< ကမ္ဘာ​ဦး 3 >

1 မြွေ​သည်​ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​ဖန်​ဆင်း တော်​မူ​သ​မျှ​သော​တိ​ရစ္ဆာန်​တို့​တွင် အ​စဉ်း​လဲ​ဆုံး သတ္တ​ဝါ​ဖြစ်​၏။ ``ဘု​ရား​သ​ခင်​က​ဥ​ယျာဉ်​ထဲ ရှိ​အ​ပင်​များ​မှ​အ​သီး​ကို​မ​စား​ရ​ဟု အ​မှန် ပင်​ပညတ်​ထား​ပါ​သ​လော'' ဟူ​၍​မြွေ​က မိန်း​မ​အား​မေး​၏။
Now the serpent was more subtil than any beast of the field which the LORD God had made: and he said to the woman, Yea, hath God said, Ye shall not eat of every tree of the garden?
2 မိန်း​မ​က``ငါ​တို့​သည်​ဥ​ယျာဉ်​ထဲ​ရှိ​အ​ပင် များ​၏​အ​သီး​ကို​စား​နိုင်​၏။-
And the woman said to the serpent, We may eat of the fruit of the trees of the garden:
3 သို့​ရာ​တွင်​ဥ​ယျာဉ်​အ​လယ်​၌​ရှိ​သော​အ​ပင်​၏ အ​သီး​ကို​မူ​ကား​မ​စား​ရ။ ကိုင်​ပင်​မ​ကိုင်​ရ။ ကိုင်​မိ​စား​မိ​လျှင်​သေ​ရ​ကြ​မည်​ဟု ဘု​ရား​သ​ခင်​၏​အ​မိန့်​တော်​ရှိ​မူ​၏'' ဟူ​၍​ပြန်​ဖြေ​၏။
But of the fruit of the tree which [is] in the midst of the garden, God hath said, Ye shall not eat of it, neither shall ye touch it, lest ye die.
4 ထို​အ​ခါ​မြွေ​က``မ​ဟုတ်​နိုင်​ပါ။ သင်​တို့​သေ မည်​မ​ဟုတ်။-
And the serpent said to the woman, Ye shall not surely die:
5 ထို​အ​သီး​ကို​စား​လျှင်​သင်​တို့​သည်​ဘု​ရား​သ​ခင် ကဲ့​သို့ အ​ကောင်း​နှင့်​အ​ဆိုး​ကို​ခွဲ​ခြား​သိ​မြင်​လာ နိုင်​မည်။ ထို့​ကြောင့်​ဤ​ကဲ့​သို့​ပ​ညတ်​ရ​ခြင်း​ဖြစ် သည်'' ဟု​ပြန်​ပြော​၏။
For God doth know, that in the day ye eat of it, then your eyes shall be opened: and ye shall be as gods, knowing good and evil.
6 မိန်း​မ​သည်​အ​ပင်​၏​တင့်​တယ်​ခြင်း၊ အ​သီး​၏ စား​ချင့်​စ​ဖွယ်​ကောင်း​ခြင်း​ကို​မြင်​ရ​၏။ ထို့​ပြင် ပ​ညာ​ဉာဏ်​ရှိ​လျှင် အံ့​ဘွယ်​ကောင်း​လိမ့်​မည်​ဟု စိတ်​ထင်​လျက်​အ​သီး​ကို​ဆွတ်​၍​စား​လေ​၏။ သူ​၏​ခင်​ပွန်း​အား​လည်း​ပေး​သ​ဖြင့်​သူ​လည်း စား​၏။-
And when the woman saw that the tree [was] good for food, and that it [was] pleasant to the eyes, and a tree to be desired to make [one] wise; she took of its fruit, and ate, and gave also to her husband with her, and he ate.
7 ထို​သို့​စား​ကြ​သည့်​ခ​ဏ​ခြင်း​တွင်​သူ​တို့​သည် အ​သိ​ဉာဏ်​ပွင့်​လာ​၍​အ​ဝတ်​အ​ချည်း​စည်း​ရှိ သည့်​အ​ဖြစ်​ကို​သိ​မြင်​လာ​ကြ​၏။ ထို့​ကြောင့် သူ​တို့​သည် သ​ဖန်း​ရွက်​များ​ကို​သီ​ချုပ်​၍ ကိုယ်​ပေါ်​တွင်​ဝတ်​ဆင်​ထား​ကြ​၏။
And the eyes of them both were opened, and they knew that they [were] naked: and they sewed fig-leaves together, and made for themselves aprons.
8 ထို​နေ့​ည​နေ​ခင်း​၌​သူ​တို့​သည်​ဥ​ယျာဉ်​ထဲ တွင်​ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင် ကြွ​လာ တော်​မူ​သော​အ​သံ​ကို​ကြား​ရ​လျှင် သူ​တို့ အား​မ​တွေ့​မ​မြင်​စေ​ရန်​သစ်​ပင်​များ​အ​ကြား တွင်​ပုန်း​ကွယ်​နေ​ကြ​၏။-
And they heard the voice of the LORD God walking in the garden in the cool of the day: and Adam and his wife hid themselves from the presence of the LORD God amongst the trees of the garden.
9 သို့​ရာ​တွင်​ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင် က``သင်​အ​ဘယ်​မှာ​ရှိ​သ​နည်း''ဟု​လူ​အား ခေါ်​တော်​မူ​၏။
And the LORD God called to Adam, and said to him, Where [art] thou?
10 ၁၀ ထို​အ​ခါ​လူ​ယောကျာ်း​က``ကိုယ်​တော်​ဥ​ယျာဉ်​ထဲ ၌​ကြွ​လာ​တော်​မူ​သော​အ​သံ​ကို​ကြား​ရ​၍ အ​ဝတ်​အ​ချည်း​စည်း​ရှိ​သော​ကြောင့်​ကြောက် ၍​ပုန်း​နေ​ပါ​သည်'' ဟု​လျှောက်​လေ​၏။
And he said, I heard thy voice in the garden: and I was afraid, because I [was] naked; and I hid myself.
11 ၁၁ ဘု​ရား​သ​ခင်​က``သင်​တို့​တွင်​အ​ဝတ်​အ​ချည်း စည်း​ရှိ​သည်​ဟု မည်​သူ​က​ပြော​သ​နည်း။ သင်​တို့ အား​မ​စား​ရ​ဟု ငါ​ပညတ်​ထား​သော​အ​ပင်​၏ အ​သီး​ကို​စား​သ​လော'' ဟု​မေး​တော်​မူ​၏။
And he said, Who told thee that thou [wast] naked? Hast thou eaten of the tree of which I commanded thee, that thou shouldest not eat?
12 ၁၂ လူ​က​လည်း``ကျွန်​တော်​အား​ကိုယ်​တော်​ပေး အပ်​တော်​မူ​သော​မိန်း​မ​က အ​သီး​ကို​ပေး သ​ဖြင့်​ကျွန်​တော်​စား​မိ​ပါ​သည်'' ဟူ​၍​ပြန် လည်​လျှောက်​ထား​၏။
And the man said, The woman, whom thou gavest [to be] with me, she gave me of the tree, and I ate.
13 ၁၃ ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သခင်​က​မိန်း​မ​အား``သင် သည်​အ​ဘယ်​ကြောင့်​ထို​သို့​ပြု​ရ​သ​နည်း'' ဟု မေး​တော်​မူ​လျှင် ``မြွေ​က​ကျွန်​မ​ကို​လှည့်​စား သ​ဖြင့်​စား​မိ​ပါ​သည်'' ဟု​ပြန်​လည်​လျှောက် လေ​၏။
And the LORD God said to the woman, What [is] this [that] thou hast done? And the woman said, The serpent beguiled me, and I ate.
14 ၁၄ ထို​အ​ခါ​ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​က မြွေ​အား``သင်​သည် ဤ​သို့​ပြု​လုပ်​သည့်​အ​တွက် ဒဏ်​ခံ​ရ​မည်။ တိရစ္ဆာန်​အ​ပေါင်း​တို့​တွင်​သင်​သာ လျှင် ဤ​ကျိန်​စာ​သင့်​မည်။ ယ​ခု​မှ​စ​၍​သင် သည်​ဝမ်း​ဗိုက်​ဖြင့်​တွား​သွား​လျက် မြေ​မှုန့်​ကို တစ်​သက်​လုံး​စား​ရ​မည်။-
And the LORD God said to the serpent, Because thou hast done this, thou [art] cursed above all cattle, and above every beast of the field: upon thy belly shalt thou go, and dust shalt thou eat all the days of thy life:
15 ၁၅ သင်​နှင့်​မိန်း​မ​သည်​တစ်​ဦး​ကို​တစ်​ဦး​မုန်း​လိမ့်​မည်။ သင်​၏​အ​မျိုး​အ​နွယ်​နှင့်​မိန်းမ​၏​အ​မျိုး​အ​နွယ် သည် ရန်​ငြိုး​ဖွဲ့​လိမ့်​မည်။ လူ​သည်​သင်​၏​ဦး​ခေါင်း ကို​ချေ​လိမ့်​မည်။ သင်​သည်​လည်း သူ​၏​ဖ​နောင့်​ကို ပေါက်​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
And I will put enmity between thee and the woman, and between thy seed and her seed: it shall bruise thy head, and thou shalt bruise his heel.
16 ၁၆ မိန်း​မ​အား​လည်း``သင်​သည်​ကိုယ်​ဝန်​ဆောင်​ခြင်း ဖြင့်​ဒုက္ခ​ပို​များ​လာ​မည်။ သား​ဖွား​ခြင်း​ဝေ​ဒ​နာ ကို​ခံ​ရ​မည်။ သို့​သော်​လည်း​သင်​သည် မိ​မိ​ခင်​ပွန်း ကို​စုံ​မက်​နေ​လိမ့်​မည်။ သင့်​အ​ပေါ်​မှာ​သူ​၏ သြ​ဇာ​ညောင်း​ရ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
To the woman he said, I will greatly multiply thy sorrow and thy conception; in sorrow thou shalt bring forth children: and thy desire [shall be] to thy husband, and he shall rule over thee.
17 ၁၇ ယောကျာ်း​အား​လည်း``ထို​အ​ပင်​၏​အ​သီး​ကို မ​စား​ရ​ဟု ငါ​ပ​ညတ်​ထား​သော်​လည်း သင် ၏​မယား​၏​စ​ကား​ကို​နား​ထောင်​၍​စား​လေ ပြီ။ သင်​ထို​သို့​ပြု​ခြင်း​ကြောင့်​မြေ​သည်​ကျိန် စာ​သင့်​ရ​၏။ သင်​သည်​မိ​မိ​ဝမ်း​စာ​အ​တွက် မြေ​မှ​သီး​နှံ​ထွက်​စေ​ရန် တစ်​သက်​လုံး​ပင်​ပန်း စွာ​လုပ်​ကိုင်​ရ​မည်။-
And to Adam he said, Because thou hast hearkened to the voice of thy wife, and hast eaten of the tree of which I commanded thee, saying, Thou shalt not eat of it: cursed [is] the ground for thy sake; in sorrow shalt thou eat [of] it all the days of thy life;
18 ၁၈ မြေ​မှ​ဆူး​ချုံ​နှင့်​ပေါင်း​ပင်​များ​ပေါက်​လိမ့်​မည်။ သင်​သည်​အ​ရိုင်း​ပေါက်​သော​အ​ပင်​တို့​ကို​စား ရ​မည်။-
Thorns also and thistles shall it bring forth to thee; and thou shalt eat the herb of the field;
19 ၁၉ သင်​သည်​မြေ​မှ​ဖြစ်​လာ​၍​မြေ​သို့​ပြန်​သွား ရ​သည်​တိုင်​အောင် မြေ​မှ​သီး​နှံ​ထွက်​စေ​ရန်​ချွေး ထွက်​လျက်​ပင်​ပန်း​စွာ​လုပ်​ကိုင်​ရ​မည်။ သင်​သည် မြေ​မှ​ဖြစ်​လာ​၍ မြေ​သို့​ပြန်​သွား​ရ​မည်'' ဟု မိန့်​တော်​မူ​၏။
In the sweat of thy face shalt thou eat bread, till thou shalt return to the ground; for out of it wast thou taken: for dust thou [art], and to dust shalt thou return.
20 ၂၀ အာ​ဒံ သည်​မိ​မိ​၏​မယား​အား​ဧဝ​ဟု​မှည့်​ခေါ်​လေ ၏။ အ​ဘယ်​ကြောင့်​ဆို​သော်​သူ​သည် လူ​သတ္တဝါ အ​ပေါင်း​တို့​၏​မိ​ခင်​ဖြစ်​သော​ကြောင့်​တည်း။-
And Adam called his wife's name Eve, because she was the mother of all living.
21 ၂၁ ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​သည်​အာ​ဒံ နှင့်​ဧ​ဝ​တို့​အ​တွက် သား​ရေ​ဝတ်​လုံ​များ​ပြု လုပ်​၍​သူ​တို့​အား​ဝတ်​ဆင်​ပေး​တော်​မူ​၏။
For Adam also and for his wife the LORD God made coats of skins, and clothed them.
22 ၂၂ ထို​နောက်​ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​က``လူ သည်​ငါ​တို့​ကဲ့​သို့​ဖြစ်​လာ​၍ အ​ကောင်း​နှင့်​အ ဆိုး​ကို​သိ​မြင်​လာ​လေ​ပြီ။ အ​မြဲ​အ​သက် ရှင်​စေ​သော​အ​ပင်​မှ​အ​သီး​ကို​ဆွတ်​စား​၍ အ​မြဲ​အ​သက်​ရှင်​ခွင့်​မ​ပြု​ရ'' ဟု​မိန့်​တော် မူ​၏။-
And the LORD God said, Behold, the man hath become as one of us, to know good and evil. And now, lest he should put forth his hand, and take also of the tree of life, and eat, and live for ever:
23 ၂၃ ထို့​ကြောင့်​ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​သည် လူ​ကို​ဧ​ဒင်​ဥ​ယျာဉ်​ထဲ​မှ​နှင်​ထုတ်​၍ မြေ​မှ ဖြစ်​သော​လူ​အား​မြေ​ကို​ထွန်​ယက်​စိုက်​ပျိုး စေ​တော်​မူ​၏။-
Therefore the LORD God sent him forth from the garden of Eden, to till the ground from which he was taken.
24 ၂၄ ထို​နောက်​အ​သက်​ရှင်​စေ​သော​အ​ပင်​အ​နီး သို့​မည်​သူ​မျှ​မ​ချဉ်း​ကပ်​နိုင်​စေ​ရန် လည်​ပတ် လျက်​ရှိ​သော​ဋ္ဌား​မီး​စက်​လက်​နက်​နှင့်​တ​ကွ ခေ​ရု​ဗိမ် တို့​ကို​ဥယျာဉ်​အ​ရှေ့​ဘက်​တွင်​အ​စောင့်​ချ ထား​တော်​မူ​၏။
So he drove out the man: and he placed at the east of the garden of Eden Cherubim, and a flaming sword which turned every way, to keep the way of the tree of life.

< ကမ္ဘာ​ဦး 3 >