< ကမ္ဘာဦး 30 >
1 ၁ ရာခေလသည်ယာကုပ်နှင့်သားသမီးမထွန်း ကားသဖြင့် အစ်မကိုမနာလိုဖြစ်ပြီးလျှင် ယာကုပ်အား``ကျွန်မတွင်သားသမီးမရ ပါကသေရပါတော့မည်'' ဟုပြောလေ၏။
Rachel, voyant qu’elle ne donnait pas d’enfants à Jacob, conçut de l’envie contre sa sœur et elle dit à Jacob." Rends moi mère, autrement j’en mourrai!"
2 ၂ ထိုအခါယာကုပ်သည်အမျက်ထွက်၍``ငါ သည်ဘုရားလော။ ဘုရားကသာသင့်အား သားဖွားခွင့်ကိုပေးတော်မူနိုင်သည်မဟုတ် လော'' ဟုပြန်ဖြေလေသည်။
Jacob se fâcha contre Rachel et dit: "Suis je à la place de Dieu, qui t’a refusé la fécondité?"
3 ၃ ရာခေလက``ကျွန်မအတွက်ကလေးရစေရန် ကျွန်မ၏ကျွန်ဗိလဟာနှင့်အိပ်ပါလော့။ သူ့ အားဖြင့်ကလေးရလျှင်ကျွန်မသည်အမေ တစ်ယောက်ဖြစ်လာနိုင်ပါမည်'' ဟုဆိုလေ၏။-
Elle dit alors: "Voici ma servante Bilha, approche toi d’elle; elle enfantera dans mes bras, et, par elle, moi aussi je serai mère."
4 ၄ သူသည်ဗိလဟာကိုယာကုပ်အားပေးအပ်၍ ယာကုပ်သည်ဗိလဟာနှင့်အိပ်သဖြင့်၊-
Elle lui donna Bilha, son esclave, comme épouse et Jacob s’approcha d’elle.
5 ၅ ဗိလဟာသည်ကိုယ်ဝန်ဆောင်၍သားတစ်ယောက် ကိုဖွားမြင်လေသည်။-
Bilha conçut et enfanta un fils à Jacob.
6 ၆ ရာခေလက``ဘုရားသခင်သည်ငါ့ဘက်၌ တရားစီရင်တော်မူပြီ။ ငါ၏ဆုတောင်းပတ္ထနာ ကိုနားညောင်း၍ငါ့အားသားကိုပေးသနား တော်မူပြီ'' ဟုဆိုလျက်ထိုသားကိုဒန်ဟူ၍ နာမည်မှည့်လေ၏။-
Rachel dit alors: "Le Seigneur m’a jugée et il a écouté ma voix aussi en me donnant un fils." C’Est pourquoi elle le nomma Dan.
7 ၇ တစ်ဖန်ဗိလဟာသည်ယာကုပ်နှင့်ဒုတိယသား ကိုရလေသည်။-
Bilha, l’esclave de Rachel, conçut de nouveau et enfanta un second fils à Jacob.
8 ၈ ထိုအခါရာခေလက``ငါသည်ငါ၏အစ်မ နှင့်အပြင်းအထန်ဆိုင်ပြိုင်ခဲ့ရာအနိုင်ရလေ ပြီ'' ဟုဆိုလျက်ထိုသားကိုနဿလိဟူ၍ နာမည်မှည့်လေ၏။
Et Rachel dit: "C’Est une lutte de Dieu que j’ai entreprise contre ma sœur et pourtant je triomphe!" Et elle le nomma Nephtali.
9 ၉ လေအာသည်လည်းမိမိ၌သားဖွားခြင်းရပ်ဆိုင်း သွားကြောင်းသိမြင်ရသောအခါ သူ၏ကျွန်မ ဇိလပကိုယာကုပ်အားမယားအဖြစ်ပေး အပ်လေသည်။-
Léa, voyant qu’elle avait discontinué d’enfanter, prit Zilpa, son esclave et la donna à Jacob comme épouse.
10 ၁၀ သို့ဖြစ်၍ဇိလပသည်ယာကုပ်နှင့်သားတစ် ယောက်ကိုရလေ၏။-
Zilpa, esclave de Léa, donna à Jacob un fils.
11 ၁၁ ထိုနောက်လေအာက``ငါ၌ကောင်းကျိုးဆိုက် ရောက်လာပြီ'' ဟုဆိုလျက်ထိုသားကိုဂဒ် နာမည်ဖြင့်မှည့်လေ၏။-
Et Léa dit: "Une bande m’arrive!"
12 ၁၂ တစ်ဖန်ဇိလပသည်ယာကုပ်နှင့်သား တစ်ယောက်ရပြန်သော်၊-
Zilpa, esclave de Léa, donna un second fils à Jacob.
13 ၁၃ လေအာက``ငါ၌မင်္ဂလာရှိ၏။ အခြားသော မိန်းမတို့ကငါ့အားမင်္ဂလာရှိသူဟုခေါ်ကြ လိမ့်မည်'' ဟုဆိုလျက်ထိုသားကိုအာရှာ နာမည်ဖြင့်မှည့်လေသည်။
Et Léa dit: "II est né pour mon bonheur! Oui, les filles m’ont nommée bienheureuse." Et elle l’appela Aser.
14 ၁၄ ဂျုံစပါးရိတ်သိမ်းချိန်၌ရုဗင်သည်လယ်ထဲသို့ သွားရာ၌ အနုဆေးသီးကိုတွေ့သဖြင့်မိခင် လေအာထံသို့ယူခဲ့သည်။ ရာခေလကလေအာ အား``သင့်သားယူခဲ့သောအနုဆေးသီးအချို့ ကိုပေးပါ'' ဟုတောင်းလေ၏။
Or, Ruben étant allé aux champs à l’époque de la récolte du froment, y trouva des mandragores et les apporta à Léa sa mère. Rachel dit à Léa; "Donne-moi, je te prie, des mandragores de ton fils."
15 ၁၅ လေအာက``သင်သည်ငါ၏လင်ယောကျာ်းကိုယူရုံ ဖြင့်အားမရဘဲ ယခုငါ့သား၏အနုဆေးသီး ကိုယူချင်ပြန်ပြီလော'' ဟုဆိုလေ၏။ ရာခေလက``သင့်သား၏အနုဆေးပင်များကို ပေးလျှင် သင်သည်ယနေ့ညယာကုပ်နှင့်အတူ အိပ်နိုင်သည်'' ဟုပြန်ပြောလေ၏။
Elle lui répondit: "N’Est ce pas assez que tu te sois emparée de mon époux, sans prendre encore les mandragores de mon fils?" Rachel reprit: "Eh bien! Il reposera cette nuit avec toi en échange des mandragores de ton fils."
16 ၁၆ ညနေခင်း၌ယာကုပ်လယ်ထဲမှပြန်လာသော အခါ လေအာသည်ဆီးကြို၍``ကျွန်မ၏သားရ ခဲ့သောအနုဆေးသီးကိုရာခေလအားပေး သဖြင့် ရှင်ကျွန်မနှင့်အတူယနေ့ညအိပ်ရမည်'' ဟုပြောရာထိုည၌ယာကုပ်သည်လေအာနှင့် အိပ်လေ၏။
Jacob revenant des champs, le soir, Léa sortit à sa rencontre et dit: "C’Est à mes côtés que tu viendras, car je t’ai retenu pour les mandragores de mon fils." Et il reposa près d’elle cette nuit là.
17 ၁၇ ဘုရားသခင်သည်လေအာ၏ဆုတောင်းပတ္ထနာ ကိုနားညောင်းတော်မူသဖြင့် သူသည်ကိုယ်ဝန်ဆောင် ၍ပဉ္စမသားကိုဖွားမြင်လေသည်။-
Le Seigneur exauça Léa: elle conçut et enfanta à Jacob un cinquième fils.
18 ၁၈ ထိုအခါလေအာက``ငါသည်ငါ၏ကျွန်မ ကိုလင်ယောကျာ်းအားပေးအပ်သောကြောင့် ဘုရားသခင်ကငါ့အားဆုချတော်မူပြီ'' ဟုဆိုလျက် ထိုသားကိုဣသခါဟူ၍နာမည်မှည့်လေသည်။-
Et Léa dit "Le Seigneur m’a récompensée d’avoir donné mon esclave à mon époux." Et elle lui donna le nom d’Issachar.
19 ၁၉ တစ်ဖန်လေအာသည်ကိုယ်ဝန်ဆောင်၍ဆဋ္ဌမ သားကိုဖွားမြင်သည်။-
Léa conçut de nouveau et donna un sixième fils à Jacob.
20 ၂၀ ထိုအခါသူက``ဘုရားသခင်သည်ငါ့အား လက်ဆောင်ကောင်းကိုပေးသနားတော်မူပြီ။ ငါ သည်သားခြောက်ယောက်ကိုဖွားမြင်ပေးသဖြင့် ယခုငါ၏လင်ယောကျာ်းသည်ငါ့ကိုမြတ်နိုး လိမ့်မည်'' ဟုဆိုလျက်ထိုသားကိုဇာဗုလုန် ဟူ၍နာမည်မှည့်လေ၏။-
Et Léa dit: "Le Seigneur m’a accordée, moi, comme un don précieux; désormais mon époux fera de moi sa compagne, car je lui ai enfanté six fils." Et elle appela celui ci Zabulon.
21 ၂၁ ထိုနောက်သူသည်သမီးတစ်ယောက်ကိုဖွားမြင် သဖြင့်ဒိနဟူ၍နာမည်မှည့်လေသည်။
Plus tard elle enfanta une fille et elle la nomma Dina.
22 ၂၂ ဘုရားသခင်သည်ရာခေလကိုသတိရ၍ သူ ၏ဆုတောင်းပတ္ထနာကိုနားညောင်းတော်မူသဖြင့် သားသမီးဖွားခွင့်ကိုပေးတော်မူ၏။-
Le Seigneur se souvint de Rachel: il l’exauça et donna la fécondité à son sein.
23 ၂၃ သူသည်ကိုယ်ဝန်ဆောင်၍သားတစ်ယောက်ကိုဖွား မြင်လေ၏။ ထိုအခါသူက``ဘုရားသခင်သည် ငါ့အားသားကိုပေးသနားတော်မူခြင်းဖြင့် ငါကဲ့ရဲ့ခံရခြင်းကိုဖယ်ရှားတော်မူပြီ။-
Elle conçut et enfanta un fils; et elle dit: "Dieu a effacé ma honte."
24 ၂၄ ထာဝရဘုရားသည်ငါ့အားသားကိုထပ် ၍ပေးတော်မူပါစေသော'' ဟုဆိုလျက်ထို သားကိုယောသပ်ဟူ၍နာမည်မှည့်လေသည်။
Elle énonça son nom Joseph, en disant "Dieu veuille me donner encore un second fils!"
25 ၂၅ ယောသပ်ကိုဖွားမြင်ပြီးနောက်ယာကုပ်က လာဗန်အား``ကျွန်ုပ်ကိုနေရင်းပြည်သို့ပြန် ခွင့်ပေးပါ။-
Or, après que Rachel eut donné le jour à Joseph, Jacob dit à Laban: "Laisse moi partir, que je retourne chez moi, dans mon pays.
26 ၂၆ ကျွန်ုပ်သည်ဦးရီးထံ၌အလုပ်လုပ်၍ရသော မယားများနှင့်တကွ သားသမီးတို့ကိုခေါ် ဆောင်လျက်ထွက်ခွာသွားပါရစေ။ ကျွန်ုပ်သည် ဦးရီးအတွက်မည်မျှကြိုးစားလုပ်ကိုင်ပေး ခဲ့ကြောင်းဦးရီးသိပါ၏'' ဟုပြောလေ၏။
Donne moi mes femmes et mes enfants, ces femmes pour lesquelles je t’ai servi et que je m’en aille: car tu sais toi même avec quel zèle je t’ai servi."
27 ၂၇ ထိုအခါလာဗန်က``ငါလည်းပြောပါရစေ။ ထာဝရဘုရားသည်သင့်ကြောင့်ငါ့အား ကောင်းချီးပေးတော်မူကြောင်းကိုငါသိ မြင်လာရပြီ။-
Laban lui répondit: "Ah! Si je trouvais grâce à tes yeux! J’Avais bien auguré; l’Éternel m’a béni à cause de toi."
28 ၂၈ သင်အလိုရှိသောအခကိုပြောပါ။ ထိုအခ ကိုငါပေးမည်'' ဟုဆိုလေ၏။
II continua: "Dicte moi ton salaire, je le donnerai."
29 ၂၉ ယာကုပ်က``ကျွန်ုပ်သည်ဦးရီးအတွက်မည်ကဲ့ သို့လုပ်ကိုင်ပေးခဲ့ကြောင်းကိုလည်းကောင်း၊ ကျွန်ုပ် ၏ထိန်းကျောင်းမှုကြောင့်ဦးရီး၏တိရစ္ဆာန်များ မည်မျှတိုးပွားလာကြောင်းကိုလည်းကောင်း ဦးရီးသိမြင်ရပါပြီ။-
Il lui répondit: "Tu sais comment je t’ai servi et ce qu’est devenu ton bétail entre mes mains.
30 ၃၀ ကျွန်ုပ်မရောက်မီကဦးရီး၌တိရစ္ဆာန်အနည်း ငယ်မျှသာရှိ၍ ယခုမြောက်မြားစွာတိုးပွား လျက်ရှိပါသည်။ ကျွန်ုပ်ကြောင့်ထာဝရဘုရား သည်ဦးရီးအားကောင်းချီးပေးတော်မူပြီ။ ယခုကျွန်ုပ်သည်ကိုယ့်စီးပွားကိုရှာရမည့် အချိန်ရောက်ပါပြီ'' ဟုဆိုလေ၏။
Oui, de faible qu’il était avant moi, il s’est accru considérablement et l’Éternel t’a béni grâce à moi. Et maintenant, quand travaillerai-je à mon tour pour ma famille?"
31 ၃၁ ထိုအခါလာဗန်က``သင့်အတွက်အခမည် မျှပေးရမည်နည်း'' ဟုမေး၏။ ယာကုပ်က``အခမယူလိုပါ။ ဦးရီးက ကျွန်ုပ်၏အကြံပေးချက်ကိုလက်ခံလျှင် ကျွန်ုပ်သည်ဦးရီး၏တိရစ္ဆာန်များကိုဆက် လက်ထိန်းကျောင်းပါမည်။-
II répondit: "Que te donnerai-je?" Jacob répliqua: "Tu ne me donneras rien; mais si tu m’accordes la chose que voici, je recommencerai à conduire ton menu bétail, à le surveiller.
32 ၃၂ ယနေ့ကျွန်ုပ်သည်တိရစ္ဆာန်အုပ်တို့ကိုလှည့်လည် ၍ကြည့်ရှုပါမည်။ ၎င်းတို့အထဲတွင်တွေ့ရှိရ သောသိုးအနက်နှင့်အပြောက်အကျားဆိတ် များကိုကျွန်ုပ်ယူပါမည်။ ထိုတိရစ္ဆာန်တို့သည် ကျွန်ုပ်အတွက်အခဖြစ်ပါစေ။-
Je passerai en revue tout ton bétail aujourd’hui pour en écarter tous les agneaux pointillés et mouchetés et tous les agneaux bruns, parmi les brebis et les chevreaux mouchetés et pointillés, parmi les chèvres: ce sera mon salaire.
33 ၃၃ နောင်အခါကျွန်ုပ်၌ရိုးသားမှုရှိမရှိကိုဦး ရီးလွယ်ကူစွာသိရှိနိုင်ပါမည်။ ဦးရီးက ကျွန်ုပ်အားအခအဖြစ်နှင့်ပေးသောသိုးဆိတ် များကိုစစ်ဆေးကြည့်ရှုသောအခါ၌ အကွက် အပြောက်ပါသောဆိတ်နှင့်မည်းနက်သောသိုး များကလွဲ၍ အခြားသိုးဆိတ်များကိုတွေ့ ရှိပါက၎င်းတို့ကိုခိုးယူကြောင်းသိနိုင် ပါလိမ့်မည်'' ဟုဆိုလေ၏။
Mon droit parlera pour moi au jour à venir, où tu viendras vérifier mon salaire par tes yeux tout ce qui ne sera pas pointillé ou moucheté parmi les chèvres, brun parmi les brebis, je l’aurai volé."
34 ၃၄ လာဗန်က``သဘောတူပါသည်။ သင်၏အကြံ ပေးချက်အတိုင်းလိုက်နာကြစို့'' ဟုပြောလေ၏။-
Laban répondit: "Bien; qu’il en soit comme tu as dit."
35 ၃၅ ထိုနေ့၌ပင်လာဗန်သည်အပြောက်အကျား ဆိတ်ထီး၊ အကွက်အပြောက်သို့မဟုတ်အဖြူ ပြောက်ပါရှိသောဆိတ်မရှိသမျှတို့ကိုလည်း ကောင်း၊ သိုးအနက်အားလုံးတို့ကိုလည်းကောင်း ရွေးထုတ်ပြီးလျှင်မိမိ၏သားတို့လက်သို့ ပေးအပ်လေ၏။-
Il mit à part, ce jour même, les boucs rayés ou mouchetés, toutes les chèvres pointillées ou mouchetées, tout ce qui était mêlé de blanc et toutes les brebis brunes et il les remit entre les mains de ses fils.
36 ၃၆ ထိုနောက်ထိုသိုးဆိတ်များကို ယာကုပ်နှင့်သုံး ရက်ခရီးအကွာအရပ်သို့ပို့ဆောင်ထားစေ၏။ ယာကုပ်ကမူလာဗန်၌ကျန်ရှိသောအခြား သိုးဆိတ်တို့ကိုထိန်းကျောင်းလျက်နေလေသည်။
Il mit une distance de trois journées entre lui et Jacob; et Jacob conduisit paître le reste du troupeau de Laban.
37 ၃၇ ယာကုပ်သည်ထင်းရှူးပင်၊ ဗာဒံပင်၊ ပိုးဇာပင် တို့၏သစ်စိမ်းကိုင်းများကိုယူ၍ အဖြူတန်း များပေါ်အောင်အခွံကိုခွာပစ်ပြီးနောက်၊-
Or, Jacob se pourvut de rameaux verts de peuplier, d’amandier et de platane; il y pratiqua des entailles blanches en mettant à découvert la blancheur des rameaux.
38 ၃၈ သိုးဆိတ်များ၏ရေသောက်ခွက်များရှေ့တွင် ထိုသစ်ကိုင်းများကိုချထားလေသည်။ တိရစ္ဆာန် တို့သည်ရေသောက်လာသောအခါ မိတ်လိုက် တတ်သောကြောင့်ထိုသို့ချထားခြင်းဖြစ်သည်။-
Il fixa les rameaux, ainsi écorcés, dans les rigoles, dans les auges où le menu bétail venait boire en face du menu bétail et entrait en chaleur en venant ainsi boire.
39 ၃၉ သိုးဆိတ်တို့သည်သစ်ကိုင်းများရှေ့တွင်မိတ် လိုက်ကြသဖြင့် အကွက်အပြောက်အကျား သားကောင်များပေါက်ပွားလာကြသည်။
Les brebis s’échauffèrent devant les rameaux et produisirent des agneaux rayés, pointillés, mouchetés.
40 ၄၀ ယာကုပ်သည်သိုးအုပ်နှင့်ဆိတ်အုပ်တို့ကိုခွဲ ခြားထားပြီးလျှင် လာဗန်၏တိရစ္ဆာန်အုပ်ထဲမှ အပြောက်အကျားနှင့်မည်းနက်သောအကောင် တို့ကိုမျက်နှာမူစေသည်။ ထိုနည်းအားဖြင့် သူပိုင်သောသိုးဆိတ်များပွားများလာ၍ လာဗန်၏သိုးဆိတ်အုပ်နှင့်သီးခြားထား ရှိလေသည်။
Ces agneaux, Jacob les tenait à distance et il tournait la face du bétail de Laban, du coté des tachetés et des bruns; plus tard il les réunit en troupeau pour lui seul et ne les mêla point au bétail de Laban.
41 ၄၁ ယာကုပ်သည်သန်စွမ်းသောတိရစ္ဆာန်များမိတ် လိုက်ကြသည့်အခါ သစ်ကိုင်းများကိုမြင်၍ မိတ်လိုက်စေရန်ရေသောက်ခွက်များ၌သစ် ကိုင်းများကိုချထားလေ့ရှိ၏။-
Or, chaque fois que les brebis se livraient avec ardeur à l’accouplement, Jacob exposait les rameaux à leurs regards, dans les rigoles, pour qu’elles conçussent devant ces rameaux,
42 ၄၂ ချည့်နဲ့သောတိရစ္ဆာန်များရှေ့၌မူသစ်ကိုင်း များကိုမချထားချေ။ မကြာမီလာဗန် ပိုင်သောသိုးဆိတ်များသည်အားအင်ချည့်နဲ့ ၍ယာကုပ်ပိုင်သောသိုးဆိတ်များသည်သန် စွမ်းကြ၏။-
mais quand elles s’y livraient languissamment, il ne le faisait point: de sorte que les agneaux débiles furent pour Laban, les vigoureux pour Jacob.
43 ၄၃ ဤနည်းအားဖြင့်ယာကုပ်သည်ပစ္စည်းဥစ္စာ အလွန်ချမ်းသာလာလေ၏။ သူ၌သိုးအုပ်၊ ဆိတ်အုပ်၊ ကျွန်၊ ကုလားအုတ်၊ မြည်းစသည် တို့တိုးပွားများပြားလာလေသည်။
Cet homme s’enrichit prodigieusement; il acquit du menu bétail en quantité, des esclaves mâles et femelles, des chameaux et des ânes.