< ကမ္ဘာဦး 32 >
1 ၁ ယာကုပ်သည်ခရီးဆက်လက်သွားစဉ် ဘုရားသခင်၏ ကောင်းကင်တမန်တို့နှင့်တွေ့ဆုံလေ သည်။-
Men Jacob for sin väg, och Guds Änglar mötte honom.
2 ၂ ကောင်းကင်တမန်တို့ကိုမြင်လျှင်ယာကုပ် က``ဤအရပ်ကားဘုရားသခင်၏တပ်တော် ဖြစ်သည်'' ဟုဆို၍၎င်းကိုမဟာနိမ်ဟုမှည့် ခေါ်လေသည်။
Och då han såg dem, sade han: Detta äro Guds härar; och kallade det rummet Mahanaim.
3 ၃ ယာကုပ်သည်ဧဒုံပြည်တွင်ရှိသောသူ၏အစ် ကိုဧသောထံသို့ စေတမန်များကိုရှေ့ပြေး အဖြစ်စေလွှတ်လေ၏။-
Men Jacob sände båd fram för sig till sin broder Esau in uti Seirs land, i Edoms ängd.
4 ၄ ထိုစေတမန်တို့အား``ကိုယ်တော်၏အစေခံ ယာကုပ်က`ကျွန်ုပ်သည်လာဗန်နှင့်အတူနေ ထိုင်ပြီးယခုမှပြန်ခဲ့ရပါသည်။-
Och befallte dem, och sade: Så säger minom herra Esau: Din tjenare Jacob låter säga dig, jag hafver varit ute när Laban, och hafver allt härtill varit ibland främmande;
5 ၅ ကျွန်ုပ်တွင်နွား၊ မြည်း၊ သိုး၊ ဆိတ်နှင့်ကျွန်များရှိ ပါသည်။ ကိုယ်တော်ထံ၌ကျွန်ုပ်မျက်နှာသာရ နိုင်မည်ဟုမျှော်လင့်လျက် ဤသို့သတင်းပို့ လျှောက်ထားပါသည်' ဟုပြောလော့'' ဟုမှာ ကြားလိုက်လေသည်။
Och hafver fä och åsnor, får, tjenare och tjenarinnor; och hafver utsändt, och låtit dig minom herra det bebåda, på det jag måtte finna nåd för din ögon.
6 ၆ စေတမန်တို့သည်ယာကုပ်ထံသို့ပြန်ရောက် လာ၍ ``ကျွန်ုပ်တို့သည်ကိုယ်တော်၏အစ်ကို ဧသောထံသို့ရောက်ခဲ့ပါသည်။ သူသည်လည်း ကိုယ်တော်နှင့်တွေ့ဆုံရန်လာနေပါပြီ။ သူ့ ထံ၌လူအင်အားလေးရာရှိပါသည်'' ဟု ပြန်ကြားကြသည်။-
Boden kommo igen till Jacob, och sade: Vi kommom till din broder Esau, och han reser emot dig med fyrahundrade män.
7 ၇ ထိုအခါယာကုပ်သည်အလွန်ကြောက်ရွံ့၍ စိတ်ပူပန်သဖြင့် သူနှင့်အတူရှိသောသူတို့ ကိုလည်းကောင်း၊ သိုး၊ ဆိတ်၊ နွားနှင့်ကုလားအုတ် တို့ကိုလည်းကောင်းနှစ်စုခွဲ၍ထားလိုက်၏။-
Då fruktade Jacob storliga, och var förfärad: Och skifte folket, som var när honom, och får, och fä, och camelar, i två skarar.
8 ၈ အဘယ်ကြောင့်ဆိုသော်သူက``ဧသောရောက် လာ၍ပထမအစုကိုတိုက်ခိုက်သည်ရှိသော် ကျန်တစ်စုကားလွတ်မြောက်နိုင်လိမ့်မည်'' ဟု တွေးတောမိသောကြောင့်တည်း။
Och sade: Om Esau kommer på den ena skaran, och står honom, så må den andre undkomma.
9 ၉ ထိုနောက်ယာကုပ်က``အကျွန်ုပ်၏အဘိုး အာဗြဟံနှင့်အကျွန်ုပ်၏ဖခင်ဣဇာက်တို့ ၏ဘုရားသခင်၊ အကျွန်ုပ်၏ဆုတောင်းသံကို နားညောင်းတော်မူပါ။ ကိုယ်တော်ရှင်က`သင်၏ ပြည်၊ သင်၏ဆွေမျိုးသားချင်းတို့ထံသို့ပြန် လော့။ ငါသည်သင့်ကိုကြီးပွားစေမည်' ဟု မိန့်တော်မူပါ၏။-
Ytterligare sade Jacob: Gud, mins faders Abrahams Gud, mins faders Isaacs, Herre, du som till mig sagt hafver: Far åter in i ditt land till dina fränder, jag vill göra dig godt;
10 ၁၀ ကိုယ်တော်အမြဲထားတော်မူသောကရုဏာ တော်နှင့်ကိုယ်တော်၏ကျွန်သည်မထိုက်တန် ပါ။ အကျွန်ုပ်သည်ယော်ဒန်မြစ်ကိုဖြတ်ကူး စဉ်အခါက အကျွန်ုပ်၌လက်ကိုင်တောင်ဝှေး တစ်ချောင်းသာပါသွားသော်လည်း ယခုမှာ မူဤလူစုနှစ်စုပါလျက်ပြန်လာခဲ့ရ ပါသည်။-
Jag är för ringa till all den barmhertighet och all den trohet, som du med dinom tjenare gjort hafver; förty jag hade icke mer än denna stafven, då jag gick öfver denna Jordanen, och nu är jag till två skarar vorden.
11 ၁၁ အကျွန်ုပ်၏အစ်ကိုဧသော၏လက်မှအကျွန်ုပ် အားကယ်တင်ရန်တောင်းလျှောက်ပါ၏။ သူ သည်မိန်းမနှင့်ကလေးများအပါအဝင် အကျွန်ုပ်တို့အားလုံးအားတိုက်ခိုက်ဖျက် ဆီးမည်ကိုအကျွန်ုပ်စိုးရိမ်ကြောက်ရွံ့ပါ၏။-
Hjelp mig utu mins broders hand, utu Esaus hand; ty jag fruktar för honom; att han icke kommer, och står mig både mödrar och barn.
12 ၁၂ ကိုယ်တော်က`သင့်ကိုကြီးပွားစေမည်။ သင်၏ အဆက်အနွယ်များကိုပင်လယ်ကမ်းခြေရှိ သဲပွင့်များကဲ့သို့ မရေမတွက်နိုင်အောင်များ ပြားစေမည်' ဟူသောကတိတော်ကိုသတိရ တော်မူပါ'' ဟုတောင်းလျှောက်လေသည်။
Du hafver sagt: Jag vill göra dig godt, och göra din säd som sanden i hafvet, den så mycken är, att han ej kan räknas.
13 ၁၃ ယာကုပ်သည်ထိုအရပ်တွင်တစ်ညတည်းခို ပြီးနောက် အစ်ကိုဧသောအားလက်ဆောင်ပေး ရန် မိမိ၏တိရစ္ဆာန်အုပ်ထဲမှဆိတ်မနှစ်ရာ နှင့်ဆိတ်ထီးနှစ်ဆယ်၊ သိုးမနှစ်ရာနှင့်သိုး ထီးနှစ်ဆယ်၊ နို့စားကုလားအုတ်မသုံးဆယ် နှင့်သားကောင်ငယ်များ၊ နွားမလေးဆယ်နှင့် နွားထီးဆယ်ကောင်၊ မြည်းမနှစ်ဆယ်နှင့် မြည်းထီးဆယ်ကောင်တို့ကိုရွေးယူလေ၏။-
Och han blef der den nattena, och tog af thy han för handena hade, skänker till sin broder Esau.
Tuhundrade getter, tjugu bockar, tuhundrade får, tjugu vädrar;
Och tretio däggande camelar med deras föl, fyratio kor, och tio oxar; tjugu åsninnor, med tio föl;
16 ၁၆ ထိုတိရစ္ဆာန်များကိုအုပ်လိုက်ခွဲပြီးလျှင် တစ် အုပ်စီကိုအစေခံတစ်ယောက်ကျအုပ်ထိန်း စေ၏။ ထိုနောက်အစေခံတို့အား``သင်တို့သည် တစ်အုပ်နှင့်တစ်အုပ်ရှေ့နောက်ခြား၍ငါ့ရှေ့ မှသွားကြလော့'' ဟုမှာကြားလေသည်။-
Och fick dem under sina tjenares händer, ju hvar hjorden för sig, och sade till dem: Går fram för mig, och låter vara rum emellan den ena hjorden efter den andra.
17 ၁၇ ရှေ့ဆုံးမှသွားရသောအစေခံအား``ငါ၏ အစ်ကိုဧသောကသင့်ကိုတွေ့၍`သင်၏သခင် ကားမည်သူနည်း၊ မည်သည့်အရပ်သို့သွား မည်နည်း။ သင့်ရှေ့၌ရှိသောတိရစ္ဆာန်တို့ကို မည်သူပိုင်သနည်း' ဟုမေးလျှင်၊-
Och böd den första, och sade: När min broder Esau möter dig, och frågar dig: Hvem hörer du till, och hvart vill du, och hvem hörer det till, som du drifver för dig?
18 ၁၈ `ကိုယ်တော်၏အစေခံယာကုပ်ပိုင်ပါသည်။ သခင်ဧသောအားဆက်သလိုက်သောလက် ဆောင်များဖြစ်ပါသည်။ ယာကုပ်ကိုယ်တိုင် အကျွန်ုပ်တို့နောက်မှလိုက်ပါလာပါသည်' ဟူ၍ညွှန်ကြားလေသည်။-
Skall du säga: Det hörer dinom tjenare Jacob till; han sände sinom herra Esau skänker, och kommer härefter.
19 ၁၉ ထိုနည်းတူဒုတိယအစေခံ၊ တတိယ အစေခံမှစ၍ တိရစ္ဆာန်အုပ်တို့ကိုအုပ် ထိန်းရသူအပေါင်းတို့အား၊-
Så böd han ock den andra, och den tredje, och allom dem som gingo efter hjorden, och sade: Som jag hafver sagt eder, så säger till Esau, när I finnen honom.
20 ၂၀ သင်တို့သည်ဧသောနှင့်တွေ့သောအခါ`ကိုယ်တော် ၏အစေခံယာကုပ်သည်ကျွန်ုပ်တို့နောက်မှလိုက် ပါလာပါသည်' ဟုပြောရမည်'' ဟူ၍မှာကြား ၏။ ယာကုပ်က``ယခုပေးလိုက်သောလက်ဆောင် များအားဖြင့် အစ်ကို၏စိတ်ကိုပြေစေ၍သူ နှင့်တွေ့ဆုံရသောအခါ ငါ့အပြစ်ကိုခွင့် လွှတ်ကောင်းခွင့်လွှတ်ပေလိမ့်မည်'' ဟု စိတ်ကူးမိလေ၏။-
Och säger ju det med: Si, Jacob din tjenare är efter oss. Förty han tänkte, jag vill blidka honom med den skänken, som går för mig; sedan vill jag se honom; kan hända att han undfår mig väl.
21 ၂၁ သူသည်လက်ဆောင်များကိုကြိုတင်ပို့ပြီး နောက်ထိုညတွင်စခန်း၌အိပ်လေ၏။
Så gingo skänkningarna fram före honom; men han blef den nattena i lägret.
22 ၂၂ ထိုညချင်းတွင်းယာကုပ်သည်ထ၍မယားနှစ် ယောက်၊ မယားငယ်နှစ်ယောက်၊ သားသမီးတစ် ဆယ့်တစ်ယောက်တို့ကိုခေါ်ဆောင်လျက်ယဗ္ဗုတ် မြစ်ကိုဖြတ်ကူးစေ၏။-
Och stod upp om nattena, och tog sina två hustrur, och de två tjensteqvinnorna, och sin ellofva barn, och for till vadet Jabbok:
23 ၂၃ သားမယားတို့နှင့်အတူပိုင်သမျှဥစ္စာပစ္စည်း တို့ကိုတစ်ဖက်ကမ်းသို့ပို့လေ၏။-
Tog dem och förde dem öfver älfvena, så att det han hade, kom öfver.
24 ၂၄ ယာကုပ်ကမူတစ်ယောက်တည်းနေရစ်ခဲ့လေ သည်။ ထိုအခါလူတစ်ယောက်သည်မိုးလင်းအံ့ဆဲ ဆဲတိုင်အောင်သူနှင့်နပန်းလုံးလေ၏။-
Och han blef på den sidone allena. Då brottades en man med honom till dess morgonrodnen uppgick.
25 ၂၅ ထိုသူသည်မနိုင်မှန်းသိသောအခါယာကုပ် ၏တင်ပါးကိုထိုးသဖြင့်အဆစ်ပြုတ်လေ၏။-
Och då han såg, att han icke kunde öfvervinna honom, rörde han hans höftes sena, och straxt förtvinade hans höftes sena.
26 ၂၆ ထိုသူက``ငါ့ကိုလွှတ်ပါ။ မိုးလင်းလုပြီ'' ဟုဆိုလေ၏။ ယာကုပ်က``အကျွန်ုပ်ကိုကောင်းချီးပေးမှလွှတ် မည်'' ဟုပြော၏။
Och han sade: Låt mig gå, ty morgonrodnen går upp; men han svarade: Jag släpper dig icke, med mindre du välsignar mig.
27 ၂၇ ထိုသူကလည်း``သင်၏နာမည်ကားအဘယ် နည်း'' ဟုမေး၏။ ``ယာကုပ်'' ဟုပြန်ဖြေ၏။
Han sade: Huru heter du? Han svarade: Jacob.
28 ၂၈ ထိုသူက``နောင်တွင်သင်၏နာမည်ကို`ယာကုပ်' ဟူ ၍မခေါ်စေရ။ သင်သည်ဘုရားနှင့်သော်လည်း ကောင်း၊ လူနှင့်သော်လည်းကောင်းဆိုင်ပြိုင်၍အနိုင် ရခဲ့သောကြောင့်သင်၏နာမည်မှာ`ဣသရေလ' ဟူ၍ဖြစ်ရမည်'' ဟုဆိုလေ၏။
Han sade: Du skall icke mer heta Jacob, utan Israel. Förty du hafver med Gud och menniskor kämpat, och hafver fått öfverhandena.
29 ၂၉ ယာကုပ်က``ကိုယ်တော်၏နာမကိုသိပါရစေ'' ဟုလျှောက်လေ၏။ ထိုသူက``သင်သည်ငါ၏နာမကိုအဘယ် ကြောင့်သိလိုသနည်း'' ဟုမေး၏။ ထိုနောက် ယာကုပ်ကိုကောင်းချီးပေးလေ၏။
Och Jacob frågade honom, och sade: Huru heter du? Men han sade: Hvi frågar du, huru jag heter? Och han välsignade honom der sammastädes.
30 ၃၀ ယာကုပ်က``ငါသည်ဘုရားသခင်ကိုမျက်နှာ ချင်းဆိုင်ဖူးတွေ့ရသော်လည်း အသက်ချမ်း သာရလျက်ရှိသေး၏'' ဟုဆို၍ထိုအရပ် ကိုပေနွေလဟုသမုတ်လေ၏။-
Och Jacob kallade det rummet Pnuel; ty jag hafver sett Gud under ansigtet, och min själ är frälst vorden.
31 ၃၁ ယာကုပ်သည်ပေနွေလအရပ်မှထွက်ခွာလာ သောအခါနေထွက်ပြီဖြစ်၏။ သူသည်ခါးဆစ် ဒဏ်ရာကြောင့်ထော့နဲ့ကျိုးနင်းသွားရလေသည်။-
Och som han kom fram om Pnuel, gick honom solen upp, och han haltade i sine höft.
32 ၃၂ ယာကုပ်သည်တင်ပါးကြွက်သားတွင်အထိုး ခံခဲ့ရသည်ဖြစ်သောကြောင့် ယနေ့ထက်တိုင် ဣသရေလအမျိုးသားတို့သည်တင်ပါး ကြွက်သားကိုမစားကြချေ။
Fördenskull äta Israels barn inga höftsene ännu i dag, derföre, att Jacobs höftsena rörd vardt.