< ကမ္ဘာ​ဦး 34 >

1 တစ်​နေ့​သ​၌​ယာ​ကုပ်​နှင့်​လေ​အာ​တို့​၏​သ​မီး ဒိ​န​သည် ခါ​နာန်​အ​မျိုး​သ​မီး​တို့​ထံ​အ​လည် အ​ပတ်​သွား​၏။-
egressa est autem Dina filia Liae ut videret mulieres regionis illius
2 ထို​ဒေ​သ​ကို​အ​စိုး​ရ​သော​ဟိ​ဝိ​အ​မျိုး​သား ဟာ​မော်​မင်း​၏​သား​ရှေ​ခင်​သည် ဒိ​န​ကို​မြင် လျှင်​အ​ဋ္ဌမ္မ​သိမ်း​ပိုက်​၍​မ​တ​ရား​ပြု​ကျင့် လေ​၏။-
quam cum vidisset Sychem filius Emor Evei princeps terrae illius adamavit et rapuit et dormivit cum illa vi opprimens virginem
3 သို့​ရာ​တွင်​သူ​သည်​ဒိ​န​၏​ရုပ်​ရည်​ကို​စွဲ​မက် သ​ဖြင့် မေတ္တာ​သက်​ဝင်​လာ​သော​ကြောင့်​သူ့​အား မေတ္တာ​တုံ့​ပြန်​ရန်​ဖျောင်း​ဖျ​လေ​သည်။-
et conglutinata est anima eius cum ea tristemque blanditiis delinivit
4 ထို့​ကြောင့်​ရှေ​ခင်​သည်​သူ​၏​ဖ​ခင်​အား ဒိ​န​ကို လက်​ထပ်​ယူ​နိုင်​ရန်​ကြောင်း​လမ်း​ပေး​ပါ​ဟု တောင်း​ပန်​လေ​၏။
et pergens ad Emor patrem suum accipe mihi inquit puellam hanc coniugem
5 ယာ​ကုပ်​သည်​သူ​၏​သ​မီး​ဒိ​န​မ​တ​ရား​ပြု ကျင့်​ခံ​ရ​ကြောင်း​ကို​ကြား​သိ​ရ​သော်​လည်း သူ ၏​သား​တို့​သည်​တိရစ္ဆာန်​များ​ကို​စား​ကျက်​၌ ထိန်း​ကျောင်း​ရာ​မှ​ပြန်​မ​ရောက်​ကြ​သေး​သ​ဖြင့် မည်​သို့​မျှ​မ​ပြော​ဘဲ​ဆိတ်​ဆိတ်​နေ​လေ​၏။-
quod cum audisset Iacob absentibus filiis et in pastu occupatis pecorum siluit donec redirent
6 ယာ​ကုပ်​၏​သား​များ​စား​ကျက်​ထဲ​မှ​ပြန်​လာ နေ​ခိုက်၊-
egresso autem Emor patre Sychem ut loqueretur ad Iacob
7 ရှေ​ခင်​၏​ဖ​ခင်​ဟာ​မော်​သည်​ကြောင်း​လမ်း​ရန် ကိစ္စ​နှင့်​ယာ​ကုပ်​ထံ​သို့​ရောက်​ရှိ​လာ​၏။ ယာ​ကုပ် ၏​သား​တို့​သည်​မိ​မိ​တို့​၏​နှ​မ​အား​ရှေ​ခင် က​မ​တ​ရား​ပြု​ကျင့်​ခြင်း​ဖြင့် ဣ​သ​ရေ​လ တစ်​မျိုး​လုံး​ကို​စော်​ကား​ကြောင်း​ကြား​ရ​သော အ​ခါ မ​ပြု​အပ်​သော​ယုတ်​မာ​မှု​ကို​ပြု​သော ကြောင့်​စိတ်​နာ​၍​အ​လွန်​ဒေါ​သ​အ​မျက်​ထွက် ကြ​လေ​သည်။-
ecce filii eius veniebant de agro auditoque quod acciderat irati sunt valde eo quod foedam rem esset operatus in Israhel et violata filia Iacob rem inlicitam perpetrasset
8 ဟာ​မော်​က​သူ​တို့​အား``ငါ့​သား​ရှေ​ခင်​သည် သင်​တို့​၏​သ​မီး​ကို​ချစ်​ကြိုက်​နေ​ပါ​ပြီ။ သင်​တို့​၏​သ​မီး​နှင့်​ထိမ်း​မြား​လက်​ထပ် ခွင့်​ပေး​ကြ​ပါ။-
locutus est itaque Emor ad eos Sychem filii mei adhesit anima filiae vestrae date eam illi uxorem
9 ငါ​တို့​လူ​မျိုး​နှင့်​သင်​တို့​လူ​မျိုး​ထိမ်း​မြား နိုင်​ရန်​သ​ဘော​တူ​ကြ​ပါ​စို့။-
et iungamus vicissim conubia filias vestras tradite nobis et filias nostras accipite
10 ၁၀ သင်​တို့​ဤ​ပြည်​၌​ငါ​တို့​နှင့်​အ​တူ​နေ​ထိုင်​ကြ ပါ။ ကြိုက်​နှစ်​သက်​ရာ​အ​ရပ်​ကို​ရွေး​၍​နေ​ကြ ပါ။ လွတ်​လပ်​စွာ​ရောင်း​ဝယ်​ဖောက်​ကား​ကြ​ပါ။ ပစ္စည်း​ဥစ္စာ​ကို​လည်း​ပိုင်​ဆိုင်​ကြ​ပါ'' ဟု​ဆို လေ​၏။
et habitate nobiscum terra in potestate vestra est exercete negotiamini et possidete eam
11 ၁၁ ထို​နောက်​ရှေ​ခင်​က​ဒိ​န​၏​ဖ​ခင်​နှင့်​အစ်​ကို တို့​အား``သင်​တို့​ထံ​မှ​မျက်​နှာ​သာ​ရ​မည်​ဆို လျှင်​သင်​တို့​တောင်း​သ​မျှ​ကို​ပေး​ပါ​မည်။-
sed et Sychem ad patrem et ad fratres eius ait inveniam gratiam coram vobis et quaecumque statueritis dabo
12 ၁၂ သင်​တို့​အ​လို​ရှိ​သ​မျှ​မင်္ဂ​လာ​ကြေး​နှင့် လက်​ဖွဲ့​ပစ္စည်း​ကို​အ​မြင့်​ဆုံး​သတ်​မှတ်​တောင်း ဆို​ကြ​ပါ။ ဒိ​န​ကို​လက်​ထပ်​ခွင့်​ပေး​မည်​ဆို လျှင်​သင်​တို့​တောင်း​ဆို​သ​မျှ​ကို​ပေး​ပါ​မည်'' ဟု​ပြော​လေ​၏။
augete dotem munera postulate libens tribuam quod petieritis tantum date mihi puellam hanc uxorem
13 ၁၃ ယာ​ကုပ်​၏​သား​တို့​သည်​မိ​မိ​တို့​၏​နှ​မ​ဒိ​န အား ရှေ​ခင်​က​အ​သ​ရေ​ပျက်​အောင်​ပြု​ကျင့်​ခဲ့ သ​ဖြင့် ရှေ​ခင်​နှင့်​သူ​၏​ဖ​ခင်​ကို​ပ​ရိ​ယာယ်​သုံး ၍​ဖြေ​ကြား​လေ​၏။-
responderunt filii Iacob Sychem et patri eius in dolo saevientes ob stuprum sororis
14 ၁၄ သူ​တို့​က``ကျွန်ုပ်​တို့​၏​နှ​မ​ကို​အ​ရေ​ဖျား​လှီး ခြင်း​မင်္ဂ​လာ​မ​ခံ​ရ​သူ​နှင့်​ထိမ်း​မြား​ပေး​ခွင့် မ​ရှိ​ပါ။ ထို​သို့​ပြု​လျှင်​ကျွန်ုပ်​တို့​အ​တွက် ရှက်​ဖွယ်​ဖြစ်​ပါ​သည်။-
non possumus facere quod petitis nec dare sororem nostram homini incircumciso quod inlicitum et nefarium est apud nos
15 ၁၅ ကျွန်ုပ်​တို့​သ​ဘော​တူ​လက်​ခံ​နိုင်​မည့်​အ​ချက် တစ်​ချက်​တည်း​သာ​ရှိ​ပါ​သည်။ ထို​အ​ချက်​မှာ သင်​တို့​တွင်​ရှိ​သော​ယောကျာ်း​အား​လုံး​ကျွန်ုပ် တို့​ကဲ့​သို့​အ​ရေ​ဖျား​လှီး​ခြင်း​မင်္ဂ​လာ​ကို ခံ​ရ​မည်​ဖြစ်​သည်။-
sed in hoc valebimus foederari si esse volueritis nostri similes et circumcidatur in vobis omne masculini sexus
16 ၁၆ ထို​သို့​ပြု​လျှင်​ကျွန်ုပ်​တို့​သ​မီး​များ​ကို​သင် တို့​နှင့်​ထိမ်း​မြား​၍ သင်​တို့​သ​မီး​များ​ကို​ကျွန်ုပ် တို့​ထိမ်း​မြား​မည်။ သင်​တို့​ထံ​တွင်​နေ​ထိုင်​ကာ လူ​တစ်​မျိုး​တည်း​ဖြစ်​ရန်​သ​ဘော​တူ​ပါ​မည်။-
tunc dabimus et accipiemus mutuo filias nostras ac vestras et habitabimus vobiscum erimusque unus populus
17 ၁၇ သို့​ရာ​တွင်​သင်​တို့​က​ကျွန်ုပ်​တို့​၏​တောင်း​ဆို ချက်​ကို​ပယ်​၍ အ​ရေ​ဖျား​လှီး​ခြင်း​မင်္ဂ​လာ ကို​မ​ခံ​ကြ​ပါ​မူ​ကျွန်ုပ်​တို့​သည် နှ​မ​ကို​ပြန် သိမ်း​၍​သင်​တို့​ထံ​မှ​ထွက်​ခွာ​သွား​ပါ​မည်'' ဟု​ပြော​ကြ​လေ​၏။
sin autem circumcidi nolueritis tollemus filiam nostram et recedemus
18 ၁၈ ဟာ​မော်​နှင့်​သူ​၏​သား​ရှေ​ခင်​တို့​အ​တွက်​ထို တောင်း​ဆို​ချက်​ကို​လက်​ခံ​နိုင်​ဖွယ်​ရှိ​၏။ ရှေ​ခင် သည်​ယာ​ကုပ်​၏​သမီး​ကို​အ​လွန်​စွဲ​မက်​နေ သ​ဖြင့်၊-
placuit oblatio eorum Emor et Sychem filio eius
19 ၁၉ ယာ​ကုပ်​၏​သား​များ​ပေး​သော​အ​ကြံ​ကို ချက်​ချင်း​လက်​ခံ​လိုက်​လေ​သည်။ ရှေ​ခင်​သည် ကား​မိ​မိ​၏​အ​မျိုး​သား​ချင်း​တို့​တွင်​အ​ရေး ပါ​အ​ရာ​ရောက်​ဆုံး​သော​ပ္ဂိုလ်​ဖြစ်​၏။
nec distulit adulescens quin statim quod petebatur expleret amabat enim puellam valde et ipse erat inclitus in omni domo patris sui
20 ၂၀ ဟာ​မော်​နှင့်​သူ​၏​သား​ရှေ​ခင်​တို့​သည် မြို့ တံ​ခါး​ဝ​ရှိ​စည်း​ဝေး​ရာ​နေ​ရာ​သို့​သွား​၍ မြို့​သား​တို့​အား၊-
ingressique portam urbis locuti sunt populo
21 ၂၁ ``ဤ​သူ​တို့​သည်​ငါ​တို့​ကို​ဖော်​ရွေ​ကြ​ပါ​၏။ သူ​တို့​အား​ငါ​တို့​ပြည်​၌​နေ​၍​လွတ်​လပ်​စွာ သွား​လာ​ခွင့်​ရှိ​ကြ​ပါ​စေ။ ငါ​တို့​ပြည်​သည် သူ​တို့​နေ​သာ​အောင်​ကျယ်​ဝန်း​ပါ​သည်။ ငါ တို့​သည်​သူ​တို့​၏​သ​မီး​များ​ကို​ထိမ်း​မြား ၍​သူ​တို့​က​လည်း​ငါ​တို့​၏​သ​မီး​များ​ကို ထိမ်း​မြား​ပါ​စေ။-
viri isti pacifici sunt et volunt habitare nobiscum negotientur in terra et exerceant eam quae spatiosa et lata cultoribus indiget filias eorum accipiemus uxores et nostras illis dabimus
22 ၂၂ သို့​ရာ​တွင်​ငါ​တို့​ယောကျာ်း​အား​လုံး​က​သူ တို့​နည်း​တူ အ​ရေ​ဖျား​လှီး​ခြင်း​မင်္ဂ​လာ​ကို ခံ​ကြ​ပါ​မှ သူ​တို့​သည်​ငါ​တို့​နှင့်​အ​တူ​နေ ထိုင်​၍ ငါ​တို့​နှင့်​လူ​တစ်​မျိုး​တည်း​ဖြစ်​နိုင်​မည် ဟု​ဆို​ပါ​သည်။-
unum est quod differtur tantum bonum si circumcidamus masculos nostros ritum gentis imitantes
23 ၂၃ သူ​တို့​အား​ငါ​တို့​နှင့်​အ​တူ​နေ​ထိုင်​စေ​ရန်​သ ဘော​တူ​ကြ​မည်​ဆို​လျှင် သူ​တို့​၏​သိုး၊ ဆိတ်​မှ စ​၍​တိ​ရစ္ဆာန်​များ​နှင့်​ဥစ္စာ​ပစ္စည်း​များ​ကို​လည်း ငါ​တို့​ပိုင်​ဆိုင်​လာ​မည်​မ​ဟုတ်​ပါ​လော'' ဟု ပြော​လေ​၏။-
et substantia eorum et pecora et cuncta quae possident nostra erunt tantum in hoc adquiescamus et habitantes simul unum efficiemus populum
24 ၂၄ မြို့​သား​တို့​သည်​လည်း​ဟာ​မော်​နှင့်​သူ​၏​သား ရှေ​ခင်​တို့​၏​အ​ကြံ​ပေး​ချက်​ကို​သ​ဘော​တူ လက်​ခံ​၍ ယောကျာ်း​မှန်​သ​မျှ​အ​ရေ​ဖျား​လှီး ခြင်း​မင်္ဂ​လာ​ကို​ခံ​ကြ​၏။
adsensi sunt omnes circumcisis cunctis maribus
25 ၂၅ ထို​နောက်​သုံး​ရက်​မြောက်​သော​နေ့​၌​မြို့​သား တို့​သည် အ​ရေ​ဖျား​လှီး​ခြင်း​ကြောင့်​ဝေ​ဒ​နာ ခံ​နေ​ရ​စဉ် ယာ​ကုပ်​၏​သား​များ​ဖြစ်​ကြ​သော ဒိ​န​၏​အစ်​ကို​ရှိ​မောင်​နှင့်​လေ​ဝိ​တို့​သည်​ဋ္ဌား ကို​စွဲ​ကိုင်​လျက် မြို့​တွင်း​သို့​အ​မှတ်​မ​ထင်​ဝင် ရောက်​ပြီး​လျှင်​ယောကျာ်း​ရှိ​သ​မျှ​တို့​ကို​သတ် လေ​၏။-
et ecce die tertio quando gravissimus vulnerum dolor est arreptis duo Iacob filii Symeon et Levi fratres Dinae gladiis ingressi sunt urbem confidenter interfectisque omnibus masculis
26 ၂၆ သူ​တို့​သည်​ဟာ​မော်​နှင့်​သူ​၏​သား​ရှေ​ခင်​ကို လည်း​ခုတ်​သတ်​၍ ရှေ​ခင်​၏​အိမ်​မှ​ဒိ​န​ကို​ကယ် ယူ​ခဲ့​ပြီး​လျှင်​အိမ်​သို့​ပြန်​လာ​ခဲ့​ကြ​လေ​၏။-
Emor et Sychem pariter necaverunt tollentes Dinam de domo Sychem sororem suam
27 ၂၇ ယာ​ကုပ်​၏​အ​ခြား​သော​သား​တို့​က​လည်း​သူ တို့​၏​နှ​မ​အ​သ​ရေ​ဖျက်​ခံ​ရ​ခြင်း​ကို​လက်​စား ချေ​ရန် မိ​မိ​တို့​သတ်​ခဲ့​သော​သူ​တို့​ထံ​သွား​၍​မြို့ ကို​လု​ယက်​ဖျက်​ဆီး​ကြ​လေ​သည်။-
quibus egressis inruerunt super occisos ceteri filii Iacob et depopulati sunt urbem in ultionem stupri
28 ၂၈ သူ​တို့​သည် သိုး​အုပ်၊ ဆိတ်​အုပ်၊ နွား​အုပ်၊ မြည်း အုပ်​နှင့်​မြို့​တွင်း​မြို့​ပြင်​၌​ရှိ​သ​မျှ​သော ပစ္စည်း​များ​ကို​လု​ယူ​ခဲ့​ကြ​သည်။-
oves eorum et armenta et asinos cunctaque vastantes quae in domibus et in agris erant
29 ၂၉ မြို့​သား​တို့​၏​အ​ဖိုး​တန်​ပစ္စည်း​ရှိ​သ​မျှ​နှင့်၊ သား​မ​ယား​နှင့်​က​လေး​သူ​ငယ်​အား​လုံး၊ အိမ်​တွင်း​၌​တွေ့​သ​မျှ​သော​ပစ္စည်း​များ​ကို သိမ်း​ယူ​ခဲ့​ကြ​သည်။
parvulos quoque et uxores eorum duxere captivas
30 ၃၀ ထို​အ​ခါ​ယာ​ကုပ်​က​ရှိ​မောင်​နှင့်​လေ​ဝိ​တို့ အား``သင်​တို့​သည်​ငါ့​ကို​ဒုက္ခ​ရောက်​စေ​ပြီ။ ဤ ပြည်​မှ​ခါ​နာန်​အ​မျိုး​သား​နှင့်​ဖေ​ရ​ဇိ​အ​မျိုး သား​တို့​သည်​ငါ့​ကို​မုန်း​ကြ​လိမ့်​မည်။ ငါ့​ထံ​၌ လူ​အင်​အား​အ​နည်း​ငယ်​သာ​ရှိ​သည်။ အ​ကယ်​၍ သူ​တို့​စည်း​ရုံး​ကြ​ပြီး​လျှင်​ငါ့​ကို​တိုက်​ခိုက် ပါ​က ငါ​တို့​မိ​သား​စု​အား​လုံး​သေ​ကြေ ပျက်​စီး​ရ​ကြ​လိမ့်​မည်'' ဟု​ပြော​လေ​၏။
quibus patratis audacter Iacob dixit ad Symeon et Levi turbastis me et odiosum fecistis Chananeis et Ferezeis habitatoribus terrae huius nos pauci sumus illi congregati percutient me et delebor ego et domus mea
31 ၃၁ သူ​တို့​က``ကျွန်​တော်​တို့​၏​နှ​မ​ကို​ပြည့်​တန် ဆာ​အ​ဖြစ်​မ​ခံ​နိုင်​ပါ'' ဟု​ပြန်​ပြော​ကြ​၏။
responderunt numquid ut scorto abuti debuere sorore nostra

< ကမ္ဘာ​ဦး 34 >