< ကမ္ဘာ​ဦး 21 >

1 ထာ​ဝ​ရ​ဘု​ရား​သည်​က​တိ​တော်​ရှိ​သည်​အ​တိုင်း စာ​ရာ​ကို​ကောင်း​ချီး​ပေး​တော်​မူ​သ​ဖြင့်၊-
Gospod je obiskal Saro, kakor je rekel in Gospod je Sari storil, kakor je govoril.
2 အာ​ဗြ​ဟံ​အ​သက်​အ​ရွယ်​ကြီး​ရင့်​သည့်​အ​ခါ ၌ စာ​ရာ​သည်​ကိုယ်​ဝန်​ဆောင်​၍​သား​ကို​ဖွား​မြင် လေ​၏။ ဘု​ရား​သ​ခင်​သတ်​မှတ်​သော​အ​ချိန်​၌ ထို​သား​ကို​ဖွား​မြင်​၏။-
Kajti Sara je spočela in Abrahamu rodila sina v njegovi visoki starosti, ob določenem času, o katerem mu je govoril Bog.
3 အာ​ဗြ​ဟံ​သည်​ထို​သား​ကို​ဣ​ဇာက်​ဟု​နာ​မည် မှည့်​၍၊-
Abraham je ime svojega sina, ki se mu je rodil, ki mu ga je rodila Sara, imenoval Izak.
4 ဘု​ရား​သ​ခင်​မိန့်​မှာ​တော်​မူ​သည့်​အ​တိုင်း​ရှစ်​ရက် သား​အ​ရွယ်​၌​အ​ရေ​ဖျား​လှီး​ခြင်း​မင်္ဂလာ​ကို စီ​ရင်​လေ​သည်။-
Abraham je obrezal svojega sina Izaka, ko je bil star osem dni, kakor mu je zapovedal Bog.
5 ဣ​ဇာက်​ကို​ဖွား​မြင်​သော​အ​ခါ​အာ​ဗြ​ဟံ​သည် အ​သက်​တစ်​ရာ​ရှိ​ပြီ​ဖြစ်​၏။-
Abraham je bil star sto let, ko se mu je rodil sin Izak.
6 စာ​ရာ​က​လည်း``ဘု​ရား​သ​ခင်​သည်​ငါ့​အား​ရယ် စေ​တော်​မူ​ပြီ။ ဤ​သတင်း​ကို​ကြား​ရ​သော​သူ တိုင်း​ငါ​နှင့်​အ​တူ​ရယ်​လိမ့်​မည်'' ဟု​ဆို​လေ​၏။-
Sara je rekla: »Bog me je pripravil, da se smejem, tako da se bodo vsi, ki slišijo, smejali z menoj.«
7 စာ​ရာ​က​ဆက်​လက်​၍``စာ​ရာ​သည်​သား​ကို​နို့ တိုက်​မည်​ဟု​မည်​သူ​က​အာ​ဗြ​ဟံ​အား​ပြော​မည် နည်း။ ယ​ခု​မူ​ကား​အ​သက်​အ​ရွယ်​ကြီး​ရင့်​သော အ​ချိန်​၌​ငါ​သည်​သူ့​အ​တွက်​သား​ကို​ဖွား​ပြီ'' ဟု​ဆို​လေ​၏။
Rekla je: »Kdo bi rekel Abrahamu, da bo Sara dojila otroke? Kajti rodila sem mu sina v njegovi visoki starosti.«
8 ထို​သူ​ငယ်​သည်​ကြီး​ထွား​လာ​၍​နို့​ခွဲ​သော​နေ့​၌ အာ​ဗြ​ဟံ​သည်​ဧည့်​ခံ​ပွဲ​ကြီး​ကျင်း​ပ​လေ​၏။
Otrok je rasel in bil odstavljen in Abraham je tega istega dne, ko je bil Izak odstavljen, priredil veliko praznovanje.
9 တစ်​နေ့​သ​၌​အီ​ဂျစ်​အ​မျိုး​သ​မီး​ဟာ​ဂ​ရ နှင့်​ရ​သော အာ​ဗြ​ဟံ​၏​သား​ဣ​ရှ​မေ​လ​သည် စာ​ရာ​၏​သား​ဣ​ဇာက်​နှင့်​အ​တူ​ကစား​လျက် ရှိ​သည်။-
In Sara je videla sina Egipčanke Hagáre, ki ga je rodila Abrahamu, posmehovati se.
10 ၁၀ ထို​အ​ခြင်း​အ​ရာ​ကို​မြင်​လျှင်​စာရာ​က``ဤ​ကျွန်​မ နှင့်​သူ​၏​သား​ကို​နှင်​ပစ်​ပါ။ ကျွန်​မ​၏​သား​ဣ​ဇာက် ဆက်​ခံ​ရ​မည့်​အ​မွေ​ဥစ္စာ​ကို​ဤ​ကျွန်​မ​၏​သား ပါ​ဝင်​ခံ​စား​ခွင့်​မ​ရှိ​ရ'' ဟု​အာ​ဗြ​ဟံ​အား ပြော​လေ​သည်။
Zato je rekla Abrahamu: »Spôdi to sužnjo in njenega sina, kajti sin te sužnje ne bo dedič z mojim sinom Izakom.«
11 ၁၁ ဣ​ရှ​မေ​လ​သည်​မိ​မိ​၏​သား​ဖြစ်​သော​ကြောင့် အာ​ဗြ​ဟံ​သည်​ထို​စ​ကား​ကို​ကြား​ရ​လျှင် စိတ်​မ​ချမ်း​မ​သာ​ဖြစ်​လေ​၏။-
Stvar zaradi njegovega sina pa je bila v Abrahamovih očeh zelo boleča.
12 ၁၂ သို့​ရာ​တွင်​ဘု​ရား​သ​ခင်​က``ထို​သူ​ငယ်​နှင့် သင်​၏​ကျွန်​မ​ဟာ​ဂ​ရ​အ​တွက်​စိတ်​မ​ချမ်း မ​သာ​မ​ဖြစ်​နှင့်။ ငါ​က​တိ​ထား​သည့်​အ​တိုင်း ဣ​ဇာက်​မှ​သင်​၏​အ​မျိုး​အ​နွယ်​ဆင်း​သက်​မည် ဖြစ်​သော​ကြောင့် စာ​ရာ​ပြော​သ​မျှ​အ​တိုင်း ဆောင်​ရွက်​လော့။-
Bog je Abrahamu rekel: »Naj to ne bo boleče v tvojem pogledu zaradi dečka in zaradi tvoje sužnje. V vsem tem, kar ti je Sara rekla, prisluhni njenemu glasu, kajti po Izaku se bo imenovalo tvoje potomstvo.
13 ၁၃ ကျွန်​မ​၏​သား​သည်​လည်း​သင်​၏​သား​ဖြစ်​သော ကြောင့်​သူ​၏​အ​ဆက်​အ​နွယ်​ကို​လည်း​လူ​မျိုး ကြီး​ဖြစ်​စေ​မည်'' ဟု​မိန့်​တော်​မူ​၏။
In tudi iz sina sužnje bom naredil narod, ker je tvoje seme.«
14 ၁၄ နောက်​တစ်​နေ့​နံ​နက်​စော​စော​၌​အာ​ဗြ​ဟံ​သည် အ​စား​အ​စာ​နှင့်​ရေ​ဘူး​ကို​ဟာ​ဂ​ရ​အား​ပေး လေ​၏။ သူ​ငယ်​ကို​လည်း​ကျွန်​မ​၏​ပ​ခုံး​ပေါ်​တွင် တင်​၍​အိမ်​မှ​ထွက်​ခွာ​သွား​စေ​၏။ ဟာ​ဂ​ရ​သည် လည်း​အိမ်​မှ​ထွက်​ခွာ​ခဲ့​ရာ​ဗေ​ရ​ရှေ​ဘ​ဟု​ခေါ် သော​တော​ကန္တာ​ရ​သို့​ရောက်​လေ​၏။-
Abraham je vstal zgodaj zjutraj, vzel kruh in meh vode, dal to Hagári, namestil to na njeno ramo in otroka in jo poslal proč in odpravila se je in tavala po beeršébski divjini.
15 ၁၅ ရေ​ဘူး​တွင်​ရေ​ကုန်​သော​အ​ခါ​သူ​သည် က​လေး​ကို​ချုံ​အောက်​၌​ထား​ခဲ့​ပြီး​လျှင်၊-
Voda v mehu je bila porabljena in otroka je odvrgla pod enega izmed grmov.
16 ၁၆ ကိုက်​တစ်​ရာ​ခန့်​အ​ကွာ​သို့​သွား​၍​ထိုင်​၏။ သူ က``သူ​ငယ်​ရေ​ငတ်​၍​သေ​သည်​ကို​ငါ​မ​မြင်​လို'' ဟု​ဆို​၏။ ထို​အ​ခါ​သူ​မ​သည်​ကျယ်​လောင်​စွာ ငို​လေ​၏။
Odšla je in se mu usedla nasproti, dobro pot proč, kakor bi bil streljaj loka, kajti rekla je: »Naj ne vidim otrokove smrti.« In sedela je nasproti njemu in povzdignila svoj glas ter zajokala.
17 ၁၇ ဘု​ရား​သ​ခင်​သည်​သား​ငယ်​ငို​သံ​ကို​ကြား တော်​မူ​၏။ ထို​ကြောင့်​ဘု​ရား​သခင်​၏​ကောင်း​ကင် တ​မန်​သည်​ကောင်း​ကင်​မှ``ဟာ​ဂ​ရ၊ သင်​သည် အ​ဘယ်​ကြောင့်​စိတ်​ပူ​ပန်​ရ​သ​နည်း။ မ​စိုး​ရိမ် နှင့်။ ဘု​ရား​သ​ခင်​သည်​သား​၏​ငို​သံ​ကို​ကြား တော်​မူ​ပြီ။-
Bog je slišal dečkov glas in Božji angel je bil poklican iz nebes k Hagári ter ji rekel: »Kaj te pesti, Hagára? Ne boj se, kajti Bog je slišal dečkov glas, kjer je.
18 ၁၈ ထ​လော့၊ သွား​၍​သူ​ငယ်​ကို​ပိုက်​ချီ​လော့။ ငါ​သည် သူ​၏​အ​ဆက်​အ​နွယ်​ကို​လူ​မျိုး​ကြီး​ဖြစ်​စေ မည်'' ဟု​ဆို​လေ​၏။-
Vstani, dvigni svojega dečka in ga drži v svoji roki, kajti naredil ga bom [v] velik narod.«
19 ၁၉ ထို​နောက်​ဘု​ရား​သ​ခင်​သည်​ဟာ​ဂ​ရ​၏​မျက်​စိ ကို​ဖွင့်​တော်​မူ​သ​ဖြင့်​သူ​သည်​ရေ​တွင်း​ကို​မြင်​ရ လေ​၏။ သူ​သည်​သား​ရေ​ဘူး​တွင်​ရေ​တွင်း​မှ​ရေ နှင့်​ဖြည့်​၍​သား​ငယ်​ကို​ရေ​တိုက်​လေ​သည်။-
Bog je odprl njene oči in zagledala je vodni izvir in odšla je in meh napolnila z vodo ter dečku dala piti.
20 ၂၀ ဘု​ရား​သ​ခင်​သည်​သူ​ငယ်​နှင့်​အ​တူ​ရှိ​တော် မူ​၏။ သူ​ငယ်​သည်​လည်း​ကြီး​ထွား​၍​ပါ​ရန်​ဟု ခေါ်​သော​တော​ကန္တာ​ရ​၌​နေ​ထိုင်​သ​ဖြင့်​ကျင် လည်​သော​မုဆိုး​ဖြစ်​လာ​သည်။-
Bog je bil z dečkom in ta je rasel, prebival v divjini in postal lokostrelec.
21 ၂၁ သူ​သည်​ပါ​ရန်​တော​ကန္တာ​ရ​တွင်​နေ-ထိုင်​လျက် သူ့​မိ​ခင်​သည်​သူ့​အား​အီ​ဂျစ်​အ​မျိုး​သ​မီး တစ်​ဦး​နှင့်​စုံ​ဖက်​ပေး​လေ​၏။
Prebival je v Paránski divjini in njegova mati mu je vzela ženo iz egiptovske dežele.
22 ၂၂ ထို​အ​ချိန်​အ​ခါ​အ​ဘိ​မ​လက်​သည်​သူ​၏​စစ်​ဗိုလ် ချုပ်​ဖိ​ကော​လ​နှင့်​အ​တူ​အာ​ဗြ​ဟံ​ထံ​သို့​သွား ၍``သင်​ဆောင်​ရွက်​သ​မျှ​တို့​၌​ဘု​ရား​သ​ခင်​ပါ ရှိ​တော်​မူ​၏။-
Ob tistem času se je pripetilo, da sta Abiméleh in Pihól, vrhovni poveljnik njegove vojske, govorila Abrahamu, rekoč: »Bog je s teboj v vsem, kar počneš.
23 ၂၃ သို့​ဖြစ်​၍​သင်​သည်​ငါ့​ကို​သော်​လည်း​ကောင်း၊ ငါ ၏​သား​သမီး​နှင့်​အ​ဆက်​အ​နွယ်​များ​ကို​သော် လည်း​ကောင်း​မ​လှည့်​စား​ပါ​ဟူ​၍​ဘု​ရား​သ​ခင် ၏​ရှေ့​တော်​၌​က​တိ​သစ္စာ​ဆို​ပါ​လော့။ ငါ​သည် သင့်​အား​သစ္စာ​စောင့်​သည့်​နည်း​တူ ငါ့​ကို​သော် လည်း​ကောင်း၊ သင်​မှီ​တင်း​နေ​ထိုင်​ရာ​ဤ​ပြည် ကို​သော်​လည်း​ကောင်း​သစ္စာ​စောင့်​ပါ​မည်​ဟူ​၍ က​တိ​ပြု​လော့'' ဟု​အာ​ဗြ​ဟံ​အား​ဆို​လေ​၏။
Zdaj mi torej tukaj pri Bogu prisezi, da z menoj ne boš ravnal napačno niti z mojim sinom niti s sinovi mojih sinov, temveč glede na prijaznost, ki sem jo storil tebi, boš ti storil meni in deželi, v kateri se mudiš.«
24 ၂၄ အာ​ဗြ​ဟံ​က​လည်း``ထို​အ​တိုင်း​ငါ​က​တိ သစ္စာ​ဆို​ပါ​၏'' ဟု​ဆို​၏။
Abraham je rekel: »Prisegel bom.«
25 ၂၅ အာ​ဗြ​ဟံ​သည်​အ​ဘိ​မ​လက်​၏​ကျွန်​တို့​က အ​တင်း​အ​ဋ္ဌမ္မ​သိမ်း​ယူ​သော​ရေ​တွင်း​အ​ကြောင်း ကို​အ​ဘိ​မ​လက်​အား​တိုင်​ကြား​လေ​၏။-
Abraham pa je grajal Abiméleha zaradi vodnega izvira, ki so ga Abimélehovi služabniki nasilno odvzeli.
26 ၂၆ ထို​အ​ခါ​အ​ဘိ​မ​လက်​က``မည်​သူ​ဤ​သို့ ပြု​လုပ်​သည်​ဟူ​၍​ငါ​မ​သိ​ရ။ သင်​က​ငါ့​ကို ယ​ခင်​က​မ​ပြော​သ​ဖြင့် ဤ​ကိစ္စ​အ​ကြောင်း ကို​ယ​ခု​မှ​ငါ​သိ​ရ​သည်'' ဟု​ဆို​လေ​၏။-
Abiméleh je rekel: »Ne vem, kdo je storil to stvar, niti mi ti nisi povedal, niti do danes nisem slišal o tem.«
27 ၂၇ ထို​နောက်​အာ​ဗြ​ဟံ​သည်​အ​ဘိ​မ​လက်​အား သိုး​နှင့်​နွား​တို့​ကို​ပေး​၍​သူ​တို့​နှစ်​ဦး​က​တိ သစ္စာ​ပြု​ကြ​လေ​သည်။-
Abraham je vzel ovce in vole ter jih dal Abimélehu in oba sta sklenila zavezo.
28 ၂၈ တစ်​ဖန်​အာ​ဗြ​ဟံ​သည်​သူ​၏​သိုး​အုပ်​မှ​သိုး က​လေး​ခု​နစ်​ကောင်​ကို​ခွဲ​ထုတ်​လေ​၏။-
Abraham je sedem jagnjic iz tropa postavil posebej.
29 ၂၉ အ​ဘိ​မ​လက်​က``သင်​အ​ဘယ်​ကြောင့်​ထို​သို့ ပြု​လုပ်​သ​နည်း'' ဟု​မေး​၏။
Abiméleh je rekel Abrahamu: »Kaj pomeni teh sedem jagnjic, ki si jih postavil posebej?«
30 ၃၀ အာ​ဗြ​ဟံ​က``ဤ​ရေ​တွင်း​သည်​ငါ​တူး​သော ရေ​တွင်း​ဖြစ်​သည်​ဟု​အ​သိ​အ​မှတ်​ပြု​သည့် အ​နေ​ဖြင့် ဤ​သိုး​က​လေး​ခု​နစ်​ကောင်​ကို လက်​ခံ​ပါ'' ဟု​ဖြေ​ကြား​လေ​သည်။-
Rekel je: »Kajti teh sedem jagnjic boš vzel iz moje roke, da mi bodo lahko priča, da sem jaz izkopal ta vodnjak.«
31 ၃၁ ထို​သို့​သူ​တို့​နှစ်​ဦး​သည်​သစ္စာ​ဆို​ကြ​သည် ဖြစ်​၍ ထို​အ​ရပ်​ကို​ဗေ​ရ​ရှေ​ဘ​ဟု​ခေါ်​တွင် ကြ​သည်။
Zato je ta kraj imenoval Beeršéba, ker sta tam oba prisegla.
32 ၃၂ ဗေ​ရ​ရှေ​ဘ​အ​ရပ်​တွင်​သူ​တို့​က​တိ​သစ္စာ ဆို​ပြီး​သည့်​နောက် အ​ဘိ​မ​လက်​နှင့်​ဖိ​ကော လ​တို့​သည်​ဖိ​လိတ္တိ​ပြည်​သို့​ပြန်​ကြ​လေ​၏။-
Tako sta sklenila zavezo pri Beeršébi. Potem je Abiméleh vstal in Pihól, vrhovni poveljnik njegove vojske in vrnila sta se v deželo Filistejcev.
33 ၃၃ အာ​ဗြ​ဟံ​သည်​ဗေ​ရ​ရှေ​ဘ​အ​ရပ်​တွင်​မန် ကျည်း​တစ်​ပင်​ကို​စိုက်​၍​အ​စဉ်​အ​မြဲ​တည် တော်​မူ​သော ဘု​ရား​သ​ခင်​တည်း​ဟူ​သော ထာ​ဝ​ရ​ဘု​ရား​ကို​တိုင်​တည်​၍​ဝတ်​ပြု ကိုး​ကွယ်​လေ​၏။-
Abraham je v Beeršébi zasadil nasad ter tam klical ime Gospoda, večnega Boga.
34 ၃၄ ထို​နောက်​အာ​ဗြ​ဟံ​သည်​ဖိလိတ္တိ​ပြည်​တွင် ကြာ​မြင့်​စွာ​နေ​ထိုင်​လေ​သည်။
In Abraham je mnogo dni začasno prebival v filistejski deželi.

< ကမ္ဘာ​ဦး 21 >