< ကမ္ဘာဦး 35 >
1 ၁ ဘုရားသခင်ကယာကုပ်အား``ဗေသလအရပ် သို့ယခုသွား၍နေထိုင်လော့။ သင်၏အစ်ကို ဧသောရန်ကိုကြောက်၍ထွက်ပြေးနေရစဉ်က သင်ဖူးတွေ့ရသောငါဘုရားအတွက်ပူဇော် ရာယဇ်ပလ္လင်ကိုတည်လော့'' ဟုမိန့်တော်မူ ၏။
Derpå sagde Gud til Jakob: "Drag op til Betel og bliv der og byg der et Alter for Gud, som åbenbarede sig for dig, da du flygtede for din Broder Esau!"
2 ၂ ယာကုပ်သည်မိမိ၏မိသားစုနှင့်မိမိထံတွင် နေထိုင်သူအပေါင်းတို့အား``သင်တို့၌ရှိသော အခြားဘုရားများကိုပစ်ပယ်ကြလော့။ ကိုယ် ကိုသန့်စင်စေ၍အဝတ်ကိုလဲလှယ်ဝတ်ဆင် ကြလော့။-
Jakob sagde da til sit Hus og alle sine Folk: "Skaf de fremmede Guder, der findes hos eder, bort, rens eder og skift Klæder,
3 ၃ ငါတို့သည်ဤအရပ်မှဗေသလအရပ်သို့ သွားကြမည်။ ငါဒုက္ခရောက်စဉ်ကငါ့ကိုကယ်မ ၍ငါသွားလေရာရာခရီးလမ်းတွင် ငါနှင့် အတူရှိတော်မူသောဘုရားသခင်အားပူ ဇော်ရန်ထိုအရပ်၌ယဇ်ပလ္လင်တည်မည်'' ဟု ဆိုလေ၏။-
og lad os drage op til Betel, for at jeg der kan bygge et Alter for Gud, der bønhørte mig i min Trængselstid og var med mig på den Vej, jeg vandrede!"
4 ၄ ထို့ကြောင့်သူတို့တွင်ရှိသမျှသောအခြား ဘုရားများကိုလည်းကောင်း၊ သူတို့တွင်ဆင် ယင်ထားသောနားကပ်များကိုလည်းကောင်း ယာကုပ်ထံပေးအပ်ကြ၏။ ယာကုပ်သည်ထို ပစ္စည်းများကိုရှေခင်မြို့အနီးဝက်သစ်ချ ပင်ရင်း၌မြှုပ်ထားလေ၏။
De gav så Jakob alle de fremmede Guder, de førte med sig, og alle de Ringe, de havde i Ørene, og han gravede dem ned under Egen ved Sikem.
5 ၅ ထိုနောက်သူတို့စခန်းသိမ်း၍ထွက်ခွာသွား ကြသောအခါ ပတ်ဝန်းကျင်ရှိမြို့သားတို့ သည်အလွန်ကြောက်ရွံ့ကြသဖြင့် သူတို့ကို လိုက်လံ၍မတိုက်ခိုက်ဝံ့ကြချေ။-
Derpå brød de op; og en Guds Rædsel kom over alle Byerne rundt om, så de ikke forfulgte Jakobs Sønner.
6 ၆ ယာကုပ်သည်မိမိ၏လူစုနှင့်အတူ ခါနာန် ပြည်ရှိဗေသလမြို့ဟုခေါ်တွင်သောလုဇ မြို့သို့ရောက်ရှိလာလေ၏။-
Og Jakob kom med alle sine Folk til Luz i Kana'ans Land, det er Betel;
7 ၇ ထိုအရပ်တွင်ယဇ်ပလ္လင်ကိုတည်၍သူ၏အစ်ကို ထံမှထွက်ပြေးနေရစဉ်က ဘုရားသခင်ကို ထိုအရပ်၌ဖူးတွေ့ခဲ့ရသောကြောင့်ဗေသလ ဟုခေါ်တွင်စေ၏။-
og han byggede et Alter der og kaldte Stedet: Betels Gud, thi der havde Gud åbenbaret sig for ham, da han flygtede for sin Broder.
8 ၈ ရေဗက္က၏အထိန်းဒေဗောရကွယ်လွန်၍ ဗေသလ တောင်ဘက်ရှိဝက်သစ်ချပင်အောက်၌အလောင်း ကိုမြှုပ်လေသည်။ ထိုကြောင့်ထိုအပင်ကို``မျက်ရည် ယိုဝက်သစ်ချပင်'' ဟုနာမည်မှည့်လေ၏။
Så døde Rebekkas Amme Debora, og hun blev jordet neden for Betel under Egen; derfor kaldte han den Grædeegen.
9 ၉ ယာကုပ်သည်ပါဒနာရံပြည်မှပြန်လည် ရောက်ရှိသောအခါ ဘုရားသခင်ကိုရူပါရုံ တွင်တစ်ဖန်မြင်ရလေ၏။ ဘုရားသခင်သည် သူ့အားကောင်းချီးပေးလျက်၊-
Gud åbenbarede sig atter for Jakob efter hans Hjemkomst fra Paddan Aram og velsignede ham;
10 ၁၀ ``သင်၏နာမည်သည်ယာကုပ်ဖြစ်၏။ သို့ရာတွင် ယခုမှစ၍သင်၏နာမည်ကိုဣသရေလဟူ၍ ခေါ်ရမည်'' ဟုမိန့်တော်မူ၏။ သို့ဖြစ်၍ဘုရားသခင်သည်ယာကုပ်အားဣသရေလနာမည် ဖြင့်သမုတ်တော်မူ၏။-
og Gud sagde til ham: "Dit Navn er Jakob; men herefter skal du ikke mere hedde Jakob; Israel skal være dit Navn!" Og han gav ham Navnet Israel.
11 ၁၁ တစ်ဖန်ဘုရားသခင်ကသူ့အား``ငါသည် အနန္တတန်ခိုးရှင်ဘုရားသခင်ဖြစ်၏။ သား သမီးများစွာမွေးဖွားလော့။ လူအမျိုးမျိုး တို့သည်သင်မှဆင်းသက်ကြလိမ့်မည်။ သင် ၏အမျိုးအနွယ်မှဘုရင်များပေါ်ထွန်း လိမ့်မည်။-
Derpå sagde Gud til ham: "Jeg er Gud den Almægtige! Bliv frugtbar og mangfoldig! Et Folk, ja Folk i Hobetal skal nedstamme fra dig, og. Konger skal udgå af din Lænd;
12 ၁၂ ငါသည်အာဗြဟံနှင့်ဣဇာက်တို့အားပေး သောပြည်ကိုသင့်အားလည်းကောင်း၊ သင်၏ အဆက်အနွယ်တို့အားလည်းကောင်းငါ ပေးမည်'' ဟုမိန့်တော်မူ၏။-
det Land, jeg gav Abraham og Isak, giver jeg dig, og dit Afkom efter dig giver jeg Landet!"
13 ၁၃ ထို့နောက်ဘုရားသခင်သည်သူ့ထံမှကြွ သွားတော်မူ၏။-
Derpå for Gud op fra ham på det Sted, hvor han havde talet med ham;
14 ၁၄ ယာကုပ်သည်ဘုရားသခင်ကသူ့အားမိန့်ကြား တော်မူသောအရပ်တွင်မှတ်တိုင်ကိုစိုက်ထူ၍ ၎င်းအပေါ်တွင်စပျစ်ရည်နှင့်ဆီလောင်းလျက် ဆက်ကပ်လေ၏။-
og Jakob rejste en Støtte på det Sted, hvor han havde talet med ham, en Stenstøtte, og hældte et Drikofer over den og udgød Olie på den.
15 ၁၅ သူသည်ထိုအရပ်ကိုဗေသလဟုနာမည်မှည့် ခေါ်လေသည်။
Og Jakob kaldte det Sted, hvor Gud havde talet med ham, Betel.
16 ၁၆ ယာကုပ်နှင့်သူ၏မိသားစုတို့သည်ဗေသလ အရပ်မှခရီးထွက်ခဲ့ကြရာ ဧဖရတ်မြို့သို့ မရောက်မီခရီးအတန်ကွာနေရာသို့ရောက် သော်ရာခေလသည်မီးဖွားရန်အချိန်စေ့၍ ဝေဒနာပြင်းပြစွာခံရလေ၏။-
Derpå brød de op fra Betel, Da de endnu var et Stykke Vej fra Efrat, skulde Rakel føde, og hendes Fødselsveer var hårde.
17 ၁၇ သူသည်သားကိုဖွားချိန်၌ဝေဒနာအပြင်း ဆုံးခံရ၏။ ထိုအခါဝမ်းဆွဲကသူ့ကို``ရာခေလ၊ မစိုးရိမ်နှင့်။ သားတစ်ယောက်ထပ်၍ရပြီ'' ဟု ပြောလေ၏။-
Midt under hendes hårde Fødselsveer sagde Jordemoderen til hende: "Frygt ikke, thi også denne Gang får du en Søn!"
18 ၁၈ သို့ရာတွင်သူသည်သေအံ့ဆဲဆဲအချိန်တွင် ထိုသားကိုဗေနောနိဟူ၍နာမည်မှည့်လေ သည်။ ဖခင်ကမူထိုသားကိုဗင်္ယာမိန်ဟုနာ မည်မှည့်လေ၏။
Men da hun droges med Døden thi det kostede hende Livet gav hun ham Navnet Ben'oni; men Faderen kaldte ham Benjamin".
19 ၁၉ ရာခေလကွယ်လွန်သော်ဗက်လင်မြို့ဟုခေါ် တွင်သော ဧဖရတ်မြို့သို့သွားရာလမ်းအနီး တွင်သူ့အလောင်းကိုသင်္ဂြိုဟ်ကြလေ၏။-
Så døde Rakel og blev jordet på Vejen til Efrat, det er Betlehem;
20 ၂၀ ယာကုပ်သည်သင်္ချိုင်းပေါ်တွင်မှတ်တိုင်ကိုစိုက် ထူခဲ့ရာ ယနေ့ထက်တိုင်ထိုမှတ်တိုင်ကိုရာ ခေလ၏သင်္ချိုင်းမှတ်တိုင်ဟုခေါ်တွင်လေသည်။-
og Jakob rejste en Stenstøtte på hendes Grav; det er Rakels Gravstøtte, som står endnu den Dag i Dag.
21 ၂၁ ထိုနောက်ယာကုပ်သည်ခရီးဆက်ခဲ့၍ဧဒါ လင့်စင်အလွန်၌စခန်းချလေသည်။
Derpå brød Israel op og opslog sit Telt hinsides Migdal Eder.
22 ၂၂ ယာကုပ်သည်ထိုအရပ်တွင်နေထိုင်စဉ်ရုဗင် သည် ဖခင်၏မယားငယ်ဗိလဟာနှင့်ဖောက် ပြန်မှားယွင်းလေ၏။ ယာကုပ်သည်ထိုအကြောင်း ကိုကြားသိလေသည်။ ယာကုပ်တွင်သားတစ်ဆယ့်နှစ်ယောက်ရှိ၏။-
Men medens Israel boede i den Egn, gik Ruben hen og lå hos sin Faders Medhustru Bilha; og det kom Israel for Øre. Jakobs Sønner var tolv i Tal;
23 ၂၃ လေအာမှဖွားမြင်သောသားများမှာရုဗင် (ယာကုပ်၏သားဦး) ရှိမောင်၊ လေဝိ၊ ယုဒ၊ ဣသခါနှင့်ဇာဗုလုန်တို့ဖြစ်သည်။
Leas Sønner: Ruben, Jakobs førstefødte, Simeon, Levi, Juda, Issakar og Zebulon;
24 ၂၄ ရာခေလ၏သားများမှာယောသပ်နှင့် ဗင်္ယာမိန်တို့ဖြစ်သည်။-
Rakels Sønner: Josef og Benjamin;
25 ၂၅ ရာခေလ၏ကျွန်မဗိလဟာ၏သားများ မှာဒန်နှင့်နဿလိတို့ဖြစ်သည်။-
Rakels Trælkvinde Bilhas Sønner: Dan og Naftali;
26 ၂၆ လေအာ၏ကျွန်မဇိလပ၏သားများမှာ ဂဒ်နှင့်အာရှာတို့ဖြစ်သည်။ ဤသားတို့သည် မက်ဆိုပိုတေးမီးယားပြည်မြောက်ပိုင်း၌ ဖွားမြင်ခဲ့ကြသည်။
Leas Trælkvinde Zilpas Sønner: Gad og Aser. Det var Jakobs Sønner, der fødtes ham i Paddan Aram.
27 ၂၇ ယာကုပ်သည်အာဗြဟံနှင့်ဣဇာက်တို့နေထိုင် ခဲ့သောဟေဗြုန်မြို့အနီးမံရေအရပ်ရှိသူ ၏ဖခင်ဣဇာက်ထံသို့ရောက်ရှိလာလေ၏။-
Og Jakob kom til sin Fader Isak i Mamre i Kirjat Arba, det er Hebron, hvor Abraham og Isak havde levet som fremmede.
28 ၂၈ ဣဇာက်သည်အသက်တစ်ရာ့ရှစ်ဆယ်ထိအသက် ရှင်၏။ သူသည်အရွယ်ကြီးရင့်၍နေ့ရက်နှစ် ပေါင်းများစွာပြည့်ပြီဖြစ်သောကြောင့် နောက် ဆုံးထွက်သက်ကိုရှူ၍ကွယ်လွန်လေသည်။ သူသည်မိမိလူမျိုးစုနှင့်စုဝေးခွင့်ရ၏။-
Isaks Leveår var 180;
29 ၂၉ သူ၏သားများဖြစ်ကြသောဧသောနှင့် ယာကုပ်တို့ကသူ့အားသင်္ဂြိုဟ်ကြ၏။
så gik Isak bort; han døde og samledes til sin Slægt, gammel og mæt af Dage. Og hans Sønner Esau og Jakob jordede ham,