< ကမ္ဘာဦး 36 >
1 ၁ ဧဒုံဟူ၍လည်းနာမည်တွင်သောဧသော ၏အဆက်အနွယ်တို့ကိုဖော်ပြပေအံ့။-
Estos son los descendientes de Esaú, el cual es Edom.
2 ၂ ဧသောသည်ခါနာန်ပြည်အမျိုးသမီးများ နှင့်အိမ်ထောင်ကျသည်။ သူ၏မယားများမှာ ဟိတ္တိအမျိုးသားဧလုန်၏သမီးအာဒ၊ ဟိဝိ အမျိုးသားဇိဘောင်၏သားဖြစ်သူအာန၏ သမီးအဟောလိဗာမ၊ ဣရှမေလ၏သမီး တည်းဟူသော၊-
Esaú tomó sus esposas de entre las hijas de Canaán: a Ada, hija de Elón heteo, a Oholibama, hija de Aná, hijo de Zibeón heveo,
3 ၃ နဗာယုတ်၏နှမဖြစ်သူဗာရှမတ်ဖြစ် သတည်း။-
y a Bosemat, hija de Ismael, hermana de Nebayot.
4 ၄ အာဒသည်သားဧလိဖတ်ကိုလည်းကောင်း၊ ဗာရှမတ်သည်သားရွေလကိုလည်းကောင်း၊-
Ada le dio a luz a Elifaz, Bosemat le dio a luz a Reuel y
5 ၅ အဟောလိဗာမသည်သားယုရှ၊ ယာလံနှင့် ကောရတို့ကိုလည်းကောင်းဖွားမြင်လေသည်။ ဤသားတို့သည်ခါနာန်ပြည်တွင်ဖွားမြင် သောဧသော၏သားများဖြစ်ကြသည်။
Oholibama le dio a luz a Jeús, a Jaalam y a Coré. Estos son los hijos de Esaú que le nacieron en la tierra de Canaán.
6 ၆ ဧသောသည်သူ၏မယားများ၊ သားသမီး များ၊ အိမ်သူအိမ်သားများနှင့်တကွသိုး၊ ဆိတ်စသောတိရစ္ဆာန်များ၊ ခါနာန်ပြည်တွင် စုဆောင်းမိသမျှသောပစ္စည်းဥစ္စာများကို ယူဆောင်လျက်ညီယာကုပ်ထံမှအခြား ပြည်သို့ထွက်ခွာသွားလေသည်။-
Esaú tomó a sus esposas, a sus hijos e hijas, a todas las personas de su casa, sus rebaños y todos sus animales, y todos los bienes que adquirió en la tierra de Canaán, y salió a otra tierra a causa de su hermano Jacob,
7 ၇ သူနှင့်ယာကုပ်တို့တွင်သိုး၊ ဆိတ်စသော တိရစ္ဆာန်အလွန်များပြားလာသဖြင့် စားနပ် ရိက္ခာမလောက်မငဖြစ်၍တစ်ရပ်တည်း၌ အတူမနေနိုင်ကြချေ။-
porque los bienes de ellos eran demasiados para vivir juntos. La tierra de su peregrinación no los podía sostener a causa de sus ganados.
8 ၈ သို့ဖြစ်၍ဧသောသည်ဧဒုံတောင်တန်းဒေသ သို့ပြောင်းရွှေ့နေထိုင်လေသည်။
Así que Esaú habitó en la montaña de Seír. Esaú es Edom.
9 ၉ ဧဒုံတောင်တန်းဒေသတွင်နေထိုင်သော ဧဒုံ အမျိုးသားတို့၏ဖခင်ဧသော၏ အဆက် အနွယ်တို့ကိုဖော်ပြပေအံ့။-
Estos son los descendientes de Esaú, padre de los idumeos, en la montaña de Seír.
10 ၁၀ ဧသော၏မယားအာဒနှင့်ရသောသားမှာ ဧလိဖတ်ဖြစ်၏။ ဧလိဖတ်တွင်တေမန်၊ သြမရ၊ ဇေဖော၊ ဂါတံ၊ ကေနတ်ဟူ၍သားငါးယောက် ရှိ၏။ ဧလိဖတ်တွင်မယားငယ်တိမနနှင့်အာ မလက်နာမည်ရှိသောသားတစ်ယောက်ရသေး၏။ ဧသော၏မယားဗာရှမတ်နှင့်ရသောသား မှာရွေလဖြစ်၏။ ရွေလတွင်နာဟတ်၊ ဇေရ၊ ရှမ္မ၊ မိဇ္ဇဟူ၍သားလေးယောက်ရှိ၏။
Estos son los nombres de los hijos de Esaú: Elifaz, hijo de Ada, una esposa de Esaú, y Reuel, hijo de Bosemat, otra esposa de Esaú.
Los hijos de Elifaz fueron Temán, Omar, Zefo, Gatam y Cenaz.
Timná fue concubina de Elifaz, hijo de Esaú, la cual le dio a luz a Amalec. Tales fueron los hijos de Ada, esposa de Esaú.
Estos son los hijos de Reuel: Nahat, Zera, Sama y Miza. Tales fueron los hijos de Bosemat, esposa de Esaú.
14 ၁၄ ဇိဘောင်၏သားအာန၏သမီးဖြစ်သောဧသော ၏မယား အဟောလိဗာမတွင်ယုရှ၊ ယာလံ၊ ကောရဟူ၍သားသုံးယောက်ရှိ၏။
Estos fueron los hijos de Oholibama, esposa de Esaú, hija de Aná, hijo de Zibeón. Ella le dio a luz a Jeús, Jaalam y Coré.
15 ၁၅ ဧသောမှဆင်းသက်သောအနွယ်တို့ကိုဖော်ပြ ပေအံ့။ ဧသော၏သားဦးဧလိဖတ်သည်အနွယ် များဖြစ်ကြသောတေမန်၊ သြမရ၊ ဇေဖော၊ ကေနတ်၊-
Estos fueron los jeques de los hijos de Esaú. Los hijos de Elifaz, primogénito de Esaú: los jeques Temán, Omar, Zefo, Cenaz,
16 ၁၆ ကောရ၊ ဂါတံ၊ အာမလက်တို့၏ဘိုးဘေးဖြစ် ၏။ ဤသူတို့သည်ဧသော၏မယားအာဒ၏ အဆက်အနွယ်များဖြစ်ကြ၏။
Coré, Gatam y Amalec. Estos son los jeques provenientes de Elifaz en la tierra de Edom, los cuales fueron hijos de Ada.
17 ၁၇ ဧသော၏သားရွေလသည်အနွယ်အကြီးအကဲ ဖြစ်ကြသော နာဟတ်၊ ဇေရ၊ ရှမ္မနှင့်မိဇ္ဇတို့၏ဘိုးဘေး ဖြစ်၏။ ဤသူတို့သည်ဧသော၏မယားဗာရှမတ် ၏အဆက်အနွယ်များဖြစ်ကြ၏။
Estos son los hijos de Reuel, hijo de Esaú: los jeques Nahat, Zera, Sama y Miza. Tales son los jeques provenientes de Reuel en tierra de Edom. Estos fueron los hijos de Bosemat, esposa de Esaú.
18 ၁၈ ဧသော၏မယားအာန၏သမီးဖြစ်သူ အဟော လိဗာမမှဆင်းသက်သောအနွယ်သည်ကား ယုရှ၊ ယာလံနှင့်ကောရတို့ဖြစ်ကြသည်။-
Estos son los hijos de Oholibama, esposa de Esaú: los jeques Jeús, Jaalam y Coré. Estos son los jeques procedentes de Oholibama, esposa de Esaú, hija de Aná.
19 ၁၉ ဤအနွယ်အားလုံးတို့သည်ဧသောမှဆင်းသက် လာကြ၏။
Tales fueron los hijos de Esaú. Él es Edom, y tales fueron sus jeques.
20 ၂၀ ဧဒုံအရပ်တွင်မူလနေထိုင်သူတို့သည်ဟောရိ အမျိုးသားစိရ၏သားတို့မှဆင်းသက်လာ သောအဆက်အနွယ်များဖြစ်ကြသည်။ ထိုသား တို့မှာလောတန်၊ ရှောဗလ၊ ဇိဘောင်၊ အာန၊ ဒိရှုန်၊ ဧဇာနှင့်ဒိရှန်တို့ဖြစ်ကြသည်။
Estos son los hijos de Seír el hurrita, habitantes de aquella tierra: Lotán, Sobal, Zibeón, Aná,
Disón, Ezer y Disán. Tales fueron los jeques de los hurritas, hijos de Seír en la tierra de Edom.
22 ၂၂ လောတန်သည်ဟောရိနှင့်ဟေမံမိသားစုတို့ ၏ဘိုးဘေးဖြစ်သည်။ (လောတန်၏နှမမှာတိမန ဖြစ်သည်။)
Los hijos de Lotán fueron: Hori y Hemam. Timná fue hermana de Lotán.
23 ၂၃ ရှောဗလသည်အာလဝန်၊ မနာဟတ်၊ ဧဗလ၊ ရှေဖောနှင့်သြနံမိသားစုတို့၏ဘိုးဘေးဖြစ် သည်။
Estos son los hijos de Sobal: Alván, Manahat, Ebal, Sefo y Onam.
24 ၂၄ ဇိဘောင်တွင်အာယနှင့်အာနဟူ၍သားနှစ် ယောက်ရှိ၏။ (အာနသည်ဖခင်ဇိဘောင်၏မြည်း များကိုကျောင်းနေစဉ်တောကန္တာရထဲ၌ရေ ပူစမ်းများကိုရှာတွေ့သူဖြစ်သည်။-)
Estos son los hijos de Zibeón: Aja y Aná. (Este Aná es el que halló aguas termales en el desierto cuando apacentaba los asnos de su padre Zibeón.)
25 ၂၅ အာနတွင်သားဒိရှုန်နှင့်သမီးအဟောလိ ဗာမတို့ရှိ၏။
Estos son los hijos de Aná: Disón y Oholibama, hija de Aná.
26 ၂၆ ဒိရှုန်သည်ဟင်္ဒန်၊ ဧရှဗန်၊ ဣသရန်နှင့်ခေရန် မိသားစုတို့၏ဘိုးဘေးဖြစ်သည်။
Estos son los hijos de Disón: Hemdán, Esbán, Itrán y Querán.
27 ၂၇ ဧဇာသည်ဗိလဟန်၊ ဇာဝန်နှင့်အာကန်မိသား စုတို့၏ဘိုးဘေးဖြစ်သည်။
Estos son los hijos de Ezer: Bilhán, Zaaván y Acán.
28 ၂၈ ဒိရှန်သည်ဥဇနှင့်အာရန်မိသားစုတို့၏ ဘိုးဘေးဖြစ်သည်။
Estos son los hijos de Disán: Huz y Arán.
29 ၂၉ ဧဒုံပြည်ရှိဟောရိအမျိုးသားတို့၏အနွယ် များသည်ကားလောတန်၊ ရှောဗလ၊ ဇိဘောင်၊ အာန၊ ဒိရှုန်၊ ဧဇာနှင့်ဒိရှန်တို့ဖြစ်သတည်း။
Estos son los jeques de los hurritas: los jeques Lotán, Sobal, Zibeón, Aná,
Disón, Ezer y Disán. Estos fueron los jeques de los hurritas por sus familias en la tierra de Seír.
31 ၃၁ ဣသရေလအမျိုးသားတို့တွင်ဘုရင်များ မပေါ်မရှိမီဧဒုံပြည်ကိုအုပ်စိုးသောမင်း ဆက်တို့ကိုဖော်ပြပေအံ့။ ဗောရ၏သားဗေလာသည်ဒိန္နာဗာမြို့တော်၌ အုပ်စိုး၏။ ဗေလာဘုရင်အနိစ္စရောက်သောအခါဗောဇရ မြို့သား ဇေရ၏သားယောဗပ်မင်းပြု၏။ ယောဗပ်အနိစ္စရောက်သောအခါတေမနိ မြို့သား ဟုရှံမင်းပြု၏။ ဟုရှံအနိစ္စရောက်သောအခါမောဘပြည်တွင် မိဒျန်အမျိုးသားတို့ကို စစ်တိုက်၍အောင်မြင်ခဲ့သူဗေဒဒ်၏သားဟာဒဒ် မင်းပြု၏။ ထိုမင်း၏မြို့တော်မှာအာဝိတ်မြို့ဖြစ်၏။ ဟာဒဒ်အနိစ္စရောက်သောအခါမာသရက် မြို့သား စာမလမင်းပြု၏။ စာမလအနိစ္စရောက်သောအခါမြစ်ကမ်းမြို့ ဖြစ်သော ရဟောဘုတ်မြို့သားရှောလမင်းပြု၏။ ရှောလအနိစ္စရောက်သောအခါအာခဗော် ၏သား ဗာလဟာနန်မင်းပြု၏။ ဗာလဟာနန်အနိစ္စရောက်သောအခါဟာဒါ မင်းပြု၏။ ထိုမင်း၏မြို့တော်မှာပေါမြို့ဖြစ်သည်။ (သူ၏ဇနီးမှာမာတရက်၏သမီး၊မေဇဟပ်၏ မြေးမဟေတဗေလဖြစ်၏။)
Antes que un rey reinara sobre los hijos de Israel, estos fueron los reyes que reinaron en la tierra de Edom:
Bela, hijo de Beor, reinó en Edom, y el nombre de su ciudad fue Dinaba.
Murió Bela y reinó en su lugar Jobab, hijo de Zera, de Bosra.
Jobab murió y reinó en su lugar Husam, de la tierra de Temán.
Husam murió y reinó en su lugar Adad, hijo de Badad, el que derrotó a Madián en el campo de Moab, y el nombre de su ciudad, Avit.
Adad murió y reinó en su lugar Samla, de Masreca.
Samla murió y reinó en su lugar Saúl, de Rehobot del Río.
Saúl murió y reinó en su lugar Baal-hanán, hijo de Acbor.
Baal-hanán, hijo de Acbor, murió y reinó en su lugar Adar. Su ciudad se llamaba Pau y su esposa Mehetabel, hija de Matred, hija de Mezahav.
40 ၄၀ ဧသောမှဆင်းသက်သောဧဒုံအနွယ်များမှာ တိမနာ၊ အာလဝ၊ ယေသက်၊ အဟောလိဗာမ၊ ဧလာ၊ ပိနုန်၊ ကေနတ်၊ တေမန်၊ မိဗဇာ၊ မာဂ ဒျေလနှင့်ဣရံတို့ဖြစ်ကြသည်။ ဤဧဒုံ အနွယ်တို့သည်သူတို့၏နာမည်ဖြင့်ခေါ် တွင်သောဒေသအသီးသီးတို့တွင်နေ ထိုင်ကြလေသည်။
Estos son los nombres de los jeques de Esaú por sus familias, localidades y nombres: los jeques Timná, Alva, Jetet,
Magdiel e Hiram. Tales fueron los jeques de Edom, conforme a sus viviendas en la tierra de su posesión. Él es Esaú, padre de Edom.