< ကမ္ဘာ​ဦး 28 >

1 ထို​အ​ခါ​ဣ​ဇာက်​သည်​ယာ​ကုပ်​ကို​ခေါ်​ပြီး လျှင်``သင်​သည်​ခါ​နာန်​အ​မျိုး​သ​မီး​နှင့် အိမ်​ထောင်​မ​ပြု​ရ။-
וַיִּקְרָ֥א יִצְחָ֛ק אֶֽל־יַעֲקֹ֖ב וַיְבָ֣רֶךְ אֹת֑וֹ וַיְצַוֵּ֙הוּ֙ וַיֹּ֣אמֶר ל֔וֹ לֹֽא־תִקַּ֥ח אִשָּׁ֖ה מִבְּנ֥וֹת כְּנָֽעַן׃
2 သင်​၏​အ​ဖိုး​ဗေ​သွေ​လ​နေ​ထိုင်​ရာ​မက်​ဆို​ပို တေး​မီး​ယား​ပြည်​သို့​ယ​ခု​သွား​လော့။ သင့်​ဦး လေး​လာ​ဗန်​၏​သ​မီး​တစ်​ယောက်​ယောက်​နှင့် အိမ်​ထောင်​ပြု​လော့။-
ק֥וּם לֵךְ֙ פַּדֶּ֣נָֽה אֲרָ֔ם בֵּ֥יתָה בְתוּאֵ֖ל אֲבִ֣י אִמֶּ֑ךָ וְקַח־לְךָ֤ מִשָּׁם֙ אִשָּׁ֔ה מִבְּנ֥וֹת לָבָ֖ן אֲחִ֥י אִמֶּֽךָ׃
3 အ​နန္တ​တန်​ခိုး​ရှင်​ဘု​ရား​သ​ခင်​သည်​သင့်​ကို ကောင်း​ချီး​ပေး​၍​သား​သ​မီး​များ​စွာ​ထွန်း ကား​စေ​သ​ဖြင့် သင်​သည်​လူ​မျိုး​များ​စွာ​တို့ ၏​ဖခင်​ဖြစ်​ပါ​စေ​သော။-
וְאֵ֤ל שַׁדַּי֙ יְבָרֵ֣ךְ אֹֽתְךָ֔ וְיַפְרְךָ֖ וְיַרְבֶּ֑ךָ וְהָיִ֖יתָ לִקְהַ֥ל עַמִּֽים׃
4 ဘု​ရား​သ​ခင်​သည်​အာ​ဗြ​ဟံ​အား​ကောင်း ချီး​ပေး​သည့်​နည်း​တူ သင်​နှင့်​သင်​၏​အ​ဆက် အ​နွယ်​တို့​အား​ကောင်း​ချီး​ပေး​ပါ​စေ​သော။ အာ​ဗြ​ဟံ​အား​ဘု​ရား​သ​ခင်​ပေး​တော်​မူ သော သင်​ယ​ခု​နေ​ထိုင်​သော​ပြည်​ကို​အ​ပိုင် ရ​ပါ​စေ​သော'' ဟု​ကောင်းချီး​ပေး​၍​မှာ​ကြား လေ​၏။-
וְיִֽתֶּן־לְךָ֙ אֶת־בִּרְכַּ֣ת אַבְרָהָ֔ם לְךָ֖ וּלְזַרְעֲךָ֣ אִתָּ֑ךְ לְרִשְׁתְּךָ֙ אֶת־אֶ֣רֶץ מְגֻרֶ֔יךָ אֲשֶׁר־נָתַ֥ן אֱלֹהִ֖ים לְאַבְרָהָֽם׃
5 ဣ​ဇာက်​သည်​ရှု​ရိ​အ​မျိုး​သား​ဗေ​သွေ​လ ၏​သား​လာ​ဗန် နေ​ထိုင်​ရာ​ပါ​ဒ​နာ​ရံ​ပြည် သို့​ယာ​ကုပ်​ကို​စေ​လွှတ်​၏။ လာ​ဗန်​သည် ယာ​ကုပ်​နှင့်​ဧ​သော​တို့​၏​မိ​ခင်​ရေ​ဗက္က​၏ မောင်​ဖြစ်​သ​တည်း။
וַיִּשְׁלַ֤ח יִצְחָק֙ אֶֽת־יַעֲקֹ֔ב וַיֵּ֖לֶךְ פַּדֶּ֣נָֽה אֲרָ֑ם אֶל־לָבָ֤ן בֶּן־בְּתוּאֵל֙ הָֽאֲרַמִּ֔י אֲחִ֣י רִבְקָ֔ה אֵ֥ם יַעֲקֹ֖ב וְעֵשָֽׂו׃
6 ဣ​ဇာက်​က​ယာ​ကုပ်​အား​ကောင်းချီး​ပေး​၍​မ​ယား ရှာ​ရန် ပါ​ဒ​နာ​ရံ​ပြည်​သို့​စေ​လွှတ်​လိုက်​ကြောင်း ကို​လည်း​ကောင်း၊ ထို​သို့​ယာ​ကုပ်​အား​ကောင်း​ချီး ပေး​စဉ်​ခါ​နာန်​အ​မျိုး​သ​မီး​နှင့်​အိမ်​ထောင် မ​ပြု​ရ​ဟူ​၍​မှာ​ကြား​ကြောင်း၊-
וַיַּ֣רְא עֵשָׂ֗ו כִּֽי־בֵרַ֣ךְ יִצְחָק֮ אֶֽת־יַעֲקֹב֒ וְשִׁלַּ֤ח אֹתוֹ֙ פַּדֶּ֣נָֽה אֲרָ֔ם לָקַֽחַת־ל֥וֹ מִשָּׁ֖ם אִשָּׁ֑ה בְּבָרֲכ֣וֹ אֹת֔וֹ וַיְצַ֤ו עָלָיו֙ לֵאמֹ֔ר לֹֽא־תִקַּ֥ח אִשָּׁ֖ה מִבְּנ֥וֹת כְּנָֽעַן׃
7 ယာ​ကုပ်​သည်​မိ​ဘ​တို့​၏​စ​ကား​ကို​နား​ထောင်​၍ ပါ​ဒ​နာ​ရံ​ပြည်​သို့​သွား​ပြီ​ဖြစ်​ကြောင်း​ကို ဧ​သော​သိ​ရှိ​လေ​၏။-
וַיִּשְׁמַ֣ע יַעֲקֹ֔ב אֶל־אָבִ֖יו וְאֶל־אִמּ֑וֹ וַיֵּ֖לֶךְ פַּדֶּ֥נָֽה אֲרָֽם׃
8 ဧ​သော​သည်​ခါ​နာန်​အ​မျိုး​သ​မီး​များ​ကို ဖ​ခင်​ဣ​ဇာက်​မ​နှစ်​သက်​ကြောင်း​သိ​ရ​သ​ဖြင့်၊-
וַיַּ֣רְא עֵשָׂ֔ו כִּ֥י רָע֖וֹת בְּנ֣וֹת כְּנָ֑עַן בְּעֵינֵ֖י יִצְחָ֥ק אָבִֽיו׃
9 အာ​ဗြ​ဟံ​၏​သား​ဣ​ရှ​မေ​လ​ထံ​သို့​သွား​ပြီး လျှင် သူ​၏​သ​မီး​မ​ဟာ​လတ်​နှင့်​အိမ်​ထောင်​ပြု လေ​သည်။ မ​ဟာ​လတ်​သည်​ကား​န​ဗာ​ယုတ်​၏ နှ​မ​ဖြစ်​သ​တည်း။
וַיֵּ֥לֶךְ עֵשָׂ֖ו אֶל־יִשְׁמָעֵ֑אל וַיִּקַּ֡ח אֶֽת־מָחֲלַ֣ת ׀ בַּת־יִשְׁמָעֵ֨אל בֶּן־אַבְרָהָ֜ם אֲח֧וֹת נְבָי֛וֹת עַל־נָשָׁ֖יו ל֥וֹ לְאִשָּֽׁה׃ ס
10 ၁၀ ယာ​ကုပ်​သည်​ဗေ​ရ​ရှေ​ဘ​အ​ရပ်​မှ​ခါ​ရန် မြို့​သို့​ခ​ရီး​ထွက်​ခဲ့​လေ​သည်။-
וַיֵּצֵ֥א יַעֲקֹ֖ב מִבְּאֵ֣ר שָׁ֑בַע וַיֵּ֖לֶךְ חָרָֽנָה׃
11 ၁၁ နေ​ဝင်​ချိန်​၌​သူ​သည်​တစ်​နေ​ရာ​သို့​ရောက် ရှိ​၍​ခ​ရီး​တစ်​ထောက်​နား​လေ​သည်။ သူ​သည် ကျောက်​တုံး​တစ်​တုံး​ကို​ခေါင်း​အုံး​၍​အိပ်​သည်။-
וַיִּפְגַּ֨ע בַּמָּק֜וֹם וַיָּ֤לֶן שָׁם֙ כִּי־בָ֣א הַשֶּׁ֔מֶשׁ וַיִּקַּח֙ מֵאַבְנֵ֣י הַמָּק֔וֹם וַיָּ֖שֶׂם מְרַֽאֲשֹׁתָ֑יו וַיִּשְׁכַּ֖ב בַּמָּק֥וֹם הַהֽוּא׃
12 ၁၂ ထို​သို့​အိပ်​နေ​စဉ်​အိပ်​မက်​ထဲ​၌​မြေ​ပြင်​မှ​မိုး ကောင်း​ကင်​သို့​တိုင်​အောင်​ထောင်​လျက်​ရှိ​သော လှေ​ကား​ပေါ်​တွင် ကောင်း​ကင်​တ​မန်​များ​တက် လျက်​ဆင်း​လျက်​ရှိ​သည်​ကို​မြင်​ရ​၏။-
וַֽיַּחֲלֹ֗ם וְהִנֵּ֤ה סֻלָּם֙ מֻצָּ֣ב אַ֔רְצָה וְרֹאשׁ֖וֹ מַגִּ֣יעַ הַשָּׁמָ֑יְמָה וְהִנֵּה֙ מַלְאֲכֵ֣י אֱלֹהִ֔ים עֹלִ֥ים וְיֹרְדִ֖ים בּֽוֹ׃
13 ၁၃ ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​သည်​သူ့​အ​နီး​တွင် ရပ်​နေ​သည်​ကို​မြင်​ရ​၏။ ထာ​ဝ​ရ​ဘု​ရား​က``ငါ သည်​အာ​ဗြ​ဟံ၊ ဣ​ဇာက်​တို့​၏​ဘု​ရား​တည်း​ဟူ သော​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​၏။ သင်​ယ​ခု​နား​နေ ရာ​ပြည်​ကို​သင်​နှင့်​သင်​၏​အ​ဆက်​အ​နွယ်​တို့ အား​ငါ​ပေး​မည်။-
וְהִנֵּ֨ה יְהוָ֜ה נִצָּ֣ב עָלָיו֮ וַיֹּאמַר֒ אֲנִ֣י יְהוָ֗ה אֱלֹהֵי֙ אַבְרָהָ֣ם אָבִ֔יךָ וֵאלֹהֵ֖י יִצְחָ֑ק הָאָ֗רֶץ אֲשֶׁ֤ר אַתָּה֙ שֹׁכֵ֣ב עָלֶ֔יהָ לְךָ֥ אֶתְּנֶ֖נָּה וּלְזַרְעֶֽךָ׃
14 ၁၄ သင်​၏​အ​ဆက်​အ​နွယ်​တို့​သည်​မြေ​မှုန့်​ကဲ့​သို့ များ​ပြား​လိမ့်​မည်။ သူ​တို့​၏​နယ်​မြေ​သည်​အ​ရပ် လေး​မျက်​နှာ​သို့​ကျယ်​ပြန့်​လိမ့်​မည်။ ငါ​သည် သင်​နှင့်​သင်​၏​အ​ဆက်​အ​နွယ်​တို့​အား​ဖြင့် ကမ္ဘာ​ပေါ်​ရှိ​လူ​မျိုး​အ​ပေါင်း​တို့​အား​ကောင်း ချီး​ပေး​မည်။-
וְהָיָ֤ה זַרְעֲךָ֙ כַּעֲפַ֣ר הָאָ֔רֶץ וּפָרַצְתָּ֛ יָ֥מָּה וָקֵ֖דְמָה וְצָפֹ֣נָה וָנֶ֑גְבָּה וְנִבְרֲכ֥וּ בְךָ֛ כָּל־מִשְׁפְּחֹ֥ת הָאֲדָמָ֖ה וּבְזַרְעֶֽךָ׃
15 ၁၅ ငါ​သည်​သင်​နှင့်​အ​တူ​ရှိ​၍​သင်​သွား​ရာ အ​ရပ်​၌​သင့်​ကို​စောင့်​ရှောက်​မည်။ သင့်​ကို​ဤ ပြည်​သို့​တစ်​ဖန်​ပို့​ဆောင်​ဦး​မည်။ ငါ​သည်​သင့် အား​ထား​သော​ကတိ​အ​တိုင်း​အ​ကောင်​အ​ထည် မ​ပေါ်​မီ​သင့်​ကို​စွန့်​ပစ်​၍​မ​ထား'' ဟု​မိန့်​တော် မူ​၏။
וְהִנֵּ֨ה אָנֹכִ֜י עִמָּ֗ךְ וּשְׁמַרְתִּ֙יךָ֙ בְּכֹ֣ל אֲשֶׁר־תֵּלֵ֔ךְ וַהֲשִׁ֣בֹתִ֔יךָ אֶל־הָאֲדָמָ֖ה הַזֹּ֑את כִּ֚י לֹ֣א אֶֽעֱזָבְךָ֔ עַ֚ד אֲשֶׁ֣ר אִם־עָשִׂ֔יתִי אֵ֥ת אֲשֶׁר־דִּבַּ֖רְתִּי לָֽךְ׃
16 ၁၆ ထို​နောက်​ယာ​ကုပ်​သည်​အိပ်​ရာ​မှ​နိုး​၍``ထာ​ဝ​ရ ဘု​ရား​သည်​စင်​စစ်​ဤ​အ​ရပ်​၌​ရှိ​တော်​မူ​၏။ ရှိ တော်​မူ​ကြောင်း​ငါ​မ​သိ​ပါ​တ​ကား'' ဟု​ဆို လေ​၏။-
וַיִּיקַ֣ץ יַעֲקֹב֮ מִשְּׁנָתוֹ֒ וַיֹּ֕אמֶר אָכֵן֙ יֵ֣שׁ יְהוָ֔ה בַּמָּק֖וֹם הַזֶּ֑ה וְאָנֹכִ֖י לֹ֥א יָדָֽעְתִּי׃
17 ၁၇ သူ​သည်​ကြောက်​ရွံ့​လျက်``ဤ​အ​ရပ်​သည်​ကြောက်​မက် ဖွယ်​ကောင်း​သော​အ​ရပ်​ဖြစ်​ပါ​သည်​တ​ကား။ ဘု​ရား​သ​ခင်​ကျိန်း​ဝပ်​တော်​မူ​ရာ​ဗိ​မာန်​ကောင်း​ကင်​ဘုံ တံ​ခါး​ဝ​ပင်​ဖြစ်​ပါ​သည်​တ​ကား'' ဟု​ဆို​လေ​၏။
וַיִּירָא֙ וַיֹּאמַ֔ר מַה־נּוֹרָ֖א הַמָּק֣וֹם הַזֶּ֑ה אֵ֣ין זֶ֗ה כִּ֚י אִם־בֵּ֣ית אֱלֹהִ֔ים וְזֶ֖ה שַׁ֥עַר הַשָּׁמָֽיִם׃
18 ၁၈ ယာ​ကုပ်​သည်​နောက်​တစ်​နေ့​နံ​နက်​စော​စော အိပ်​ရာ​မှ နိုး​ထ​၍​သူ​ခေါင်း​အုံး​သော​ကျောက်​တုံး​ကို​ယူ​ပြီး လျှင် မှတ်​တိုင်​အ​ဖြစ်​စိုက်​ထူ​လေ​သည်။ ထို​နောက်​မှတ် တိုင်​ပေါ်​တွင်​သံ​လွင်​ဆီ​လောင်း​လျက် ထို​မှတ်​တိုင် ကို​ဘု​ရား​သ​ခင်​အား​ဆက်​ကပ်​လေ​၏။-
וַיַּשְׁכֵּ֨ם יַעֲקֹ֜ב בַּבֹּ֗קֶר וַיִּקַּ֤ח אֶת־הָאֶ֙בֶן֙ אֲשֶׁר־שָׂ֣ם מְרַֽאֲשֹׁתָ֔יו וַיָּ֥שֶׂם אֹתָ֖הּ מַצֵּבָ֑ה וַיִּצֹ֥ק שֶׁ֖מֶן עַל־רֹאשָֽׁהּ׃
19 ၁၉ ထို​အ​ရပ်​ကို​ဗေ​သ​လ​ဟု​နာ​မည်​မှည့်​ခေါ်​လေ သည်။ (ယ​ခင်​က​ထို​မြို့​ကို​လု​ဇ​ဟု​ခေါ်​တွင်​၏။)-
וַיִּקְרָ֛א אֶת־שֵֽׁם־ הַמָּק֥וֹם הַה֖וּא בֵּֽית־אֵ֑ל וְאוּלָ֛ם ל֥וּז שֵׁם־הָעִ֖יר לָרִאשֹׁנָֽה׃
20 ၂၀ ထို​နောက်​ယာ​ကုပ်​က​ထာ​ဝ​ရ​ဘု​ရား​အား ``ကိုယ်​တော်​ရှင်​သည်​အ​ကျွန်ုပ်​နှင့်​အ​တူ​ရှိ​၍ အ​ကျွန်ုပ်​သွား​ရ​မည့်​ခ​ရီး​၌​စောင့်​ရှောက်​လျက် အ​စား​အ​စာ​နှင့်​အ​ဝတ်​ကို​ပေး​သ​နား​တော် မူ​ပြီး​လျှင်၊-
וַיִּדַּ֥ר יַעֲקֹ֖ב נֶ֣דֶר לֵאמֹ֑ר אִם־יִהְיֶ֨ה אֱלֹהִ֜ים עִמָּדִ֗י וּשְׁמָרַ֙נִי֙ בַּדֶּ֤רֶךְ הַזֶּה֙ אֲשֶׁ֣ר אָנֹכִ֣י הוֹלֵ֔ךְ וְנָֽתַן־לִ֥י לֶ֛חֶם לֶאֱכֹ֖ל וּבֶ֥גֶד לִלְבֹּֽשׁ׃
21 ၂၁ အ​ကျွန်ုပ်​ဖ​ခင်​အိမ်​သို့​ချော​မော​စွာ​ပြန်​လည်​ပို့ ဆောင်​တော်​မူ​ပါ​က​ကိုယ်​တော်​ရှင်​သည်​အ​ကျွန်ုပ် ဘု​ရား​ဖြစ်​တော်​မူ​မည်။-
וְשַׁבְתִּ֥י בְשָׁל֖וֹם אֶל־בֵּ֣ית אָבִ֑י וְהָיָ֧ה יְהוָ֛ה לִ֖י לֵאלֹהִֽים׃
22 ၂၂ အ​ကျွန်ုပ်​စိုက်​ထူ​သော​ဤ​မှတ်​တိုင်​သည်​ထာ​ဝ​ရ ဘု​ရား​ကို​ကိုး​ကွယ်​ရာ​ဌာ​န​ဖြစ်​ပါ​လိမ့်​မည်။ အ​ကျွန်ုပ်​သည်​လည်း​ကိုယ်​တော်​ရှင်​ပေး​တော်​မူ သ​မျှ​ထဲ​မှ​ဆယ်​ပုံ​တစ်​ပုံ​ကို​ကိုယ်​တော်​ရှင် အား​လှူ​ဒါန်း​ပါ​မည်'' ဟု​သစ္စာ​ဆို​လေ​၏။
וְהָאֶ֣בֶן הַזֹּ֗את אֲשֶׁר־שַׂ֙מְתִּי֙ מַצֵּבָ֔ה יִהְיֶ֖ה בֵּ֣ית אֱלֹהִ֑ים וְכֹל֙ אֲשֶׁ֣ר תִּתֶּן־לִ֔י עַשֵּׂ֖ר אֲעַשְּׂרֶ֥נּוּ לָֽךְ׃

< ကမ္ဘာ​ဦး 28 >