< ကမ္ဘာ​ဦး 36 >

1 ဧ​ဒုံ​ဟူ​၍​လည်း​နာ​မည်​တွင်​သော​ဧ​သော ၏​အ​ဆက်​အ​နွယ်​တို့​ကို​ဖော်​ပြ​ပေ​အံ့။-
EIA ka mooolelo no Esau, oia o Edoma.
2 ဧ​သော​သည်​ခါ​နာန်​ပြည်​အ​မျိုး​သ​မီး​များ နှင့်​အိမ်​ထောင်​ကျ​သည်။ သူ​၏​မယား​များ​မှာ ဟိတ္တိ​အ​မျိုး​သား​ဧ​လုန်​၏​သ​မီး​အာ​ဒ၊ ဟိ​ဝိ အ​မျိုး​သား​ဇိ​ဘောင်​၏​သား​ဖြစ်​သူ​အာ​န​၏ သ​မီး​အ​ဟော​လိ​ဗာ​မ၊ ဣ​ရှ​မေ​လ​၏​သ​မီး တည်း​ဟူ​သော၊-
Lawe ae la o Esau i kana mau wahine no na kaikamahine o Kanaana: o Ada, ke kaikamahine a Elona ka Heta, a me Aholibama ke kaikamahine a Ana, ke kaikamahine a Zibeona ka Hivi;
3 န​ဗာ​ယုတ်​၏​နှ​မ​ဖြစ်​သူ​ဗာ​ရှ​မတ်​ဖြစ် သ​တည်း။-
A o Basemata ke kaikamahine a Isemaela, a o ke kaikuwahine o Nebaiota.
4 အာ​ဒ​သည်​သား​ဧ​လိ​ဖတ်​ကို​လည်း​ကောင်း၊ ဗာ​ရှ​မတ်​သည်​သား​ရွေ​လ​ကို​လည်း​ကောင်း၊-
Na Ada mai i hanau o Elipaza na Esau; a na Basemata i hanau o Reuela;
5 အ​ဟော​လိ​ဗာ​မ​သည်​သား​ယု​ရှ၊ ယာ​လံ​နှင့် ကော​ရ​တို့​ကို​လည်း​ကောင်း​ဖွား​မြင်​လေ​သည်။ ဤ​သား​တို့​သည်​ခါ​နာန်​ပြည်​တွင်​ဖွား​မြင် သော​ဧ​သော​၏​သား​များ​ဖြစ်​ကြ​သည်။
Na Aholibama i hanau o Ieusa, o Iaalama, a o Kora: o lakou na keikikane a Esau, i hanau nana ma ka aina o Kanaana.
6 ဧ​သော​သည်​သူ​၏​မ​ယား​များ၊ သား​သ​မီး များ၊ အိမ်​သူ​အိမ်​သား​များ​နှင့်​တ​ကွ​သိုး၊ ဆိတ်​စ​သော​တိ​ရစ္ဆာန်​များ၊ ခါ​နာန်​ပြည်​တွင် စု​ဆောင်း​မိ​သ​မျှ​သော​ပစ္စည်း​ဥစ္စာ​များ​ကို ယူ​ဆောင်​လျက်​ညီ​ယာ​ကုပ်​ထံ​မှ​အ​ခြား ပြည်​သို့​ထွက်​ခွာ​သွား​လေ​သည်။-
Lalau aku la o Esau i kana mau wahine, me kana mau keikikane, a me kana mau kaikamahine, a me na kanaka a pau o kona hale, i na holoholona liilii, a me na holoholona nui, a me kona waiwai a pau i loaa ia ia ma ka aina o Kanaana; a hele aku la ma ka aina e, mai ka maka aku o kona kaikaina o Iakoba.
7 သူ​နှင့်​ယာ​ကုပ်​တို့​တွင်​သိုး၊ ဆိတ်​စ​သော တိ​ရစ္ဆာန်​အ​လွန်​များ​ပြား​လာ​သ​ဖြင့် စား​နပ် ရိက္ခာ​မ​လောက်​မ​င​ဖြစ်​၍​တစ်​ရပ်​တည်း​၌ အ​တူ​မ​နေ​နိုင်​ကြ​ချေ။-
Aole i hiki ia laua ke noho pu, no ka nui loa o ko laua waiwai; aole i pono i ka aina, kahi a laua i noho malihini ai ke malama ia laua, no na holoholona a laua.
8 သို့​ဖြစ်​၍​ဧ​သော​သည်​ဧ​ဒုံ​တောင်​တန်း​ဒေ​သ သို့​ပြောင်း​ရွှေ့​နေ​ထိုင်​လေ​သည်။
A noho aku la o Esau ma mauna Seira: a o Esau, oia no o Edoma.
9 ဧ​ဒုံ​တောင်​တန်း​ဒေ​သ​တွင်​နေ​ထိုင်​သော ဧ​ဒုံ အ​မျိုး​သား​တို့​၏​ဖ​ခင်​ဧ​သော​၏ အ​ဆက် အ​နွယ်​တို့​ကို​ဖော်​ပြ​ပေ​အံ့။-
Eia na hanauna o Esau, o ke kupuna no ka Edoma, ma mauna Seira.
10 ၁၀ ဧ​သော​၏​မ​ယား​အာ​ဒ​နှင့်​ရ​သော​သား​မှာ ဧ​လိ​ဖတ်​ဖြစ်​၏။ ဧ​လိ​ဖတ်​တွင်​တေ​မန်၊ သြ​မ​ရ၊ ဇေ​ဖော၊ ဂါ​တံ၊ ကေ​နတ်​ဟူ​၍​သား​ငါး​ယောက် ရှိ​၏။ ဧ​လိ​ဖတ်​တွင်​မ​ယား​ငယ်​တိ​မ​န​နှင့်​အာ မ​လက်​နာ​မည်​ရှိ​သော​သား​တစ်​ယောက်​ရ​သေး​၏။ ဧ​သော​၏​မ​ယား​ဗာ​ရှ​မတ်​နှင့်​ရ​သော​သား မှာ​ရွေ​လ​ဖြစ်​၏။ ရွေ​လ​တွင်​နာ​ဟတ်၊ ဇေ​ရ၊ ရှမ္မ၊ မိဇ္ဇ​ဟူ​၍​သား​လေး​ယောက်​ရှိ​၏။
Eia na inoa o na keikikane a Esau, o Elipaza, ke keiki a Ada, a ka wahine na Esau; o Reuela ke keiki a Basemata a ka wahine na Esau.
11 ၁၁
O na keikikane a Elipaza, o Temana, o Omara, o Zepo, o Gatama, a o Kenaza.
12 ၁၂
A o Timena ka haiawahine na Elipaza na ke keiki a Esau; a nana mai i hanau o Amaleka na Elipaza: o lakou na keikikane a Ada, a ka wahine na Esau.
13 ၁၃
Eia na keikikane a Reuela; o Nahata, o Zera, o Sama, a o Miza: o lakou na keikikane a Basemata a ka wahine a Esau.
14 ၁၄ ဇိ​ဘောင်​၏​သား​အာ​န​၏​သ​မီး​ဖြစ်​သော​ဧ​သော ၏​မ​ယား အ​ဟော​လိ​ဗာ​မ​တွင်​ယု​ရှ၊ ယာ​လံ၊ ကော​ရ​ဟူ​၍​သား​သုံး​ယောက်​ရှိ​၏။
Eia na keikikane a Aholibama, a ke kaikamahine a Ana, ke kaikamahine a Zibeona, ka wahine a Esau: a nana i hanau mai o Ieusa, o Iaalama, a o Kora na Esau.
15 ၁၅ ဧ​သော​မှ​ဆင်း​သက်​သော​အ​နွယ်​တို့​ကို​ဖော်​ပြ ပေ​အံ့။ ဧ​သော​၏​သား​ဦး​ဧ​လိ​ဖတ်​သည်​အ​နွယ် များ​ဖြစ်​ကြ​သော​တေ​မန်၊ သြ​မ​ရ၊ ဇေ​ဖော၊ ကေ​နတ်၊-
O lakou nei na makualii o na moopuna a Esau: o na keikikane a Elipaza a ka makahiapo na Esau, o Temana he makualii, o Omara he makualii, o Zepo he makualii, o Kenaza he makualii,
16 ၁၆ ကော​ရ၊ ဂါ​တံ၊ အာ​မ​လက်​တို့​၏​ဘိုး​ဘေး​ဖြစ် ၏။ ဤ​သူ​တို့​သည်​ဧ​သော​၏​မ​ယား​အာ​ဒ​၏ အ​ဆက်​အ​နွယ်​များ​ဖြစ်​ကြ​၏။
O Kora he makualii, o Gatama he makualii, a o Amaleka he makualii: o lakou na makualii na Elipaza ma ka aina o Edoma: o lakou hoi na keikikane a Ada.
17 ၁၇ ဧ​သော​၏​သား​ရွေ​လ​သည်​အ​နွယ်​အ​ကြီး​အ​ကဲ ဖြစ်​ကြ​သော နာ​ဟတ်၊ ဇေ​ရ၊ ရှမ္မ​နှင့်​မိဇ္ဇ​တို့​၏​ဘိုး​ဘေး ဖြစ်​၏။ ဤ​သူ​တို့​သည်​ဧ​သော​၏​မ​ယား​ဗာ​ရှ​မတ် ၏​အ​ဆက်​အ​နွယ်​များ​ဖြစ်​ကြ​၏။
Eia na keikikane a Reuela a ke keikikane a Esau; o Nahata he makualii, o Zera he makualii, o Sama, he makualii, a o Miza he makualii: o lakou na makualii na Reuela, ma ka aina o Edoma: o lakou na moopuna a Basemata, a ka wahine a Esau.
18 ၁၈ ဧ​သော​၏​မ​ယား​အာ​န​၏​သ​မီး​ဖြစ်​သူ အ​ဟော လိ​ဗာ​မ​မှ​ဆင်း​သက်​သော​အ​နွယ်​သည်​ကား ယု​ရှ၊ ယာ​လံ​နှင့်​ကော​ရ​တို့​ဖြစ်​ကြ​သည်။-
Eia na keikikane a Aholibama, a ka wahine na Esau; o Ieusa he makualii, o Iaalama he makualii, a o Kora he makualii: o lakou na makualii na Aholibama, ke kaikamahine a Ana, a ka wahine a Esau.
19 ၁၉ ဤ​အ​နွယ်​အား​လုံး​တို့​သည်​ဧ​သော​မှ​ဆင်း​သက် လာ​ကြ​၏။
O lakou na keikikane a Esau, oia o Edoma; o lakou hoi na makualii o lakou.
20 ၂၀ ဧ​ဒုံ​အ​ရပ်​တွင်​မူ​လ​နေ​ထိုင်​သူ​တို့​သည်​ဟော​ရိ အ​မျိုး​သား​စိ​ရ​၏​သား​တို့​မှ​ဆင်း​သက်​လာ သော​အ​ဆက်​အ​နွယ်​များ​ဖြစ်​ကြ​သည်။ ထို​သား တို့​မှာ​လော​တန်၊ ရှော​ဗ​လ၊ ဇိ​ဘောင်၊ အာ​န၊ ဒိ​ရှုန်၊ ဧ​ဇာ​နှင့်​ဒိ​ရှန်​တို့​ဖြစ်​ကြ​သည်။
Eia na keikikane a Seira ka Hori, i noho ma ia aina; o Lotara, o Sobala, o Zibeona, o Ana,
21 ၂၁
O Disona, o Ezera, a o Disana: o lakou na makualii o ka Hori, o na keikikane a Seira, ma ka aina o Edoma.
22 ၂၂ လော​တန်​သည်​ဟော​ရိ​နှင့်​ဟေ​မံ​မိ​သား​စု​တို့ ၏​ဘိုး​ဘေး​ဖြစ်​သည်။ (လော​တန်​၏​နှ​မ​မှာ​တိ​မ​န ဖြစ်​သည်။)
O na keiki a Lotana, o Hori a o Hemama; a o Timena ke kaikuwahine o Lotana.
23 ၂၃ ရှော​ဗ​လ​သည်​အာ​လ​ဝန်၊ မ​နာ​ဟတ်၊ ဧ​ဗ​လ၊ ရှေ​ဖော​နှင့်​သြ​နံ​မိ​သား​စု​တို့​၏​ဘိုး​ဘေး​ဖြစ် သည်။
Eia na keikikane a Sobala: Alevana, o Manahata, o Ebala, o Sepo, a o Onama.
24 ၂၄ ဇိ​ဘောင်​တွင်​အာ​ယ​နှင့်​အာ​န​ဟူ​၍​သား​နှစ် ယောက်​ရှိ​၏။ (အာ​န​သည်​ဖ​ခင်​ဇိ​ဘောင်​၏​မြည်း များ​ကို​ကျောင်း​နေ​စဉ်​တော​ကန္တာ​ရ​ထဲ​၌​ရေ ပူ​စမ်း​များ​ကို​ရှာ​တွေ့​သူ​ဖြစ်​သည်။-)
Eia na keikikane a Zibeona, o Aia, laua o Ana: oia no ua Ana la i loaa ia ia na hoki ma ka waonahele, ia ia i hanai ai i na miula o kona makuakane o Zibeona.
25 ၂၅ အာ​န​တွင်​သား​ဒိ​ရှုန်​နှင့်​သ​မီး​အ​ဟော​လိ ဗာ​မ​တို့​ရှိ​၏။
Eia na keiki a Ana; o Disona, a o Aholibama ke kaikamahine a Ana.
26 ၂၆ ဒိ​ရှုန်​သည်​ဟင်္ဒန်၊ ဧ​ရှ​ဗန်၊ ဣ​သ​ရန်​နှင့်​ခေ​ရန် မိ​သား​စု​တို့​၏​ဘိုး​ဘေး​ဖြစ်​သည်။
Eia na keiki a Disona; o Hemedana, o Esebana, o Iterana, a o Kerana.
27 ၂၇ ဧ​ဇာ​သည်​ဗိ​လ​ဟန်၊ ဇာ​ဝန်​နှင့်​အာ​ကန်​မိ​သား စု​တို့​၏​ဘိုး​ဘေး​ဖြစ်​သည်။
Eia na keiki a Ezera; o Bilehana, o Zaavana, a o Akana.
28 ၂၈ ဒိ​ရှန်​သည်​ဥ​ဇ​နှင့်​အာ​ရန်​မိ​သား​စု​တို့​၏ ဘိုး​ဘေး​ဖြစ်​သည်။
Eia na keiki a Disana; o Uza, a o Arana.
29 ၂၉ ဧ​ဒုံ​ပြည်​ရှိ​ဟော​ရိ​အ​မျိုး​သား​တို့​၏​အ​နွယ် များ​သည်​ကား​လော​တန်၊ ရှော​ဗ​လ၊ ဇိ​ဘောင်၊ အာ​န၊ ဒိ​ရှုန်၊ ဧ​ဇာ​နှင့်​ဒိ​ရှန်​တို့​ဖြစ်​သ​တည်း။
Eia na makualii o ka Hori, o Lotana he makualii, o Sobala he makualii, o Zibeona he makualii, a o Ana he makualii,
30 ၃၀
O Disona he makualii, o Ezera he makualii, a o Disana he makualii; o lakou na makualii na ka Hori, no ko lakou poe makualii ma ka aina o Seira.
31 ၃၁ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​တွင်​ဘု​ရင်​များ မ​ပေါ်​မ​ရှိ​မီ​ဧ​ဒုံ​ပြည်​ကို​အုပ်​စိုး​သော​မင်း ဆက်​တို့​ကို​ဖော်​ပြ​ပေ​အံ့။ ဗော​ရ​၏​သား​ဗေ​လာ​သည်​ဒိန္နာ​ဗာ​မြို့​တော်​၌ အုပ်​စိုး​၏။ ဗေ​လာ​ဘု​ရင်​အ​နိစ္စ​ရောက်​သော​အ​ခါ​ဗော​ဇ​ရ မြို့​သား ဇေ​ရ​၏​သား​ယော​ဗပ်​မင်း​ပြု​၏။ ယော​ဗပ်​အ​နိစ္စ​ရောက်​သော​အ​ခါ​တေ​မ​နိ မြို့​သား ဟု​ရှံ​မင်း​ပြု​၏။ ဟု​ရှံ​အ​နိစ္စ​ရောက်​သော​အ​ခါ​မော​ဘ​ပြည်​တွင် မိ​ဒျန်​အ​မျိုး​သား​တို့​ကို စစ်​တိုက်​၍​အောင်​မြင်​ခဲ့​သူ​ဗေ​ဒဒ်​၏​သား​ဟာ​ဒဒ် မင်း​ပြု​၏။ ထို​မင်း​၏​မြို့​တော်​မှာ​အာ​ဝိတ်​မြို့​ဖြစ်​၏။ ဟာ​ဒဒ်​အ​နိစ္စ​ရောက်​သော​အ​ခါ​မာ​သ​ရက် မြို့​သား စာ​မ​လ​မင်း​ပြု​၏။ စာ​မ​လ​အ​နိစ္စ​ရောက်​သော​အ​ခါ​မြစ်​ကမ်း​မြို့ ဖြစ်​သော ရ​ဟော​ဘုတ်​မြို့​သား​ရှော​လ​မင်း​ပြု​၏။ ရှော​လ​အ​နိစ္စ​ရောက်​သော​အ​ခါ​အာ​ခ​ဗော် ၏​သား ဗာ​လ​ဟာ​နန်​မင်း​ပြု​၏။ ဗာ​လ​ဟာ​နန်​အ​နိစ္စ​ရောက်​သော​အ​ခါ​ဟာ​ဒါ မင်း​ပြု​၏။ ထို​မင်း​၏​မြို့​တော်​မှာ​ပေါ​မြို့​ဖြစ်​သည်။ (သူ​၏​ဇနီး​မှာ​မာ​တ​ရက်​၏​သ​မီး၊မေ​ဇ​ဟပ်​၏ မြေး​မ​ဟေ​တ​ဗေ​လ​ဖြစ်​၏။)
Eia ka poe alii i noho alii ai ma ka aina o Edoma mamua o ka manawa i noho ai kekahi alii maluna o na mamo a Iseraela.
32 ၃၂
O Bela ke keikikane a Beora, noho alii ae la ia ma Edoma: a o Dinehaba ka inoa o kona kulanakauhale.
33 ၃၃
A make iho la o Bela, a noho alii ae la o Iobaba ke keikikane a Zera no Bozera ma kona hakahaka.
34 ၃၄
A make iho la o Iobaba, noho alii ae la o Husama, no ka aina o Temani, ma kona wahi.
35 ၃၅
A make iho la o Husama, o Hadada, o ke keiki a Bedada, nana i pepehi ia Midiana ma ke kula o Moaba, a noho alii ae la ia ma kona wahi: a o A vita ka inoa o kona kulanakauhale.
36 ၃၆
A make iho la o Hadada, noho alii ae la o Samela no Masereka ma kona wahi.
37 ၃၇
A make iho la o Samela, noho alii ae la o Saula no Rehobota o ka muliwai, ma kona wahi.
38 ၃၈
A make iho la o Saula, noho alii ae la o Baala-hanana o ke keiki a Akebora ma kona wahi.
39 ၃၉
A make iho la o Baala-hanana ke keiki a Akebora, noho alii ae la o Hadara ma kona wahi: o Pau ka inoa o kona kulanakauhale; a o Mehetabela ka inoa o kana wahine, oia ke kaikamahine a Matereda, ke kaikamahine a Mezahaba.
40 ၄၀ ဧ​သော​မှ​ဆင်း​သက်​သော​ဧ​ဒုံ​အ​နွယ်​များ​မှာ တိ​မ​နာ၊ အာ​လ​ဝ၊ ယေ​သက်၊ အ​ဟော​လိ​ဗာ​မ၊ ဧ​လာ၊ ပိ​နုန်၊ ကေ​နတ်၊ တေ​မန်၊ မိ​ဗ​ဇာ၊ မာ​ဂ ဒျေ​လ​နှင့်​ဣ​ရံ​တို့​ဖြစ်​ကြ​သည်။ ဤ​ဧ​ဒုံ အ​နွယ်​တို့​သည်​သူ​တို့​၏​နာ​မည်​ဖြင့်​ခေါ် တွင်​သော​ဒေ​သ​အ​သီး​သီး​တို့​တွင်​နေ ထိုင်​ကြ​လေ​သည်။
Eia na inoa o na makualii na Esau, e like me ko lakou mau ohana, mamuli o ko lakou mau wahi, ma ko lakou mau inoa; o Timena he makualii, o Aleva he makualii, o Ieteta he makualii,
41 ၄၁
O Aholibama he makualii, o Ela he makualii, o Pinona he makualii,
42 ၄၂
O Kenaza he makualii, o Temana he makualii, o Mibezara he makualii,
43 ၄၃
O Magediela he makualii, a o Irama he makualii; o lakou na makualii na Edoma, e like me ko lakou mau noho ana, ma ka aina i noho ai lakou: oia o Esau ke kupuna no ko Edoma.

< ကမ္ဘာ​ဦး 36 >