< ကမ္ဘာဦး 3 >
1 ၁ မြွေသည်ထာဝရအရှင်ဘုရားသခင်ဖန်ဆင်း တော်မူသမျှသောတိရစ္ဆာန်တို့တွင် အစဉ်းလဲဆုံး သတ္တဝါဖြစ်၏။ ``ဘုရားသခင်ကဥယျာဉ်ထဲ ရှိအပင်များမှအသီးကိုမစားရဟု အမှန် ပင်ပညတ်ထားပါသလော'' ဟူ၍မြွေက မိန်းမအားမေး၏။
Or, le serpent était le plus fin de tous les animaux des champs, que l'Éternel Dieu avait faits; et il dit à la femme: Quoi! Dieu aurait dit: Vous ne mangerez point de tout arbre du jardin!
2 ၂ မိန်းမက``ငါတို့သည်ဥယျာဉ်ထဲရှိအပင် များ၏အသီးကိုစားနိုင်၏။-
Et la femme répondit au serpent: Nous mangeons du fruit des arbres du jardin;
3 ၃ သို့ရာတွင်ဥယျာဉ်အလယ်၌ရှိသောအပင်၏ အသီးကိုမူကားမစားရ။ ကိုင်ပင်မကိုင်ရ။ ကိုင်မိစားမိလျှင်သေရကြမည်ဟု ဘုရားသခင်၏အမိန့်တော်ရှိမူ၏'' ဟူ၍ပြန်ဖြေ၏။
Mais quant au fruit de l'arbre qui est au milieu du jardin, Dieu a dit: Vous n'en mangerez point, et vous n'y toucherez point, de peur que vous ne mouriez.
4 ၄ ထိုအခါမြွေက``မဟုတ်နိုင်ပါ။ သင်တို့သေ မည်မဟုတ်။-
Alors le serpent dit à la femme: Vous ne mourrez nullement;
5 ၅ ထိုအသီးကိုစားလျှင်သင်တို့သည်ဘုရားသခင် ကဲ့သို့ အကောင်းနှင့်အဆိုးကိုခွဲခြားသိမြင်လာ နိုင်မည်။ ထို့ကြောင့်ဤကဲ့သို့ပညတ်ရခြင်းဖြစ် သည်'' ဟုပြန်ပြော၏။
Mais Dieu sait qu'au jour où vous en mangerez, vos yeux s'ouvriront, et vous serez comme des dieux, connaissant le bien et le mal.
6 ၆ မိန်းမသည်အပင်၏တင့်တယ်ခြင်း၊ အသီး၏ စားချင့်စဖွယ်ကောင်းခြင်းကိုမြင်ရ၏။ ထို့ပြင် ပညာဉာဏ်ရှိလျှင် အံ့ဘွယ်ကောင်းလိမ့်မည်ဟု စိတ်ထင်လျက်အသီးကိုဆွတ်၍စားလေ၏။ သူ၏ခင်ပွန်းအားလည်းပေးသဖြင့်သူလည်း စား၏။-
Et la femme vit que le fruit de l'arbre était bon à manger, et qu'il était agréable à la vue, et que l'arbre était désirable pour devenir intelligent; et elle prit de son fruit et en mangea, et en donna aussi à son mari auprès d'elle, et il en mangea.
7 ၇ ထိုသို့စားကြသည့်ခဏခြင်းတွင်သူတို့သည် အသိဉာဏ်ပွင့်လာ၍အဝတ်အချည်းစည်းရှိ သည့်အဖြစ်ကိုသိမြင်လာကြ၏။ ထို့ကြောင့် သူတို့သည် သဖန်းရွက်များကိုသီချုပ်၍ ကိုယ်ပေါ်တွင်ဝတ်ဆင်ထားကြ၏။
Et les yeux de tous deux s'ouvrirent; et ils connurent qu'ils étaient nus; et ils cousirent des feuilles de figuier, et se firent des ceintures.
8 ၈ ထိုနေ့ညနေခင်း၌သူတို့သည်ဥယျာဉ်ထဲ တွင်ထာဝရအရှင်ဘုရားသခင် ကြွလာ တော်မူသောအသံကိုကြားရလျှင် သူတို့ အားမတွေ့မမြင်စေရန်သစ်ပင်များအကြား တွင်ပုန်းကွယ်နေကြ၏။-
Et ils entendirent la voix de l'Éternel Dieu, qui se promenait dans le jardin, au vent du jour. Et Adam et sa femme se cachèrent de devant la face de l'Éternel Dieu, au milieu des arbres du jardin.
9 ၉ သို့ရာတွင်ထာဝရအရှင်ဘုရားသခင် က``သင်အဘယ်မှာရှိသနည်း''ဟုလူအား ခေါ်တော်မူ၏။
Et l'Éternel Dieu appela Adam, et lui dit: Où es-tu?
10 ၁၀ ထိုအခါလူယောကျာ်းက``ကိုယ်တော်ဥယျာဉ်ထဲ ၌ကြွလာတော်မူသောအသံကိုကြားရ၍ အဝတ်အချည်းစည်းရှိသောကြောင့်ကြောက် ၍ပုန်းနေပါသည်'' ဟုလျှောက်လေ၏။
Et il répondit: J'ai entendu ta voix dans le jardin, et j'ai craint, parce que je suis nu; et je me suis caché.
11 ၁၁ ဘုရားသခင်က``သင်တို့တွင်အဝတ်အချည်း စည်းရှိသည်ဟု မည်သူကပြောသနည်း။ သင်တို့ အားမစားရဟု ငါပညတ်ထားသောအပင်၏ အသီးကိုစားသလော'' ဟုမေးတော်မူ၏။
Et Dieu dit: Qui t'a montré que tu es nu? As-tu mangé de l'arbre dont je t'avais ordonné de ne pas manger?
12 ၁၂ လူကလည်း``ကျွန်တော်အားကိုယ်တော်ပေး အပ်တော်မူသောမိန်းမက အသီးကိုပေး သဖြင့်ကျွန်တော်စားမိပါသည်'' ဟူ၍ပြန် လည်လျှောက်ထား၏။
Et Adam répondit: La femme que tu as mise auprès de moi, m'a donné du fruit de l'arbre, et j'en ai mangé.
13 ၁၃ ထာဝရအရှင်ဘုရားသခင်ကမိန်းမအား``သင် သည်အဘယ်ကြောင့်ထိုသို့ပြုရသနည်း'' ဟု မေးတော်မူလျှင် ``မြွေကကျွန်မကိုလှည့်စား သဖြင့်စားမိပါသည်'' ဟုပြန်လည်လျှောက် လေ၏။
Et l'Éternel Dieu dit à la femme: Pourquoi as-tu fait cela? Et la femme répondit: Le serpent m'a séduite, et j'en ai mangé.
14 ၁၄ ထိုအခါထာဝရအရှင်ဘုရားသခင်က မြွေအား``သင်သည် ဤသို့ပြုလုပ်သည့်အတွက် ဒဏ်ခံရမည်။ တိရစ္ဆာန်အပေါင်းတို့တွင်သင်သာ လျှင် ဤကျိန်စာသင့်မည်။ ယခုမှစ၍သင် သည်ဝမ်းဗိုက်ဖြင့်တွားသွားလျက် မြေမှုန့်ကို တစ်သက်လုံးစားရမည်။-
Alors l'Éternel Dieu dit au serpent: Puisque tu as fait cela, tu seras maudit entre toutes les bêtes et entre tous les animaux des champs; tu marcheras sur ton ventre, et tu mangeras la poussière tous les jours de ta vie.
15 ၁၅ သင်နှင့်မိန်းမသည်တစ်ဦးကိုတစ်ဦးမုန်းလိမ့်မည်။ သင်၏အမျိုးအနွယ်နှင့်မိန်းမ၏အမျိုးအနွယ် သည် ရန်ငြိုးဖွဲ့လိမ့်မည်။ လူသည်သင်၏ဦးခေါင်း ကိုချေလိမ့်မည်။ သင်သည်လည်း သူ၏ဖနောင့်ကို ပေါက်လိမ့်မည်'' ဟုမိန့်တော်မူ၏။
Et je mettrai inimitié entre toi et la femme, entre ta postérité et sa postérité: celle-ci t'écrasera la tête, et toi tu la blesseras au talon.
16 ၁၆ မိန်းမအားလည်း``သင်သည်ကိုယ်ဝန်ဆောင်ခြင်း ဖြင့်ဒုက္ခပိုများလာမည်။ သားဖွားခြင်းဝေဒနာ ကိုခံရမည်။ သို့သော်လည်းသင်သည် မိမိခင်ပွန်း ကိုစုံမက်နေလိမ့်မည်။ သင့်အပေါ်မှာသူ၏ သြဇာညောင်းရလိမ့်မည်'' ဟုမိန့်တော်မူ၏။
Il dit à la femme: J'augmenterai beaucoup ta peine et ta grossesse; tu enfanteras des enfants avec douleur, et tes désirs se tourneront vers ton mari, et il dominera sur toi.
17 ၁၇ ယောကျာ်းအားလည်း``ထိုအပင်၏အသီးကို မစားရဟု ငါပညတ်ထားသော်လည်း သင် ၏မယား၏စကားကိုနားထောင်၍စားလေ ပြီ။ သင်ထိုသို့ပြုခြင်းကြောင့်မြေသည်ကျိန် စာသင့်ရ၏။ သင်သည်မိမိဝမ်းစာအတွက် မြေမှသီးနှံထွက်စေရန် တစ်သက်လုံးပင်ပန်း စွာလုပ်ကိုင်ရမည်။-
Et il dit à Adam: Puisque tu as obéi à la voix de ta femme, et que tu as mangé de l'arbre au sujet duquel je t'avais donné cet ordre: Tu n'en mangeras point! le sol sera maudit à cause de toi; tu en mangeras les fruits avec peine tous les jours de ta vie.
18 ၁၈ မြေမှဆူးချုံနှင့်ပေါင်းပင်များပေါက်လိမ့်မည်။ သင်သည်အရိုင်းပေါက်သောအပင်တို့ကိုစား ရမည်။-
Et il te produira des épines et des chardons; et tu mangeras l'herbe des champs.
19 ၁၉ သင်သည်မြေမှဖြစ်လာ၍မြေသို့ပြန်သွား ရသည်တိုင်အောင် မြေမှသီးနှံထွက်စေရန်ချွေး ထွက်လျက်ပင်ပန်းစွာလုပ်ကိုင်ရမည်။ သင်သည် မြေမှဖြစ်လာ၍ မြေသို့ပြန်သွားရမည်'' ဟု မိန့်တော်မူ၏။
Tu mangeras le pain à la sueur de ton visage, jusqu'à ce que tu retournes dans la terre, d'où tu as été pris; car tu es poussière, et tu retourneras dans la poussière.
20 ၂၀ အာဒံ သည်မိမိ၏မယားအားဧဝဟုမှည့်ခေါ်လေ ၏။ အဘယ်ကြောင့်ဆိုသော်သူသည် လူသတ္တဝါ အပေါင်းတို့၏မိခင်ဖြစ်သောကြောင့်တည်း။-
Or, Adam appela sa femme, Eve (vie), parce qu'elle fut la mère de tous les vivants.
21 ၂၁ ထာဝရအရှင်ဘုရားသခင်သည်အာဒံ နှင့်ဧဝတို့အတွက် သားရေဝတ်လုံများပြု လုပ်၍သူတို့အားဝတ်ဆင်ပေးတော်မူ၏။
Et l'Éternel Dieu fit à Adam et à sa femme des robes de peau, et les en revêtit.
22 ၂၂ ထိုနောက်ထာဝရအရှင်ဘုရားသခင်က``လူ သည်ငါတို့ကဲ့သို့ဖြစ်လာ၍ အကောင်းနှင့်အ ဆိုးကိုသိမြင်လာလေပြီ။ အမြဲအသက် ရှင်စေသောအပင်မှအသီးကိုဆွတ်စား၍ အမြဲအသက်ရှင်ခွင့်မပြုရ'' ဟုမိန့်တော် မူ၏။-
Et l'Éternel Dieu dit: Voici, l'homme est devenu comme l'un de nous, pour la connaissance du bien et du mal. Et maintenant prenons garde qu'il n'avance sa main, et ne prenne aussi de l'arbre de vie, et qu'il n'en mange, et ne vive à toujours.
23 ၂၃ ထို့ကြောင့်ထာဝရအရှင်ဘုရားသခင်သည် လူကိုဧဒင်ဥယျာဉ်ထဲမှနှင်ထုတ်၍ မြေမှ ဖြစ်သောလူအားမြေကိုထွန်ယက်စိုက်ပျိုး စေတော်မူ၏။-
Et l'Éternel Dieu le fit sortir du jardin d'Éden, pour cultiver la terre d'où il avait été pris.
24 ၂၄ ထိုနောက်အသက်ရှင်စေသောအပင်အနီး သို့မည်သူမျှမချဉ်းကပ်နိုင်စေရန် လည်ပတ် လျက်ရှိသောဋ္ဌားမီးစက်လက်နက်နှင့်တကွ ခေရုဗိမ် တို့ကိုဥယျာဉ်အရှေ့ဘက်တွင်အစောင့်ချ ထားတော်မူ၏။
Il chassa donc l'homme; et il plaça à l'orient du jardin d'Éden les chérubins et la lame d'épée flamboyante, pour garder le chemin de l'arbre de vie.