< ကမ္ဘာဦး 33 >
1 ၁ ဧသောသည်လူလေးရာပါလျက်လာနေသည် ကိုယာကုပ်မြင်လျှင်သားသမီးတို့ကိုလေအာ၊ ရာခေလနှင့်မယားငယ်နှစ်ဦးတို့ထံခွဲ၍ အပ်နှံထားလေ၏။-
၁ထိုအခါ ယာကုပ် သည် မြော် ကြည့် ၍ ၊ အစ်ကိုဧသော သည် လူ လေး ရာ ပါလျက် ချီ လာသည်ကိုမြင် လျှင် ၊ လေအာ ၊ ရာခေလ ၊ ကျွန် မနှစ် ယောက်တို့တွင် သား များ တို့ကို ဝေ ပေးလေ၏။
2 ၂ သူသည်မယားငယ်တို့နှင့်သူတို့၏ကလေး များကိုရှေ့ဆုံး၌ထား၍ ထိုနောက်လေအာနှင့် သူ၏ကလေးတို့ကိုလည်းကောင်း၊ နောက်ဆုံး ၌ရာခေလနှင့်ယောသပ်ကိုလည်းကောင်း နေရာချထားလေ၏။-
၂ကျွန် မနှစ်ယောက်ကိုကား၊ သူ တို့သား များနှင့် ရှေ့ ကနေစေ၍ ၊ လေအာ နှင့် သူ ၏သား တို့ကို အလယ်၌ ၎င်း၊ ရာခေလ နှင့် ယောသပ် ကို နောက် ၌၎င်း ထား လေ ၏။
3 ၃ ယာကုပ်သည်ထိုသူတို့ရှေ့ကသွား၍အစ်ကို ၏အနီးသို့ချဉ်းကပ်မိလျှင် ခုနစ်ကြိမ်ဦးညွှတ် ၍အရိုအသေပြုလေသည်။-
၃သူ တို့ရှေ့ မှာ ကိုယ်တိုင် လွန် သွား၍ ၊ ခုနစ် ကြိမ် တိုင်အောင် ဦးညွှတ် ပြပ်ဝပ်လျက် ၊ အစ်ကို အနီးသို့ ချဉ်းကပ် လေ၏။
4 ၄ ထိုအခါဧသောသည်ပြေး၍ယာကုပ်ကိုဖက် ယမ်းနမ်းရှုပ်လေသည်။ သူတို့နှစ်ဦးငိုကြွေးကြ ၏။-
၄ထိုအခါ ဧသော သည် ကြိုဆိုခြင်း ငှါ ပြေး လာ၍ ၊ လည် ချင်း ရှက် လျက် ၊ ပိုက်ဘက် နမ်းရှုတ် ခြင်းကိုပြု၍၊ နှစ်ယောက်စလုံးတို့သည် ငိုကြွေး ကြ၏။
5 ၅ ဧသောသည်မော်ကြည့်၍မိန်းမများနှင့်ကလေး များကိုမြင်လျှင်``သင်နှင့်အတူပါလာသောဤ သူတို့ကားမည်သူတို့နည်း'' ဟုမေးလေ၏။
၅ထိုနောက် ၊ မြော် ကြည့် ၍ ၊ မိန်းမ များ၊ သူငယ် များကို မြင် လျှင် ၊ သင် ၌ပါ သောဤ သူတို့သည်၊ အဘယ် သူနည်းဟုမေး သော်၊ ကိုယ်တော် ၏ ကျွန် အား ၊ ဘုရားသခင် ပေး သနားတော်မူသောသူငယ် ဖြစ်ကြပါ၏ဟု ပြန်ပြော ပြီးမှ၊
6 ၆ ယာကုပ်က``ဘုရားသခင်သည်ကျွန်တော်အား ပေးသနားတော်မူသောသားသမီးများဖြစ် ပါသည်'' ဟုဖြေ၏။ ထို့နောက်သူ၏မယားငယ် တို့သည် မိမိတို့၏သားသမီးများနှင့်အတူ ဧသောအနီးသို့ချဉ်းကပ်၍ဦးညွှတ်ကြ၏။-
၆ကျွန် မတို့သည်၊ မိမိ တို့သား များနှင့် ချဉ်းကပ် ၍ ဦးညွှတ် ကြ၏။
7 ၇ လေအာနှင့်သူ၏သားသမီးတို့နှင့်ယောသပ် နှင့်ရာခေလတို့သည် ဧသောအနီးသို့ချဉ်း ကပ်၍ဦးညွှတ်ကြ၏။
၇ထိုနောက် ၊ လေအာ သည် သူ ၏သား များနှင့် ချဉ်းကပ် ၍ ဦးညွှတ် ကြ၏။ ထိုနောက် ၊ ယောသပ် နှင့် ရာခေလ သည် ချဉ်းကပ် ၍ ဦးညွှတ် ခြင်းကို ပြုကြ၏။
8 ၈ ဧသောက``လမ်းတွင်ငါတွေ့ခဲ့သောတိရစ္ဆာန် အုပ်များကိုမည်သည့်အတွက်ကြောင့်ရှေ့က သွားစေသနည်း'' ဟုမေးလျှင်၊ ယာကုပ်က``ကိုယ်တော်ထံမှမျက်နှာသာရ စေရန်ဖြစ်ပါသည်'' ဟုပြန်ဖြေလေ၏။
၈ဧသောကလည်း၊ ကျွန်ုပ်တွေ့ သော တိရစ္ဆာန် စု အပေါင်း တို့သည်၊ အဘယ်သို့ သောအရာနည်းဟုမေး လျှင်၊ သခင် ၏စိတ် တော်နှင့် တွေ့ စေခြင်းငှါ ဖြစ်ပါသည် ဟု ပြန်ပြော ၏။
9 ၉ ထိုအခါဧသောက``ငါ့ညီ၊ ငါ၌ဥစ္စာအလုံ အလောက်ရှိ၏။ သင့်ပစ္စည်းကိုပြန်ယူပါ'' ဟု ဆိုလေ၏။
၉ဧသော ကလည်း၊ ငါ့ ညီ ၊ ငါ ၌ လုံလောက် အောင် ရှိ ၏။ သင် ၏ ဥစ္စာတို့ကို ယူ ထားဦးလော့ဟုဆို ၏။
10 ၁၀ ယာကုပ်က``ကိုယ်တော်၏ထံမှမျက်နှာသာရ သည်မှန်လျှင် ကျွန်တော်ဆက်သသောလက်ဆောင် များကိုလက်ခံတော်မူပါ။ ကိုယ်တော်သည်ကျွန် တော်ကိုကြည်ဖြူစွာကြိုဆိုပါပြီ။ ကိုယ်တော် ၏မျက်နှာကိုမြင်ရသည်မှာဘုရားသခင်၏ မျက်နှာတော်ကိုဖူးမြင်ရသကဲ့သို့ပင်ဖြစ် ပါသည်။-
၁၀ယာကုပ် ကလည်း ၊ ထိုသို့မဆိုပါနှင့်။ စိတ်တော် နှင့် တွေ့ သည်မှန်လျှင် ၊ ကျွန်တော် ဆက် သော လက်ဆောင် ကို ခံယူ တော်မူပါ။ ဘုရားသခင် ၏ မျက်နှာ တော် ကို ဖူးမြင် ရသကဲ့သို့ ၊ ကိုယ်တော် ၏ မျက်နှာ ကို ဖူးမြင် ရပါ၏။ စိတ် တော်သည်လည်းနူးညွတ် ပါ၏။
11 ၁၁ ကိုယ်တော်ထံသို့ယခုကျွန်တော်ယူဆောင်လာ သောလက်ဆောင်များကိုလက်ခံပါ။ ဘုရားသခင်သည်ကျွန်တော်လိုသမျှကိုပေးသနား တော်မူပါပြီ'' ဟုမနေမနားတိုက်တွန်း သဖြင့်ဧသောသည်လက်ဆောင်များကို လက်ခံလိုက်လေသည်။
၁၁ကိုယ်တော် ထံ သို့ရောက် သော ကျွန်တော် ၏ မင်္ဂလာ ကိုခံယူ တော်မူပါ။ ဘုရားသခင် သည်၊ ကျွန်တော် ၌ များစွာသောကျေးဇူး ကို ပြုတော်မူပြီ။ ကျွန်တော် ၌ လုံလောက် အောင်ရှိ ပါ၏ဟူ၍ တိုက်တွန်း သောကြောင့် ခံယူ လေ၏။
12 ၁၂ ထိုနောက်ဧသောက``သွားကြစို့။ သင့်အရှေ့မှာ ငါသွားမည်'' ဟုပြော၏။
၁၂ဧသောကလည်း၊ ခရီး သွားကြစို့၊ သင့် ရှေ့ မှာ ကျွန်ုပ်သွား မည်ဟုဆို လျှင်၊
13 ၁၃ ယာကုပ်က``ကိုယ်တော်သိသည်အတိုင်းကျွန် တော်၏ကလေးများသည်နုနယ်ကြပါ၏။ နို့စို့သားငယ်များပါသောသိုး၊ ဆိတ်၊ နွားတို့ ကိုလည်းညှာရပါမည်။ တိရစ္ဆာန်တို့ကိုတစ်နေ့ မျှခရီးပြင်းနှင်လျှင်တစ်အုပ်လုံးသေဆုံး ကုန်ပါလိမ့်မည်။-
၁၃ယာကုပ်က၊ သခင် သိ သည်အတိုင်း၊ ဤသူငယ် တို့သည် နုငယ် ပါ၏။ သား ငယ်ပါသောသိုး ၊ ဆိတ်၊ နွားမ တို့သည် ကျွန်တော် ၌ပါပါ၏။ တနေ့ ခြင်းတွင် အနှင် လွန် လျှင် ၊ ရှိသမျှ တို့သည် သေ ကြပါလိမ့်မည်။
14 ၁၄ ကိုယ်တော်သွားနှင့်ပါ။ ကျွန်တော်တိရစ္ဆာန်များ၊ ကလေးများနှင့်ခရီးတွင်နိုင်သမျှဖြင့်အစ် ကိုရှိရာဧဒုံပြည်သို့ရောက်အောင်တဖြည်း ဖြည်းလိုက်ခဲ့ပါမည်'' ဟုဆို၏။
၁၄ထိုကြောင့်သခင် သည်၊ ကိုယ်တော် ၏ ကျွန် ရှေ့ မှာကြွ နှင့်တော်မူပါ။ ကျွန်တော်မူကား၊ ကျွန်တော်ဆောင် ခဲ့သော တိရစ္ဆာန်များ၊ သူငယ် များ၊ တတ်နိုင်သမျှအတိုင်း ၊ သခင် နေရာ စိရ ပြည်သို့ ရောက် အောင်၊ တဖြည်းဖြည်း ပို့ဆောင် ပါမည်ဟု လျှောက်လေ၏။
15 ၁၅ ထိုအခါဧသောက``ထိုသို့ဆိုလျှင်ကာကွယ် စောင့်ရှောက်ရန်ငါ့လူအချို့ကိုသင့်ထံ၌ ထားခဲ့မည်'' ဟုပြော၏။ ယာကုပ်က``ကျွန်တော်အတွက်အစောင့်အရှောက် မလိုပါ။ ကိုယ်တော်၏ထံမှမျက်နှာသာရရှိ နိုင်ရန်သာတောင်းလျှောက်လိုပါသည်'' ဟုဖြေ လေ၏။-
၁၅ဧသော ကလည်း ၊ သို့ဖြစ်လျှင်အကျွန်ုပ် ၌ ပါ သောသူ အချို့တို့ကို ညီ၌ထား ခဲ့ပါရစေဟုဆိုလျှင် ၊ ယာကုပ်က၊ အဘယ် အကြောင်းရှိပါသနည်း။ သခင် ၏ စိတ် တော်နှင့်တွေ့ ပါစေဟု ပြန် ဆိုသော်၊
16 ၁၆ ထိုနေ့၌ဧသောသည်ဧဒုံပြည်သို့ပြန်သွား လေသည်။-
၁၆ဧသော သည် ထိုနေ့ ခြင်းတွင် စိရ ပြည်သို့ ခရီး သွား၍ ပြန် လေ၏။
17 ၁၇ ယာကုပ်ကမူသုကုတ်အရပ်သို့သွား၍ ထို အရပ်တွင်သူနေထိုင်ရန်အိမ်နှင့်တိရစ္ဆာန် များအတွက် တင်းကုပ်များကိုတည်ဆောက် လေ၏။ ထိုကြောင့်ထိုအရပ်ကိုသုကုတ်ဟု ခေါ်တွင်လေသည်။
၁၇ယာကုပ် လည်း ၊ သုကုတ် အရပ်သို့ ခရီး သွား၍ ၊ ကိုယ် နေဘို့ အိမ် ကို၎င်း ၊ တိရစ္ဆာန် များနေဘို့ တင်းကုပ် တို့ကို၎င်း၊ ဆောက် လေ၏။ ထို့ကြောင့် ထိုအရပ် ကို၊ သုကုတ် ဟူ၍တွင် လေသတည်း။
18 ၁၈ ယာကုပ်သည်ပါဒနာရံပြည်မြောက်ပိုင်းမှ ပြန်လာရာ ခါနာန်ပြည်ရှိရှေခင်မြို့သို့လုံ ခြုံစွာရောက်ရှိလာ၍မြို့နားရှိမြေကွက် တွင်စခန်းချလေ၏။-
၁၈ထိုနောက်မှ ၊ ရှေခင် မြို့ သို့ ဘေးမဲ့ ရောက် လေ၏။ ပါဒနာရံ ပြည်မှ ပြန်လာ၍၊ ခါနာန် ပြည် သို့ ရောက် သော လမ်းခရီးတွင် ၊ ထိုမြို့ရှိသတည်း။ ထိုမြို့ ရှေ့ မှာတဲ ကို ဆောက်လေ၏။
19 ၁၉ သူသည်ထိုမြေကွက်ကိုရှေခင်၏အဖ ဟာမော်၏သားချင်းတို့ထံမှငွေသား တစ်ရာပေး၍ဝယ်ယူလေသည်။-
၁၉တဲ ဆောက် ရာမြေ အကွက် ကို ရှေခင် ၏အဘ ၊ ဟာမော် ၏သား တို့တွင်၊ ငွေ တပိဿာ အဘိုးပေး၍ ဝယ် ရသတည်း။
20 ၂၀ ထိုအရပ်တွင်ယဇ်ပလ္လင်ကိုတည်၍ ပလ္လင်ကို ဣသရေလ၏ဘုရားတည်းဟူသောဧလေ လောဟုသမုတ်လေ၏။
၂၀ထို အရပ်၌လည်း ယဇ် ပလ္လင်ကို တည် ပြီးလျှင် ၊ ဧလေလောဣသရေလ ဟူ၍ သမုတ် လေ၏။