uningdin ⱨamilidar bolup ⱪaldi.
19 ၁၉ တာမာသည်အိမ်သို့ပြန်၍ပုဝါကိုချွတ်ပြီး လျှင် မုဆိုးမအဝတ်ကိုပြန်လည်ဝတ်ဆင် လေ၏။
Andin Tamar ornidin turup mangdi; u pǝrǝnjini seliwetip, tulluⱪ kiyimini kiyiwaldi.
20 ၂၀ ယုဒသည်မိန်းမထံမှအာမခံပစ္စည်းများကို ပြန်ယူရန် သူ၏မိတ်ဆွေဟိရကိုဆိတ်ငယ်နှင့် အတူစေလွှတ်လေ၏။ ဟိရသည်မိန်းမကို ရှာမတွေ့လျှင်၊-
Yǝⱨuda: — U hotunning ⱪolidiki rǝnini yandurup kǝlsun dǝp adullamliⱪ dostining ⱪoli arⱪiliⱪ oƣlaⱪni ǝwǝtti, ǝmma u uni tapalmidi.
21 ၂၁ ဧနိမ်မြို့သားတို့အား``လမ်းဘေး၌ထိုင်လေ့ ရှိသောပြည့်တန်ဆာမအဘယ်မှာရှိသနည်း'' ဟုမေးလေ၏။ သူတို့က``ဤအရပ်တွင်ပြည့်တန်ဆာမဟူ၍ မရှိပါ'' ဟုပြန်ဖြေကြ၏။
U xu jaydiki adǝmlǝrdin: — Ənaimdiki yolning boyida olturƣan butpǝrǝs paⱨixǝ ⱪeni, dǝp sorisa, ular: — Bu yǝrdǝ ⱨeqbir butpǝrǝs paⱨixǝ bolƣan ǝmǝs, dǝp jawab bǝrdi.
22 ၂၂ ထိုအခါသူသည်ယုဒထံသို့ပြန်လာ၍``ကျွန်ုပ် သည်ထိုမိန်းမကိုရှာ၍မတွေ့ပါ။ အရပ်သားတို့ ကလည်းထိုနေရာတွင်ပြည့်တန်ဆာမဟူ၍ မရှိကြောင်းပြောပါသည်'' ဟုဆိုလေ၏။
Buning bilǝn u Yǝⱨudaning ⱪexiƣa yenip berip: — Mǝn uni tapalmidim; üning üstigǝ u jaydiki adǝmlǝrmu: «Bu yǝrdǝ ⱨeqbir butpǝrǝs paⱨixǝ ayal bolƣan ǝmǝs» deyixti, dedi.
23 ၂၃ ယုဒက``ထိုပစ္စည်းများကိုသူယူထားပါစေ။ ကျွန်ုပ်တို့ကဲ့ရဲ့ခြင်းကိုမခံလိုပါ။ ကျွန်ုပ်သည် သူ့အားအခပေးရန်ကြိုးစားသော်လည်း သင် သည်သူ့ကိုရှာမတွေ့ခဲ့ပါ'' ဟုဆိုလေ၏။
Yǝⱨuda: — Boptu, u nǝrsilǝrni u elip kǝtsǝ kǝtsun; bolmisa, baxⱪilarning mǝshirisigǝ ⱪalimiz. Nemila bolmisun, mǝn uningƣa oƣlaⱪ ǝwǝttim, lekin sǝn u hotunni tapalmiding, dedi.
24 ၂၄ သုံးလခန့်ကြာလေသော်တစ်စုံတစ်ယောက်က ယုဒအား``သင်၏ချွေးမတာမာသည်ယောကျာ်း တစ်ဦးဦးနှင့်ဖောက်ပြန်သဖြင့် ယခုကိုယ်ဝန် ဆောင်လျက်ရှိလေပြီ'' ဟုပြောလေ၏။ ယုဒက``သူ့ကိုအပြင်သို့ထုတ်၍မီးရှို့ သတ်စေ'' ဟုစီရင်လေ၏။
Üq ayqǝ ɵtkǝndin keyin birsi Yǝⱨudaƣa: — Sening kelining Tamar buzuⱪqiliⱪ ⱪildi, uning üstigǝ zinadin ⱨamilidar bolup ⱪaldi, degǝn hǝwǝrni yǝtküzdi. Yǝⱨuda jawabǝn: — Uni elip qiⱪinglar, kɵydürüwetilsun! — dedi.
25 ၂၅ တာမာကိုအပြင်သို့ထုတ်ဆောင်လာကြသော အခါတာမာက``ကျွန်ုပ်သည်ဤပစ္စည်းများကို ပိုင်ဆိုင်သူနှင့်ကိုယ်ဝန်ရှိပါသည်။ ဤတံဆိပ် နှင့်စလွယ်ကြိုး၊ ဤတောင်ဝှေးတို့မှာမည်သူ့ ပစ္စည်းဖြစ်သည်ကိုကြည့်ပါ'' ဟူ၍ယောက္ခမ ထံသို့အကြောင်းကြားလိုက်လေ၏။
Lekin u elip qiⱪilƣanda ⱪeynatisiƣa hǝwǝr ǝwǝtip: — Bu nǝrsilǝrning igisi bolƣan adǝmdin ⱨamilidar boldum! Əmdi sǝn kɵrüp baⱪ, bu mɵⱨür, xoynisi wǝ ⱨasining kimning ikǝnlikini etirap ⱪilƣin, dedi.
26 ၂၆ ထိုပစ္စည်းများသည်သူ၏ပစ္စည်းဖြစ်မှန်းယုဒ သိသဖြင့်ယုဒက``ငါသည်သူ့အားငါ့သား ရှေလနှင့်ထိမ်းမြားပေးရန်ဝတ္တရားပျက်ကွက် သောကြောင့်ထိုသို့သူပြုမူပုံမှာနည်းလမ်း ကျပေသည်'' ဟုဆိုလေ၏။ ယုဒသည်နောက် တစ်ဖန်သူနှင့်မအိပ်တော့ချေ။
Yǝⱨuda bu nǝrsilǝrni etirap ⱪilip: — U manga nisbǝtǝn ⱨǝⱪliⱪtur; dǝrwǝⱪǝ mǝn uni oƣlum Xǝlaⱨⱪa elip bǝrmidim, dedi. Bu ixtin keyin Yǝⱨuda uningƣa yǝnǝ yeⱪinqiliⱪ ⱪilmidi.
27 ၂၇ တာမာသည်သားဖွားချိန်စေ့သောအခါကိုယ်ဝန် တွင်အမြွှာရှိကြောင်းသိရလေသည်။-
Uning tuƣut waⱪti yeⱪinlaxti, mana ⱪorsiⱪida ⱪoxkezǝk bar idi.
28 ၂၈ မီးဖွားနေစဉ်ကလေးတစ်ယောက်ကလက်ကိုအပြင် သို့ဆန့်ထုတ်လေ၏။ ဝမ်းဆွဲကထိုလက်ကိုဖမ်းကိုင် ၍ကြိုးနီစချည်လျက်``ဤကလေးသည်သားဦး ဖြစ်သည်'' ဟုဆို၏။-
U tuƣⱪan waⱪtida balilardin birsi ⱪolini qiⱪiriwidi, tuƣut anisi dǝrⱨal bir ⱪizil yipni elip: «Bu awwal qiⱪti» dǝp uning ⱪoliƣa qigip ⱪoydi.
29 ၂၉ သို့ရာတွင်ကလေးသည်လက်ကိုပြန်ရုပ်ရာအခြား အမြွှာသားကဦးစွာဖွားမြင်လာလေသည်။ ထို အခါဝမ်းဆွဲက``သင်သည်နိုင်လိုမင်းထက်ပြု၍ ထွက်လာသည်'' ဟုဆို၏။ ထိုကြောင့်ထိုကလေး အားဖာရက်ဟုနာမည်မှည့်ကြ၏။-
Lekin u ⱪolini yǝnǝ iqigǝ tiⱪiwaldi, mana uning inisi qiⱪti. Xuning bilǝn tuƣut anisi: «Sǝn ⱪandaⱪ ⱪilip bɵsüp qiⱪting!» dedi; xuning bilǝn uningƣa «Pǝrǝz» degǝn at ⱪoyuldi.
30 ၃၀ ထိုနောက်လက်တွင်ကြိုးနီချည်ထားသောညီဖွား မြင်လာ၏။ သူ့အားဇာရဟုနာမည်မှည့်လေသည်။
Andin ⱪoliƣa ⱪizil yip qigilgǝn akisi tuƣuldi. Uning ismi Zǝraⱨ dǝp ataldi.