< ကမ္ဘာ​ဦး 32 >

1 ယာ​ကုပ်​သည်​ခ​ရီး​ဆက်​လက်​သွား​စဉ် ဘု​ရား​သ​ခင်​၏ ကောင်း​ကင်​တ​မန်​တို့​နှင့်​တွေ့​ဆုံ​လေ သည်။-
Auch Jakob zog seines Wegs; da stießen Gottes Engel auf ihn.
2 ကောင်း​ကင်​တ​မန်​တို့​ကို​မြင်​လျှင်​ယာ​ကုပ် က``ဤ​အ​ရပ်​ကား​ဘု​ရား​သ​ခင်​၏​တပ်​တော် ဖြစ်​သည်'' ဟု​ဆို​၍​၎င်း​ကို​မ​ဟာ​နိမ်​ဟု​မှည့် ခေါ်​လေ​သည်။
Jakob sprach, als er sie sah: "Dies ist Gottes Heerlager", und er nannte diesen Ort Machanaim.
3 ယာ​ကုပ်​သည်​ဧ​ဒုံ​ပြည်​တွင်​ရှိ​သော​သူ​၏​အစ် ကို​ဧ​သော​ထံ​သို့ စေ​တ​မန်​များ​ကို​ရှေ့​ပြေး အ​ဖြစ်​စေ​လွှတ်​လေ​၏။-
Jakob sandte nun Boten voraus an seinen Bruder Esau ins Land Seïr, in Edoms Gefilde.
4 ထို​စေ​တ​မန်​တို့​အား``ကိုယ်​တော်​၏​အ​စေ​ခံ ယာ​ကုပ်​က`ကျွန်ုပ်​သည်​လာ​ဗန်​နှင့်​အ​တူ​နေ ထိုင်​ပြီး​ယ​ခု​မှ​ပြန်​ခဲ့​ရ​ပါ​သည်။-
Er trug ihnen folgendes auf: "So sollt ihr sprechen: 'Meinem Herrn Esau läßt dein Sklave Jakob also melden: Bei Laban war ich zu Gast und verzögerte mich bis jetzt.
5 ကျွန်ုပ်​တွင်​နွား၊ မြည်း၊ သိုး၊ ဆိတ်​နှင့်​ကျွန်​များ​ရှိ ပါ​သည်။ ကိုယ်​တော်​ထံ​၌​ကျွန်ုပ်​မျက်​နှာ​သာ​ရ နိုင်​မည်​ဟု​မျှော်​လင့်​လျက် ဤ​သို့​သ​တင်း​ပို့ လျှောက်​ထား​ပါ​သည်' ဟု​ပြော​လော့'' ဟု​မှာ ကြား​လိုက်​လေ​သည်။
Ich kam aber zu Rindern und Eseln, zu Schafen, Sklaven und Mägden. Und so wollte ich es meinem Herrn melden lassen, um Huld bei dir zu finden.'"
6 စေ​တ​မန်​တို့​သည်​ယာ​ကုပ်​ထံ​သို့​ပြန်​ရောက် လာ​၍ ``ကျွန်ုပ်​တို့​သည်​ကိုယ်​တော်​၏​အစ်​ကို ဧ​သော​ထံ​သို့​ရောက်​ခဲ့​ပါ​သည်။ သူ​သည်​လည်း ကိုယ်​တော်​နှင့်​တွေ့​ဆုံ​ရန်​လာ​နေ​ပါ​ပြီ။ သူ့ ထံ​၌​လူ​အင်​အား​လေး​ရာ​ရှိ​ပါ​သည်'' ဟု ပြန်​ကြား​ကြ​သည်။-
Die Boten kehrten zu Jakob zurück und meldeten: "Zu deinem Bruder Esau sind wir gekommen, aber schon zieht er dir entgegen mit vierhundert Mann."
7 ထို​အ​ခါ​ယာ​ကုပ်​သည်​အ​လွန်​ကြောက်​ရွံ့​၍ စိတ်​ပူ​ပန်​သ​ဖြင့် သူ​နှင့်​အ​တူ​ရှိ​သော​သူ​တို့ ကို​လည်း​ကောင်း၊ သိုး၊ ဆိတ်၊ နွား​နှင့်​ကု​လား​အုတ် တို့​ကို​လည်း​ကောင်း​နှစ်​စု​ခွဲ​၍​ထား​လိုက်​၏။-
Da geriet Jakob in große Furcht und Bangigkeit. Dann teilte er die Leute bei sich sowie die Schafe, Rinder und Kamele in zwei Lager.
8 အ​ဘယ်​ကြောင့်​ဆို​သော်​သူ​က``ဧ​သော​ရောက် လာ​၍​ပ​ထ​မ​အ​စု​ကို​တိုက်​ခိုက်​သည်​ရှိ​သော် ကျန်​တစ်​စု​ကား​လွတ်​မြောက်​နိုင်​လိမ့်​မည်'' ဟု တွေး​တော​မိ​သော​ကြောင့်​တည်း။
Er dachte nämlich: Kommt Esau über das eine Lager und schlägt es, dann kann das andere Lager entrinnen.
9 ထို​နောက်​ယာ​ကုပ်​က``အ​ကျွန်ုပ်​၏​အ​ဘိုး အာ​ဗြ​ဟံ​နှင့်​အ​ကျွန်ုပ်​၏​ဖ​ခင်​ဣ​ဇာက်​တို့ ၏​ဘု​ရား​သ​ခင်၊ အ​ကျွန်ုပ်​၏​ဆု​တောင်း​သံ​ကို နား​ညောင်း​တော်​မူ​ပါ။ ကိုယ်​တော်​ရှင်​က`သင်​၏ ပြည်၊ သင်​၏​ဆွေ​မျိုး​သား​ချင်း​တို့​ထံ​သို့​ပြန် လော့။ ငါ​သည်​သင့်​ကို​ကြီး​ပွား​စေ​မည်' ဟု မိန့်​တော်​မူ​ပါ​၏။-
Und Jakob sprach: "Gott meines Vaters Abraham! Gott meines Vaters Isaak! Herr, der du zu mir sprachst: 'Kehr in dein Land zurück, zu der Verwandtschaft! Ich will dir wohltun',
10 ၁၀ ကိုယ်​တော်​အ​မြဲ​ထား​တော်​မူ​သော​က​ရု​ဏာ တော်​နှင့်​ကိုယ်​တော်​၏​ကျွန်​သည်​မ​ထိုက်​တန် ပါ။ အ​ကျွန်ုပ်​သည်​ယော်​ဒန်​မြစ်​ကို​ဖြတ်​ကူး စဉ်​အ​ခါ​က အ​ကျွန်ုပ်​၌​လက်​ကိုင်​တောင်​ဝှေး တစ်​ချောင်း​သာ​ပါ​သွား​သော်​လည်း ယ​ခု​မှာ မူ​ဤ​လူ​စု​နှစ်​စု​ပါ​လျက်​ပြန်​လာ​ခဲ့​ရ ပါ​သည်။-
nicht wert bin ich all der Liebe und Treue, die du deinem Diener erwiesen. Denn nur mit meinem Stock habe ich diesen Jordan überschritten, und jetzt besitze ich zwei Lager.
11 ၁၁ အ​ကျွန်ုပ်​၏​အစ်​ကို​ဧသော​၏​လက်​မှ​အ​ကျွန်ုပ် အား​ကယ်​တင်​ရန်​တောင်း​လျှောက်​ပါ​၏။ သူ သည်​မိန်း​မ​နှင့်​က​လေး​များ​အ​ပါ​အ​ဝင် အ​ကျွန်ုပ်​တို့​အား​လုံး​အား​တိုက်​ခိုက်​ဖျက် ဆီး​မည်​ကို​အ​ကျွန်ုပ်​စိုး​ရိမ်​ကြောက်​ရွံ့​ပါ​၏။-
Ach, rette mich aus meines Bruders Esau Hand! Ich fürchte mich vor ihm. Daß er nicht komme und mich schlage, die Mutter samt den Kindern!
12 ၁၂ ကိုယ်​တော်​က`သင့်​ကို​ကြီး​ပွား​စေ​မည်။ သင်​၏ အ​ဆက်​အ​နွယ်​များ​ကို​ပင်​လယ်​ကမ်း​ခြေ​ရှိ သဲ​ပွင့်​များ​ကဲ့​သို့ မ​ရေ​မ​တွက်​နိုင်​အောင်​များ ပြား​စေ​မည်' ဟူ​သော​ကတိ​တော်​ကို​သ​တိ​ရ တော်​မူ​ပါ'' ဟု​တောင်း​လျှောက်​လေ​သည်။
Du aber hast gesprochen: 'Ich will dir reichlich wohltun; dann mache ich wie Sand am Meere deinen Stamm, vor Menge nicht zu zählen.'"
13 ၁၃ ယာ​ကုပ်​သည်​ထို​အ​ရပ်​တွင်​တစ်​ည​တည်း​ခို ပြီး​နောက် အစ်​ကို​ဧ​သော​အား​လက်​ဆောင်​ပေး ရန် မိ​မိ​၏​တိ​ရစ္ဆာန်​အုပ်​ထဲ​မှ​ဆိတ်​မ​နှစ်​ရာ နှင့်​ဆိတ်​ထီး​နှစ်​ဆယ်၊ သိုး​မ​နှစ်​ရာ​နှင့်​သိုး ထီး​နှစ်​ဆယ်၊ နို့​စား​ကု​လား​အုတ်​မ​သုံး​ဆယ် နှင့်​သား​ကောင်​ငယ်​များ၊ နွား​မ​လေး​ဆယ်​နှင့် နွား​ထီး​ဆယ်​ကောင်၊ မြည်း​မ​နှစ်​ဆယ်​နှင့် မြည်း​ထီး​ဆယ်​ကောင်​တို့​ကို​ရွေး​ယူ​လေ​၏။-
Er blieb nun dort in jener Nacht; dann nahm er aus dem, was ihm zur Hand war, ein Geschenk für seinen Bruder Esau,
14 ၁၄
200 Ziegen, 20 Böcke, 200 Mutterschafe und 20 Widder,
15 ၁၅
30 säugende Kamele mit ihren Füllen, 40 junge Kühe, 10 junge Stiere, 20 Eselinnen und 10 Eselsfüllen.
16 ၁၆ ထို​တိ​ရစ္ဆာန်​များ​ကို​အုပ်​လိုက်​ခွဲ​ပြီး​လျှင် တစ် အုပ်​စီ​ကို​အ​စေ​ခံ​တစ်​ယောက်​ကျ​အုပ်​ထိန်း စေ​၏။ ထို​နောက်​အ​စေ​ခံ​တို့​အား``သင်​တို့​သည် တစ်​အုပ်​နှင့်​တစ်​အုပ်​ရှေ့​နောက်​ခြား​၍​ငါ့​ရှေ့ မှ​သွား​ကြ​လော့'' ဟု​မှာ​ကြား​လေ​သည်။-
Er übergab diese seinen Knechten, jede Herde besonders, und sprach zu seinen Knechten: "Ziehet mir voraus und laßt jedesmal einen Zwischenraum zwischen den Herden!"
17 ၁၇ ရှေ့​ဆုံး​မှ​သွား​ရ​သော​အ​စေ​ခံ​အား``ငါ​၏ အစ်​ကို​ဧသော​က​သင့်​ကို​တွေ့​၍`သင်​၏​သ​ခင် ကား​မည်​သူ​နည်း၊ မည်​သည့်​အ​ရပ်​သို့​သွား မည်​နည်း။ သင့်​ရှေ့​၌​ရှိ​သော​တိရစ္ဆာန်​တို့​ကို မည်​သူ​ပိုင်​သ​နည်း' ဟု​မေး​လျှင်၊-
Und er wies den vordersten an: "Wenn mein Bruder Esau auf dich stößt und dich fragt: 'Wessen bist du? Wohin Willst du? Wessen sind diese da vor dir?',
18 ၁၈ `ကိုယ်​တော်​၏​အ​စေ​ခံ​ယာ​ကုပ်​ပိုင်​ပါ​သည်။ သ​ခင်​ဧ​သော​အား​ဆက်​သ​လိုက်​သော​လက် ဆောင်​များ​ဖြစ်​ပါ​သည်။ ယာ​ကုပ်​ကိုယ်​တိုင် အ​ကျွန်ုပ်​တို့​နောက်​မှ​လိုက်​ပါ​လာ​ပါ​သည်' ဟူ​၍​ညွှန်​ကြား​လေ​သည်။-
so sprich: 'Deines Sklaven Jakob Geschenke sind sie, abgeschickt für Esau, meinen Herrn. Er selber folgt uns auf dem Fuße nach.'"
19 ၁၉ ထို​နည်း​တူ​ဒု​တိ​ယ​အ​စေ​ခံ၊ တ​တိ​ယ အ​စေ​ခံ​မှ​စ​၍ တိ​ရစ္ဆာန်​အုပ်​တို့​ကို​အုပ် ထိန်း​ရ​သူ​အ​ပေါင်း​တို့​အား၊-
Ebenso wies er den zweiten, den dritten und alle übrigen an, die die Herden trieben, und sprach: "Genauso sollt ihr zu Esau sprechen, wenn ihr ihn treffet.
20 ၂၀ သင်​တို့​သည်​ဧ​သော​နှင့်​တွေ့​သော​အ​ခါ`ကိုယ်​တော် ၏​အ​စေ​ခံ​ယာ​ကုပ်​သည်​ကျွန်ုပ်​တို့​နောက်​မှ​လိုက် ပါ​လာ​ပါ​သည်' ဟု​ပြော​ရ​မည်'' ဟူ​၍​မှာ​ကြား ၏။ ယာ​ကုပ်​က``ယ​ခု​ပေး​လိုက်​သော​လက်​ဆောင် များ​အား​ဖြင့် အစ်​ကို​၏​စိတ်​ကို​ပြေ​စေ​၍​သူ နှင့်​တွေ့​ဆုံ​ရ​သော​အ​ခါ ငါ့​အ​ပြစ်​ကို​ခွင့် လွှတ်​ကောင်း​ခွင့်​လွှတ်​ပေ​လိမ့်​မည်'' ဟု စိတ်​ကူး​မိ​လေ​၏။-
Ihr sollt sagen: 'Auch dein Sklave Jakob folgt uns auf dem Fuß!'" Er dachte nämlich: Ablenken will ich seine Aufmerksamkeit durch das Geschenk, das mir vorausgeht; erst dann trete ich ihm vor die Augen. Vielleicht nimmt er mich gnädig auf.
21 ၂၁ သူ​သည်​လက်​ဆောင်​များ​ကို​ကြို​တင်​ပို့​ပြီး နောက်​ထို​ည​တွင်​စ​ခန်း​၌​အိပ်​လေ​၏။
So ging ihm das Geschenk voraus; er selber nächtigte in jener Nacht zu Machanaim.
22 ၂၂ ထို​ည​ချင်း​တွင်း​ယာကုပ်​သည်​ထ​၍​မ​ယား​နှစ် ယောက်၊ မ​ယား​ငယ်​နှစ်​ယောက်၊ သား​သ​မီး​တစ် ဆယ့်​တစ်​ယောက်​တို့​ကို​ခေါ်​ဆောင်​လျက်​ယဗ္ဗုတ် မြစ်​ကို​ဖြတ်​ကူး​စေ​၏။-
In derselben Nacht stand er auf, nahm seine beiden Weiber, seine beiden Mägde und seine elf Kinder und führte sie über die Jabbokfurt.
23 ၂၃ သား​မ​ယား​တို့​နှင့်​အ​တူ​ပိုင်​သ​မျှ​ဥစ္စာ​ပစ္စည်း တို့​ကို​တစ်​ဖက်​ကမ်း​သို့​ပို့​လေ​၏။-
Er nahm sie und führte sie über den Fluß und brachte alles, was er hatte, hinüber.
24 ၂၄ ယာ​ကုပ်​က​မူ​တစ်​ယောက်​တည်း​နေ​ရစ်​ခဲ့​လေ သည်။ ထို​အ​ခါ​လူ​တစ်​ယောက်​သည်​မိုး​လင်း​အံ့​ဆဲ ဆဲ​တိုင်​အောင်​သူ​နှင့်​န​ပန်း​လုံး​လေ​၏။-
Jakob blieb allein zurück; da rang mit ihm ein Mann bis zum Anbruch der Morgenröte.
25 ၂၅ ထို​သူ​သည်​မ​နိုင်​မှန်း​သိ​သော​အ​ခါ​ယာ​ကုပ် ၏​တင်​ပါး​ကို​ထိုး​သ​ဖြင့်​အ​ဆစ်​ပြုတ်​လေ​၏။-
Und als er sah, daß er ihn nicht überwände, rührte er an seine Hüftpfanne, und Jakobs Hüftpfanne ward verrenkt, als er mit ihm rang.
26 ၂၆ ထို​သူ​က``ငါ့​ကို​လွှတ်​ပါ။ မိုး​လင်း​လု​ပြီ'' ဟု​ဆို​လေ​၏။ ယာ​ကုပ်​က``အ​ကျွန်ုပ်​ကို​ကောင်း​ချီး​ပေး​မှ​လွှတ် မည်'' ဟု​ပြော​၏။
Dann sprach er: "Laß mich los! Die Morgenröte bricht an." Er sprach: "Ich lasse dich nicht los, bevor du mich segnest."
27 ၂၇ ထို​သူ​က​လည်း``သင်​၏​နာ​မည်​ကား​အ​ဘယ် နည်း'' ဟု​မေး​၏။ ``ယာ​ကုပ်'' ဟု​ပြန်​ဖြေ​၏။
Er sprach zu ihm: "Wie heißest du?" Er sprach: "Jakob."
28 ၂၈ ထို​သူ​က``နောင်​တွင်​သင်​၏​နာမည်​ကို`ယာ​ကုပ်' ဟူ ၍​မ​ခေါ်​စေ​ရ။ သင်​သည်​ဘု​ရား​နှင့်​သော်​လည်း ကောင်း၊ လူ​နှင့်​သော်​လည်း​ကောင်း​ဆိုင်​ပြိုင်​၍​အ​နိုင် ရ​ခဲ့​သော​ကြောင့်​သင်​၏​နာ​မည်​မှာ`ဣ​သ​ရေ​လ' ဟူ​၍​ဖြစ်​ရ​မည်'' ဟု​ဆို​လေ​၏။
Da sprach er: "Fortan sollst du nicht Jakob heißen, sondern Israel. Du hast mit Gott gekämpft, und so trägst du den Sieg davon auch über Menschen."
29 ၂၉ ယာ​ကုပ်​က``ကိုယ်​တော်​၏​နာမ​ကို​သိ​ပါ​ရ​စေ'' ဟု​လျှောက်​လေ​၏။ ထို​သူ​က``သင်​သည်​ငါ​၏​နာ​မ​ကို​အ​ဘယ် ကြောင့်​သိ​လို​သ​နည်း'' ဟု​မေး​၏။ ထို​နောက် ယာ​ကုပ်​ကို​ကောင်း​ချီး​ပေး​လေ​၏။
Da bat Jakob und sprach: "Tu auch deinen Namen kund!" Er sprach: "Warum doch fragst du mich nach meinem Namen?" Und er segnete ihn dort.
30 ၃၀ ယာ​ကုပ်​က``ငါ​သည်​ဘု​ရား​သ​ခင်​ကို​မျက်​နှာ ချင်း​ဆိုင်​ဖူး​တွေ့​ရ​သော်​လည်း အ​သက်​ချမ်း သာ​ရ​လျက်​ရှိ​သေး​၏'' ဟု​ဆို​၍​ထို​အ​ရပ် ကို​ပေ​နွေ​လ​ဟု​သ​မုတ်​လေ​၏။-
Jakob nannte den Ort Penuël: "Ich habe Gott geschaut von Angesicht zu Angesicht und kam mit dem Leben davon."
31 ၃၁ ယာ​ကုပ်​သည်​ပေ​နွေ​လ​အ​ရပ်​မှ​ထွက်​ခွာ​လာ သော​အ​ခါ​နေ​ထွက်​ပြီ​ဖြစ်​၏။ သူ​သည်​ခါး​ဆစ် ဒဏ်​ရာ​ကြောင့်​ထော့​နဲ့​ကျိုး​နင်း​သွား​ရ​လေ​သည်။-
Die Sonne strahlte ihm auf, als er an Penuël vorüberzog; er aber hinkte an seiner Hüfte.
32 ၃၂ ယာ​ကုပ်​သည်​တင်​ပါး​ကြွက်​သား​တွင်​အ​ထိုး ခံ​ခဲ့​ရ​သည်​ဖြစ်​သော​ကြောင့် ယ​နေ့​ထက်​တိုင် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​တင်​ပါး ကြွက်​သား​ကို​မ​စား​ကြ​ချေ။
Darum sollen Israels Söhne bis auf diesen Tag keine Sehne des Schenkels essen, der auf der Hüftpfanne läuft, weil er Jakobs Hüftpfanne, die Sehne des Schenkels, berührt hat.

< ကမ္ဘာ​ဦး 32 >