< ကမ္ဘာဦး 29 >
1 ၁ ယာကုပ်သည်အရှေ့ပြည်သို့ရှေ့ရှု၍ခရီးဆက် ခဲ့လေသည်။-
Тогава Яков тръгна и отиде в земята на източните жители.
2 ၂ ထိုပြည်သို့ရောက်သောအခါလယ်ကွင်းထဲ၌သိုး စုသုံးစုဝိုင်းရံလျက်ရှိသောရေတွင်းတစ်တွင်းကို မြင်ရလေသည်။ ထိုသို့ဝိုင်းရံရခြင်းမှာသိုးစုများ ကိုထိုရေတွင်းမှရေတိုက်ရခြင်းကြောင့်ဖြစ်၏။ ရေ တွင်းအဝကိုကျောက်တုံးကြီးဖြင့်ပိတ်ထားသည်။-
И погледна, и, ето, кладенец на полето, и там три стада овци, които почиваха при него, защото от оня кладенец напояваха стадата; и върху отвора на кладенеца имаше голям камък.
3 ၃ သိုးစုများရေတွင်းအနားသို့ရောက်ရှိလာကြ သောအခါမှသာ သိုးထိန်းတို့သည်ထိုကျောက် တုံးကိုရွှေ့၍သိုးများကိုရေတိုက်လေ့ရှိကြ၏။ ထိုနောက်သူတို့သည် ကျောက်တုံးကိုရေတွင်းဝ ပေါ်သို့ပြန်တင်ထားလေ့ရှိကြ၏။
И когато се събираха там всичките стада, отваляха камъка от отвора на кладенеца, та напояваха стадата; после пак туряха камъка на мястото му над отвора на кладенеца.
4 ၄ ယာကုပ်ကသိုးထိန်းတို့အား``အဆွေတို့၊ သင် တို့အဘယ်အရပ်ကလာကြသနည်း'' ဟုမေး သော်၊ ``ခါရန်မြို့ကလာကြပါသည်'' ဟုဖြေကြ၏။
И Яков каза на овчарите: Братя, от где сте? А те рекоха: От Харан сме.
5 ၅ တစ်ဖန်ယာကုပ်က``နာခေါ်၏သားလာဗန်ဆို သူကိုသိပါသလော'' ဟုမေး၏။ ``သိပါသည်'' ဟုပြန်ဖြေကြ၏။
И рече им: Познавате ли Лавана, Нахоровия син? Отговориха: Познаваме.
6 ၆ နောက်တစ်ဖန်ယာကုပ်က``သူကျန်းမာပါ သလော'' ဟုမေး၏။ သူတို့က``ကျန်းမာပါ၏။ ယခုပင်သူ၏သမီး ရာခေလသည်သိုးအုပ်နှင့်အတူလာနေပြီ'' ဟုဆိုကြ၏။
И рече им: Здрав ли е? А те рекоха: Здрав е; и ето дъщеря му Рахил иде с те.
7 ၇ ယာကုပ်က``ယခုနေမြင့်သေးသဖြင့်သိုးအုပ် များကိုသိမ်းသွင်းရန်အချိန်မရောက်သေး။ သင် တို့သည်သိုးများကိုရေတိုက်ပြီးလျှင် စား ကျက်သို့ပြန်၍ပို့ဦးလော့'' ဟုပြောလေ၏။
А той каза: Вижте, още е много рано, не е време да се прибира добитъкът; напойте те и идете да ги пасете.
8 ၈ ထိုအခါသူတို့က``ကျွန်ုပ်တို့ထိုသို့မပြု လုပ်နိုင်ပါ။ သိုးအုပ်အားလုံးဤအရပ်သို့ ရောက်ရှိ၍ကျောက်တုံးကိုရွှေ့ပြီးမှသိုးတို့ ကိုရေတိုက်ရပါသည်'' ဟုပြန်ဖြေကြ၏။
А те рекоха: Не можем догде не се съберат всичките стада и не отвалят камъка от отвора на кладенеца; тогава напояваме овците.
9 ၉ ယာကုပ်သည်သိုးကျောင်းသားတို့နှင့်စကား ပြောဆိုနေစဉ်ဖခင်၏သိုးတို့ကိုထိန်းကျောင်း ရသောရာခေလသည်သိုးအုပ်နှင့်အတူလာ နေ၏။-
Докато им говореше още, дойде Рахил с бащините си, защото тя ги пасеше.
10 ၁၀ ယာကုပ်သည်သူ၏ဦးရီးလာဗန်သိုးအုပ် နှင့်အတူရာခေလရောက်ရှိလာသောအခါ ရေတွင်းသို့သွား၍ကျောက်တုံးကိုရွှေ့ဖယ်ပြီး လျှင်လာဗန်၏သိုးတို့ကိုရေတိုက်လေ၏။-
А като видя Яков Рахил, дъщерята на вуйка си Лавана, и овците на вуйка си Лавана, Яков се приближи, та отвали камъка от отвора на кладенеца; и напои стадото на вуйка си Лавана.
11 ၁၁ ထိုနောက်သူသည်ရာခေလကိုနမ်း၍ ဝမ်း သာသောကြောင့်ငိုကြွေးလေ၏။-
И Яков целуна Рахил и заплака с висок глас.
12 ၁၂ သူက``ငါသည်ရေဗက္က၏သား၊ သင့်ဖခင်၏ ဆွေမျိုးရင်းချာဖြစ်သည်'' ဟုရာခေလအား ပြောလေ၏။ ရာခေလသည်ပြေး၍ဖခင်အားထိုအကြောင်း ကိုပြောပြလေ၏။-
И Яков каза на Рахил, че е брат на баща й и, че е син на Ревека; а тя се завтече, та извести на баща си.
13 ၁၃ လာဗန်သည်သူ၏တူယာကုပ်၏သတင်းကို ကြားရလျှင်ပြေး၍ သူ့အားဆီးကြိုဖက်ယမ်း နမ်းရှုပ်ပြီးလျှင်နေအိမ်သို့ခေါ်ဆောင်ခဲ့လေ သည်။ ယာကုပ်ကဖြစ်ခဲ့သမျှအကြောင်းကို အကုန်အစင်ပြောပြသောအခါ၊-
А Лаван, като чу за своя сестриник Яков, завтече се да го посрещне; и прегърна го, целуна го и го заведе у дома си. Тогава Яков разказа на Лавана всичко.
14 ၁၄ လာဗန်က``သင်သည်ငါ၏သွေးရင်းသားရင်း ပင်ဖြစ်ပါသည်တကား'' ဟုဆိုလေ၏။ ယာကုပ် သည်လည်းဦးရီးအိမ်တွင်တစ်လကြာမျှနေ ထိုင်လေသည်။
И Лаван му рече: Наистина, ти си моя кост и моя плът. И Яков живя при него един месец.
15 ၁၅ လာဗန်ကယာကုပ်အား``သင်သည်ငါ၏ဆွေမျိုး ဖြစ်သောကြောင့် ငါ့အတွက်အခမဲ့လုပ်ကိုင်မ ပေးသင့်။ သင်လိုချင်သည့်အခကိုတောင်းလော့'' ဟုဆိုလေ၏။-
След това Лаван рече на Якова: Нима, като си ми брат, ти ще ми работиш безплатно? Кажи ми, каква да ти бъде заплатата?
16 ၁၆ လာဗန်တွင်သမီးနှစ်ယောက်ရှိ၏။ သမီး အကြီး၏နာမည်သည်လေအာဖြစ်၍ သမီးအငယ်၏နာမည်မှာရာခေလဖြစ်၏။-
А Лаван имаше две дъщери: името на по-старата беше Лия, а името на по-младата - Рахил.
17 ၁၇ လေအာသည်မျက်လုံးမျက်ဖန်လှ၏။ ရာခေလ မူကားကိုယ်လုံးကိုယ်ပေါက်လှ၍ရှုချင်ဖွယ် ကောင်း၏။
На Лия очите не бяха здрави; а Рахил имаше хубава снага и хубаво лице.
18 ၁၈ ယာကုပ်သည်ရာခေလကိုချစ်သဖြင့်``ရာခေလ နှင့်ထိမ်းမြားပေးမည်ဆိုလျှင်ဦးရီးထံ၌ခုနစ် နှစ်အလုပ်လုပ်ပေးပါမည်'' ဟုပြောလေ၏။
И Яков, понеже обикна Рахил, рече: Ще ти работя седем години за по-малката ти дъщеря, Рахил.
19 ၁၉ လာဗန်က``ရာခေလအားအခြားသူတစ်ယောက် နှင့်ပေးစားရသည်ထက် သင်နှင့်ပေးစားရသည် ကပို၍သင့်မြတ်ပါမည်။ ငါနှင့်အတူနေလော့'' ဟုဖြေကြားလေသည်။-
И рече Лаван: По-добре да я дам на тебе, отколкото да я дам на друг мъж; живей при мене.
20 ၂၀ ယာကုပ်သည်ရာခေလကိုထိမ်းမြားနိုင်ရန်ခုနစ် နှစ်အလုပ်လုပ်၏။ သူသည်ရာခေလကိုချစ်သော ကြောင့်ထိုမျှသောကာလကိုတိုတောင်းသော အချိန်ဟူ၍ထင်မှတ်လေသည်။
И тъй, Яков работи за Рахил седем години; но, поради любовта му към нея, те му се видяха като няколко дни.
21 ၂၁ ယာကုပ်က``အချိန်စေ့ပါပြီ။ ဦးရီး၏သမီး နှင့်လက်ထပ်ခွင့်ပေးပါ'' ဟုလာဗန်အားပြော လေ၏။-
След това Яков каза на Лавана: Дай жена ми, защото дойде вече време да вляза при нея.
22 ၂၂ ထို့ကြောင့်လာဗန်သည်လက်ထပ်မင်္ဂလာဧည့်ခံပွဲ ကိုကျင်းပ၍ ထိုပွဲသို့လူတိုင်းအားဖိတ်ကြား လေသည်။-
И тъй, Лаван събра всичките хора от това място и даде угощение.
23 ၂၃ ထိုနေ့ည၌လာဗန်သည်ရာခေလအစားလေအာ ကို ယာကုပ်ထံသို့ပို့သဖြင့်သူသည်လေအာနှင့် အိပ်လေ၏။-
А вечерта взе дъщеря си Лия, та му я доведе; и той влезе при нея.
24 ၂၄ (လာဗန်သည်မိမိ၏ကျွန်မဇိလပကိုလေအာ ၏အထိန်းအဖြစ်ပေးအပ်လိုက်၏။-)
И Лаван даде слугинята си Зелфа за слугиня на дъщеря си Лия.
25 ၂၅ မိုးလင်းချိန်ရောက်မှယာကုပ်သည်မိမိ၏မယားမှာ လေအာဖြစ်ကြောင်းသိရလေသည်။ သူသည်လာဗန် ထံသို့သွား၍``အဘယ်ကြောင့်ထိုသို့ပြုလုပ်ရပါ သနည်း။ ကျွန်ုပ်သည်ရာခေလကိုရရန်အတွက် အလုပ်လုပ်ခဲ့ပါသည်။ ကျွန်ုပ်ကိုအဘယ်ကြောင့် လှည့်စားပါသနည်း'' ဟုမေးလေ၏။
Но на сутринта, ето, че беше Лия. И Яков рече на Лавана: Що е това, което ми стори ти? Нали за Рахил ти работих? Тогава защо ме излъга?
26 ၂၆ ထိုအခါလာဗန်က``ဤအရပ်ဒေသတွင်သမီး အကြီးကိုအိမ်ထောင်မချမီ သမီးအငယ်ကို အိမ်ထောင်ချသည့်ထုံးစံဋ္ဌလေ့မရှိပါ။-
А Лаван каза: В нашето място няма обичай да се дава по-младата преди по-старата.
27 ၂၇ သင်သည်ငါ့ထံ၌နောက်ထပ်ခုနစ်နှစ်အလုပ် လုပ်ဦးမည်ဆိုလျှင် မင်္ဂလာပွဲရက်သတ္တတစ်ပတ် ကုန်သောအခါသင့်အားရာခေလနှင့်ပေး စားပါမည်'' ဟုဆိုလေသည်။
Свърши сватбарската седмица с тая; и ще ти дам и оная за работата, която ще ми вършиш още седем години.
28 ၂၈ ယာကုပ်သည် သဘောတူလက်ခံလေ၏။ မင်္ဂလာပွဲ ရက်သတ္တပတ်ကုန်ဆုံးသောအခါ လာဗန်သည် သမီးရာခေလကို ယာကုပ်နှင့်ပေးစား၏။-
И Яков стори така; свърши седмицата с Лия и тогава Лаван му даде дъщеря си Рахил за жена.
29 ၂၉ (လာဗန်သည် မိမိ၏ကျွန်မဗိလဟာကို ရာခေလ၏အထိန်းအဖြစ်ပေးအပ်လိုက်၏။-)
И Лаван даде слугинята си Вала за слугиня на дъщеря си Рахил.
30 ၃၀ ထို့ကြောင့်ယာကုပ်သည်ရာခေလနှင့်လည်း အိပ်လေသည်။ သူသည်ရာခေလကိုလေအာ ထက်ပို၍ချစ်၏။ ထိုနောက်သူသည်လာဗန် ထံ၌ နောက်ထပ်ခုနစ်နှစ်အစေခံလေသည်။
И Яков влезе при Рахил, и обикна Рахил повече от Лия; и работи на Лаван още седем години.
31 ၃၁ ယာကုပ်သည်လေအာကိုမချစ်ကြောင်း ထာဝရဘုရားသိမြင်တော်မူသဖြင့် လေအာကိုသားသမီးထွန်းကားစေ၏။ ရာ ခေလမူကားသားသမီးမထွန်းကားချေ။-
А Господ, понеже видя, че Лия не беше обичана, отвори утробата й; а Рахил беше бездетна.
32 ၃၂ မကြာမီလေအာသည်ကိုယ်ဝန်ဆောင်၍သား တစ်ယောက်ကိုဖွားမြင်သော်သူက``ထာဝရ ဘုရားသည်ငါ၏ဒုက္ခကိုမြင်တော်မူပြီ။ ယခု ငါ၏လင်ယောကျာ်းသည်ငါ့အားချစ်လိမ့်မည်'' ဟုဆို၍ထိုသားကိုရုဗင်ဟုနာမည်မှည့် လေ၏။-
И тъй, Лия зачна и роди син, и наименува го Рувим, защото си думаше: Господ погледна на неволята ми; сега мъжът ми ще обикне.
33 ၃၃ လေအာသည်တစ်ဖန်ကိုယ်ဝန်ဆောင်၍သားတစ် ယောက်ကိုဖွားမြင်ပြန်သောအခါသူက``ငါ ၏လင်ယောကျာ်းသည်ငါ့အားမချစ်ကြောင်း ကိုထာဝရဘုရားကြားသိတော်မူသဖြင့် ဤသားကိုလည်းပေးသနားတော်မူပြီ'' ဟု ဆို၍ထိုသားကိုရှိမောင်ဟုနာမည်မှည့်လေ၏။-
И пак зачна и роди син; и рече: Понеже чу Господ, че не съм любима, затова ми даде и тоя син; и наименува го Симеон.
34 ၃၄ ထိုနောက်သူသည်တစ်ဖန်ကိုယ်ဝန်ဆောင်၍ သားတစ်ယောက်ကိုဖွားမြင်ပြန်သည်ရှိသော် သူက``ငါ၏လင်ယောကျာ်းအားသားသုံး ယောက်ကိုဖွားမြင်ပေးပြီဖြစ်ရာသူသည် ငါ့အားယခင်ကထက်ပို၍ခင်တွယ်မှုရှိ မည်'' ဟုဆိုလျက်တတိယသားကိုလေဝိ ဟူ၍နာမည်မှည့်လေသည်။-
Пак зачна и роди син; и рече: Сега вече мъжът ми ще се привърже към мене, защото му родих три сина; затова го наименува Левий
35 ၃၅ သူသည်နောက်တစ်ဖန်ကိုယ်ဝန်ဆောင်၍သား တစ်ယောက်ကိုဖွားမြင်ပြန်လျှင်သူက``ဤ တစ်ကြိမ်တွင်ငါသည်ထာဝရဘုရား၏ ဂုဏ်တော်ကိုချီးမွမ်းမည်'' ဟုဆိုလျက်စတုတ္ထ သားကိုယုဒဟူ၍နာမည်မှည့်လေသည်။ ထို နောက်သူ၌သားဖွားခြင်းရပ်စဲသွားလေ၏။
И пак зачна и роди син; и рече: Тоя път ще възхваля Господа; затова го наименува Юда. И престана да ражда.