< ကမ္ဘာဦး 22 >
1 ၁ ကာလအတန်ကြာသောအခါဘုရားသခင် သည် အာဗြဟံ၏နာခံခြင်းသဘောကိုစစ်ဆေး တော်မူ၏။ ဘုရားသခင်က``အာဗြဟံ'' ဟုခေါ် လျှင်အာဗြဟံက``အကျွန်ုပ်ရှိပါ၏အရှင် ဘုရား'' ဟုထူးလေ၏။
2 ၂ ထိုအခါဘုရားသခင်က``သင်အလွန်ချစ်သော သင်၏တစ်ဦးတည်းသောသားဣဇာက်ကိုခေါ်ဆောင် ၍မောရိပြည်သို့သွားလော့။ ထိုအရပ်တွင်ငါပြ မည့်တောင်ပေါ်၌သူ့ကိုယဇ်ကောင်အဖြစ်ဖြင့် ငါ့အားပူဇော်လော့'' ဟုအမိန့်ပေးတော် မူ၏။
3 ၃ နောက်တစ်နေ့နံနက်စောစောတွင်အာဗြဟံသည် ယဇ်ပူဇော်ရန်ထင်းကိုခွဲ၍မြည်းပေါ်သို့တင် ပြီးလျှင် ဣဇာက်နှင့်အစေခံနှစ်ယောက်တို့ကို ခေါ်လျက်ဘုရားသခင်ညွှန်ပြသောအရပ် သို့ရှေ့ရှုလာခဲ့သည်။-
4 ၄ တတိယနေ့သို့ရောက်သော်အာဗြဟံသည် ထိုအရပ်ကိုအဝေးမှမြင်ရ၏။-
5 ၅ ထိုအခါသူ၏အစေခံတို့အား``သင်တို့သည် ဤအရပ်တွင်မြည်းနှင့်အတူနေရစ်ကြ။ ငါ နှင့်ငါ့သားတို့ကထိုအရပ်သို့သွား၍ဘုရား ကိုဝတ်ပြုကိုးကွယ်ပြီးလျှင်ပြန်လာမည်'' ဟု မှာကြားလေသည်။
6 ၆ အာဗြဟံသည်ယဇ်ပူဇော်ရန်ထင်းကိုဣဇာက် အားသယ်စေ၍ သူကိုယ်တိုင်ကမူဋ္ဌားနှင့်မီး ပျိုးရန်မီးခဲကိုယူဆောင်ခဲ့လေသည်။ သူတို့ အတူတကွလျှောက်လာကြစဉ်၊-
7 ၇ ဣဇာက်က``အဖ'' ဟုခေါ်လိုက်၏။ အာဗြဟံက``ငါ့သား'' ဟုထူး၏။ ဣဇာက်က``အဖထံမှာမီးလည်းပါပြီ။ ထင်း လည်းပါပြီ။ ယဇ်ပူဇော်ရန်သိုးငယ်အဘယ် မှာနည်း'' ဟုမေး၏။
8 ၈ အာဗြဟံက``ဘုရားသခင်ကိုယ်တော်တိုင် ယဇ်ကောင်ကိုစီမံပေးပါလိမ့်မည်'' ဟုပြန် ဖြေလိုက်၏။ ထိုနောက်သူတို့နှစ်ဦးဆက်၍ လျှောက်သွားကြလေသည်။
9 ၉ ဘုရားသခင်ညွှန်ပြတော်မူသောအရပ်သို့ ရောက်ကြသောအခါ အာဗြဟံသည်ယဇ်ပလ္လင် ကိုတည်၍ထင်းကိုပလ္လင်ပေါ်တွင်ပုံ၏။ ထိုနောက် သူ၏သားကိုတုတ်နှောင်ပြီးလျှင်ထင်းပုံပေါ် တွင်တင်ထား၏။-
10 ၁၀ ထိုနောက်သားကိုသတ်ရန်ဋ္ဌားကိုယူလိုက်၏။-
11 ၁၁ ထိုအခိုက်တွင်ထာဝရဘုရား၏ကောင်းကင်တမန် သည်``အာဗြဟံ၊ အာဗြဟံ'' ဟုကောင်းကင်မှ ခေါ်လေ၏။ အာဗြဟံက``အကျွန်ုပ်ရှိပါ၏အရှင်ဘုရား'' ဟုထူးလေ၏။
12 ၁၂ ကောင်းကင်တမန်က``သူငယ်အားမည်သို့မျှမနာ မကျင်စေနှင့်။ သင်သည်တစ်ဦးတည်းသောသားကို ငါ့အားပူဇော်ရန်မငြင်းဆိုခဲ့သဖြင့် ဘုရားသခင်ကိုကြောက်ရွံ့ရိုသေ၍အမိန့်တော်ကို နာခံသူဖြစ်ကြောင်း ယခုငါသိရပြီ'' ဟုမိန့် တော်မူ၏။
13 ၁၃ ထိုနောက်အာဗြဟံသည်မော်၍ကြည့်လိုက်သော အခါ ချုံထဲတွင်ဦးချိုငြိနေသောသိုးထီးတစ် ကောင်ကိုမြင်ရလေသည်။ သူသည်သွား၍ထိုသိုး ကိုယူဆောင်ခဲ့ပြီးလျှင် သား၏ကိုယ်စားမီးရှို့ ရာယဇ်ကောင်အဖြစ်ပူဇော်လေ၏။-
14 ၁၄ အာဗြဟံသည်ထိုအရပ်ကို``ထာဝရဘုရား ပြင်ဆင် ပေးသည်'' ဟုသမုတ်လေ၏။ ယနေ့ထက်တိုင်လူ တို့က``တောင်ပေါ်မှာထာဝရဘုရားပြင်ဆင် ပေးလိမ့်မည်'' ဟူ၍ပြောဆိုလေ့ရှိကြ၏။
15 ၁၅ ထာဝရဘုရား၏ကောင်းကင်တမန်သည် ကောင်းကင်မှအာဗြဟံကိုဒုတိယအကြိမ် ခေါ်၍၊-
16 ၁၆ ``ငါထာဝရဘုရား၊ ယခုမိန့်ကြားနေသည်။ ငါသည်သင့်အားကြွယ်ဝစွာကောင်းချီးပေး မည်။ သင်၏တစ်ယောက်တည်းသောသားကိုငါ တောင်းသည့်အတိုင်းငြင်းဆန်ခြင်းမပြုဘဲ ပူဇော်သည့်အမှုကြောင့်၊-
17 ၁၇ သင်၏အဆက်အနွယ်ကိုမိုးကောင်းကင်ရှိ ကြယ်များကဲ့သို့လည်းကောင်း၊ ပင်လယ်ကမ်းခြေ ရှိသဲပွင့်များကဲ့သို့လည်းကောင်းများပြား စေမည်။ သင်၏အဆက်အနွယ်တို့သည်သူတို့ ၏ရန်သူများကိုတိုက်ခိုက်အောင်မြင်လိမ့် မည်။-
18 ၁၈ သင်သည်ငါ၏အမိန့်ကိုနာခံသောကြောင့်သင် ၏အဆက်အနွယ်တို့သည် ကောင်းချီးခံရသည့် နည်းတူကမ္ဘာပေါ်ရှိလူမျိုးအပေါင်းတို့ကသူ တို့အားလည်း ကောင်းချီးပေးရန်ငါ့အားတောင်း လျှောက်ကြလိမ့်မည်'' ဟုမိန့်တော်မူသည်။-
19 ၁၉ ထိုနောက်အာဗြဟံသည်အစေခံတို့ရှိရာသို့ ပြန်လာ၍ သူတို့နှင့်အတူဗေရရှေဘအရပ် သို့ပြန်ခဲ့ကြပြီးနောက်ထိုအရပ်တွင်နေထိုင် လေသည်။
20 ၂၀ မကြာမီအာဗြဟံသည်သူ၏ညီနာခေါ်၏ မယားမိလခါတွင်သားရှစ်ယောက်ထွန်းကား ကြောင်းကြားသိရလေသည်။-
21 ၂၁ သားများမှာသားဦးဟုဇ၊ ဗုဇ၊ အာရံ၏ ဖခင်ကေမွေလ၊-
22 ၂၂ ခေသက်၊ ဟာဇော၊ ပိလဒါရှ၊ ယိဒလပ်နှင့် ဗေသွေလတို့ဖြစ်ကြ၏။-
23 ၂၃ ဗေသွေလသည်ရေဗက္က၏ဖခင်ဖြစ်၏။ အာဗြဟံ ၏ညီနာခေါ်၏မယားမိလခါသည်ထိုသား ရှစ်ယောက်တို့ကိုဖွားမြင်လေသည်။-
24 ၂၄ နာခေါ်၌ရုမာဟုနာမည်တွင်သောမယားငယ် ရှိ၏။ ရုမာသည်သားများဖြစ်ကြသောတေဘ၊ ဂါဟံ၊ သဟာရှနှင့်မာခါတို့ကိုဖွားမြင်လေ သည်။