< ကမ္ဘာ​ဦး 30 >

1 ရာ​ခေ​လ​သည်​ယာ​ကုပ်​နှင့်​သား​သ​မီး​မ​ထွန်း ကား​သ​ဖြင့် အစ်​မ​ကို​မ​နာ​လို​ဖြစ်​ပြီး​လျှင် ယာ​ကုပ်​အား``ကျွန်​မ​တွင်​သား​သ​မီး​မ​ရ ပါ​က​သေ​ရ​ပါ​တော့​မည်'' ဟု​ပြော​လေ​၏။
And when Rahel saw that she bare Iaakob no children, Rahel enuied her sister, and said vnto Iaakob, Giue me children, or els I dye.
2 ထို​အ​ခါ​ယာ​ကုပ်​သည်​အ​မျက်​ထွက်​၍``ငါ သည်​ဘု​ရား​လော။ ဘု​ရား​က​သာ​သင့်​အား သား​ဖွား​ခွင့်​ကို​ပေး​တော်​မူ​နိုင်​သည်​မ​ဟုတ် လော'' ဟု​ပြန်​ဖြေ​လေ​သည်။
Then Iaakobs anger was kindled against Rahel, and he sayde, Am I in Gods steade, which hath withholden from thee the fruite of the wombe?
3 ရာ​ခေ​လ​က``ကျွန်​မ​အ​တွက်​က​လေး​ရ​စေ​ရန် ကျွန်​မ​၏​ကျွန်​ဗိ​လ​ဟာ​နှင့်​အိပ်​ပါ​လော့။ သူ့ အား​ဖြင့်​က​လေး​ရ​လျှင်​ကျွန်​မ​သည်​အ​မေ တစ်​ယောက်​ဖြစ်​လာ​နိုင်​ပါ​မည်'' ဟု​ဆို​လေ​၏။-
And she said, Behold my maide Bilhah, goe in to her, and she shall beare vpon my knees, and I shall haue children also by her.
4 သူ​သည်​ဗိ​လ​ဟာ​ကို​ယာ​ကုပ်​အား​ပေး​အပ်​၍ ယာ​ကုပ်​သည်​ဗိ​လ​ဟာ​နှင့်​အိပ်​သ​ဖြင့်၊-
Then shee gaue him Bilhah her mayde to wife, and Iaakob went in to her.
5 ဗိ​လ​ဟာ​သည်​ကိုယ်​ဝန်​ဆောင်​၍​သား​တစ်​ယောက် ကို​ဖွား​မြင်​လေ​သည်။-
So Bilhah conceiued and bare Iaakob a sonne.
6 ရာ​ခေ​လ​က``ဘု​ရား​သ​ခင်​သည်​ငါ့​ဘက်​၌ တ​ရား​စီ​ရင်​တော်​မူ​ပြီ။ ငါ​၏​ဆု​တောင်း​ပတ္ထ​နာ ကို​နား​ညောင်း​၍​ငါ့​အား​သား​ကို​ပေး​သ​နား တော်​မူ​ပြီ'' ဟု​ဆို​လျက်​ထို​သား​ကို​ဒန်​ဟူ​၍ နာ​မည်​မှည့်​လေ​၏။-
Then said Rahel, God hath giuen sentence on my side, and hath also heard my voyce, and hath giuen mee a sonne: therefore called shee his name, Dan.
7 တစ်​ဖန်​ဗိ​လ​ဟာ​သည်​ယာ​ကုပ်​နှင့်​ဒု​တိ​ယ​သား ကို​ရ​လေ​သည်။-
And Bilhah Rahels maide coceiued againe, and bare Iaakob the second sonne.
8 ထို​အ​ခါ​ရာ​ခေ​လ​က``ငါ​သည်​ငါ​၏​အစ်​မ နှင့်​အ​ပြင်း​အ​ထန်​ဆိုင်​ပြိုင်​ခဲ့​ရာ​အ​နိုင်​ရ​လေ ပြီ'' ဟု​ဆို​လျက်​ထို​သား​ကို​န​ဿ​လိ​ဟူ​၍ နာ​မည်​မှည့်​လေ​၏။
Then Rahel said, with excellent wrestlings haue I wrestled with my sister, and haue gotten the vpper hande: and shee called his name, Naphtali.
9 လေ​အာ​သည်​လည်း​မိ​မိ​၌​သား​ဖွား​ခြင်း​ရပ်​ဆိုင်း သွား​ကြောင်း​သိ​မြင်​ရ​သော​အ​ခါ သူ​၏​ကျွန်​မ ဇိ​လ​ပ​ကို​ယာ​ကုပ်​အား​မ​ယား​အ​ဖြစ်​ပေး အပ်​လေ​သည်။-
And when Leah saw that she had left bearing, shee tooke Zilpah her mayde, and gaue her Iaakob to wife.
10 ၁၀ သို့​ဖြစ်​၍​ဇိ​လ​ပ​သည်​ယာ​ကုပ်​နှင့်​သား​တစ် ယောက်​ကို​ရ​လေ​၏။-
And Zilpah Leahs mayde bare Iaakob a sonne.
11 ၁၁ ထို​နောက်​လေ​အာ​က``ငါ​၌​ကောင်း​ကျိုး​ဆိုက် ရောက်​လာ​ပြီ'' ဟု​ဆို​လျက်​ထို​သား​ကို​ဂဒ် နာ​မည်​ဖြင့်​မှည့်​လေ​၏။-
Then sayd Leah, A companie commeth: and she called his name, Gad.
12 ၁၂ တစ်​ဖန်​ဇိ​လ​ပ​သည်​ယာ​ကုပ်​နှင့်​သား တစ်​ယောက်​ရ​ပြန်​သော်၊-
Againe Zilpah Leahs mayde bare Iaakob another sonne.
13 ၁၃ လေ​အာ​က``ငါ​၌​မင်္ဂ​လာ​ရှိ​၏။ အ​ခြား​သော မိန်း​မ​တို့​က​ငါ့​အား​မင်္ဂလာ​ရှိ​သူ​ဟု​ခေါ်​ကြ လိမ့်​မည်'' ဟု​ဆို​လျက်​ထို​သား​ကို​အာ​ရှာ နာ​မည်​ဖြင့်​မှည့်​လေ​သည်။
Then sayde Leah, Ah, blessed am I, for the daughters will blesse me. and she called his name, Asher.
14 ၁၄ ဂျုံ​စ​ပါး​ရိတ်​သိမ်း​ချိန်​၌​ရုဗင်​သည်​လယ်​ထဲ​သို့ သွား​ရာ​၌ အ​နု​ဆေး​သီး​ကို​တွေ့​သ​ဖြင့်​မိ​ခင် လေ​အာ​ထံ​သို့​ယူ​ခဲ့​သည်။ ရာ​ခေ​လ​က​လေ​အာ အား``သင့်​သား​ယူ​ခဲ့​သော​အ​နု​ဆေး​သီး​အ​ချို့ ကို​ပေး​ပါ'' ဟု​တောင်း​လေ​၏။
Nowe Reuben went in the dayes of the wheateharuest, and founde mandrakes in the fielde and brought them vnto his mother Leah. Then sayde Rahel to Leah, Giue me, I pray thee, of thy sonnes mandrakes.
15 ၁၅ လေ​အာ​က``သင်​သည်​ငါ​၏​လင်​ယောကျာ်း​ကို​ယူ​ရုံ ဖြင့်​အား​မ​ရ​ဘဲ ယ​ခု​ငါ့​သား​၏​အ​နု​ဆေး​သီး ကို​ယူ​ချင်​ပြန်​ပြီ​လော'' ဟု​ဆို​လေ​၏။ ရာ​ခေ​လ​က``သင့်​သား​၏​အ​နု​ဆေး​ပင်​များ​ကို ပေး​လျှင် သင်​သည်​ယ​နေ့​ည​ယာ​ကုပ်​နှင့်​အ​တူ အိပ်​နိုင်​သည်'' ဟု​ပြန်​ပြော​လေ​၏။
But shee answered her, Is it a small matter for thee to take mine husband, except thou take my sonnes mandrakes also? Then sayde Rahel, Therefore he shall sleepe with thee this night for thy sonnes mandrakes.
16 ၁၆ ည​နေ​ခင်း​၌​ယာ​ကုပ်​လယ်​ထဲ​မှ​ပြန်​လာ​သော အ​ခါ လေ​အာ​သည်​ဆီး​ကြို​၍``ကျွန်​မ​၏​သား​ရ ခဲ့​သော​အ​နု​ဆေး​သီး​ကို​ရာ​ခေ​လ​အား​ပေး သ​ဖြင့် ရှင်​ကျွန်​မ​နှင့်​အ​တူ​ယ​နေ့​ည​အိပ်​ရ​မည်'' ဟု​ပြော​ရာ​ထို​ည​၌​ယာ​ကုပ်​သည်​လေ​အာ​နှင့် အိပ်​လေ​၏။
And Iaakob came from the fielde in the euening, and Leah went out to meete him, and sayde, Come in to mee, for I haue bought and payed for thee with my sonnes mandrakes: and he slept with her that night.
17 ၁၇ ဘု​ရား​သ​ခင်​သည်​လေ​အာ​၏​ဆု​တောင်း​ပတ္ထ​နာ ကို​နား​ညောင်း​တော်​မူ​သ​ဖြင့် သူ​သည်​ကိုယ်​ဝန်​ဆောင် ၍​ပဉ္စမ​သား​ကို​ဖွား​မြင်​လေ​သည်။-
And God heard Leah and shee conceiued, and bare vnto Iaakob the fift sonne.
18 ၁၈ ထို​အ​ခါ​လေ​အာ​က``ငါ​သည်​ငါ​၏​ကျွန်​မ ကို​လင်​ယောကျာ်း​အား​ပေး​အပ်​သော​ကြောင့် ဘု​ရား​သ​ခင်​က​ငါ့​အား​ဆု​ချ​တော်​မူ​ပြီ'' ဟု​ဆို​လျက် ထို​သား​ကို​ဣ​သ​ခါ​ဟူ​၍​နာ​မည်​မှည့်​လေ​သည်။-
Then said Leah, God hath giuen me my reward, because I gaue my mayde to my husband, and she called his name Issachar.
19 ၁၉ တစ်​ဖန်​လေ​အာ​သည်​ကိုယ်​ဝန်​ဆောင်​၍​ဆ​ဋ္ဌ​မ သား​ကို​ဖွား​မြင်​သည်။-
After, Leah conceiued againe, and bare Iaakob the sixt sonne.
20 ၂၀ ထို​အ​ခါ​သူ​က``ဘု​ရား​သ​ခင်​သည်​ငါ့​အား လက်​ဆောင်​ကောင်း​ကို​ပေး​သ​နား​တော်​မူ​ပြီ။ ငါ သည်​သား​ခြောက်​ယောက်​ကို​ဖွား​မြင်​ပေး​သ​ဖြင့် ယ​ခု​ငါ​၏​လင်​ယောကျာ်း​သည်​ငါ့​ကို​မြတ်​နိုး လိမ့်​မည်'' ဟု​ဆို​လျက်​ထို​သား​ကို​ဇာ​ဗု​လုန် ဟူ​၍​နာ​မည်​မှည့်​လေ​၏။-
Then Leah said, God hath endued me with a good dowrie: nowe will mine husband dwell with me, because I haue borne him sixe sonnes: and she called his name Zebulun.
21 ၂၁ ထို​နောက်​သူ​သည်​သ​မီး​တစ်​ယောက်​ကို​ဖွား​မြင် သ​ဖြင့်​ဒိ​န​ဟူ​၍​နာ​မည်​မှည့်​လေ​သည်။
After that, shee bare a daughter, and shee called her name Dinah.
22 ၂၂ ဘု​ရား​သ​ခင်​သည်​ရာ​ခေ​လ​ကို​သ​တိ​ရ​၍ သူ ၏​ဆု​တောင်း​ပတ္ထ​နာ​ကို​နား​ညောင်း​တော်​မူ​သ​ဖြင့် သား​သ​မီး​ဖွား​ခွင့်​ကို​ပေး​တော်​မူ​၏။-
And God remembred Rahel, and God heard her, and opened her wombe.
23 ၂၃ သူ​သည်​ကိုယ်​ဝန်​ဆောင်​၍​သား​တစ်​ယောက်​ကို​ဖွား မြင်​လေ​၏။ ထို​အ​ခါ​သူ​က``ဘု​ရား​သ​ခင်​သည် ငါ့​အား​သား​ကို​ပေး​သ​နား​တော်​မူ​ခြင်း​ဖြင့် ငါ​ကဲ့​ရဲ့​ခံ​ရ​ခြင်း​ကို​ဖယ်​ရှား​တော်​မူ​ပြီ။-
So she conceiued and bare a sonne, and said, God hath taken away my rebuke.
24 ၂၄ ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​အား​သား​ကို​ထပ် ၍​ပေး​တော်​မူ​ပါ​စေ​သော'' ဟု​ဆို​လျက်​ထို သား​ကို​ယော​သပ်​ဟူ​၍​နာ​မည်​မှည့်​လေ​သည်။
And shee called his name Ioseph, saying, The Lord wil giue me yet another sonne.
25 ၂၅ ယော​သပ်​ကို​ဖွား​မြင်​ပြီး​နောက်​ယာ​ကုပ်​က လာ​ဗန်​အား``ကျွန်ုပ်​ကို​နေ​ရင်း​ပြည်​သို့​ပြန် ခွင့်​ပေး​ပါ။-
And assoone as Rahel had borne Ioseph, Iaakob said to Laban, Sende me away that I may go vnto my place and to my countrey.
26 ၂၆ ကျွန်ုပ်​သည်​ဦး​ရီး​ထံ​၌​အ​လုပ်​လုပ်​၍​ရ​သော မ​ယား​များ​နှင့်​တ​ကွ သား​သ​မီး​တို့​ကို​ခေါ် ဆောင်​လျက်​ထွက်​ခွာ​သွား​ပါ​ရ​စေ။ ကျွန်ုပ်​သည် ဦး​ရီး​အ​တွက်​မည်​မျှ​ကြိုး​စား​လုပ်​ကိုင်​ပေး ခဲ့​ကြောင်း​ဦး​ရီး​သိ​ပါ​၏'' ဟု​ပြော​လေ​၏။
Giue me my wiues and my children, for whom I haue serued thee, and let me go: for thou knowest what seruice I haue done thee.
27 ၂၇ ထို​အ​ခါ​လာ​ဗန်​က``ငါ​လည်း​ပြော​ပါ​ရ​စေ။ ထာ​ဝ​ရ​ဘု​ရား​သည်​သင့်​ကြောင့်​ငါ့​အား ကောင်း​ချီး​ပေး​တော်​မူ​ကြောင်း​ကို​ငါ​သိ မြင်​လာ​ရ​ပြီ။-
To whom Laban answered, If I haue nowe found fauour in thy sight tarie: I haue perceiued that the Lord hath blessed me for thy sake.
28 ၂၈ သင်​အ​လို​ရှိ​သော​အ​ခ​ကို​ပြော​ပါ။ ထို​အ​ခ ကို​ငါ​ပေး​မည်'' ဟု​ဆို​လေ​၏။
Also he said, Appoynt vnto me thy wages, and I will giue it thee.
29 ၂၉ ယာ​ကုပ်​က``ကျွန်ုပ်​သည်​ဦး​ရီး​အ​တွက်​မည်​ကဲ့ သို့​လုပ်​ကိုင်​ပေး​ခဲ့​ကြောင်း​ကို​လည်း​ကောင်း၊ ကျွန်ုပ် ၏​ထိန်း​ကျောင်း​မှု​ကြောင့်​ဦး​ရီး​၏​တိ​ရစ္ဆာန်​များ မည်​မျှ​တိုး​ပွား​လာ​ကြောင်း​ကို​လည်း​ကောင်း ဦး​ရီး​သိ​မြင်​ရ​ပါ​ပြီ။-
But he sayd vnto him, Thou knowest, what seruice I haue done thee, and in what taking thy cattell hath bene vnder me.
30 ၃၀ ကျွန်ုပ်​မ​ရောက်​မီ​က​ဦး​ရီး​၌​တိ​ရစ္ဆာန်​အ​နည်း ငယ်​မျှ​သာ​ရှိ​၍ ယ​ခု​မြောက်​မြား​စွာ​တိုး​ပွား လျက်​ရှိ​ပါ​သည်။ ကျွန်ုပ်​ကြောင့်​ထာ​ဝ​ရ​ဘု​ရား သည်​ဦး​ရီး​အား​ကောင်း​ချီး​ပေး​တော်​မူ​ပြီ။ ယ​ခု​ကျွန်ုပ်​သည်​ကိုယ့်​စီး​ပွား​ကို​ရှာ​ရ​မည့် အ​ချိန်​ရောက်​ပါ​ပြီ'' ဟု​ဆို​လေ​၏။
For the litle, that thou haddest before I came, is increased into a multitude: and the Lord hath blessed thee by my comming: but nowe when shall I trauell for mine owne house also?
31 ၃၁ ထို​အ​ခါ​လာ​ဗန်​က``သင့်​အ​တွက်​အ​ခ​မည် မျှ​ပေး​ရ​မည်​နည်း'' ဟု​မေး​၏။ ယာ​ကုပ်​က``အ​ခ​မ​ယူ​လို​ပါ။ ဦး​ရီး​က ကျွန်ုပ်​၏​အ​ကြံ​ပေး​ချက်​ကို​လက်​ခံ​လျှင် ကျွန်ုပ်​သည်​ဦး​ရီး​၏​တိရစ္ဆာန်​များ​ကို​ဆက် လက်​ထိန်း​ကျောင်း​ပါ​မည်။-
Then he saide, What shall I giue thee? And Iaakob answered, Thou shalt giue mee nothing at all: if thou wilt doe this thing for mee, I will returne, feede, and keepe thy sheepe.
32 ၃၂ ယ​နေ့​ကျွန်ုပ်​သည်​တိ​ရစ္ဆာန်​အုပ်​တို့​ကို​လှည့်​လည် ၍​ကြည့်​ရှု​ပါ​မည်။ ၎င်း​တို့​အ​ထဲ​တွင်​တွေ့​ရှိ​ရ သော​သိုး​အ​နက်​နှင့်​အ​ပြောက်​အ​ကျား​ဆိတ် များ​ကို​ကျွန်ုပ်​ယူ​ပါ​မည်။ ထို​တိ​ရစ္ဆာန်​တို့​သည် ကျွန်ုပ်​အ​တွက်​အ​ခ​ဖြစ်​ပါ​စေ။-
I wil passe through all thy flockes this day, and separate from them all the sheepe with litle spots and great spots, and al blacke lambes among the sheepe, and the great spotted, and litle spotted among the goates: and it shalbe my wages.
33 ၃၃ နောင်​အ​ခါ​ကျွန်ုပ်​၌​ရိုး​သား​မှု​ရှိ​မ​ရှိ​ကို​ဦး ရီး​လွယ်​ကူ​စွာ​သိ​ရှိ​နိုင်​ပါ​မည်။ ဦး​ရီး​က ကျွန်ုပ်​အား​အ​ခ​အ​ဖြစ်​နှင့်​ပေး​သော​သိုး​ဆိတ် များ​ကို​စစ်​ဆေး​ကြည့်​ရှု​သော​အ​ခါ​၌ အ​ကွက် အ​ပြောက်​ပါ​သော​ဆိတ်​နှင့်​မည်း​နက်​သော​သိုး များ​က​လွဲ​၍ အ​ခြား​သိုး​ဆိတ်​များ​ကို​တွေ့ ရှိ​ပါ​က​၎င်း​တို့​ကို​ခိုး​ယူ​ကြောင်း​သိ​နိုင် ပါ​လိမ့်​မည်'' ဟု​ဆို​လေ​၏။
So shall my righteousnesse answere for me hereafter, when it shall come for my rewarde before thy face, and euery one that hath not litle or great spots among the goates, and blacke among the sheepe, the same shalbe theft with me.
34 ၃၄ လာ​ဗန်​က``သ​ဘော​တူ​ပါ​သည်။ သင်​၏​အ​ကြံ ပေး​ချက်​အ​တိုင်း​လိုက်​နာ​ကြ​စို့'' ဟု​ပြော​လေ​၏။-
Then Laban sayde, Goe to, woulde God it might be according to thy saying.
35 ၃၅ ထို​နေ့​၌​ပင်​လာ​ဗန်​သည်​အ​ပြောက်​အ​ကျား ဆိတ်​ထီး၊ အ​ကွက်​အ​ပြောက်​သို့​မ​ဟုတ်​အ​ဖြူ ပြောက်​ပါ​ရှိ​သော​ဆိတ်​မ​ရှိ​သ​မျှ​တို့​ကို​လည်း ကောင်း၊ သိုး​အ​နက်​အား​လုံး​တို့​ကို​လည်း​ကောင်း ရွေး​ထုတ်​ပြီး​လျှင်​မိ​မိ​၏​သား​တို့​လက်​သို့ ပေး​အပ်​လေ​၏။-
Therefore he tooke out the same day the hee goates that were partie coloured and with great spots, and all the shee goates with litle and great spots, and all that had white in them, and all the blacke among the sheepe, and put them in the keeping of his sonnes.
36 ၃၆ ထို​နောက်​ထို​သိုး​ဆိတ်​များ​ကို ယာ​ကုပ်​နှင့်​သုံး ရက်​ခ​ရီး​အ​ကွာ​အ​ရပ်​သို့​ပို့​ဆောင်​ထား​စေ​၏။ ယာ​ကုပ်​က​မူ​လာ​ဗန်​၌​ကျန်​ရှိ​သော​အ​ခြား သိုး​ဆိတ်​တို့​ကို​ထိန်း​ကျောင်း​လျက်​နေ​လေ​သည်။
And hee set three dayes iourney betweene himselfe and Iaakob. And Iaakob kept the rest of Labans sheepe.
37 ၃၇ ယာ​ကုပ်​သည်​ထင်း​ရှူး​ပင်၊ ဗာ​ဒံ​ပင်၊ ပိုး​ဇာ​ပင် တို့​၏​သစ်​စိမ်း​ကိုင်း​များ​ကို​ယူ​၍ အ​ဖြူ​တန်း များ​ပေါ်​အောင်​အ​ခွံ​ကို​ခွာ​ပစ်​ပြီး​နောက်၊-
Then Iaakob tooke rods of greene popular, and of hasell, and of the chesnut tree, and pilled white strakes in them, and made the white appeare in the rods.
38 ၃၈ သိုး​ဆိတ်​များ​၏​ရေ​သောက်​ခွက်​များ​ရှေ့​တွင် ထို​သစ်​ကိုင်း​များ​ကို​ချ​ထား​လေ​သည်။ တိ​ရစ္ဆာန် တို့​သည်​ရေ​သောက်​လာ​သော​အ​ခါ မိတ်​လိုက် တတ်​သော​ကြောင့်​ထို​သို့​ချ​ထား​ခြင်း​ဖြစ်​သည်။-
Then he put the rods, which he had pilled, in the gutters and watering troughes, when the sheepe came to drink, before the sheepe. (for they were in heate, when they came to drinke)
39 ၃၉ သိုး​ဆိတ်​တို့​သည်​သစ်​ကိုင်း​များ​ရှေ့​တွင်​မိတ် လိုက်​ကြ​သ​ဖြင့် အ​ကွက်​အ​ပြောက်​အ​ကျား သား​ကောင်​များ​ပေါက်​ပွား​လာ​ကြ​သည်။
And the sheepe were in heate before the rods, and afterward brought forth yong of partie colour, and with small and great spots.
40 ၄၀ ယာ​ကုပ်​သည်​သိုး​အုပ်​နှင့်​ဆိတ်​အုပ်​တို့​ကို​ခွဲ ခြား​ထား​ပြီး​လျှင် လာ​ဗန်​၏​တိရစ္ဆာန်​အုပ်​ထဲ​မှ အ​ပြောက်​အ​ကျား​နှင့်​မည်း​နက်​သော​အ​ကောင် တို့​ကို​မျက်​နှာ​မူ​စေ​သည်။ ထို​နည်း​အား​ဖြင့် သူ​ပိုင်​သော​သိုး​ဆိတ်​များ​ပွား​များ​လာ​၍ လာ​ဗန်​၏​သိုး​ဆိတ်​အုပ်​နှင့်​သီး​ခြား​ထား ရှိ​လေ​သည်။
And Iaakob parted these lambes, and turned the faces of the flocke towardes these lambes partie coloured and all maner of blacke, among the sheepe of Laban: so hee put his owne flockes by themselues, and put them not with Labans flocke.
41 ၄၁ ယာ​ကုပ်​သည်​သန်​စွမ်း​သော​တိရစ္ဆာန်​များ​မိတ် လိုက်​ကြ​သည့်​အ​ခါ သစ်​ကိုင်း​များ​ကို​မြင်​၍ မိတ်​လိုက်​စေ​ရန်​ရေ​သောက်​ခွက်​များ​၌​သစ် ကိုင်း​များ​ကို​ချ​ထား​လေ့​ရှိ​၏။-
And in euery ramming time of the stronger sheepe, Iaakob layde the rods before the eyes of the sheepe in the gutters, that they might conceiue before the rods.
42 ၄၂ ချည့်​နဲ့​သော​တိ​ရစ္ဆာန်​များ​ရှေ့​၌​မူ​သစ်​ကိုင်း များ​ကို​မ​ချ​ထား​ချေ။ မ​ကြာ​မီ​လာ​ဗန် ပိုင်​သော​သိုး​ဆိတ်​များ​သည်​အား​အင်​ချည့်​နဲ့ ၍​ယာ​ကုပ်​ပိုင်​သော​သိုး​ဆိတ်​များ​သည်​သန် စွမ်း​ကြ​၏။-
But when the sheepe were feeble, hee put them not in: and so the feebler were Labans, and the stronger Iaakobs.
43 ၄၃ ဤ​နည်း​အား​ဖြင့်​ယာ​ကုပ်​သည်​ပစ္စည်း​ဥစ္စာ အ​လွန်​ချမ်း​သာ​လာ​လေ​၏။ သူ​၌​သိုး​အုပ်၊ ဆိတ်​အုပ်၊ ကျွန်၊ ကု​လား​အုတ်၊ မြည်း​စ​သည် တို့​တိုး​ပွား​များ​ပြား​လာ​လေ​သည်။
So the man increased exceedingly, and had many flockes, and maide seruantes, and men seruants, and camels and asses.

< ကမ္ဘာ​ဦး 30 >