< ကမ္ဘာ​ဦး 25 >

1 အာ​ဗြ​ဟံ​သည်​ကေ​တု​ရ​နာ​မည်​ရှိ​သော မိန်း​မ​နှင့်​နောက်​ထပ်​အိမ်​ထောင်​ပြု​၏။-
Abraham vero aliam duxit uxorem nomine Cetthuram
2 ထို​မိန်း​မ​သည်​ဇိ​မ​ရံ၊ ယုတ်​ရှန်၊ မေ​ဒန်၊ မိ​ဒျန်၊ ဣ​ရှ​ဗက်၊ ရှု​အာ​တို့​ကို​ဖွား​မြင်​လေ​သည်။-
quae peperit ei Zamram et Iexan et Madan et Madian et Iesboch et Sue
3 ယုတ်​ရှန်​၏​သား​များ​မှာ​ရှေ​ဘ​နှင့်​ဒေ​ဒန်​တို့ ဖြစ်​ကြ​သည်။ ဒေ​ဒန်​၏​အ​ဆက်​အ​နွယ်​များ​မှာ အာ​ရှု​ရိမ်​အ​မျိုး​သား၊ လေ​တု​ရှိမ်​အ​မျိုး​သား၊ လုမ်​မိမ်​အ​မျိုး​သား​တို့​ဖြစ်​ကြ​သည်။-
Iexan quoque genuit Saba et Dadan filii Dadan fuerunt Assurim et Lathusim et Loommim
4 မိ​ဒျန်​၏​သား​များ​မှာ​ဧ​ဖာ၊ ဧ​ဖေ​ရ၊ ဟာ​နုတ်၊ အ​ဘိ​ဒ​နှင့်​ဧ​လ​ဒါ​တို့​ဖြစ်​ကြ​သည်။ ထို​သူ အား​လုံး​တို့​သည်​ကား​ကေ​တု​ရ​၏​အ​ဆက် အ​နွယ်​များ​ဖြစ်​ကြ​သ​တည်း။
at vero ex Madian ortus est Epha et Opher et Enoch et Abida et Eldaa omnes hii filii Cetthurae
5 အာ​ဗြ​ဟံ​သည်​မိ​မိ​၏​ပစ္စည်း​ဥစ္စာ​ရှိ​သ​မျှ​ကို ဣ​ဇာက်​အား​အ​မွေ​ပေး​၏။-
deditque Abraham cuncta quae possederat Isaac
6 သို့​ရာ​တွင်​သူ​အ​သက်​ရှင်​စဉ်​အ​ခြား​သော​မ​ယား တို့​နှင့်​ရ​သော​သား​တို့​အား​လည်း လက်​ဆောင်​များ ကို​ပေး​၍​ဣ​ဇာက်​နှင့်​ဝေး​ရာ​အ​ရှေ့​ပြည်​သို့​ပြောင်း ရွှေ့​နေ​ထိုင်​စေ​သည်။
filiis autem concubinarum largitus est munera et separavit eos ab Isaac filio suo dum adhuc ipse viveret ad plagam orientalem
7 အာ​ဗြ​ဟံ​သည်​အ​သက်​တစ်​ရာ့​ခု​နစ်​ဆယ်​ငါး နှစ်​ရှိ​သော်​အို​မင်း​လျက်၊ နေ့​ရက်​ကာ​လ​များ​စွာ ပြည့်​စုံ​ခြင်း​နှင့်​တ​ကွ၊ နောက်​ဆုံး​ထွက်​သက်​ကို ရှူ​၍​မိ​မိ​လူ​မျိုး​စု​နှင့်​စု​ဝေး​ခွင့်​ရ​လေ​၏။-
fuerunt autem dies vitae eius centum septuaginta quinque anni
8
et deficiens mortuus est in senectute bona provectaeque aetatis et plenus dierum congregatusque est ad populum suum
9 သား​များ​ဖြစ်​ကြ​သော​ဣ​ဇာက်​နှင့်​ဣ​ရှ​မေ​လ တို့​သည် မံ​ရေ​မြို့​အ​ရှေ့​ဘက်​ရှိ​ဟိတ္တိ​အ​မျိုး​သား ဇော​ရ​၏​သား​ဧ​ဖ​ရုန်​ပိုင်​ခဲ့​သော​မြေ​ကွက်​တွင် မပ္ပေလ​ဂူ​၌​ဖ​ခင်​ကို​သင်္ဂြိုဟ်​ကြ​၏။-
et sepelierunt eum Isaac et Ismahel filii sui in spelunca duplici quae sita est in agro Ephron filii Soor Hetthei e regione Mambre
10 ၁၀ မြေ​ကွက်​မှာ​ဟိတ္တိ​အ​မျိုး​သား​တို့​ထံ​မှ​အာ​ဗြ​ဟံ ဝယ်​ယူ​ခဲ့​သော​မြေ​ကွက်​ဖြစ်​၏။ စာ​ရာ​ကို​သင်္ဂြိုဟ် ရာ​သင်္ချိုင်း​တွင်​အာ​ဗြ​ဟံ​ကို​သင်္ဂြိုဟ်​ကြ​၏။-
quem emerat a filiis Heth ibi sepultus est ipse et Sarra uxor eius
11 ၁၁ အာ​ဗြ​ဟံ​ကွယ်​လွန်​ပြီး​နောက်``ငါ့​ကို​မြင် တော်​မူ​သည့်​အ​သက်​ရှင်​တော်​မူ​သော​အ​ရှင် ၏​ရေ​တွင်း'' အ​နီး​၌​နေ​ထိုင်​သော​ဣ​ဇာက်​ကို ဘု​ရား​သ​ခင်​ကောင်း​ချီး​ပေး​တော်​မူ​၏။
et post obitum illius benedixit Deus Isaac filio eius qui habitabat iuxta puteum nomine Viventis et videntis
12 ၁၂ အာ​ဗြ​ဟံ​နှင့်​စာ​ရာ​၏​ကျွန်​မ​အီ​ဂျစ်​အ​မျိုး သ​မီး​ဟာ​ဂ​ရ​တို့​ရ​သော​သား​ဣ​ရှ​မေ​လ​၏ သား​စဉ်​မြေး​ဆက်​တို့​ကို​ဖော်​ပြ​ပေ​အံ့။-
hae sunt generationes Ismahel filii Abraham quem peperit ei Agar Aegyptia famula Sarrae
13 ၁၃ ဣ​ရှ​မေ​လ​၏​ကြီး​စဉ်​ငယ်​လိုက်​သား​များ​၏ နာ​မည်​များ​မှာ​သား​ဦး​န​ဗာ​ယုတ်၊ ကေ​ဒါ၊ အာ​ဒ​ဗေ​လ၊ မိ​ဗ​သံ၊-
et haec nomina filiorum eius in vocabulis et generationibus suis primogenitus Ismahelis Nabaioth dein Cedar et Abdeel et Mabsam
14 ၁၄ မိ​ရှ​မ၊ ဒု​မာ၊ မာ​စ၊-
Masma quoque et Duma et Massa
15 ၁၅ ဟာ​ဒဒ်၊ တေ​မ၊ ယေ​တု​ရ၊ နာ​ဖိ​ရှ​နှင့်​ကေ​ဒ​မာ တို့​ဖြစ်​ကြ​သည်။-
Adad et Thema Itur et Naphis et Cedma
16 ၁၆ ဣ​ရှ​မေ​လ​၏​သား​တို့​သည်​အ​နွယ်​တစ်​ဆယ့် နှစ်​မျိုး​တို့​၏​ဖ​ခင်​များ​ဖြစ်​ကြ​၍ သူ​တို့​နေ ထိုင်​ရာ​ကျေး​ရွာ​နှင့်​စ​ခန်း​ချ​ရာ​အ​ရပ်​များ ကို​သူ​တို့​၏​နာ​မည်​များ​ဖြင့်​ခေါ်​တွင်​ကြ​လေ သည်။-
isti sunt filii Ismahel et haec nomina per castella et oppida eorum duodecim principes tribuum suarum
17 ၁၇ ဣ​ရှ​မေ​လ​သည်​အ​သက်​တစ်​ရာ့​သုံး​ဆယ့်​ခု​နစ် နှစ်​ရှိ​သော်​ကွယ်​လွန်​လေ​သည်။-
anni vitae Ismahel centum triginta septem deficiens mortuus est et adpositus ad populum suum
18 ၁၈ ဣ​ရှ​မေ​လ​၏​အ​ဆက်​အ​နွယ်​တို့​သည်​အီ​ဂျစ် ပြည်​အ​ရှေ့​ဘက်​အာ​ရှု​ရိ​ပြည်​သို့​သွား​ရာ​လမ်း တွင် ဟ​ဝိ​လ​မြို့​နှင့်​ရှု​ရ​မြို့​အ​ကြား​ရှိ​ဒေ​သ တွင်​နေ​ထိုင်​ကြ​သည်။ သူ​တို့​သည်​အာ​ဗြ​ဟံ​၏ အ​ခြား​သော​အ​ဆက်​အ​နွယ်​တို့​နှင့်​တ​သီး တ​ခြား​နေ​ထိုင်​ကြ​လေ​သည်။
habitavit autem ab Evila usque Sur quae respicit Aegyptum introeuntibus Assyrios coram cunctis fratribus suis obiit
19 ၁၉ အာ​ဗြ​ဟံ​သား​ဣ​ဇာက်​၏​အတ္ထု​ပ္ပတ္တိ​ကို​ဖော်​ပြ ပေ​အံ့။-
hae quoque sunt generationes Isaac filii Abraham Abraham genuit Isaac
20 ၂၀ ဣ​ဇာက်​သည်​အ​သက်​လေး​ဆယ်​ရှိ​သော​အ​ခါ ပါ​ဒ​နာ​ရံ​ပြည်​မှ ရှု​ရိ​အ​မျိုး​သား​ဗေ​သွေ​လ ၏​သ​မီး၊ လာ​ဗန်​၏​နှ​မ​ရေ​ဗက္က​နှင့်​အိမ်​ထောင် ပြု​လေ​သည်။-
qui cum quadraginta esset annorum duxit uxorem Rebeccam filiam Bathuel Syri de Mesopotamiam sororem Laban
21 ၂၁ ရေ​ဗက္က​တွင်​သား​သ​မီး​မ​ထွန်း​ကား​သ​ဖြင့် ဣ​ဇာက် သည်​ထာ​ဝ​ရ​ဘု​ရား​ထံ​၌​သား​သ​မီး​ဆု​ကို တောင်း​လေ​သည်။ ထာ​ဝ​ရ​ဘု​ရား​သည်​သူ​၏ ဆု​တောင်း​သံ​ကို​နား​ညောင်း​တော်​မူ​၍​ရေ​ဗက္က ၌​ပဋိ​သန္ဓေ​စွဲ​လေ​၏။-
deprecatusque est Dominum pro uxore sua eo quod esset sterilis qui exaudivit eum et dedit conceptum Rebeccae
22 ၂၂ သူ​၏​ပဋိ​သန္ဓေ​မှာ​က​လေး​အ​မြွှာ​တည်​၍​ထို က​လေး​တို့​သည်​မ​မွေး​ဖွား​မီ​က အ​မိ​၏​ဝမ်း ထဲ​မှာ​အ​ချင်း​ချင်း​အား​ပြိုင်​ကြ​၏။ ထို​အ​ခါ ရေ​ဗက္က​က``ကျွန်​မ​တွင်​အ​ဘယ်​ကြောင့်​ဤ​သို့ ဖြစ်​ရ​သ​နည်း'' ဟု​ဆို​၍​ထာ​ဝ​ရ​ဘု​ရား ထံ​လျှောက်​ထား​လေ​သည်။
sed conlidebantur in utero eius parvuli quae ait si sic mihi futurum erat quid necesse fuit concipere perrexitque ut consuleret Dominum
23 ၂၃ ထာ​ဝ​ရ​ဘု​ရား​က​ရေ​ဗက္က​အား ``သင်​၏​ဝမ်း​ထဲ​၌​လူ​နှစ်​မျိုး​ရှိ​၏။ သင်​သည်​အ​ချင်း​ချင်း​ပြိုင်​ဆိုင်​မည့် လူ​မျိုး​နှစ်​မျိုး​ကို​ဖွား​မြင်​မည်။ လူ​မျိုး​တစ်​မျိုး​သည်​အ​ခြား​တစ်​မျိုး​ထက် ခွန်​အား​ကြီး​မည်။ အ​ကြီး​ဖြစ်​သူ​က​အ​ငယ်​၏​အ​စေ​ကို​ခံ ရ​မည်'' ဟု​မိန့်​တော်​မူ​၏။
qui respondens ait duae gentes in utero tuo sunt et duo populi ex ventre tuo dividentur populusque populum superabit et maior minori serviet
24 ၂၄ ရေ​ဗက္က​သည်​သား​ဖွား​ချိန်​စေ့​သော​အ​ခါ သား အ​မြွှာ​ကို​ဖွား​မြင်​လေ​သည်။-
iam tempus pariendi venerat et ecce gemini in utero repperti sunt
25 ၂၅ အ​ဦး​ဖွား​သော​သား​သည်​အ​ဆင်း​နီ​၍​အ​မွေး ထူ​သ​ဖြင့်​ဧ​သော​ဟု​နာ​မည်​မှည့်​လေ​သည်။-
qui primus egressus est rufus erat et totus in morem pellis hispidus vocatumque est nomen eius Esau protinus alter egrediens plantam fratris tenebat manu et idcirco appellavit eum Iacob
26 ၂၆ ဒု​တိ​ယ​သား​သည်​ဧ​သော​၏​ဖ​နောင့်​ကို​ဆုပ် ကိုင်​လျက်​မွေး​ဖွား​လာ​သ​ဖြင့် ယာ​ကုပ်​ဟု​နာ မည်​မှည့်​လေ​သည်။ ထို​သား​များ​မွေး​ဖွား​သော အ​ခါ​ဣ​ဇာက်​သည်​အ​သက်​ခြောက်​ဆယ်​ရှိ​ပြီ ဖြစ်​၏။
sexagenarius erat Isaac quando nati sunt parvuli
27 ၂၇ သူ​ငယ်​တို့​သည်​လည်း​ကြီး​ပြင်း​လာ​ကြ​၏။ ဧ​သော​သည်​တော​၌​ကျက်​စား​သော​မု​ဆိုး ကောင်း​ဖြစ်​လာ​၏။ ယာ​ကုပ်​မူ​ကား​အိမ်​တွင် အေး​ချမ်း​စွာ​နေ​သော​သူ​ဖြစ်​၏။-
quibus adultis factus est Esau vir gnarus venandi et homo agricola Iacob autem vir simplex habitabat in tabernaculis
28 ၂၈ ဣ​ဇာက်​သည်​ဧ​သော​အ​မဲ​လိုက်​၍​ရ​သော အ​မဲ​ကို​နှစ်​သက်​သ​ဖြင့် ဧ​သော​ကို​ချစ်​၏။ သို့​ရာ​တွင်​ရေ​ဗက္က​သည်​ယာ​ကုပ်​ကို​ချစ်​၏။
Isaac amabat Esau eo quod de venationibus illius vesceretur et Rebecca diligebat Iacob
29 ၂၉ တစ်​နေ့​သ​၌​ယာ​ကုပ်​သည်​ပဲ​ဟင်း​ကို​ချက်​နေ စဉ် ဧ​သော​သည်​အ​မဲ​လိုက်​ရာ​မှ​ပြန်​ရောက် လာ​၏။ သူ​သည်​ဆာ​လောင်​သ​ဖြင့်၊-
coxit autem Iacob pulmentum ad quem cum venisset Esau de agro lassus
30 ၃၀ ယာ​ကုပ်​အား``ငါ​အ​လွန်​ဆာ​လောင်​၏။ ထို​ပဲ ဟင်း​အ​နီ​ကို​ငါ​စား​ပါ​ရ​စေ'' ဟု​တောင်း လေ​သည်။ (ထို့​ကြောင့်​သူ့​အား​ဧ​ဒုံ​နာ​မည် ဖြင့်​ခေါ်​တွင်​ကြ​၏။)
ait da mihi de coctione hac rufa quia oppido lassus sum quam ob causam vocatum est nomen eius Edom
31 ၃၁ ထို​အ​ခါ​ယာ​ကုပ်​က``သား​ဦး​အ​ရာ​ကို ပေး​လျှင်​ဟင်း​ကို​ပေး​မည်'' ဟု​ဆို​လေ​သည်။
cui dixit Iacob vende mihi primogenita tua
32 ၃၂ ဧ​သော​က``ငါ​သည်​သေ​လု​အောင်​ဆာ​နေ​ပြီ။ သား​ဦး​အ​ရာ​သည်​ငါ့​အ​ဖို့​မည်​ကဲ့​သို့ အ​ကျိုး​ထူး​ရှိ​နိုင်​မည်​နည်း။ သား​ဦး​အ​ရာ ကို​ယူ​လော့'' ဟု​ပြန်​ဖြေ​၏။
ille respondit en morior quid mihi proderunt primogenita
33 ၃၃ ယာ​ကုပ်​က``သင်​၏​သား​ဦး​အ​ရာ​ကို​ပေး​မည် ဟု​ဦး​စွာ​ကတိ​သစ္စာ​ဆို​ပါ'' ဟု​ပြော​သည်။ ဧ​သော​သည်​က​တိ​သစ္စာ​ဆို​၍​သား​ဦး အ​ရာ​ကို​ယာ​ကုပ်​အား​ပေး​လိုက်​၏။-
ait Iacob iura ergo mihi iuravit Esau et vendidit primogenita
34 ၃၄ ထို​အ​ခါ​ယာ​ကုပ်​က​မုန့်​နှင့်​ပဲဟင်း​ကို​သူ့​အား ပေး​၍​သူ​သည်​စား​သောက်​ပြီး​လျှင်​ထွက်​သွား လေ​၏။ ထို​သို့​လျှင်​ဧ​သော​သည်​မိ​မိ​၏​သားဦး အ​ရာ​ကို​မ​ထီ​လေး​စား​ပြု​သ​တည်း။
et sic accepto pane et lentis edulio comedit et bibit et abiit parvipendens quod primogenita vendidisset

< ကမ္ဘာ​ဦး 25 >