< ကမ္ဘာ​ဦး 33 >

1 ဧ​သော​သည်​လူ​လေး​ရာ​ပါ​လျက်​လာ​နေ​သည် ကို​ယာ​ကုပ်​မြင်​လျှင်​သား​သမီး​တို့​ကို​လေ​အာ၊ ရာ​ခေ​လ​နှင့်​မ​ယား​ငယ်​နှစ်​ဦး​တို့​ထံ​ခွဲ​၍ အပ်​နှံ​ထား​လေ​၏။-
Now Jacob looked up and saw that Esau approaching, and with him four hundred men. He divided the children between Leah, Rachel, and the two female servants.
2 သူ​သည်​မ​ယား​ငယ်​တို့​နှင့်​သူ​တို့​၏​က​လေး များ​ကို​ရှေ့​ဆုံး​၌​ထား​၍ ထို​နောက်​လေ​အာ​နှင့် သူ​၏​က​လေး​တို့​ကို​လည်း​ကောင်း၊ နောက်​ဆုံး ၌​ရာ​ခေ​လ​နှင့်​ယော​သပ်​ကို​လည်း​ကောင်း နေ​ရာ​ချ​ထား​လေ​၏။-
He put the female servants and their children in front, Leah and her children after, and Rachel and Joseph last.
3 ယာ​ကုပ်​သည်​ထို​သူ​တို့​ရှေ့​က​သွား​၍​အစ်​ကို ၏​အ​နီး​သို့​ချဉ်း​ကပ်​မိ​လျှင် ခု​နစ်​ကြိမ်​ဦး​ညွှတ် ၍​အ​ရို​အ​သေ​ပြု​လေ​သည်။-
He himself went on ahead of them, and bowed himself to the ground seven times, until he approached his brother.
4 ထို​အ​ခါ​ဧ​သော​သည်​ပြေး​၍​ယာ​ကုပ်​ကို​ဖက် ယမ်း​နမ်း​ရှုပ်​လေ​သည်။ သူ​တို့​နှစ်​ဦး​ငို​ကြွေး​ကြ ၏။-
Esau ran to meet him, embraced him, hugged his neck, and kissed him. And they wept.
5 ဧ​သော​သည်​မော်​ကြည့်​၍​မိန်း​မ​များ​နှင့်​က​လေး များ​ကို​မြင်​လျှင်``သင်​နှင့်​အ​တူ​ပါ​လာ​သော​ဤ သူ​တို့​ကား​မည်​သူ​တို့​နည်း'' ဟု​မေး​လေ​၏။
And he looked up and saw the women and the children, and said, "Who are these with you?" He said, "The children whom God has graciously given your servant."
6 ယာ​ကုပ်​က``ဘု​ရား​သ​ခင်​သည်​ကျွန်​တော်​အား ပေး​သ​နား​တော်​မူ​သော​သား​သ​မီး​များ​ဖြစ် ပါ​သည်'' ဟု​ဖြေ​၏။ ထို့​နောက်​သူ​၏​မ​ယား​ငယ် တို့​သည် မိ​မိ​တို့​၏​သား​သမီး​များ​နှင့်​အ​တူ ဧ​သော​အ​နီး​သို့​ချဉ်း​ကပ်​၍​ဦး​ညွှတ်​ကြ​၏။-
Then the female servants came forward with their children, and they bowed themselves.
7 လေ​အာ​နှင့်​သူ​၏​သား​သ​မီး​တို့​နှင့်​ယော​သပ် နှင့်​ရာ​ခေ​လ​တို့​သည် ဧ​သော​အ​နီး​သို့​ချဉ်း ကပ်​၍​ဦး​ညွှတ်​ကြ​၏။
Leah also and her children came forward, and bowed themselves. After them, Joseph came forward with Rachel, and they bowed themselves.
8 ဧ​သော​က``လမ်း​တွင်​ငါ​တွေ့​ခဲ့​သော​တိ​ရစ္ဆာန် အုပ်​များ​ကို​မည်​သည့်​အ​တွက်​ကြောင့်​ရှေ့​က သွား​စေ​သ​နည်း'' ဟု​မေးလျှင်၊ ယာ​ကုပ်​က``ကိုယ်​တော်​ထံ​မှ​မျက်​နှာ​သာ​ရ စေ​ရန်​ဖြစ်​ပါ​သည်'' ဟု​ပြန်​ဖြေ​လေ​၏။
Esau said, "What do you mean by all this company which I met?" Jacob said, "To find favor in the sight of my lord."
9 ထို​အ​ခါ​ဧ​သော​က``ငါ့​ညီ၊ ငါ​၌​ဥစ္စာ​အ​လုံ အ​လောက်​ရှိ​၏။ သင့်​ပစ္စည်း​ကို​ပြန်​ယူ​ပါ'' ဟု ဆို​လေ​၏။
Esau said, "I have enough, my brother; keep what you have for yourself."
10 ၁၀ ယာ​ကုပ်​က``ကိုယ်​တော်​၏​ထံ​မှ​မျက်​နှာ​သာ​ရ သည်​မှန်​လျှင် ကျွန်​တော်​ဆက်​သ​သော​လက်​ဆောင် များ​ကို​လက်​ခံ​တော်​မူ​ပါ။ ကိုယ်​တော်​သည်​ကျွန် တော်​ကို​ကြည်​ဖြူ​စွာ​ကြို​ဆို​ပါ​ပြီ။ ကိုယ်​တော် ၏​မျက်​နှာ​ကို​မြင်​ရ​သည်​မှာ​ဘု​ရား​သ​ခင်​၏ မျက်​နှာ​တော်​ကို​ဖူး​မြင်​ရ​သ​ကဲ့​သို့​ပင်​ဖြစ် ပါ​သည်။-
Jacob said, "No, please, if I have now found favor in our sight, then accept my present from my hand, because I have seen your face, which is like seeing the face of God, since you have accepted me.
11 ၁၁ ကိုယ်​တော်​ထံ​သို့​ယ​ခု​ကျွန်​တော်​ယူ​ဆောင်​လာ သော​လက်​ဆောင်​များ​ကို​လက်​ခံ​ပါ။ ဘု​ရား​သ​ခင်​သည်​ကျွန်​တော်​လို​သ​မျှ​ကို​ပေး​သ​နား တော်​မူ​ပါ​ပြီ'' ဟု​မ​နေ​မ​နား​တိုက်​တွန်း သ​ဖြင့်​ဧ​သော​သည်​လက်​ဆောင်​များ​ကို လက်​ခံ​လိုက်​လေ​သည်။
Please take the gift that I brought to you, because God has been gracious to me, and because I have enough." Thus he urged him, and he took it.
12 ၁၂ ထို​နောက်​ဧသော​က``သွား​ကြ​စို့။ သင့်​အ​ရှေ့​မှာ ငါ​သွား​မည်'' ဟု​ပြော​၏။
Esau said, "Let us take our journey, and let us go, and I will go ahead of you."
13 ၁၃ ယာ​ကုပ်​က``ကိုယ်​တော်​သိ​သည်​အ​တိုင်း​ကျွန် တော်​၏​က​လေး​များ​သည်​နု​နယ်​ကြ​ပါ​၏။ နို့​စို့​သား​ငယ်​များ​ပါ​သော​သိုး၊ ဆိတ်၊ နွား​တို့ ကို​လည်း​ညှာ​ရ​ပါ​မည်။ တိ​ရစ္ဆာန်​တို့​ကို​တစ်​နေ့ မျှ​ခ​ရီး​ပြင်း​နှင်​လျှင်​တစ်​အုပ်​လုံး​သေ​ဆုံး ကုန်​ပါ​လိမ့်​မည်။-
Jacob said to him, "My lord knows that the children are tender, and that the sheep and cattle with me have their young, and if they overdrive them one day, the whole herd will die.
14 ၁၄ ကိုယ်​တော်​သွား​နှင့်​ပါ။ ကျွန်​တော်​တိ​ရစ္ဆာန်​များ၊ က​လေး​များ​နှင့်​ခ​ရီး​တွင်​နိုင်​သ​မျှ​ဖြင့်​အစ် ကို​ရှိ​ရာ​ဧ​ဒုံ​ပြည်​သို့​ရောက်​အောင်​တ​ဖြည်း ဖြည်း​လိုက်​ခဲ့​ပါ​မည်'' ဟု​ဆို​၏။
Please let my lord pass on ahead of his servant, and I will move along slowly, at the pace of the herds that are before me and at the pace of the children, until I come to my lord at Seir."
15 ၁၅ ထို​အ​ခါ​ဧသော​က``ထို​သို့​ဆို​လျှင်​ကာ​ကွယ် စောင့်​ရှောက်​ရန်​ငါ့​လူ​အ​ချို့​ကို​သင့်​ထံ​၌ ထား​ခဲ့​မည်'' ဟု​ပြော​၏။ ယာ​ကုပ်​က``ကျွန်​တော်​အ​တွက်​အ​စောင့်​အ​ရှောက် မ​လို​ပါ။ ကိုယ်​တော်​၏​ထံ​မှ​မျက်​နှာ​သာ​ရ​ရှိ နိုင်​ရန်​သာ​တောင်း​လျှောက်​လို​ပါ​သည်'' ဟု​ဖြေ လေ​၏။-
Esau said, "Let me now leave with you some of my people who are with me." But he said, "What need is there? Please indulge me, my lord."
16 ၁၆ ထို​နေ့​၌​ဧ​သော​သည်​ဧ​ဒုံ​ပြည်​သို့​ပြန်​သွား လေ​သည်။-
So Esau returned that day on the road to Seir.
17 ၁၇ ယာ​ကုပ်​က​မူ​သု​ကုတ်​အ​ရပ်​သို့​သွား​၍ ထို အ​ရပ်​တွင်​သူ​နေ​ထိုင်​ရန်​အိမ်​နှင့်​တိ​ရစ္ဆာန် များ​အ​တွက် တင်း​ကုပ်​များ​ကို​တည်​ဆောက် လေ​၏။ ထို​ကြောင့်​ထို​အ​ရပ်​ကို​သု​ကုတ်​ဟု ခေါ်​တွင်​လေ​သည်။
But Jacob traveled to Succoth, and he built himself a house, and made shelters for his livestock. Therefore the name of the place is called Succoth.
18 ၁၈ ယာ​ကုပ်​သည်​ပါ​ဒ​နာ​ရံ​ပြည်​မြောက်​ပိုင်း​မှ ပြန်​လာ​ရာ ခါ​နာန်​ပြည်​ရှိ​ရှေ​ခင်​မြို့​သို့​လုံ ခြုံ​စွာ​ရောက်​ရှိ​လာ​၍​မြို့​နား​ရှိ​မြေ​ကွက် တွင်​စ​ခန်း​ချ​လေ​၏။-
After Jacob came from Paddan Aram, he arrived safely at the city of Shechem, which is in the land of Canaan, and camped near the city.
19 ၁၉ သူ​သည်​ထို​မြေ​ကွက်​ကို​ရှေ​ခင်​၏​အ​ဖ ဟာ​မော်​၏​သား​ချင်း​တို့​ထံ​မှ​ငွေ​သား တစ်​ရာ​ပေး​၍​ဝယ်​ယူ​လေ​သည်။-
He purchased the parcel of land where he had pitched his tent, from the sons of Hamor, Shechem's father, for a hundred kesitahs.
20 ၂၀ ထို​အ​ရပ်​တွင်​ယဇ်​ပလ္လင်​ကို​တည်​၍ ပလ္လင်​ကို ဣ​သ​ရေ​လ​၏​ဘု​ရား​တည်း​ဟူ​သော​ဧ​လေ လော​ဟု​သ​မုတ်​လေ​၏။
He erected an altar there and called it El Elohe Israel.

< ကမ္ဘာ​ဦး 33 >