< ကမ္ဘာဦး 24 >
1 ၁ ထိုအချိန်၌အာဗြဟံသည်အသက်အရွယ် အလွန်ကြီးရင့်လာပြီဖြစ်၏။ ထာဝရဘုရား သည်အရာရာ၌သူ့အားကောင်းချီးပေးတော် မူခဲ့၏။-
Now Abraham was old, well advanced in days, and the LORD had blessed Abraham in all things.
2 ၂ သူသည်သူ၏ပစ္စည်းဥစ္စာအားလုံးတို့ကိုအုပ် ထိန်းရသော အသက်အကြီးဆုံးအစေခံကို ခေါ်လျက်``သင်၏လက်ကိုငါ့ပေါင်အောက်မှာ ထား၍သစ္စာဆိုလော့။-
And Abraham said to his servant, the elder of his household, who was in charge over all that he had, "Please put your hand under my thigh,
3 ၃ သင်သည်ငါ့သားအတွက်မယားကိုခါနာန် လူမျိုးတို့တွင်မရှာပါဟု ကောင်းကင်နှင့်မြေ ကြီးအရှင်ဘုရားသခင်ထာဝရဘုရား၏ နာမတော်ကိုတိုင်တည်၍သစ္စာဆိုလော့။-
and I will make you swear by the God of heaven and earth, that you must not take a wife for my son from the daughters of the Canaanites, among whom I am living,
4 ၄ သင်သည်ငါမွေးရာဇာတိပြည်သို့ပြန်သွား၍ ငါ၏အမျိုးသားချင်းတို့ထဲမှငါ၏သား ဣဇာက်အတွက်မယားရှာခဲ့ရမည်'' ဟုဆို လေ၏။
but you must go to my country and to my relatives, and get a wife for my son Isaac."
5 ၅ ထိုအခါအစေခံက``အမျိုးသမီးသည်သူ၏ အိမ်ရာကိုစွန့်၍ဤပြည်သို့ ကျွန်တော်နှင့်အတူ မလိုက်လိုဟုဆိုလျှင်မည်သို့ပြုလုပ်ရပါမည် နည်း။ ကိုယ်တော်၏သားကိုကိုယ်တော်၏ဇာတိ ပြည်သို့ကျွန်တော်ခေါ်ဆောင်သွားရပါမည် လော'' ဟုမေးလေ၏။
And the servant asked him, "What if the woman isn't willing to follow me to this land? Must I then bring your son back to the land from which you came?"
6 ၆ အာဗြဟံကလည်း``ထိုပြည်သို့ငါ့သားကို သင်ခေါ်၍မသွားရ။-
Then Abraham told him, "Be careful that you do not take my son back there.
7 ၇ ကောင်းကင်ဘုံရှင်ဘုရားသခင်ထာဝရဘုရား သည်ငါ၏ဖခင်နှင့်ဆွေမျိုးများနေထိုင်ရာပြည် မှ ငါ့ကိုခေါ်ဆောင်ခဲ့၍ငါ၏အမျိုးအနွယ်တို့ အား ဤပြည်ကိုပေးမည်ဟုငါ့အားကတိသစ္စာ ပြုထားတော်မူ၏။ သင်သည်ငါ့သားအတွက် မယားရှာ၍ရစေခြင်းငှာ ထာဝရဘုရားသည် မိမိ၏ကောင်းကင်တမန်ကိုသင့်အလျင်ထို ပြည်သို့စေလွှတ်တော်မူမည်။-
Now the God of heaven, who took me from my father's household and from the land of my birth, who spoke to me and promised me on oath, saying, 'I will give this land to your offspring' -- he will send his angel before you, and you will get a wife for my son from there.
8 ၈ အကယ်၍အမျိုးသမီးကသင်နှင့်အတူမလိုက် လိုပါကသင်ထားသောကတိသစ္စာသည်ပျက်ပြယ် စေ။ သို့ရာတွင်မည်သည့်အကြောင်းကြောင့်မဆို ငါ့သားကိုထိုပြည်သို့ခေါ်ဆောင်၍မသွားရ'' ဟုဆို၏။-
But if the woman isn't willing to follow you, then you will be free from this oath to me. Only you must not bring my son back there."
9 ၉ ထို့ကြောင့်အာဗြဟံ၏အစေခံသည်မိမိ သခင်၏ပေါင်အောက်တွင် လက်ကိုထား၍ ခိုင်းစေသမျှအတိုင်းပြုလုပ်ပါမည်ဟု ကတိသစ္စာဆိုလေ၏။
So the servant put his hand under the thigh of his master Abraham and gave his oath to him concerning this matter.
10 ၁၀ အာဗြဟံ၏ပစ္စည်းဥစ္စာကိုအုပ်ထိန်းရသော ထိုအစေခံသည် မိမိသခင်၏ကုလားအုတ် များထဲမှကုလားအုတ်ဆယ်စီးကိုယူ၍ မက်ဆိုပိုတေးမီးယားပြည်မြောက်ပိုင်းရှိ နာခေါ်နေထိုင်ရာမြို့သို့ခရီးထွက်ခဲ့လေသည်။-
Then the servant took ten camels from his master's camels and departed, having a variety of good things from his master at his disposal, and he set out and went to Aram Naharaim, to the city of Nahor.
11 ၁၁ ထိုအရပ်သို့ရောက်သော်သူသည်မြို့ပြင်ရှိ ရေတွင်းအနီးတွင် ကုလားအုတ်များကိုဝပ် ချစေ၏။ ထိုအချိန်သည်ကားမြို့တွင်းမှအမျိုး သမီးများထွက်၍ရေခပ်ရန်လာသောညနေ ချမ်းအချိန်ဖြစ်သတည်း။-
And he made the camels kneel down outside the city by the well of water at the time of evening, the time when women go out to draw water.
12 ၁၂ သူက``အကျွန်ုပ်၏သခင်အာဗြဟံ၏ဘုရားသခင်ထာဝရဘုရား၊ အကျွန်ုပ်လာခဲ့ရသည့် ကိစ္စထမြောက်အောင်မြင်စေတော်မူပါ။ အကျွန်ုပ် ၏သခင်အားထားသောကတိတော်အတိုင်းပြု တော်မူပါ။-
Then he said, "God of my master Abraham, please grant me success today and show kindness to my master Abraham.
13 ၁၃ အကျွန်ုပ်သည်မြို့တွင်းမှမိန်းမပျိုများရေ ခပ်လာမည့်ရေတွင်းနားသို့ရောက်ရှိနေပါ၏။-
Look, I am standing by the spring of water, and the daughters of the men of the city are coming out to draw water.
14 ၁၄ သူတို့အထဲမှတစ်ယောက်ယောက်အား`သင်၏ ရေခရားမှရေတစ်ပေါက်လောက်သောက်ပါရ စေ' ဟုဆိုပါမည်။ အကယ်၍ထိုအမျိုးသမီး က`သောက်ပါ။ သင်၏ကုလားအုတ်တို့အတွက် လည်းရေခပ်ပေးပါမည်' ဟုဆိုလျှင် ထိုအမျိုး သမီးသည်ကိုယ်တော်၏ကျွန်ဣဇာက်အတွက် ကိုယ်တော်ရွေးချယ်ထားသူဖြစ်ပါစေသော။ အကျွန်ုပ်လျှောက်ထားသည့်အတိုင်းဖြစ်ခဲ့ လျှင်အကျွန်ုပ်၏သခင်အားထားတော်မူ သောကတိတော်အတိုင်း ကိုယ်တော်ပြုတော် မူကြောင်းအကျွန်ုပ်သိရပါမည်'' ဟုဆု တောင်းလေ၏။
Now may it happen that the young woman to whom I will say, 'Please lower your jug that I may drink,' and she answers, 'Drink, and I will also give your camels a drink,'—her you have chosen for your servant Isaac. By this I will know that you have shown kindness to my master."
15 ၁၅ သူဆုတောင်း၍မဆုံးမီ၊ ရေဗက္ကဆိုသူအမျိုး သမီးသည်ရေခရားကိုပခုံးပေါ်တင်လျက် ရောက်ရှိလာလေသည်။ သူသည်အာဗြဟံ၏ညီ နာခေါ်နှင့်မယားမိလခါတို့၏သားဗေသွေ လ၏သမီးဖြစ်သည်။-
And it happened, before he had finished speaking, that look, Rebekah was coming out with her jug on her shoulder—who was born to Bethuel the son of Milcah, the wife of Nahor, Abraham's brother.
16 ၁၆ သူသည်အလွန်ရုပ်ရည်လှသောပျိုကညာဖြစ် ၏။ သူသည်ရေတွင်းသို့ဆင်း၍ရေခရား၌ရေ ဖြည့်ပြီးလျှင်ပြန်တက်လာသည်။-
Now the young woman was very beautiful in appearance, a virgin; no man had ever slept with her. And she went down to the spring and filled her jug and came up.
17 ၁၇ ထိုအစေခံသည်မိန်းမပျိုထံသို့ပြေးသွား လျက်``သင်၏ခရားမှကျေးဇူးပြု၍ရေ တစ်ပေါက်သောက်ရန်ပေးပါ'' ဟုတောင်း လေ၏။
Then the servant ran to meet her, and said, "Please give me a little water to drink from your jug."
18 ၁၈ မိန်းမပျိုက``အရှင်သောက်ပါ'' ဟုဆို၍ပခုံး ပေါ်မှခရားကိုအလျင်အမြန်ချလျက်သူ့ အားပေးလေသည်။-
So she said, "Drink, my lord." And she hurried and let down her jug to her hands, and gave him a drink.
19 ၁၉ သူ့အားရေတိုက်ပြီးသောအခါမိန်းမပျိုက``သင် ၏ကုလားအုတ်များရေဝအောင်သောက်နိုင်ရန် ကျွန်မရေခပ်ပေးပါဦးမည်'' ဟုဆိုလေသည်။-
Now when she had finished giving him a drink, she said, "I will also draw for your camels, until they have finished drinking."
20 ၂၀ မိန်းမပျိုသည်ခရားထဲ၌ရှိသောရေကိုရေ တိုက်ခွက်ထဲသို့ချက်ချင်းသွန်ချပြီးလျှင် သူ ၏ကုလားအုတ်အားလုံးတို့ကိုရေတိုက်ပြီး သည်အထိရေတွင်းမှရေကိုအလျင်အမြန် ခပ်သယ်ပေးသည်။-
So she hurried and emptied her jug into the trough and ran again to the well to draw, and drew for all his camels.
21 ၂၁ ထိုအစေခံသည်လည်းထာဝရဘုရားကသူ့ အားထမြောက်အောင်မြင်ခွင့်ပေးမည်၊ မပေး မည်ကိုသိနိုင်ရန်စောင့်ကြည့်နေလေသည်။
And the man watched her in silence so as to know whether God had made his journey successful or not.
22 ၂၂ မိန်းမပျိုသည်ကုလားအုတ်များကိုရေတိုက် ပြီးသောအခါ ထိုသူသည်အချိန်ငါးမူးရှိ သောရွှေနှာဆွဲနှင့်အကျပ်တစ်ဆယ်အချိန် ရှိသောရွှေလက်ကောက်တစ်ရံကိုသူ့အားဝတ် ဆင်ပေးပြီးလျှင် သင်သည်မည်သူ၏သမီး ဖြစ်သည်ကိုသိပါရစေ။-
And it happened, as the camels had finished drinking, that the man took a gold ring weighing a beka, which he put on her nose, and two bracelets for her hands weighing ten pieces of gold,
23 ၂၃ သင်၏ဖခင်အိမ်တွင်ကျွန်ုပ်နှင့်ကျွန်ုပ်၏အဖော် တို့ညတည်းခိုရန်နေရာရှိပါသလော'' ဟုမေး လေ၏။
and said, "Whose daughter are you? Please tell me, is there room in your father's house for us to lodge?"
24 ၂၄ ``ကျွန်မသည်နာခေါ်နှင့်မိလခါတို့၏မြေး၊ ဗေသွေလ၏သမီးဖြစ်ပါ၏။-
Then she said to him, "I am the daughter of Bethuel, the son of Milcah, whom she bore to Nahor."
25 ၂၅ ကျွန်မတို့၏အိမ်တွင်တိရစ္ဆာန်များအတွက် ကောက်ရိုးနှင့်အစာများစွာရှိပါသည်။ သင် တို့တည်းခိုရန်နေရာလည်းရှိပါသည်'' ဟု ဖြေကြားလေသည်။
And she also said to him, "We have plenty of straw and fodder, and room to lodge."
26 ၂၆ ထိုအခါသူသည်ဦးညွှတ်၍ထာဝရ ဘုရားကိုရှိခိုးလျက်၊-
Then the man bowed his head and worshiped God,
27 ၂၇ ``အကျွန်ုပ်၏သခင်အာဗြဟံအားကရုဏာ ပြတော်မူလျက် သစ္စာကတိတော်အတိုင်းပြု တော်မူသောထာဝရဘုရား၏ကျေးဇူး တော်သည်ကြီးလှပါ၏။ ထာဝရဘုရား သည်အကျွန်ုပ်အားသခင်၏ဆွေမျိုးများ ထံသို့ဆိုက်ဆိုက်မြိုက်မြိုက်ပို့ဆောင်တော်မူ လေပြီ'' ဟုမြွက်ဆိုလေ၏။
and said, "Blessed be the God of my master Abraham, who has not forsaken his loving kindness and his truth toward my master. As for me, he has led me on the journey to the house of my master's relatives."
28 ၂၈ မိန်းမပျိုသည်လည်းသူ၏မိခင်နေအိမ်သို့ ပြေး၍ အကြောင်းအရာအကုန်အစင်ကို ပြောပြလေ၏။-
Then the young woman ran, and told her mother's household about these words.
29 ၂၉ ရေဗက္ကတွင်လာဗန်ဟုနာမည်တွင်သောမောင် ရှိ၏။ သူသည်ထိုသူရှိရာရေတွင်းသို့ပြေး လေ၏။-
Now Rebekah had a brother, and his name was Laban, and he ran out to the man at the spring.
30 ၃၀ လာဗန်သည်နှမတွင်နှာဆွဲတန်ဆာနှင့်လက် ကောက်များဝတ်ဆင်ထားသည်ကိုမြင်သည့်ပြင် ထိုသူကနှမအားပြောပြသမျှကိုလည်း ကြားရ၏။ သို့ဖြစ်၍သူသည်ရေတွင်းနားတွင် ကုလားအုတ်တို့အနီး၌ရပ်နေသောအာဗြ ဟံ၏အစေခံထံသို့သွား၍၊-
And it happened, when he saw the nose ring and the bracelets on his sister's wrists, and when he heard the words of Rebekah his sister, saying, "This is what the man said to me," that he went to the man. And look, he was standing by the camels at the spring.
31 ၃၁ ``ထာဝရဘုရားထံမှကောင်းချီးမင်္ဂလာခံ ရသောသူ၊ ကျွန်ုပ်၏အိမ်သို့ကြွပါ။ ဤနေရာ တွင်အဘယ်ကြောင့်ရပ်နေပါသနည်း။ ကျွန်ုပ် ၏အိမ်တွင်သင်တည်းခိုရန်အခန်းကိုအသင့် ပြင်ပြီးပါပြီ။ သင်၏ကုလားအုတ်များနေ စရာလည်းရှိပါသည်'' ဟုခေါ်ဖိတ်လေသည်။
And he said, "Come in, you blessed of God. Why do you stand outside? For I have prepared the house and room for the camels."
32 ၃၂ သို့ဖြစ်၍ထိုသူသည်လာဗန်တို့၏အိမ်သို့လိုက် ပါလာ၏။ လာဗန်သည်ကုလားအုတ်များမှဝန် စည်များကိုချပြီးလျှင် တိရစ္ဆာန်များကိုကောက် ရိုးနှင့်အစာကျွေးလေ၏။ ထိုနောက်အာဗြဟံ၏ အစေခံနှင့်သူ၏အဖော်တို့ခြေဆေးရန်ရေ ကိုလည်းယူခဲ့သည်။-
So the man went into the house and he unloaded the camels. And he gave straw and fodder for the camels, and water to wash his feet and the feet of the men who were with him.
33 ၃၃ သူတို့အတွက်စားစရာကိုပြင်ဆင်ပြီးသော အခါထိုသူက``ကျွန်ုပ်ပြောစရာရှိသမျှ ကိုပြောပြပြီးမှအစာစားပါမည်'' ဟုဆို လေ၏။ လာဗန်က``ပြောပါ'' ဟုဆို၏။-
And he set before him food to eat, but he said, "I will not eat until I have told my message." And he said, "Say it."
34 ၃၄ ထိုသူက``ကျွန်ုပ်သည်အာဗြဟံ၏အစေခံ ဖြစ်ပါသည်။-
So he said, "I am Abraham's servant.
35 ၃၅ ထာဝရဘုရားသည်ကျွန်ုပ်၏သခင်အားကောင်း ချီးမင်္ဂလာများစွာချပေးသဖြင့် သူသည်ကြွယ် ဝချမ်းသာလာပါသည်။ ထာဝရဘုရားသည် သူ့အားသိုးအုပ်၊ ဆိတ်အုပ်၊ ရွှေ၊ ငွေ၊ ကျွန်ယောကျာ်း၊ ကျွန်မိန်းမ၊ ကုလားအုတ်နှင့်မြည်းများကိုပေး တော်မူပြီ။-
And the Lord has blessed my master greatly, so that he has become great, and he has given him sheep and cattle, and silver and gold, and male servants and female servants, camels and donkeys.
36 ၃၆ ကျွန်ုပ်သခင်၏မယားစာရာသည်အရွယ်အို မှသားတစ်ယောက်ကိုဖွားမြင်ခဲ့သည်။ ကျွန်ုပ် ၏သခင်သည်ထိုသားအားမိမိပိုင်ဆိုင်သမျှ တို့ကိုပေးအပ်ထားပါသည်။-
And Sarah my master's wife bore a son to my master when she was old, and to him he has given all that he has.
37 ၃၇ သခင်ကလည်းကျွန်ုပ်အား`သင်သည်ငါ၏သား အတွက် မယားကိုခါနာန်ပြည်ရှိအမျိုးသမီး များထဲမှမရှာရ။-
Now my master put me under oath, saying, 'You must not take a wife for my son from the daughters of the Canaanites, in whose land I live,
38 ၃၈ ငါ့အဖအမျိုးသားများဖြစ်သောငါ၏ဆွေ မျိုးသားချင်းတို့ထံသို့သွား၍ ငါ့သားအတွက် မယားကိုရှာရမည်' မှာကြားပါသည်။ ထိုမှာ ကြားချက်ကိုနာခံပါမည်ဟုကတိသစ္စာခံစေ ပါသည်။-
but you must go to my father's house, and to my relatives, and get a wife for my son.'
39 ၃၉ ထိုအခါကျွန်ုပ်က`အကယ်၍အမျိုးသမီးက ကျွန်ုပ်နှင့်မလိုက်လိုဟုဆိုသော်မည်သို့ပြုလုပ် ရပါမည်နည်း' ဟုသခင်အားမေးသော်၊-
And I said to my master, 'What if the woman will not follow me?'
40 ၄၀ သခင်က`ငါအမြဲရိုသေနာခံသောထာဝရ ဘုရားသည် မိမိ၏ကောင်းကင်တမန်ကိုသင်နှင့် အတူစေလွှတ်၍သင့်အားအောင်မြင်မှုကိုပေး တော်မူမည်။ သင်သည်ငါ၏အမျိုးသားချင်း ဖြစ်သောငါ့အဖမိသားစုထဲမှ ငါ့သား အတွက်မယားကိုရှာယူခဲ့ရမည်။-
But he said to me, 'God, before whom I walk, will send his angel with you, and make your journey successful, and you will get a wife for my son from my relatives, and of my father's house.
41 ၄၁ သင်ထားသောကတိသစ္စာပျက်ပြယ်စေမည့်နည်း တစ်နည်းသာလျှင်ရှိသည်။ သင်သည်ငါ၏ဆွေ မျိုးသားချင်းတို့ထံသို့သွား၍သူတို့က ငြင်းဆိုလျှင် သင်ထားသောကတိသစ္စာပျက် ပြယ်စေ' ဟုဖြေကြားပါ၏။
Then will you be free from my oath, when you come to my relatives. And if they do not give her to you, then you will be free from my oath.'
42 ၄၂ ``ကျွန်ုပ်သည်ရေတွင်းသို့ယနေ့ရောက်ရှိသော အခါ`အကျွန်ုပ်၏သခင်အာဗြဟံ၏ဘုရားသခင်ထာဝရဘုရား၊ အကျွန်ုပ်ပြုလုပ်ရ မည့်အမှုကိစ္စကိုအောင်မြင်စေတော်မူပါ။-
So today I came to the spring, and said, 'God of my master Abraham, if now you will make my journey successful in which I go—
43 ၄၃ ယခုရေတွင်းသို့ရောက်ရှိပါပြီ။ မိန်းမပျိုတစ် ဦးရေခပ်လာသောအခါသူ့အား`ရေတစ်ပေါက် လောက်သောက်ပါရစေ' ဟုတောင်းပါမည်။-
look, I am standing by this spring of water, and may it happen that the young woman who comes out to draw, to whom I will say, "Please give me a little water from your pitcher to drink,"
44 ၄၄ အကယ်၍သူက`သောက်ပါ။ သင်၏ကုလားအုတ် များအတွက်ရေကိုခပ်ပေးပါဦးမည်' ဟုဆို လျှင်ထိုမိန်းမပျိုသည်အကျွန်ုပ်သခင်၏သား အတွက်ကိုယ်တော်ရှင်ရွေးချယ်သောမယား ဖြစ်ပါစေသော' ဟုဆုတောင်းပါသည်။-
and she will say to me, "Drink, and I will also draw for your camels,"—may she be the woman who has been chosen for my master's son.'
45 ၄၅ စိတ်ထဲ၌ထိုကဲ့သို့ဆုတောင်း၍မပြီးမီ ရေဗက္ကသည် ပခုံးပေါ်တွင်ရေခရားတင်လျက် ရေခပ်ရန်ရေတွင်းသို့လာပါသည်။ ကျွန်ုပ်ကသူ့ အား`ရေတစ်ပေါက်လောက်သောက်ပါရစေ' ဟု တောင်း၏။-
Before I had finished praying in my heart, look, Rebekah came out with her jug on her shoulder, and she went down to the spring, and drew. And I said to her, 'Please give me a drink.'
46 ၄၆ သူသည်ပခုံးပေါ်မှခရားကိုအလျင်အမြန် ချလျက်`သောက်ပါ၊ သင်၏ကုလားအုတ်များကို လည်းရေတိုက်ပါမည်' ဟုဆိုပါသည်။ ထိုကြောင့် ကျွန်ုပ်ရေသောက်ရပါ၏။ သူကကုလားအုတ် များကိုလည်းရေတိုက်ပေးပါ၏။-
And she quickly lowered her jug from her shoulder, and said, 'Drink, and I will also give your camels a drink.' So I drank, and she also gave the camels water.
47 ၄၇ ကျွန်ုပ်က`သင်သည်မည်သူ၏သမီးဖြစ်သနည်း' ဟုမေးသော်သူက`ကျွန်မသည်နာခေါ်နှင့်မိလ ခါတို့၏မြေး၊ ဗေသွေလ၏သမီးဖြစ်ပါသည်' ဟုဖြေပါသည်။ ထိုအခါကျွန်ုပ်သည်သူ၏နှာ ခေါင်းတွင်နှာဆွဲကိုလည်းကောင်း၊ လက်တွင်လက် ကောက်များကိုလည်းကောင်းဝတ်ဆင်ပေးပါ သည်။-
Then I asked her, and said, 'Whose daughter are you?' And she replied, 'The daughter of Bethuel, Nahor's son, whom Milcah bore to him.' So I put the ring on her nose, and the bracelets on her wrists.
48 ၄၈ ထိုနောက်ကျွန်ုပ်သည်ထာဝရဘုရားအား ဦးညွှတ်ရှိခိုး၍ကျွန်ုပ်သခင်၏သားအတွက် မယားရှိရာဆွေမျိုးသားချင်းတို့ထံသို့ ဆိုက်ဆိုက်မြိုက်မြိုက်ပို့ဆောင်တော်မူသောကျွန်ုပ် သခင်အာဗြဟံ၏ဘုရားသခင်ထာဝရ ဘုရား၏ဂုဏ်တော်ကိုချီးမွမ်းပါသည်။-
Then I bowed my head and worshiped God, and blessed the God of my master Abraham, who had guided me on the right road to find the granddaughter of my master's brother for his son.
49 ၄၉ သင်တို့သည်ကျွန်ုပ်၏သခင်အတွက်ကရုဏာ ပြတော်မူလျက်သစ္စာကတိအတိုင်းဆောင်ရွက် နိုင်မည်၊ မဆောင်ရွက်နိုင်မည်ကိုသိပါရစေ။ မဆောင်ရွက်နိုင်ဟုဆိုလျှင်လည်းသိပါရစေ။ သို့မှသာကျွန်ုပ်မည်ကဲ့သို့ဆက်လက်ဆောင်ရွက် ရမည်ကိုဆုံးဖြတ်နိုင်ပါမည်'' ဟုပြောလေ၏။
Now if you will show kindness and truth to my master, tell me. And if not, tell me, that I may turn to the right hand, or to the left."
50 ၅၀ လာဗန်နှင့်ဗေသွေလတို့က``ဤအမှုကိစ္စသည် ထာဝရဘုရားစီရင်သောအမှုကိစ္စဖြစ်ခြင်း ကြောင့်ကျွန်ုပ်တို့ကအဆုံးအဖြတ်ပေးရန် မလိုပါ။-
Then Laban and Bethuel answered, "The matter comes from God. We can't speak to you bad or good.
51 ၅၁ သင့်ရှေ့တွင်ရေဗက္ကရှိပါ၏။ သူ့ကိုခေါ်ဆောင် သွားပါလော့။ ထာဝရဘုရားကိုယ်တော်တိုင် မိန့်တော်မူသည်အတိုင်းသူ့အားသင့်သခင် သား၏မယားအဖြစ်ခေါ်ဆောင်သွားပါ လော့'' ဟုဖြေကြ၏။-
Look, Rebekah is before you. Take, and go, and let her become the wife of your master's son, as God has spoken."
52 ၅၂ အာဗြဟံ၏အစေခံသည်ထိုစကားကို ကြားရလျှင် ထာဝရဘုရားအားဦးညွှတ် ရှိခိုးလေသည်။-
And it happened when Abraham's servant heard their words, that he bowed himself down to the ground.
53 ၅၃ ထိုနောက်သူသည်ရွှေငွေအဝတ်တန်ဆာများ ကိုထုတ်၍ရေဗက္ကအားပေး၏။ ရေဗက္က၏မောင် နှင့်မိခင်တို့အားလည်းအဖိုးထိုက်တန်သော လက်ဆောင်များကိုပေး၏။
Then the servant brought out articles of silver and articles of gold, and clothing, and gave them to Rebekah. And he also gave valuable gifts to her brother and to her mother.
54 ၅၄ ထိုနောက်အာဗြဟံ၏အစေခံနှင့် အဖော်တို့ သည်စားသောက်ကြပြီးလျှင် ထိုအိမ်၌ညအိပ် ၍နံနက်အိပ်ရာမှနိုးကြသောအခါ အာဗြဟံ ၏အစေခံက``သခင်ထံသို့ပြန်ပါရစေ'' ဟု ပန်ကြား၏။
Then he and the men who were with him ate and drank, and spent the night. Then they got up in the morning, and he said, "Send me away to my master."
55 ၅၅ ထိုအခါရေဗက္က၏မောင်နှင့်မိခင်တို့က``မိန်း ကလေးအားကျွန်ုပ်တို့နှင့်အတူဆယ်ရက်ခန့် မျှနေစေပြီးမှသွားပါ'' ဟုဆိုကြ၏။
But her brother and her mother said, "Let the young woman stay with us ten days or so. After that she may go."
56 ၅၆ ထိုသူက``ကျွန်ုပ်ကိုမတားပါနှင့်။ ထာဝရ ဘုရားသည်ကျွန်ုပ်လာရသောကိစ္စကိုထမြောက် အောင်မြင်စေတော်မူပြီဖြစ်၍သခင့်ထံသို့ ပြန်ပါရစေ'' ဟုပြန်ပြော၏။
But he said to them, "Do not delay me, seeing that he has made my journey successful. Send me away that I may go to my master."
57 ၅၇ တစ်ဖန်သူတို့က``မိန်းကလေးကိုခေါ်၍သူ ၏သဘောကိုမေးကြည့်ကြပါစို့'' ဟုပြော ကြ၏။-
Then they said, "We will call the young woman and ask her."
58 ၅၈ သူတို့သည်ရေဗက္ကကိုခေါ်၍``သင်သည်ဤသူ နှင့်အတူလိုက်သွားလိုသလော'' ဟုမေး၏။ ``လိုက်သွားပါမည်'' ဟုဖြေကြားသဖြင့်၊
So they called Rebekah, and said to her, "Will you go with this man?" And she replied, "I will go."
59 ၅၉ ရေဗက္ကနှင့်သူ၏အထိန်းကိုအာဗြဟံ၏ အစေခံလူစုနှင့်အတူလိုက်ပါသွားစေ ကြ၏။-
So they sent away their sister Rebekah, and her nurse, and Abraham's servant, and his men.
60 ၆၀ သူတို့က၊ ``ငါတို့၏နှမသည်လူပေါင်းသိန်းသန်းတို့၏ မိခင်ဖြစ်ပါစေ။ သင်၏အမျိုးအနွယ်တို့သည်ရန်သူတို့၏မြို့ များကို တိုက်ခိုက်အောင်မြင်ကြပါစေ'' ဟုဆို၍ ရေဗက္ကအားကောင်းချီးပေးကြ၏။
And they blessed Rebekah, and said to her, "Our sister, may you be the mother of thousands of ten thousands, and may your descendants possess the gate of those who hate them."
61 ၆၁ ထိုနောက်ရေဗက္ကနှင့်သူ၏ကျွန်မများတို့သည် ကုလားအုတ်များကိုစီး၍ အာဗြဟံ၏အစေ ခံနှင့်အတူလိုက်ပါသွားကြလေသည်။
And Rebekah and her female servants got ready, and they rode on the camels and followed the man. So the servant took Rebekah and went on his way.
62 ၆၂ ဣဇာက်သည်``ငါ့ကိုမြင်တော်မူသည့်အသက်ရှင် တော်မူသောအရှင်၏ရေတွင်း'' ဟူသောနာမည် ရှိရာတောကန္တာရသို့ရောက်လာ၍ ခါနာန်ပြည် တောင်ပိုင်းတွင်နေထိုင်လျက်ရှိ၏။-
Now Isaac had come from the way of Beer Lahai Roi, for he was living in the land of the Negev.
63 ၆၃ ညနေချမ်းအချိန်၌သူသည်လယ်ကွင်းထဲ တွင်ကုလားအုတ်များလာနေသည်ကိုမြင် ရလေ၏။-
And Isaac went out in the field to think in the early evening. And he lifted up his eyes and looked, and look, he saw camels approaching.
64 ၆၄ ရေဗက္ကသည်ဣဇာက်ကိုမြင်လျှင်ကုလားအုတ် ပေါ်မှဆင်း၍၊-
And Rebekah lifted up her eyes, and when she saw Isaac, she dismounted from the camel.
65 ၆၅ ``လယ်ကွင်းထဲ၌ကျွန်ုပ်တို့ထံသို့လာနေသူ ကားမည်သူပါနည်း'' ဟုအာဗြဟံ၏အစေ ခံအားမေးလေ၏။ ``ကျွန်ုပ်၏သခင်ဖြစ်ပါသည်'' ဟုဖြေလျှင် ရေဗက္ကသည်ပုဝါကိုယူ၍မျက်နှာကိုဖုံးလိုက်၏။
And she asked the servant, "Who is the man who is walking in the field to meet us?" And the servant said, "It is my master." Then she took her veil and covered herself.
66 ၆၆ အစေခံကလည်းမိမိဆောင်ရွက်ခဲ့သမျှကို ဣဇာက်အားအကုန်အစင်ပြောပြလေ၏။-
And the servant told Isaac all the things that he had done.
67 ၆၇ ထိုနောက်ဣဇာက်သည်မိမိ၏အမိစာရာနေ ထိုင်ခဲ့သောတဲထဲသို့ရေဗက္ကကိုခေါ်ဆောင် သွား၍အကြင်လင်မယားဖြစ်လာကြ၏။ ဣဇာက်သည်ရေဗက္ကကိုချစ်မြတ်နိုး၏။ ထို့ ကြောင့်သူ၏မိခင်ကွယ်လွန်၍ဝမ်းနည်း ကြေကွဲရာမှစိတ်သက်သာရာရလေသည်။
Then Isaac brought her into his mother Sarah's tent, and took Rebekah, and she became his wife. And he loved her. So Isaac was comforted after his mother's death.