< ကမ္ဘာဦး 31 >
1 ၁ လာဗန်၏သားတို့က``ငါတို့၏ဖခင်ပိုင်သမျှ ပစ္စည်းတို့ကိုယာကုပ်ယူသွားလေပြီ။ ဖခင်ပိုင် ဆိုင်သောပစ္စည်းဖြင့်သူ၌စီးပွားတက်လာပြီ'' ဟူ၍ပြောဆိုသံကိုယာကုပ်ကြားသိရလေ သည်။-
Então ouvia as palavras dos filhos de Labão, que diziam: Jacob tem tomado tudo o que era de nosso pae, e do que era de nosso pae fez elle toda esta gloria.
2 ၂ ထို့အပြင်လာဗန်သည်ယခင်ကကဲ့သို့သူ့ အားမကြည်ဖြူကြောင်းကိုလည်းတွေ့မြင် ရသည်။-
Viu tambem Jacob o rosto de Labão, e eis que não era para com elle como d'hontem e d'ante-hontem.
3 ၃ သို့ဖြစ်၍ထာဝရဘုရားက``သင်၏ဘိုးဘေး တို့နှင့်ဆွေမျိုးသားချင်းတို့နေထိုင်ရာပြည် သို့ပြန်လော့။ ငါသည်သင်နှင့်အတူရှိမည်'' ဟု ယာကုပ်အားမိန့်တော်မူ၏။
E disse o Senhor a Jacob: Torna-te á terra dos teus paes, e á tua parentela, e eu serei comtigo.
4 ၄ ထို့ကြောင့်ယာကုပ်သည်ရာခေလနှင့်လေအာ တို့ကိုသူ၏သိုး၊ ဆိတ်အုပ်များရှိရာလယ်ထဲ သို့ခေါ်ပြီးလျှင်၊-
Então enviou Jacob, e chamou a Rachel e a Leah ao campo, ao seu rebanho,
5 ၅ ``သင်တို့၏ဖခင်သည်ယခင်ကကဲ့သို့ငါ့ အားမကြည်ဖြူကြောင်းငါတွေ့ရသည်။ သို့ ရာတွင်ငါ့အဖ၏ဘုရားသခင်သည်ငါ နှင့်အတူရှိတော်မူ၏။-
E disse-lhes: Vejo que o rosto de vosso pae para commigo não é como d'hontem e d'ante-hontem; porém o Deus de meu pae esteve commigo;
6 ၆ ငါသည်သင်တို့၏ဖခင်အတွက်အစွမ်းကုန် အလုပ်လုပ်ခဲ့ကြောင်းသင်တို့နှစ်ဦးစလုံး သိကြ၏။-
E vós mesmas sabeis que com todo o meu poder tenho servido a vosso pae;
7 ၇ သို့သော်လည်းသူသည်ငါ့ကိုလှည့်စား၍ငါ ရထိုက်သောအခကိုဆယ်ကြိမ်မျှပြောင်းလဲ ခဲ့လေပြီ။ သို့ရာတွင်ငါ့ကိုနစ်နာဆုံးရှုံးစေ ရန်ဘုရားသခင်သည်သူ့ကိုအခွင့်ပေးတော် မမူ။-
Mas vosso pae me enganou e mudou o salario dez vezes; porém Deus não lhe permittiu que me fizesse mal.
8 ၈ သင်တို့၏ဖခင်ကအပြောက်ပါရှိသောဆိတ် တို့သည်သင်၏အခဖြစ်သည်ဟုဆိုလျှင် ဆိတ် ရှိသမျှတို့သည်အပြောက်ပါရှိသောသား ကောင်များကိုမွေးကြ၏။ သူက`အစင်းပါသော ဆိတ်တို့သည်သင်၏အခဖြစ်သည်' ဟုဆိုလျှင် ဆိတ်ရှိသမျှတို့သည်အစင်းပါရှိသောသား ကောင်များကိုမွေးကြ၏။-
Quando elle dizia assim: Os salpicados serão o teu salario; então todos os rebanhos pariam salpicados. E quando elle dizia assim: Os listrados serão o teu salario, então todos os teus rebanhos pariam listrados.
9 ၉ ထိုသို့အားဖြင့်ဘုရားသခင်သည်သင်၏ ဖခင်ထံမှဆိတ်အုပ်တို့ကိုယူ၍ငါ့အား ပေးတော်မူပြီ။
Assim Deus tirou o gado de vosso pae, e m'o deu a mim.
10 ၁၀ ``တိရစ္ဆာန်များမိတ်လိုက်ချိန်၌ငါသည်အိပ်မက် မြင်မက်ရာအိပ်မက်ထဲတွင်မိတ်လိုက်နေသော တိရစ္ဆာန်အထီးတို့သည် အကွက်၊ အပြောက်၊ အကျားများပါရှိသည်ကိုငါမြင်ရ၏။-
E succedeu que, ao tempo em que o rebanho concebia, eu levantei os meus olhos, e vi em sonhos, e eis que os bodes, que cobriam as ovelhas, eram listrados, salpicados e malhados.
11 ၁၁ အိပ်မက်ထဲတွင်ဘုရားသခင်၏ကောင်းကင် တမန်က`ယာကုပ်' ဟုခေါ်လျှင်ငါက`ရှိပါ သည်အရှင်' ဟုထူးသော်၊-
E disse-me o anjo de Deus em sonhos: Jacob. E eu disse: Eis-me aqui.
12 ၁၂ ကောင်းကင်တမန်က`သင့်အားလာဗန်ပြုမူ သမျှတို့ကိုငါမြင်ရသဖြင့် မိတ်လိုက်နေ သောဆိတ်အထီးအားလုံးတို့သည် အကွက်၊ အပြောက်အကျားများပါရှိစေရန်ငါ စီရင်ပြီ။-
E disse elle: Levanta agora os teus olhos, e vê todos os bodes que cobrem o rebanho, que são listrados, salpicados e malhados: porque tenho visto tudo o que Labão te fez.
13 ၁၃ ငါသည်ကားဗေသလအရပ်၌သင်ကျောက် တုံးကိုမှတ်တိုင်အဖြစ်တည်၍ သံလွင်ဆီ လောင်းလျက်ဆက်ကပ်ပြီးလျှင်ငါ့အားသစ္စာ ပြုသောအခါ သင်ရူပါရုံတွင်မြင်ရသော ဘုရားဖြစ်တော်မူ၏။ သင်သည်ဤပြည်မှ ထွက်၍သင်၏နေရင်းပြည်သို့ပြန်ရန်ယခု ပြင်ဆင်လော့' ဟုငါ့အားမိန့်တော်မူလေ သည်'' ဟုဆို၏။
Eu sou o Deus de Beth-el, onde teus ungido uma columna, onde me tens votado o voto; levanta-te agora, sae-te d'esta terra, e torna-te á terra da tua parentela.
14 ၁၄ ရာခေလနှင့်လေအာတို့က``ကျွန်မတို့သည် ဖခင်ထံမှအမွေရစရာမရှိတော့ပါ။-
Então responderam Rachel e Leah, e disseram-lhe: Ha ainda para nós parte ou herança na casa de nosso pae?
15 ၁၅ ဖခင်သည်ကျွန်မတို့အားသူစိမ်းများကဲ့သို့ ဆက်ဆံပါသည်။ ကျွန်မတို့ကိုရောင်းစား၍ရ သမျှငွေကိုသုံးစွဲခဲ့လေပြီ။-
Não nos considera elle como estranhas? pois vendeu-nos, e comeu de todo o nosso dinheiro.
16 ၁၆ ကျွန်မတို့၏ဖခင်ထံမှဘုရားသခင်သိမ်းယူ တော်မူသောဥစ္စာပစ္စည်းရှိသမျှတို့ကို ကျွန်မ တို့၏သားသမီးများပိုင်ပါသည်။ ဘုရားသခင် မိန့်မှာတော်မူသည့်အတိုင်းဆောင်ရွက်ပါလော့'' ဟုယာကုပ်အားပြောကြ၏။
Porque toda a riqueza, que Deus tirou de nosso pae, é nossa e de nossos filhos: agora pois, faze tudo o que Deus te tem dito.
17 ၁၇ သို့ဖြစ်၍ယာကုပ်သည်မိမိ၏ဖခင်ရှိရာ ခါနာန်ပြည်သို့ပြန်ရန်ပြင်ဆင်လေသည်။ သူ ၏သားသမီးနှင့်မယားတို့ကိုကုလားအုတ် များပေါ်တွင်စီးစေ၏။ သူသည်မက်ဆိုပိုတေး မီးယားပြည်၌ရရှိခဲ့သမျှသောဥစ္စာပစ္စည်း များကိုယူဆောင်လျက် မိမိ၏သိုးအုပ်၊ ဆိတ် အုပ်များကိုမောင်းနှင်လာခဲ့လေသည်။-
Então se levantou Jacob, pondo os seus filhos e as suas mulheres sobre os camelos;
E levou todo o seu gado, e toda a sua fazenda, que havia adquirido, o gado que possuia, que alcançara em Paddan-aram, para ir a Isaac, seu pae, á terra de Canaan.
19 ၁၉ လာဗန်သည်သူ၏သိုးများကိုအမွေးညှပ် ရန်သွားနေချိန်ဖြစ်ရာ အိမ်တွင်သူမရှိခိုက် ရာခေလသည်ဖခင်၏ဘုရားရုပ်တုများ ကိုခိုးယူခဲ့လေသည်။-
E havendo Labão ido a tosquiar as suas ovelhas, furtou Rachel os idolos que seu pae tinha.
20 ၂၀ ယာကုပ်သည်လာဗန်အားအသိမပေးဘဲ ထွက်ခဲ့လေသည်။-
E esquivou-se Jacob de Labão o arameo, porque não lhe fez saber que fugia.
21 ၂၁ ဤသို့အားဖြင့်သူပိုင်ဆိုင်သမျှဥစ္စာပစ္စည်းတို့ ကိုယူ၍ အဆောတလျင်ခရီးထွက်ခဲ့ရာ သူ သည်ဥဖရတ်မြစ်ကိုဖြတ်ကျော်ပြီးနောက် ဂိလဒ်တောင်သို့ရှေ့ရှုခရီးဆက်ခဲ့လေ၏။
E fugiu elle com tudo o que tinha, e levantou-se, e passou o rio: e poz o seu rosto para a montanha de Gilead.
22 ၂၂ သုံးရက်ကြာသောအခါ လာဗန်သည်ယာကုပ် ထွက်ပြေးကြောင်းကိုကြားသိရလေသည်။-
E no terceiro dia foi annunciado a Labão que Jacob tinha fugido.
23 ၂၃ ထိုအခါသူသည်မိမိ၏သားချင်းတို့ကို ခေါ်၍ ယာကုပ်နောက်သို့ခုနစ်ရက်ကြာမျှ လိုက်ခဲ့ရာဂိလဒ်တောင်ဒေသသို့အရောက် တွင်မီလေ၏။-
Então tomou comsigo os seus irmãos, e atraz d'elle proseguiu o caminho por sete dias; e alcançou-o na montanha de Gilead.
24 ၂၄ ထိုနေ့ည၌အိပ်မက်ထဲတွင်ဘုရားသခင် သည်လာဗန်ထံသို့ကြွလာတော်မူ၍``သင် သည်ယာကုပ်အားမည်သို့မျှခြိမ်းခြောက်ခြင်း မပြုမိရန်သတိပြုလော့'' ဟုမိန့်တော်မူ၏။-
Veiu porém Deus a Labão o arameo em sonhos de noite, e disse-lhe: Guarda-te, que não falles com Jacob nem bem nem mal.
25 ၂၅ ယာကုပ်သည်တောင်ပေါ်၌လည်းကောင်း၊ လာဗန် နှင့်သားချင်းတို့သည်ဂိလဒ်တောင်ဒေသ၌ လည်းကောင်းစခန်းချကြလေသည်။
Alcançou pois Labão a Jacob, e armara Jacob a sua tenda n'aquella montanha: armou tambem Labão com os seus irmãos a sua na montanha de Gilead.
26 ၂၆ လာဗန်က``သင်သည်အဘယ်ကြောင့်ငါ့ကို လှည့်စား၍ ငါ၏သမီးများကိုစစ်သုံ့ပန်း များကဲ့သို့ခေါ်ဆောင်သွားရပါသနည်း။-
Então disse Labão a Jacob: Que fizeste, que te esquivaste de mim, e levaste as minhas filhas como captivas pela espada?
27 ၂၇ အဘယ်ကြောင့်တိတ်ဆိတ်စွာထွက်ပြေးသနည်း။ ငါ့အားအသိပေးခဲ့လျှင်ငါသည်ပတ်သာ စောင်းငြင်းတီးလျက် မြူးတူးပျော်ရွှင်စွာ သင်တို့ကိုစေလွှတ်လိုက်မည်သာဖြစ်၏။-
Porque fugiste occultamente, e te esquivaste de mim, e não me fizeste saber, para que eu te enviasse com alegria, e com canticos, e com tamboril e com harpa?
28 ၂၈ သင်သည်ငါ့မြေးနှင့်သမီးများတို့ကိုပင် နမ်းရှုပ်နှုတ်ဆက်ခွင့်ကိုမပေး။ မိုက်လှသည် တကား။-
Tambem não me permittiste beijar os meus filhos e as minhas filhas. Loucamente pois agora fizeste, fazendo assim.
29 ၂၉ ငါသည်သင့်အားဘေးဒုက္ခရောက်စေနိုင်၏။ သို့ရာတွင်ယမန်နေ့ည၌ သင့်အဖ၏ဘုရား ကသင့်အားမည်သို့မျှမခြိမ်းခြောက်ရဟု ငါ့ကိုသတိပေးမိန့်မှာတော်မူခဲ့၏။-
Poder havia em minha mão para vos fazer mal, mas o Deus de vosso pae me fallou hontem á noite, dizendo: Guarda-te, que não falles com Jacob nem bem nem mal.
30 ၃၀ သင်သည်သင့်မိဘတို့နေရပ်သို့ပြန်ရောက် လိုသည့်စိတ်ဇောကြောင့်ထွက်ခွာခဲ့ကြောင်းကို ငါသိ၏။ သို့ရာတွင်ငါ၏ဘုရားရုပ်တုများ ကိုအဘယ်ကြောင့်ခိုးယူသွားရသနည်း'' ဟု ယာကုပ်အားမေးလေ၏။
E agora te querias ir embora, porquanto tinhas saudades de voltar a casa de teu pae; porque furtaste os meus deuses?
31 ၃၁ ထိုအခါယာကုပ်က``သင်သည်သမီးများ တို့ကိုအနိုင်အထက်သိမ်းယူထားမည်ဟု စိုးရိမ်သောကြောင့်ထွက်ပြေးခဲ့ရပါသည်။-
Então respondeu Jacob, e disse a Labão: Porque temia; pois que dizia commigo, se porventura me não arrebatarias as tuas filhas.
32 ၃၂ သင်၏ဘုရားရုပ်တုများခိုးယူသူကို တွေ့ရှိလျှင်ထိုသူအားဒဏ်ပေးမည်။ ကျွန်ုပ် တို့၏သားချင်းများကိုသက်သေထား၍ သင်ပိုင်ဆိုင်သည့်ပစ္စည်းဥစ္စာကိုရှာပါလော့။ သင့်ဥစ္စာရှာတွေ့လျှင်ယူပါလော့'' ဟုဆို လေ၏။ လာဗန်၏ဘုရားရုပ်တုများကို ရာခေလခိုးယူခဲ့ကြောင်းယာကုပ်မသိချေ။
Com quem achares os teus deuses, esse não viva; reconhece diante de nossos irmãos o que é teu do que está commigo, e toma-o para ti. Pois Jacob não sabia que Rachel os tinha furtado.
33 ၃၃ လာဗန်သည်ယာကုပ်၏တဲထဲသို့ဝင်၍ ရုပ်တုများကိုရှာ၏။ ထိုနောက်လေအာ၏ တဲနှင့်ကျွန်မိန်းမနှစ်ဦး၏တဲတို့တွင်ရှာ သော်လည်းမတွေ့ချေ။ ထို့နောက်ရာခေလ ၏တဲထဲသို့ဝင်လေ၏။-
Então entrou Labão na tenda de Jacob, e na tenda de Leah, e na tenda d'ambas as servas, e não os achou; e saindo da tenda de Leah, entrou na tenda de Rachel.
34 ၃၄ ရာခေလသည်ဖခင်၏ဘုရားရုပ်တုများ ကိုကုလားအုတ်ကုန်းနှီးအိတ်ထဲ၌ထည့်ထား ၍ ထိုအိတ်ပေါ်တွင်ထိုင်နေ၏။ လာဗန်သည်တဲ တစ်တဲလုံးတွင်ရှာပါသော်လည်းရုပ်တုများ ကိုမတွေ့ရချေ။-
Mas tinha tomado Rachel os idolos, e os tinha posto na albarda de um camelo, e assentara-se sobre elles; e apalpou Labão toda a tenda, e não os achou.
35 ၃၅ ရာခေလကလည်း``ကျွန်မသည်မိန်းမတို့၏ ဋ္ဌမ္မတာဖြစ်ပေါ်နေချိန်ဖြစ်၍ဖခင်၏ရှေ့မှာ မတ်တပ်မရပ်နိုင်သည်ကိုသည်းခံခွင့်လွှတ် ပါ'' ဟုဆိုလေ၏။ လာဗန်သည်ဘုရားရုပ်တု များကိုရှာသော်လည်းမတွေ့ရချေ။
E ella disse a seu pae: Não se accenda a ira aos olhos de meu senhor, que não posso levantar-me diante da tua face; porquanto tenho o costume das mulheres. E elle procurou, mas não achou os idolos.
36 ၃၆ ထိုအခါယာကုပ်သည်ဒေါသထွက်လျက်``ကျွန်ုပ် သည်အဘယ်အပြစ်ကိုကူးလွန်မိပါသနည်း။ အဘယ်ပြစ်မှုကြောင့်သင်သည်ကျွန်ုပ်နောက်သို့ အပြင်းအထန်လိုက်ရပါသနည်း။-
Então irou-se Jacob, e contendeu com Labão; e respondeu Jacob, e disse a Labão: Qual é a minha transgressão? qual é o meu peccado, que tão furiosamente me tens perseguido?
37 ၃၇ ယခုသင်သည်ကျွန်ုပ်၏ပစ္စည်းရှိသမျှကိုရှာ ဖွေပြီးပြီဖြစ်ရာသင်ပိုင်သောပစ္စည်းတစ်စုံတစ် ရာကိုရှာတွေ့ပါသလော။ သင်ပိုင်သောပစ္စည်းကို ရှာတွေ့လျှင်သင်၏သားချင်းနှင့်ကျွန်ုပ်၏သား ချင်းတို့ရှေ့မှောက်တွင်ထားပါ။ မည်သူ့ပစ္စည်းဖြစ် သည်ကိုသူတို့ကအဆုံးအဖြတ်ပေးပါစေ။-
Havendo apalpado todos os meus moveis, que achaste de todos os moveis da tua casa? põe-o aqui diante dos meus irmãos, e teus irmãos; e que julguem entre nós ambos.
38 ၃၈ ကျွန်ုပ်သည်သင်နှင့်အတူနှစ်ပေါင်းနှစ်ဆယ်နေ ထိုင်ခဲ့ပါသည်။ သင်၏သိုးမနှင့်ဆိတ်မတို့သည် သားမပေါက်ကြဟူ၍မရှိ။ သင့်သိုးထီးဆိတ် ထီးတို့ကိုကျွန်ုပ်သတ်၍မစား။-
Estes vinte annos eu estive comtigo, as tuas ovelhas e as tuas cabras nunca moveram, e não comi os carneiros do teu rebanho.
39 ၃၉ သိုးတစ်ကောင်ကိုတောသားရဲကကိုက်သတ် လျှင် ကျွန်ုပ်သာလျှင်အမြဲအစားထိုးပေး ပါသည်။ သိုးသေရခြင်းမှာကျွန်ုပ်၏တာဝန် မရှိကြောင်းသက်သေထူရန်ထိုအသေကောင် ကိုသင့်ထံသို့မယူဆောင်ခဲ့ပါ။ နေ့အချိန် ၌ဖြစ်စေ၊ ညအချိန်၌ဖြစ်စေတိရစ္ဆာန်အခိုး ခံရလျှင်သင်သည်ကျွန်ုပ်အားထိုတိရစ္ဆာန် အတွက်အစားပေးလျော်စေ၏။-
Não te trouxe eu o despedaçado; eu o pagava; o furtado de dia e o furtado de noite da minha mão o requerias.
40 ၄၀ ကျွန်ုပ်သည်နေ့အချိန်၌နေပူဒဏ်ကိုလည်း ကောင်း၊ ညအချိန်၌အအေးဒဏ်ကိုလည်းကောင်း အကြိမ်ကြိမ်ခံခဲ့ရပါသည်။ အအိပ်လည်း ပျက်ခဲ့ရပါသည်။-
Estive eu de sorte que de dia me consumia o calor, e de noite a geada; e o meu somno foi-se dos meus olhos.
41 ၄၁ သင်နှင့်နှစ်ပေါင်းနှစ်ဆယ်ထိုဒုက္ခကိုခံခဲ့ရပြီ။ သင်၏သမီးနှစ်ယောက်အတွက်တစ်ဆယ့်လေးနှစ် အလုပ်လုပ်ပေးခဲ့ပါသည်။ ထိုနောက်ခြောက်နှစ် မျှသင်၏တိရစ္ဆာန်တို့ကိုထိန်းကျောင်းခဲ့ရပါ သည်။ ထိုကဲ့သို့ဆောင်ရွက်ပေးသည့်တိုင်အောင် သင်သည်ကျွန်ုပ်၏အခကိုဆယ်ကြိမ်မျှပြောင်း လဲခဲ့ပါသည်။-
Tenho estado agora vinte annos na tua casa; quatorze annos te servi por tuas duas filhas, e seis annos por teu rebanho; mas o meu salario tens mudado dez vezes.
42 ၄၂ အကယ်၍အာဗြဟံနှင့်ဣဇာက်တို့ကိုးကွယ် သောဘုရားသခင်သည်ကျွန်ုပ်တို့နှင့်အတူ မရှိခဲ့လျှင် သင်သည်ကျွန်ုပ်ကိုလက်ချည်းသက် သက်စေလွှတ်လိုက်မည်ဖြစ်၏။ သို့သော်လည်း ဘုရားသခင်သည်ကျွန်ုပ်ခံရသောဆင်းရဲ ခြင်း၊ ပင်ပန်းစွာလုပ်ကိုင်ရခြင်းတို့ကိုသိ မြင်တော်မူသဖြင့်ယမန်နေ့ညကသင့်ကို ဆုံးမတော်မူပြီ'' ဟုလာဗန်အားဆိုလေ၏။
Se o Deus de meu pae, o Deus de Abrahão, e o Temor de Isaac não fôra commigo, por certo me enviarias agora vazio. Deus attendeu á minha afflicção, e ao trabalho das minhas mãos, e reprehendeu-te hontem á noite.
43 ၄၃ လာဗန်က``ဤသမီးတို့သည်ငါ၏သမီးများ ဖြစ်၍ သူတို့၏သားသမီးများသည်လည်း ငါ၏သားသမီးများဖြစ်ကြ၏။ ဤသိုးအုပ် ဆိတ်အုပ်များသည်လည်းငါ၏တိရစ္ဆာန်များ ဖြစ်၏။ စင်စစ်အားဖြင့်သင်မြင်သမျှသော ဥစ္စာပစ္စည်းတို့ကိုငါပိုင်၏။ သို့သော်လည်းငါ ၏သမီးများနှင့်သူတို့၏သားသမီးတို့ ကိုငါစောင့်ရှောက်ထားရန်မဖြစ်နိုင်တော့ သဖြင့်၊-
Então respondeu Labão, e disse a Jacob: Estas filhas são minhas filhas, e estes filhos são meus filhos, e este rebanho é o meu rebanho, e tudo o que vês, meu é: e que farei hoje a estas minhas filhas, ou a seus filhos, que pariram?
44 ၄၄ သင်နှင့်ငါပဋိညာဉ်ပြုလိုပါသည်။ ထိုပဋိ ညာဉ်ပြုချက်ကိုငါတို့သတိရစေခြင်းငှာ ကျောက်ပုံတည်ကြစို့'' ဟုယာကုပ်အားပြော လေသည်။
Agora pois vem, e façamos concerto eu e tu, que seja por testemunho entre mim e ti.
45 ၄၅ ထို့ကြောင့်ယာကုပ်သည်ကျောက်တုံးတစ်တုံး ကိုယူ၍ မှတ်တိုင်အဖြစ်စိုက်ထူလေသည်။-
Então tomou Jacob uma pedra, e erigiu-a por columna.
46 ၄၆ ထိုနောက်သူ၏သားချင်းတို့အားကျောက်တုံး များကိုထပ်ဆင့်၍ပုံစေ၏။ ထိုနောက်သူတို့ သည်ကျောက်ပုံနားတွင်စားသောက်ကြလေသည်။-
E disse Jacob a seus irmãos: Ajuntae pedras. E tomaram pedras, e fizeram um montão, e comeram ali sobre aquelle montão.
47 ၄၇ လာဗန်ကယင်းကျောက်ပုံကိုယေဂါသဟာ ဒုသ ဟူ၍လည်းကောင်း၊ ယာကုပ်ကဂိလဒ် ဟူ၍လည်းကောင်းခေါ်ဝေါ်သမုတ်ကြလေ သည်။-
E chamou-o Labão Jegar-sahadutha: porém Jacob chamou-o Galeed.
48 ၄၈ ထိုနောက်လာဗန်က``ယနေ့၌ဤကျောက်ပုံ သည်သင်နှင့်ငါတို့နှစ်ဦးအတွက်သက်သေ ဖြစ်စေမည်'' ဟုယာကုပ်အားဆိုလေ၏။ ထို အကြောင်းကြောင့်ဤအရပ်ကိုဂိလဒ်ဟု ခေါ်တွင်စေကြ၏။-
Então disse Labão: Este montão seja hoje por testemunha entre mim e entre ti: por isso se chamou o seu nome Galeed,
49 ၄၉ လာဗန်ကဆက်၍``ငါတို့အချင်းချင်းတစ် ယောက်နှင့်တစ်ယောက်ခွဲခွာနေရစဉ်ထာဝရ ဘုရားသည်ငါတို့အားစောင့်ရှောက်တော်မူပါ စေသော'' ဟုဆိုလေသည်။ ထိုကြောင့်ဤအရပ် ကိုမိဇပါဟူ၍မှည့်ခေါ်လေသည်။-
E Mizpah, porquanto disse: Attente o Senhor entre mim e ti, quando nós estivermos apartados um do outro:
50 ၅၀ လာဗန်ကတစ်ဖန်ဆက်၍``သင်သည်ငါ၏ သမီးတို့ကိုညှင်းဆဲလျှင်ဖြစ်စေ၊ အခြား သောမိန်းမများကိုထိမ်းမြားလျှင်ဖြစ်စေ ငါသည်ထိုအကြောင်းကိုမသိစေကာမူ ဘုရားသခင်သည်ငါတို့စပ်ကြားသက်သေ ဖြစ်တော်မူကြောင်းသတိရလော့။-
Se affligires as minhas filhas, e se tomares mulheres além das minhas filhas, ninguem está comnosco: attenta que Deus é testemunha entre mim e ti
51 ၅၁ ဤကျောက်တုံးများသည်သင်နှင့်ငါတို့စပ် ကြားတွင် ပုံထားသောကျောက်ပုံဖြစ်၍ဤ ကျောက်သည်အမှတ်တရမှတ်တိုင်ဖြစ်၏။-
Disse mais Labão a Jacob: Eis aqui este mesmo montão, e eis aqui essa columna que levantei entre mim e entre ti.
52 ၅၂ ငါသည်ဤကျောက်ပုံနှင့်မှတ်တိုင်ကိုကျော် လွန်၍ သင့်အားအန္တရာယ်ပြုမည်မဟုတ်ကြောင်း ကိုလည်းကောင်း၊ သင်သည်လည်းဤကျောက်ပုံ နှင့်မှတ်တိုင်ကိုကျော်လွန်၍ ငါ့အားအန္တရာယ် ပြုမည်မဟုတ်ကြောင်းကိုလည်းကောင်း ဤ ကျောက်ပုံနှင့်ဤမှတ်တိုင်သည်သက်သေ ဖြစ်ပါစေသား။-
Este montão seja testemunha, e esta columna seja testemunha, que eu não passarei este montão a ti, e que tu não passarás este montão e esta columna a mim, para mal.
53 ၅၃ အာဗြဟံ၏ဘုရားနှင့်နာခေါ်၏ဘုရား သည်ငါတို့နှစ်ဦးစပ်ကြားတွင်စီရင်တော် မူစေသတည်း'' ဟုသစ္စာအဋ္ဌိဋ္ဌာန်ပြုလေ၏။ ထိုနောက်ယာကုပ်သည်လည်းသူ၏ဖခင် ဣဇာက်ကိုးကွယ်သောဘုရားသခင်၏နာမ တော်ကိုတိုင်တည်၍သစ္စာအဋ္ဌိဋ္ဌာန်ဆို၏။-
O Deus de Abrahão, e o Deus de Nahor, o Deus de seu pae julgue entre nós. E jurou Jacob pelo Temor de seu pae Isaac.
54 ၅၄ သူသည်တိရစ္ဆာန်တစ်ကောင်ကိုသတ်၍တောင် ပေါ်တွင်ယဇ်ပူဇော်ပြီးလျှင်သူ၏သားချင်း တို့ကိုဖိတ်ခေါ်လျက်စားကြ၏။ ထိုသို့စား သောက်ကြပြီးနောက်သူတို့သည်တောင်ပေါ် တွင်ညအိပ်ကြ၏။-
E sacrificou Jacob um sacrificou na montanha, e convidou seus irmãos, para comer pão; e comeram pão, e passaram a noite na montanha.
55 ၅၅ နောက်တစ်နေ့နံနက်စောစော၌လာဗန်သည် သူ၏မြေးများနှင့်သမီးတို့ကိုနမ်းရှုပ်နှုတ် ဆက်၍ ကောင်းချီးပေးပြီးလျှင်မိမိနေရပ် သို့ပြန်လေ၏။
E levantou-se Labão pela manhã de madrugada, e beijou seus filhos, e suas filhas, e abençoou-os, e partiu; e voltou Labão ao seu logar.