< ကမ္ဘာဦး 26 >
1 ၁ ထိုပြည်တွင်အာဗြဟံလက်ထက်ကကဲ့သို့ အစာခေါင်းပါးခြင်းကပ်ဆိုက်ရောက်လာရာ ဣဇာက်သည်ဖိလိတ္တိဘုရင်အဘိမလက် နန်းစိုက်ရာဂေရာမြို့သို့သွားလေ၏။-
Zvino munyika makanga mune nzara, isati iri nzara iya yakatanga kuvapo panguva yaAbhurahama, uye Isaka akaenda kuna Abhimereki mambo wavaFiristia muGerari.
2 ၂ ထာဝရဘုရားသည်သူ့အားကိုယ်ထင်ပြ ၍``သင်သည်အီဂျစ်ပြည်သို့မသွားနှင့်။ ငါ ပြလတ္တံ့သောပြည်၌နေထိုင်လော့။-
Jehovha akazviratidza kuna Isaka akati, “Usaburuka kuIjipiti; gara munyika yandinokuudza kuti ugare.
3 ၃ ယခုဤပြည်၌နေလော့။ ငါသည်သင်နှင့် အတူရှိ၍ကောင်းချီးပေးမည်။ ဤဒေသအား လုံးကိုသင်နှင့်သင်၏အဆက်အနွယ်တို့အား ငါပေးမည်။ သင်၏အဖအာဗြဟံအားငါ ထားသောကတိအတိုင်းငါပြုမည်။-
Gara hako munyika ino kwechinguva, uye ndichava newe uye ndichakuropafadza. Nokuti kwauri nokuzvizvarwa zvako ndichapa nyika iyi yose uye ndichasimbisa mhiko yandakapika kuna baba vako Abhurahama.
4 ၄ သင်၏အဆက်အနွယ်တို့ကိုကောင်းကင်ကြယ် ကဲ့သို့များပြားစေ၍ သူတို့အားဤဒေသ အားလုံးကိုပေးမည်။ သင်၏အဆက်အနွယ် တို့အားငါကောင်းချီးပေးသည့်နည်းတူ ကမ္ဘာ ပေါ်ရှိလူမျိုးအပေါင်းတို့ကလည်းငါ့ထံ မှကောင်းချီးကိုတောင်းလျှောက်ကြလိမ့် မည်။-
Ndichaita kuti zvizvarwa zvako zviwande senyeredzi dzokudenga uye ndichavapa nyika dzose idzi, uye kubudikidza navana vako ndudzi dzose dzapanyika dzicharopafadzwa,
5 ၅ အာဗြဟံသည်ငါ၏စကားကိုနားထောင်၍ငါ ၏ပညတ်နှင့်အမိန့်ရှိသမျှတို့ကိုစောင့်ထိန်း သောကြောင့် ငါသည်သင့်အားကောင်းချီးပေး မည်'' ဟုမိန့်တော်မူ၏။
nokuti Abhurahama akanditeerera uye akachengeta zvaidikanwa neni, nemitemo yangu, zvirevo zvangu uye nemirayiro yangu.”
6 ၆ ထို့ကြောင့်ဣဇာက်သည်ဂေရာမြို့မှာနေထိုင်လေ၏။-
Saka Isaka akagara muGerari.
7 ၇ ထိုမြို့သားတို့က``သင်နှင့်ပါလာသောအမျိုး သမီးသည်မည်သူနည်း'' ဟုမေးကြသောအခါ သူ၏နှမဖြစ်သည်ဟုဖြေကြားလေသည်။ သူ ၏မယားဖြစ်သည်ဟုမဖော်ပြခြင်းမှာ ရေဗက္က သည်ရုပ်ရည်အလွန်လှသူဖြစ်သဖြင့် ထိုမြို့ သားတို့ကမိမိအားသတ်မည်ကိုဣဇာက် စိုးရိမ်သောကြောင့်ဖြစ်သည်။-
Vanhu venyika iyo pavakamubvunza pamusoro pomukadzi wake, akati, “Ihanzvadzi yangu,” nokuti akanga achitya kuti, “Mukadzi wangu.” Akafunga mumwoyo make achiti, “Vanhu vomunyika muno vangandiuraye nokuda kwaRabheka, nokuti akanaka kwazvo.”
8 ၈ ဣဇာက်သည်ထိုမြို့တွင်အတန်ကြာနေထိုင်ပြီး နောက်၊ တစ်နေ့တွင်အဘိမလက်ဘုရင်ကြီးသည် ပြူတင်းပေါက်မှအပြင်သို့ကြည့်လိုက်ရာ ဣဇာက် နှင့်ရေဗက္ကတို့ချစ်ကျွမ်းဝင်နေကြသည်ကိုမြင် ရလေသည်။-
Isaka akati agara ikoko kwenguva refu, Abhimereki mambo wavaFiristia akatarira pasi napawindo akaona Isaka achitamba nomukadzi wake Rabheka.
9 ၉ အဘိမလက်သည်ဣဇာက်ကိုခေါ်၍``သူသည် စင်စစ်သင်၏မယားဖြစ်၏။ အဘယ်ကြောင့် သင်၏နှမဟုပြောရသနည်း'' ဟုမေး၏။ ဣဇာက်က``သူသည်ကျွန်ုပ်၏မယားဖြစ်သည် ဟုပြောလျှင်အသတ်ခံရမည်ကိုစိုးရိမ်မိ ပါသည်'' ဟုလျှောက်လေ၏။
Saka Abhimereki akadana Isaka akati, “Mukadzi wako chaiye uyu! Seiko wakati, ‘Ihanzvadzi yangu’?” Isaka akapindura akati, “Nokuti ndakafunga kuti ndingafa nokuda kwake.”
10 ၁၀ အဘိမလက်က``သင်သည်ငါတို့အားအဘယ် သို့ပြုမူသနည်း။ ငါ၏လူတစ်ယောက်ယောက်က သင်၏မယားနှင့်အကြောင်းမသိဘဲပြစ်မှား မိလျှင် သင့်ကြောင့်ငါတို့အပြစ်ကူးလွန်ရာ ရောက်ပေမည်'' ဟုဆိုလေသည်။-
Ipapo Abhimereki akati, “Chiiko ichi chawakaita kwatiri? Mumwe wavarume aigona kunge akavata nomukadzi wako, uye ungadai wakazouyisa mhosva pamusoro pedu.”
11 ၁၁ ထိုနောက်အဘိမလက်က``ဤသူကိုသော်လည်း ကောင်း၊ သူ၏မယားကိုသော်လည်းကောင်းမ တရားသဖြင့်ပြုသောသူအားသေဒဏ်သင့် စေမည်'' ဟုပြည်သားတို့အားသတိပေးလေ၏။
Saka Abhimereki akarayira vanhu vake vose achiti, “Ani naani anobata murume uyu kana mukadzi wake achaurayiwa zvirokwazvo.”
12 ၁၂ ဣဇာက်သည်ထိုပြည်တွင်နေထိုင်စဉ် ကောက်ပဲ သီးနှံစိုက်ပျိုးလုပ်ကိုင်ရာ ထာဝရဘုရား သည်သူ့အားကောင်းချီးပေးသဖြင့် ထိုနှစ် တွင်အဆတစ်ရာမျှသောအသီးအနှံကို ရိတ်သိမ်းရသည်။-
Isaka akadyara zviyo munyika uye mugore racho iroro akakohwa zvakapetwa kazana, nokuti Jehovha akamuropafadza.
13 ၁၃ သူသည်စီးပွားတိုးတက်လာပြီးလျှင် အလွန်ကြွယ်ဝချမ်းသာလာလေသည်။-
Murume uyu akava mupfumi, uye pfuma yake yakaramba ichiwanda kusvikira apfuma kwazvo.
14 ၁၄ သူ၌သိုးအုပ်၊ နွားအုပ်နှင့်အခြွေအရံများစွာရှိ ၍ ဖိလိတ္တိအမျိုးသားတို့သည်သူ့အားမနာ လိုကြသဖြင့်၊-
Akanga ana makwai mazhinji nemombe dzakawanda navaranda vakawanda zvokuti vaFiristia vakamuitira godo.
15 ၁၅ သူ၏အဖအာဗြဟံအသက်ရှင်စဉ်အဖ၏ အစေခံတို့တူးဖော်ခဲ့သောရေတွင်းရှိသမျှ တို့ကိုမြေဖို့ပစ်ကြလေ၏။
Saka matsime ose akanga acherwa navaranda vababa vake panguva yababa vake Abhurahama, vaFiristia vakaadzivira, vachiazadza nevhu.
16 ၁၆ ထိုအခါအဘိမလက်ဘုရင်ကဣဇာက် အား``သင်သည်ငါတို့ထက်တန်ခိုးကြီးလာ ပြီဖြစ်၍ငါတို့ပြည်မှထွက်သွားလော့'' ဟု မိန့်တော်မူ၏။-
Ipapo Abhimereki akati kuna Isaka, “Ibva uende kure nesu; wanyanya kuva nesimba zvokutipfuura.”
17 ၁၇ ထို့ကြောင့်ဣဇာက်သည်ထိုအရပ်မှထွက်ခဲ့ ပြီးလျှင် ဂေရာချိုင့်ဝှမ်းတွင်အတန်ကြာမျှ စခန်းချနေထိုင်လေသည်။-
Saka Isaka akabvapo akandodzika musasa muMupata weGera akagara ikoko.
18 ၁၈ အာဗြဟံလက်ထက်ကတူးဖော်ခဲ့၍အာဗြဟံ ကွယ်လွန်ပြီးနောက် ဖိလိတ္တိအမျိုးသားတို့မြေဖို့ ခဲ့ကြသောရေတွင်းများကို သူသည်တစ်ဖန်တူး ဖော်၍ထိုရေတွင်းများကိုသူ၏ဖခင်မှည့်ခေါ် သောနာမည်များဖြင့်မှည့်ခေါ်လေ၏။-
Isaka akacherazve matsime akanga acherwa panguva yababa vake Abhurahama, iwo akanga adzivirwa navaFiristia shure kwokufa kwaAbhurahama, uye akaapa mazita mamwe chetewo aakanga atumidzwa nababa vake.
19 ၁၉ ဣဇာက်၏အစေခံတို့သည်ထိုချိုင့်ဝှမ်း၌ရေ တွင်းသစ်တစ်တွင်းတူးရာရေထွက်လေ၏။-
Varanda vaIsaka vakachera muMupata vakawanamo tsime remvura yakanaka.
20 ၂၀ ဂေရာမြို့မှသိုးထိန်းတို့က``ဤရေတွင်းကို ကျွန်ုပ်တို့ပိုင်သည်'' ဟုဆို၍ဣဇာက်၏သိုးထိန်း တို့နှင့်အငြင်းပွားကြ၏။ ထို့ကြောင့်ဣဇာက်က ထိုရေတွင်းကို``အငြင်းအပွား'' နာမည်ဖြင့် မှည့်ခေါ်လေ၏။
Asi vafudzi veGerari vakakakavadzana navafudzi vaIsaka vachiti, “Mvura iyi ndeyedu!” Saka akatumidza tsime iro zita rokuti Eseki, nokuda kwokuti vakapesana naye.
21 ၂၁ ဣဇာက်၏အစေခံတို့သည်အခြားရေတွင်း တစ်တွင်းကိုတူးကြပြန်ရာအငြင်းပွားကြ ပြန်သဖြင့် ထိုရေတွင်းကို``ရန်ငြိုး'' ဟုနာမည် မှည့်လေသည်။-
Ipapo vakacherazve rimwe tsime, asi vakakakavadzana pamusoro parowo; saka akaritumidza zita rokuti Sitima.
22 ၂၂ တစ်ဖန်ဣဇာက်သည်ထိုအရပ်မှပြောင်း၍အခြား တစ်နေရာ၌ရေတွင်းတစ်တွင်းတူးပြန်လေသည်။ ထိုရေတွင်းနှင့်ပတ်သက်၍အငြင်းပွားမှုမရှိ သဖြင့်``လွတ်လပ်ခြင်း'' ဟုနာမည်မှည့်လေသည်။ ဣဇာက်က``ထာဝရဘုရားသည်ဤပြည်၌ငါ တို့အားလွတ်လပ်စွာနေထိုင်ခွင့်ပေးတော်မူပြီ ဖြစ်၍ငါတို့စီးပွားတိုးတက်မည်'' ဟုဆိုလေ၏။
Akaenderera mberi kubva ipapo akachera rimwe tsime, uye hapana munhu akazokakavadzana naye pamusoro paro. Akaritumidza zita rokuti Rehobhoti, achiti, “Zvino Jehovha azotipa nzvimbo uye tichawanda munyika.”
23 ၂၃ ထိုနောက်ဣဇာက်သည်ဗေရရှေဘအရပ်သို့ ပြောင်းရွှေ့ခဲ့သည်။-
Kubva ipapo akaenda kuBheerishebha.
24 ၂၄ ထိုညမှာထာဝရဘုရားသည်သူ့အားကိုယ် ထင်ပြ၍``ငါသည်သင်၏အဖအာဗြဟံ၏ ဘုရားဖြစ်၏။ မစိုးရိမ်နှင့်။ ငါသည်သင်တို့နှင့် အတူရှိ၏။ ငါ၏ကျွန်အာဗြဟံအားထား သောကတိတော်ကိုထောက်၍သင့်ကိုကောင်းချီး ပေးမည်။ သင်၏အဆက်အနွယ်တို့ကိုလည်းများ ပြားစေမည်'' ဟုမိန့်တော်မူသည်။-
Usiku ihwohwo Jehovha akazviratidza kwaari akati, “Ndini Mwari wababa vako Abhurahama. Usatya, nokuti ndinewe. Ndichakuropafadza uye ndichakurisa zvizvarwa zvako nokuda kwomuranda wangu Abhurahama.”
25 ၂၅ ဣဇာက်သည်ထိုအရပ်၌ယဇ်ပလ္လင်တည်ပြီး လျှင် ထာဝရဘုရားကိုတိုင်တည်၍ပတ္ထနာ ပြုလေ၏။ သူသည်ထိုအရပ်၌စခန်းချ၍ အစေခံတို့ကရေတွင်းတစ်တွင်းတူးကြ ပြန်သည်။
Isaka akavaka aritari ipapo akadana kuzita raJehovha. Akadzika tende rake ipapo uye pakare ipapo varanda vake vakachera tsime.
26 ၂၆ အဘိမလက်ဘုရင်သည်အတိုင်ပင်ခံအဟု ဇတ်နှင့်ဗိုလ်ချုပ်ဖိကောလတို့လိုက်ပါလျက် ဂေရာမြို့မှဣဇာက်ထံသို့ရောက်ရှိလာကြ ၏။-
Zvichakadaro, Abhimereki akanga asvika kwaari achibva kuGerari, aina Ahuzati aiva mupamazano wake naPikori mukuru wavarwi vake.
27 ၂၇ ဣဇာက်က``သင်တို့သည်ယခင်ကအကျွန်ုပ် အားမုန်း၍ သင်တို့၏ပြည်မှနှင်ထုတ်ကြပြီး မှ အဘယ်ကြောင့်ယခုအကျွန်ုပ်ထံသို့လာ ကြသနည်း'' ဟုမေးလေ၏။
Isaka akavabvunza akati, “Mavingeiko kwandiri, sezvo makanga muri mhandu dzangu uye mukandidzinga?”
28 ၂၈ သူတို့က``ထာဝရဘုရားသည်သင်နှင့်အတူ ရှိကြောင်း ယခုငါတို့သိရပြီဖြစ်၍ ငါတို့ အချင်းချင်းကတိသစ္စာထားကြပါစို့။-
Vakamupindura vakati, “Takaona pachena kuti Jehovha akanga anewe; saka takati, ‘Panofanira kuva nechitenderano chemhiko pakati pedu,’ pakati pedu newe. Ngatiite sungano newe
29 ၂၉ ငါတို့ကသင့်အားရန်ဖက်မပြုဘဲ သင်တို့အား ကြင်နာ၍အေးချမ်းစွာထွက်သွားစေသည့်နည်း တူ သင်ကငါတို့အားလည်းရန်ဖက်မပြုပါဟု ကတိပြုပါလော့။ ထာဝရဘုရားသည်သင့် အားကောင်းချီးပေးတော်မူကြောင်းသိသာထင် ရှားပါသည်'' ဟုဆို၏။-
yokuti iwe hauzotiitiri zvakaipa, sezvo isu tisina kukubata zvakaipa asi takaramba tichikuitira zvakanaka uye tikakuendesa norugare. Uye zvino waropafadzwa naJehovha.”
30 ၃၀ ဣဇာက်သည်စားသောက်ပွဲကိုပြင်ဆင်၍ သူ တို့အားလုံးအတူတကွစားသောက်ကြ လေသည်။-
Ipapo Isaka akavaitira mutambo, vakadya, vakanwa.
31 ၃၁ နောက်တစ်နေ့နံနက်စောစောတွင် သူတို့အချင်း ချင်းတစ်ဦးနှင့်တစ်ဦးကတိသစ္စာပြုကြ၏။ ထို့ နောက်သူတို့အချင်းချင်းနှုတ်ဆက်ပြီးလျှင် မိတ်ဆွေဖြစ်လျက်ခွဲခွာကြလေသည်။
Mangwanani akatevera varume ava vakapikirana. Ipapo Isaka akavaendesa parwendo rwavo, vakamusiya murugare.
32 ၃၂ ဣဇာက်၏အစေခံတို့ကသူတို့တူးသောရေ တွင်းရေထွက်ကြောင်းဣဇက်အားပြောပြကြ၏။-
Musi iwoyo varanda vaIsaka vakauya vakamuudza nezvetsime ravakanga vachera. Vakati, “Tawana mvura!”
33 ၃၃ ဣဇာက်ကထိုရေတွင်းကိုရှေဘဟုမှည့်ခေါ်သော ကြောင့်ထိုမြို့ကိုဗေရရှေဘမြို့ဟုခေါ်တွင်လေ သည်။
Akaritumidza zita rokuti Shibha, uye kusvikira nhasi zita reguta richiri kunzi Bheerishebha.
34 ၃၄ ဧသောသည်အသက်လေးဆယ်ရှိသောအခါ ဟိတ္တိအမျိုးသားဗေရိ၏သမီးယုဒိတ်၊ ဟိတ္တိ အမျိုးသားဧလုန်၏သမီးဗာရှမတ်တို့ နှစ်ဦးနှင့်အိမ်ထောင်ပြုလေသည်။-
Esau akati ava namakore makumi mana okuberekwa, akawana Judhisi mwanasikana waBheeri muHiti, uyewo Bhasemati mwanasikana waEroni muHiti.
35 ၃၅ ဣဇာက်နှင့်ရေဗက္ကတို့သည်ထိုအမျိုးသမီး များအတွက်ကြောင့်စိတ်မချမ်းမသာဖြစ် ရလေ၏။
Ivava vakarwadzisa Isaka naRabheka.