< ကမ္ဘာ​ဦး 26 >

1 ထို​ပြည်​တွင်​အာ​ဗြ​ဟံ​လက်​ထက်​က​ကဲ့​သို့ အ​စာ​ခေါင်း​ပါး​ခြင်း​ကပ်​ဆိုက်​ရောက်​လာ​ရာ ဣ​ဇာက်​သည်​ဖိ​လိတ္တိ​ဘု​ရင်​အ​ဘိ​မ​လက် နန်း​စိုက်​ရာ​ဂေ​ရာ​မြို့​သို့​သွား​လေ​၏။-
아브라함 때에 첫 흉년이 들었더니 그 땅에 또 흉년이 들매 이삭이 그랄로 가서 블레셋 왕 아비멜렉에게 이르렀더니
2 ထာ​ဝ​ရ​ဘု​ရား​သည်​သူ့​အား​ကိုယ်​ထင်​ပြ ၍``သင်​သည်​အီ​ဂျစ်​ပြည်​သို့​မ​သွား​နှင့်။ ငါ ပြ​လတ္တံ့​သော​ပြည်​၌​နေ​ထိုင်​လော့။-
여호와께서 이삭에게 나타나 가라사대 애굽으로 내려가지 말고 내가 네게 지시하는 땅에 거하라
3 ယ​ခု​ဤ​ပြည်​၌​နေ​လော့။ ငါ​သည်​သင်​နှင့် အ​တူ​ရှိ​၍​ကောင်း​ချီး​ပေး​မည်။ ဤ​ဒေ​သ​အား လုံး​ကို​သင်​နှင့်​သင်​၏​အ​ဆက်​အ​နွယ်​တို့​အား ငါ​ပေး​မည်။ သင်​၏​အ​ဖ​အာ​ဗြ​ဟံ​အား​ငါ ထား​သော​က​တိ​အ​တိုင်း​ငါ​ပြု​မည်။-
이 땅에 유하면 내가 너와 함께 있어 네게 주고 내가 이 모든 땅을 너와 네 자손에게 주리라 내가 네 아비 아브라함에게 맹세한 것을 이루어
4 သင်​၏​အ​ဆက်​အ​နွယ်​တို့​ကို​ကောင်း​ကင်​ကြယ် ကဲ့​သို့​များ​ပြား​စေ​၍ သူ​တို့​အား​ဤ​ဒေ​သ အား​လုံး​ကို​ပေး​မည်။ သင်​၏​အ​ဆက်​အ​နွယ် တို့​အား​ငါ​ကောင်း​ချီး​ပေး​သည့်​နည်း​တူ ကမ္ဘာ ပေါ်​ရှိ​လူ​မျိုး​အ​ပေါင်း​တို့​က​လည်း​ငါ့​ထံ မှ​ကောင်း​ချီး​ကို​တောင်း​လျှောက်​ကြ​လိမ့် မည်။-
네 자손을 하늘의 별과 같이 번성케 하며 이 모든 땅을 네 자손에게 주리니 네 자손을 인하여 천하 만민이 복을 받으리라
5 အာ​ဗြ​ဟံ​သည်​ငါ​၏​စကား​ကို​နား​ထောင်​၍​ငါ ၏​ပ​ညတ်​နှင့်​အ​မိန့်​ရှိ​သ​မျှ​တို့​ကို​စောင့်​ထိန်း သော​ကြောင့် ငါ​သည်​သင့်​အား​ကောင်း​ချီး​ပေး မည်'' ဟု​မိန့်​တော်​မူ​၏။
이는 아브라함이 내 말을 순종하고 내 명령과, 내 계명과, 내 율례와, 내 법도를 지켰음이니라 하시니라
6 ထို့​ကြောင့်​ဣ​ဇာက်​သည်​ဂေ​ရာ​မြို့​မှာ​နေ​ထိုင်​လေ​၏။-
이삭이 그랄에 거하였더니
7 ထို​မြို့​သား​တို့​က``သင်​နှင့်​ပါ​လာ​သော​အ​မျိုး သ​မီး​သည်​မည်​သူ​နည်း'' ဟု​မေး​ကြ​သော​အ​ခါ သူ​၏​နှ​မ​ဖြစ်​သည်​ဟု​ဖြေ​ကြား​လေ​သည်။ သူ ၏​မ​ယား​ဖြစ်​သည်​ဟု​မ​ဖော်​ပြ​ခြင်း​မှာ ရေ​ဗက္က သည်​ရုပ်​ရည်​အ​လွန်​လှ​သူ​ဖြစ်​သ​ဖြင့် ထို​မြို့ သား​တို့​က​မိ​မိ​အား​သတ်​မည်​ကို​ဣ​ဇာက် စိုး​ရိမ်​သော​ကြောင့်​ဖြစ်​သည်။-
그 곳 사람들이 그 아내를 물으매 그가 말하기를 그는 나의 누이라 하였으니 리브가는 보기에 아리따우므로 그 곳 백성이 리브가로 인하여 자기를 죽일까 하여 그는 나의 아내라 하기를 두려워 함이었더라
8 ဣ​ဇာက်​သည်​ထို​မြို့​တွင်​အ​တန်​ကြာ​နေ​ထိုင်​ပြီး နောက်၊ တစ်​နေ့​တွင်​အ​ဘိ​မ​လက်​ဘု​ရင်​ကြီး​သည် ပြူ​တင်း​ပေါက်​မှ​အ​ပြင်​သို့​ကြည့်​လိုက်​ရာ ဣ​ဇာက် နှင့်​ရေ​ဗက္က​တို့​ချစ်​ကျွမ်း​ဝင်​နေ​ကြ​သည်​ကို​မြင် ရ​လေ​သည်။-
이삭이 거기 오래 거하였더니 이삭이 그 아내 리브가를 껴안은 것을 블레셋 왕 아비멜렉이 창으로 내다본지라
9 အ​ဘိ​မ​လက်​သည်​ဣ​ဇာက်​ကို​ခေါ်​၍``သူ​သည် စင်​စစ်​သင်​၏​မ​ယား​ဖြစ်​၏။ အ​ဘယ်​ကြောင့် သင်​၏​နှ​မ​ဟု​ပြော​ရ​သ​နည်း'' ဟု​မေး​၏။ ဣ​ဇာက်​က``သူ​သည်​ကျွန်ုပ်​၏​မ​ယား​ဖြစ်​သည် ဟု​ပြော​လျှင်​အ​သတ်​ခံ​ရ​မည်​ကို​စိုး​ရိမ်​မိ ပါ​သည်'' ဟု​လျှောက်​လေ​၏။
이에 아비멜렉이 이삭을 불러 이르되 `그가 정녕 네 아내여늘 어찌 네 누이라 하였느냐?' 이삭이 그에게 대답하되 `내 생각에 그를 인하여 내가 죽게 될까 두려워하였음이로라'
10 ၁၀ အ​ဘိ​မ​လက်​က``သင်​သည်​ငါ​တို့​အား​အ​ဘယ် သို့​ပြု​မူ​သ​နည်း။ ငါ​၏​လူ​တစ်​ယောက်​ယောက်​က သင်​၏​မ​ယား​နှင့်​အ​ကြောင်း​မ​သိ​ဘဲ​ပြစ်​မှား မိ​လျှင် သင့်​ကြောင့်​ငါ​တို့​အ​ပြစ်​ကူး​လွန်​ရာ ရောက်​ပေ​မည်'' ဟု​ဆို​လေ​သည်။-
아비멜렉이 가로되 `네가 어찌 우리에게 이렇게 행하였느냐? 백성 중 하나가 네 아내와 동침하기 쉬웠을뻔 하였은즉 네가 죄를 우리에게 입혔으리라'
11 ၁၁ ထို​နောက်​အ​ဘိ​မ​လက်​က``ဤ​သူ​ကို​သော်​လည်း ကောင်း၊ သူ​၏​မ​ယား​ကို​သော်​လည်း​ကောင်း​မ တ​ရား​သ​ဖြင့်​ပြု​သော​သူ​အား​သေ​ဒဏ်​သင့် စေ​မည်'' ဟု​ပြည်​သား​တို့​အား​သ​တိ​ပေး​လေ​၏။
아비멜렉이 이에 모든 백성에게 명하여 가로되 `이 사람이나 그 아내에게 범하는 자는 죽이리라' 하였더라
12 ၁၂ ဣ​ဇာက်​သည်​ထို​ပြည်​တွင်​နေ​ထိုင်​စဉ် ကောက်​ပဲ သီး​နှံ​စိုက်​ပျိုး​လုပ်​ကိုင်​ရာ ထာ​ဝ​ရ​ဘု​ရား သည်​သူ့​အား​ကောင်း​ချီး​ပေး​သ​ဖြင့် ထို​နှစ် တွင်​အ​ဆ​တစ်​ရာ​မျှ​သော​အ​သီး​အ​နှံ​ကို ရိတ်​သိမ်း​ရ​သည်။-
이삭이 그 땅에서 농사하여 그 해에 백배나 얻었고 여호와께서 복을 주시므로
13 ၁၃ သူ​သည်​စီး​ပွား​တိုး​တက်​လာ​ပြီး​လျှင် အ​လွန်​ကြွယ်​ဝ​ချမ်း​သာ​လာ​လေ​သည်။-
그 사람이 창대하고 왕성하여 마침내 거부가 되어
14 ၁၄ သူ​၌​သိုးအုပ်၊ နွားအုပ်​နှင့်​အ​ခြွေ​အ​ရံ​များ​စွာ​ရှိ ၍ ဖိ​လိတ္တိ​အ​မျိုး​သား​တို့​သည်​သူ့​အား​မ​နာ လို​ကြ​သ​ဖြင့်၊-
양과 소가 떼를 이루고 노복이 심히 많으므로 블레셋 사람이 그를 시기하여
15 ၁၅ သူ​၏​အ​ဖ​အာ​ဗြ​ဟံ​အ​သက်​ရှင်​စဉ်​အ​ဖ​၏ အ​စေ​ခံ​တို့​တူး​ဖော်​ခဲ့​သော​ရေ​တွင်း​ရှိ​သ​မျှ တို့​ကို​မြေ​ဖို့​ပစ်​ကြ​လေ​၏။
그 아비 아브라함 때에 그 아비의 종들이 판 모든 우물을 막고 흙으로 메웠더라
16 ၁၆ ထို​အ​ခါ​အ​ဘိ​မ​လက်​ဘု​ရင်​က​ဣ​ဇာက် အား``သင်​သည်​ငါ​တို့​ထက်​တန်​ခိုး​ကြီး​လာ ပြီ​ဖြစ်​၍​ငါ​တို့​ပြည်​မှ​ထွက်​သွား​လော့'' ဟု မိန့်​တော်​မူ​၏။-
아비멜렉이 이삭에게 이르되 `네가 우리보다 크게 강성한즉 우리를 떠나가라'
17 ၁၇ ထို့​ကြောင့်​ဣ​ဇာက်​သည်​ထို​အ​ရပ်​မှ​ထွက်​ခဲ့ ပြီး​လျှင် ဂေ​ရာ​ချိုင့်​ဝှမ်း​တွင်​အ​တန်​ကြာ​မျှ စ​ခန်း​ချ​နေ​ထိုင်​လေ​သည်။-
이삭이 그곳을 떠나 그랄 골짜기에 장막을 치고 거기 우거하며
18 ၁၈ အာ​ဗြ​ဟံ​လက်​ထက်​က​တူး​ဖော်​ခဲ့​၍​အာ​ဗြ​ဟံ ကွယ်​လွန်​ပြီး​နောက် ဖိ​လိတ္တိ​အ​မျိုး​သား​တို့​မြေ​ဖို့ ခဲ့​ကြ​သော​ရေ​တွင်း​များ​ကို သူ​သည်​တစ်​ဖန်​တူး ဖော်​၍​ထို​ရေ​တွင်း​များ​ကို​သူ​၏​ဖ​ခင်​မှည့်​ခေါ် သော​နာ​မည်​များ​ဖြင့်​မှည့်​ခေါ်​လေ​၏။-
그 아비 아브라함 때에 팠던 우물들을 다시 팠으니 이는 아브라함 죽은 후에 블레셋 사람이 그 우물들을 메웠음이라 이삭이 그 우물들의 이름을 그 아비의 부르던 이름으로 불렀더라
19 ၁၉ ဣ​ဇာက်​၏​အ​စေ​ခံ​တို့​သည်​ထို​ချိုင့်​ဝှမ်း​၌​ရေ တွင်း​သစ်​တစ်​တွင်း​တူး​ရာ​ရေ​ထွက်​လေ​၏။-
이삭의 종들이 골짜기에 파서 샘 근원을 얻었더니
20 ၂၀ ဂေ​ရာ​မြို့​မှ​သိုး​ထိန်း​တို့​က``ဤ​ရေ​တွင်း​ကို ကျွန်ုပ်​တို့​ပိုင်​သည်'' ဟု​ဆို​၍​ဣ​ဇာက်​၏​သိုး​ထိန်း တို့​နှင့်​အ​ငြင်း​ပွား​ကြ​၏။ ထို့​ကြောင့်​ဣ​ဇာက်​က ထို​ရေ​တွင်း​ကို``အ​ငြင်း​အ​ပွား'' နာ​မည်​ဖြင့် မှည့်​ခေါ်​လေ​၏။
그랄 목자들이 이삭의 목자와 다투어 가로되 `이 물은 우리의 것이라' 하매 이삭이 그 다툼을 인하여 그 우물 이름을 에섹이라 하였으며
21 ၂၁ ဣ​ဇာက်​၏​အ​စေ​ခံ​တို့​သည်​အ​ခြား​ရေ​တွင်း တစ်​တွင်း​ကို​တူး​ကြ​ပြန်​ရာ​အ​ငြင်း​ပွား​ကြ ပြန်​သ​ဖြင့် ထို​ရေ​တွင်း​ကို``ရန်​ငြိုး'' ဟု​နာ​မည် မှည့်​လေ​သည်။-
또 다른 우물을 팠더니 그들이 또 다투는고로 그 이름을 싯나라 하였으며
22 ၂၂ တစ်​ဖန်​ဣ​ဇာက်​သည်​ထို​အ​ရပ်​မှ​ပြောင်း​၍​အ​ခြား တစ်​နေ​ရာ​၌​ရေ​တွင်း​တစ်​တွင်း​တူး​ပြန်​လေ​သည်။ ထို​ရေ​တွင်း​နှင့်​ပတ်​သက်​၍​အ​ငြင်း​ပွား​မှု​မ​ရှိ သ​ဖြင့်``လွတ်​လပ်​ခြင်း'' ဟု​နာ​မည်​မှည့်​လေ​သည်။ ဣ​ဇာက်​က``ထာ​ဝ​ရ​ဘု​ရား​သည်​ဤ​ပြည်​၌​ငါ တို့​အား​လွတ်​လပ်​စွာ​နေ​ထိုင်​ခွင့်​ပေး​တော်​မူ​ပြီ ဖြစ်​၍​ငါ​တို့​စီး​ပွား​တိုး​တက်​မည်'' ဟု​ဆို​လေ​၏။
이삭이 거기서 옮겨 다른 우물을 팠더니 그들이 다투지 아니하였으므로 그 이름을 르호봇이라 하여 가로되 `이제는 여호와께서 우리의 장소를 넓게 하셨으니 이 땅에서 우리가 번성하리로다' 하였더라
23 ၂၃ ထို​နောက်​ဣ​ဇာက်​သည်​ဗေ​ရ​ရှေ​ဘ​အ​ရပ်​သို့ ပြောင်း​ရွှေ့​ခဲ့​သည်။-
이삭이 거기서부터 브엘세바로 올라갔더니
24 ၂၄ ထို​ည​မှာ​ထာ​ဝ​ရ​ဘု​ရား​သည်​သူ့​အား​ကိုယ် ထင်​ပြ​၍``ငါ​သည်​သင်​၏​အ​ဖ​အာ​ဗြ​ဟံ​၏ ဘု​ရား​ဖြစ်​၏။ မ​စိုး​ရိမ်​နှင့်။ ငါ​သည်​သင်​တို့​နှင့် အ​တူ​ရှိ​၏။ ငါ​၏​ကျွန်​အာ​ဗြ​ဟံ​အား​ထား သော​ကတိ​တော်​ကို​ထောက်​၍​သင့်​ကို​ကောင်း​ချီး ပေး​မည်။ သင်​၏​အ​ဆက်​အ​နွယ်​တို့​ကို​လည်း​များ ပြား​စေ​မည်'' ဟု​မိန့်​တော်​မူ​သည်။-
그 밤에 여호와께서 그에게 나타나 가라사대 나는 네 아비 아브라함의 하나님이니 두려워 말라! 내 종 아브라함을 위하여 내가 너와 함께 있어 네게 복을 주어 네 자손으로 번성케 하리라 하신지라
25 ၂၅ ဣ​ဇာက်​သည်​ထို​အ​ရပ်​၌​ယဇ်​ပလ္လင်​တည်​ပြီး လျှင် ထာ​ဝ​ရ​ဘု​ရား​ကို​တိုင်​တည်​၍​ပတ္ထ​နာ ပြု​လေ​၏။ သူ​သည်​ထို​အ​ရပ်​၌​စ​ခန်း​ချ​၍ အ​စေ​ခံ​တို့​က​ရေ​တွင်း​တစ်​တွင်း​တူး​ကြ ပြန်​သည်။
이삭이 그 곳에 단을 쌓아 여호와의 이름을 부르고 거기 장막을 쳤더니 그 종들이 거기서도 우물을 팠더라
26 ၂၆ အ​ဘိ​မ​လက်​ဘု​ရင်​သည်​အ​တိုင်​ပင်​ခံ​အ​ဟု ဇတ်​နှင့်​ဗိုလ်​ချုပ်​ဖိ​ကော​လ​တို့​လိုက်​ပါ​လျက် ဂေ​ရာ​မြို့​မှ​ဣ​ဇာက်​ထံ​သို့​ရောက်​ရှိ​လာ​ကြ ၏။-
아비멜렉이 그 친구 아훗삿과 군대장관 비골로 더불어 그랄에서부터 이삭에게로 온지라
27 ၂၇ ဣ​ဇာက်​က``သင်​တို့​သည်​ယ​ခင်​က​အ​ကျွန်ုပ် အား​မုန်း​၍ သင်​တို့​၏​ပြည်​မှ​နှင်​ထုတ်​ကြ​ပြီး မှ အ​ဘယ်​ကြောင့်​ယ​ခု​အ​ကျွန်ုပ်​ထံ​သို့​လာ ကြ​သ​နည်း'' ဟု​မေး​လေ​၏။
이삭이 그들에게 이르되 `너희가 나를 미워하여 나로 너희를 떠나가게 하였거늘 어찌하여 내게 왔느냐?'
28 ၂၈ သူ​တို့​က``ထာ​ဝ​ရ​ဘု​ရား​သည်​သင်​နှင့်​အ​တူ ရှိ​ကြောင်း ယ​ခု​ငါ​တို့​သိ​ရ​ပြီ​ဖြစ်​၍ ငါ​တို့ အ​ချင်း​ချင်း​က​တိ​သစ္စာ​ထား​ကြ​ပါ​စို့။-
그들이 가로되 `여호와께서 너와 함께 계심을 우리가 분명히 보았으므로 우리의 사이 곧 우리와 너의 사이에 맹세를 세워 너와 계약을 맺으리라 말하였노라
29 ၂၉ ငါ​တို့​က​သင့်​အား​ရန်​ဖက်​မ​ပြု​ဘဲ သင်​တို့​အား ကြင်​နာ​၍​အေး​ချမ်း​စွာ​ထွက်​သွား​စေ​သည့်​နည်း တူ သင်​က​ငါ​တို့​အား​လည်း​ရန်​ဖက်​မ​ပြု​ပါ​ဟု က​တိ​ပြု​ပါ​လော့။ ထာ​ဝ​ရ​ဘု​ရား​သည်​သင့် အား​ကောင်းချီး​ပေး​တော်​မူ​ကြောင်း​သိ​သာ​ထင် ရှား​ပါ​သည်'' ဟု​ဆို​၏။-
너는 우리를 해하지 말라 이는 우리가 너를 범하지 아니하고 선한 일만 네게 행하며 너로 평안히 가게 하였음이니라 이제 너는 여호와께 복을 받은 자니라!'
30 ၃၀ ဣ​ဇာက်​သည်​စား​သောက်​ပွဲ​ကို​ပြင်​ဆင်​၍ သူ တို့​အား​လုံး​အ​တူ​တ​ကွ​စား​သောက်​ကြ လေ​သည်။-
이삭이 그들을 위하여 잔치를 베풀매 그들이 먹고 마시고
31 ၃၁ နောက်​တစ်​နေ့​နံ​နက်​စော​စော​တွင် သူ​တို့​အ​ချင်း ချင်း​တစ်​ဦး​နှင့်​တစ်​ဦး​ကတိ​သစ္စာ​ပြု​ကြ​၏။ ထို့ နောက်​သူ​တို့​အ​ချင်း​ချင်း​နှုတ်​ဆက်​ပြီး​လျှင် မိတ်​ဆွေ​ဖြစ်​လျက်​ခွဲ​ခွာ​ကြ​လေ​သည်။
아침에 일찌기 일어나 서로 맹세한 후에 이삭이 그들을 보내매 그들이 평안히 갔더라
32 ၃၂ ဣ​ဇာက်​၏​အ​စေ​ခံ​တို့​က​သူ​တို့​တူး​သော​ရေ တွင်း​ရေ​ထွက်​ကြောင်း​ဣ​ဇက်​အား​ပြော​ပြ​ကြ​၏။-
그 날에 이삭의 종들이 자기들의 판 우물에 대하여 이삭에게 와서 고하여 가로되 `우리가 물을 얻었나이다' 하매
33 ၃၃ ဣ​ဇာက်​က​ထို​ရေ​တွင်း​ကို​ရှေ​ဘ​ဟု​မှည့်​ခေါ်​သော ကြောင့်​ထို​မြို့​ကို​ဗေ​ရ​ရှေ​ဘ​မြို့​ဟု​ခေါ်​တွင်​လေ သည်။
그가 그 이름을 세바라 한지라 그러므로 그 성읍 이름이 오늘까지 브엘세바더라
34 ၃၄ ဧ​သော​သည်​အ​သက်​လေး​ဆယ်​ရှိ​သော​အ​ခါ ဟိတ္တိ​အ​မျိုး​သား​ဗေ​ရိ​၏​သ​မီး​ယု​ဒိတ်၊ ဟိတ္တိ အ​မျိုး​သား​ဧ​လုန်​၏​သ​မီး​ဗာ​ရှ​မတ်​တို့ နှစ်​ဦး​နှင့်​အိမ်​ထောင်​ပြု​လေ​သည်။-
에서가 사십세에 헷 족속 브에리의 딸 유딧과, 헷 족속 엘론의 딸 바스맛을 아내로 취하였더니
35 ၃၅ ဣ​ဇာက်​နှင့်​ရေ​ဗက္က​တို့​သည်​ထို​အ​မျိုး​သ​မီး များ​အ​တွက်​ကြောင့်​စိတ်​မ​ချမ်း​မ​သာ​ဖြစ် ရ​လေ​၏။
그들이 이삭과 리브가의 마음의 근심이 되었더라

< ကမ္ဘာ​ဦး 26 >