< ကမ္ဘာဦး 25 >
1 ၁ အာဗြဟံသည်ကေတုရနာမည်ရှိသော မိန်းမနှင့်နောက်ထပ်အိမ်ထောင်ပြု၏။-
亞巴郎又續娶了一個妻子,名叫刻突辣。
2 ၂ ထိုမိန်းမသည်ဇိမရံ၊ ယုတ်ရှန်၊ မေဒန်၊ မိဒျန်၊ ဣရှဗက်၊ ရှုအာတို့ကိုဖွားမြင်လေသည်။-
刻突辣給他生了齊默郎、約刻商、默丹、米德楊、依市巴克和叔哈。
3 ၃ ယုတ်ရှန်၏သားများမှာရှေဘနှင့်ဒေဒန်တို့ ဖြစ်ကြသည်။ ဒေဒန်၏အဆက်အနွယ်များမှာ အာရှုရိမ်အမျိုးသား၊ လေတုရှိမ်အမျိုးသား၊ လုမ်မိမ်အမျိုးသားတို့ဖြစ်ကြသည်။-
約刻商生了舍巴和德丹;德丹的子孫是阿叔陵人、肋突興人和肋烏明人。
4 ၄ မိဒျန်၏သားများမှာဧဖာ၊ ဧဖေရ၊ ဟာနုတ်၊ အဘိဒနှင့်ဧလဒါတို့ဖြစ်ကြသည်။ ထိုသူ အားလုံးတို့သည်ကားကေတုရ၏အဆက် အနွယ်များဖြစ်ကြသတည်း။
米德楊的子孫是厄法、厄斐爾、哈諾客、阿彼達和厄耳達阿:以上都是刻突辣的子孫。
5 ၅ အာဗြဟံသည်မိမိ၏ပစ္စည်းဥစ္စာရှိသမျှကို ဣဇာက်အားအမွေပေး၏။-
亞巴郎將自己所有的財產都給了依撒格;
6 ၆ သို့ရာတွင်သူအသက်ရှင်စဉ်အခြားသောမယား တို့နှင့်ရသောသားတို့အားလည်း လက်ဆောင်များ ကိုပေး၍ဣဇာက်နှင့်ဝေးရာအရှေ့ပြည်သို့ပြောင်း ရွှေ့နေထိုင်စေသည်။
至於妾所生的兒子,亞巴郎給了他們一些禮物,在自己活著時,就叫他們離開自己的兒子依撒格,打發他們向東去,住在東方。
7 ၇ အာဗြဟံသည်အသက်တစ်ရာ့ခုနစ်ဆယ်ငါး နှစ်ရှိသော်အိုမင်းလျက်၊ နေ့ရက်ကာလများစွာ ပြည့်စုံခြင်းနှင့်တကွ၊ နောက်ဆုံးထွက်သက်ကို ရှူ၍မိမိလူမျိုးစုနှင့်စုဝေးခွင့်ရလေ၏။-
亞巴郎一生的歲月共是一百七十五歲。
亞巴郎壽高年老,已享天年,遂斷氣而死,歸到他親族那裏去了。
9 ၉ သားများဖြစ်ကြသောဣဇာက်နှင့်ဣရှမေလ တို့သည် မံရေမြို့အရှေ့ဘက်ရှိဟိတ္တိအမျိုးသား ဇောရ၏သားဧဖရုန်ပိုင်ခဲ့သောမြေကွက်တွင် မပ္ပေလဂူ၌ဖခင်ကိုသင်္ဂြိုဟ်ကြ၏။-
他的兒子依撒格和依市瑪耳,將他葬在面對瑪默勒,赫特人祚哈爾之子厄斐龍的田間瑪革培拉山洞內。
10 ၁၀ မြေကွက်မှာဟိတ္တိအမျိုးသားတို့ထံမှအာဗြဟံ ဝယ်ယူခဲ့သောမြေကွက်ဖြစ်၏။ စာရာကိုသင်္ဂြိုဟ် ရာသင်္ချိုင်းတွင်အာဗြဟံကိုသင်္ဂြိုဟ်ကြ၏။-
這塊田地是亞巴郎由赫特人那裏買來的;亞巴郎和妻子撒辣都葬在那裏。
11 ၁၁ အာဗြဟံကွယ်လွန်ပြီးနောက်``ငါ့ကိုမြင် တော်မူသည့်အသက်ရှင်တော်မူသောအရှင် ၏ရေတွင်း'' အနီး၌နေထိုင်သောဣဇာက်ကို ဘုရားသခင်ကောင်းချီးပေးတော်မူ၏။
亞巴郎死後,天主祝福了他的兒子依撒格。依撒格定居在拉海洛依井附近。
12 ၁၂ အာဗြဟံနှင့်စာရာ၏ကျွန်မအီဂျစ်အမျိုး သမီးဟာဂရတို့ရသောသားဣရှမေလ၏ သားစဉ်မြေးဆက်တို့ကိုဖော်ပြပေအံ့။-
以下是撒辣的婢女,埃及人哈加爾給亞巴郎生的依市瑪耳的後裔。
13 ၁၃ ဣရှမေလ၏ကြီးစဉ်ငယ်လိုက်သားများ၏ နာမည်များမှာသားဦးနဗာယုတ်၊ ကေဒါ၊ အာဒဗေလ၊ မိဗသံ၊-
依市瑪耳的子孫名單,依照出生的次第記載如下:依市瑪耳的長子是乃巴約特,其次是刻達爾、阿德貝耳、米貝散、
14 ၁၄ မိရှမ၊ ဒုမာ၊ မာစ၊-
米市瑪、杜瑪、瑪薩、
15 ၁၅ ဟာဒဒ်၊ တေမ၊ ယေတုရ၊ နာဖိရှနှင့်ကေဒမာ တို့ဖြစ်ကြသည်။-
哈達得、特瑪、耶突爾、納菲士和刻德瑪:
16 ၁၆ ဣရှမေလ၏သားတို့သည်အနွယ်တစ်ဆယ့် နှစ်မျိုးတို့၏ဖခင်များဖြစ်ကြ၍ သူတို့နေ ထိုင်ရာကျေးရွာနှင့်စခန်းချရာအရပ်များ ကိုသူတို့၏နာမည်များဖြင့်ခေါ်တွင်ကြလေ သည်။-
以上都是依市瑪耳的兒子,這些人的名字也是他們的村莊和營地的名字,又是十二家族的族長。
17 ၁၇ ဣရှမေလသည်အသက်တစ်ရာ့သုံးဆယ့်ခုနစ် နှစ်ရှိသော်ကွယ်လွန်လေသည်။-
依市瑪耳一生的歲月是一百三十七歲;然後斷氣而死,歸到他親族那裏去了。
18 ၁၈ ဣရှမေလ၏အဆက်အနွယ်တို့သည်အီဂျစ် ပြည်အရှေ့ဘက်အာရှုရိပြည်သို့သွားရာလမ်း တွင် ဟဝိလမြို့နှင့်ရှုရမြို့အကြားရှိဒေသ တွင်နေထိုင်ကြသည်။ သူတို့သည်အာဗြဟံ၏ အခြားသောအဆက်အနွယ်တို့နှင့်တသီး တခြားနေထိုင်ကြလေသည်။
他的子孫住在從哈威拉直到埃及東面的叔爾,往亞述道上,對著自己的眾兄弟支搭帳幕。
19 ၁၉ အာဗြဟံသားဣဇာက်၏အတ္ထုပ္ပတ္တိကိုဖော်ပြ ပေအံ့။-
以下是亞巴郎的兒子依撒格的歷史:亞巴郎生依撒格。
20 ၂၀ ဣဇာက်သည်အသက်လေးဆယ်ရှိသောအခါ ပါဒနာရံပြည်မှ ရှုရိအမျိုးသားဗေသွေလ ၏သမီး၊ လာဗန်၏နှမရေဗက္ကနှင့်အိမ်ထောင် ပြုလေသည်။-
依撒格四十歲時娶了帊丹阿蘭地阿蘭人貝突耳的女兒,阿蘭人拉班的妹妹黎貝加為妻。
21 ၂၁ ရေဗက္ကတွင်သားသမီးမထွန်းကားသဖြင့် ဣဇာက် သည်ထာဝရဘုရားထံ၌သားသမီးဆုကို တောင်းလေသည်။ ထာဝရဘုရားသည်သူ၏ ဆုတောင်းသံကိုနားညောင်းတော်မူ၍ရေဗက္က ၌ပဋိသန္ဓေစွဲလေ၏။-
依撒格因為自己的妻子不生育,便為她懇求上主;上主俯允了他的祈求,他的妻子黎貝加遂懷了孕,
22 ၂၂ သူ၏ပဋိသန္ဓေမှာကလေးအမြွှာတည်၍ထို ကလေးတို့သည်မမွေးဖွားမီက အမိ၏ဝမ်း ထဲမှာအချင်းချင်းအားပြိုင်ကြ၏။ ထိုအခါ ရေဗက္ကက``ကျွန်မတွင်အဘယ်ကြောင့်ဤသို့ ဖြစ်ရသနည်း'' ဟုဆို၍ထာဝရဘုရား ထံလျှောက်ထားလေသည်။
雙胎在她腹內互相衝突,於是她說:「若是這樣,我可怎麼辦﹖」遂去求問上主。
23 ၂၃ ထာဝရဘုရားကရေဗက္ကအား ``သင်၏ဝမ်းထဲ၌လူနှစ်မျိုးရှိ၏။ သင်သည်အချင်းချင်းပြိုင်ဆိုင်မည့် လူမျိုးနှစ်မျိုးကိုဖွားမြင်မည်။ လူမျိုးတစ်မျိုးသည်အခြားတစ်မျိုးထက် ခွန်အားကြီးမည်။ အကြီးဖြစ်သူကအငယ်၏အစေကိုခံ ရမည်'' ဟုမိန့်တော်မူ၏။
上主答覆她說:「你一胎懷了兩個國家,你腹中所生的要分為兩個民族:一個民族強於另一民族,年長的要服事年幼的。」
24 ၂၄ ရေဗက္ကသည်သားဖွားချိန်စေ့သောအခါ သား အမြွှာကိုဖွားမြင်လေသည်။-
到了生產的時候,她腹內果然是一對雙生;
25 ၂၅ အဦးဖွားသောသားသည်အဆင်းနီ၍အမွေး ထူသဖြင့်ဧသောဟုနာမည်မှည့်လေသည်။-
首先產出的發紅,渾身是毛,如披毛裘,給他起名厄撒烏。
26 ၂၆ ဒုတိယသားသည်ဧသော၏ဖနောင့်ကိုဆုပ် ကိုင်လျက်မွေးဖွားလာသဖြင့် ယာကုပ်ဟုနာ မည်မှည့်လေသည်။ ထိုသားများမွေးဖွားသော အခါဣဇာက်သည်အသက်ခြောက်ဆယ်ရှိပြီ ဖြစ်၏။
他的弟弟隨後出生,一手握著厄撒烏的腳跟,為此給他起名叫雅各伯。他們誕生時,依撒格已是六十歲的人。
27 ၂၇ သူငယ်တို့သည်လည်းကြီးပြင်းလာကြ၏။ ဧသောသည်တော၌ကျက်စားသောမုဆိုး ကောင်းဖြစ်လာ၏။ ယာကုပ်မူကားအိမ်တွင် အေးချမ်းစွာနေသောသူဖြစ်၏။-
兩個孩童漸漸長大,厄撒烏成了個好打獵的人,喜居戶外;雅各伯卻為人恬靜,深居幕內。
28 ၂၈ ဣဇာက်သည်ဧသောအမဲလိုက်၍ရသော အမဲကိုနှစ်သက်သဖြင့် ဧသောကိုချစ်၏။ သို့ရာတွင်ရေဗက္ကသည်ယာကုပ်ကိုချစ်၏။
依撒格愛厄撒烏,因為他愛吃野味;黎貝加卻愛雅各伯。
29 ၂၉ တစ်နေ့သ၌ယာကုပ်သည်ပဲဟင်းကိုချက်နေ စဉ် ဧသောသည်အမဲလိုက်ရာမှပြန်ရောက် လာ၏။ သူသည်ဆာလောင်သဖြင့်၊-
有一天,雅各伯正煮好豆羹,厄撒烏由田間回來,饑餓疲乏,
30 ၃၀ ယာကုပ်အား``ငါအလွန်ဆာလောင်၏။ ထိုပဲ ဟင်းအနီကိုငါစားပါရစေ'' ဟုတောင်း လေသည်။ (ထို့ကြောင့်သူ့အားဧဒုံနာမည် ဖြင့်ခေါ်တွင်ကြ၏။)
便對雅各伯說:「請將這紅紅的東西給我點吃,因為我實在又餓又乏。」--因此他的名字又叫「厄東。」
31 ၃၁ ထိုအခါယာကုပ်က``သားဦးအရာကို ပေးလျှင်ဟင်းကိုပေးမည်'' ဟုဆိုလေသည်။
雅各伯回答說:「你要將你長子的名分先賣給我。」
32 ၃၂ ဧသောက``ငါသည်သေလုအောင်ဆာနေပြီ။ သားဦးအရာသည်ငါ့အဖို့မည်ကဲ့သို့ အကျိုးထူးရှိနိုင်မည်နည်း။ သားဦးအရာ ကိုယူလော့'' ဟုပြန်ဖြေ၏။
厄撒烏說:「我快要死了,這長子的名分為我還有什麼益處﹖」
33 ၃၃ ယာကုပ်က``သင်၏သားဦးအရာကိုပေးမည် ဟုဦးစွာကတိသစ္စာဆိုပါ'' ဟုပြောသည်။ ဧသောသည်ကတိသစ္စာဆို၍သားဦး အရာကိုယာကုပ်အားပေးလိုက်၏။-
雅各伯接著說:「你得立刻對我起誓。」厄撒烏遂對他起了誓,將自己長子的名分賣給了雅各伯。
34 ၃၄ ထိုအခါယာကုပ်ကမုန့်နှင့်ပဲဟင်းကိုသူ့အား ပေး၍သူသည်စားသောက်ပြီးလျှင်ထွက်သွား လေ၏။ ထိုသို့လျှင်ဧသောသည်မိမိ၏သားဦး အရာကိုမထီလေးစားပြုသတည်း။
雅各伯遂將餅和扁豆羹給了厄撒烏;他吃了喝了,起身走了。--厄撒烏竟如此輕視了長子的名分。