< ကမ္ဘာဦး 21 >
1 ၁ ထာဝရဘုရားသည်ကတိတော်ရှိသည်အတိုင်း စာရာကိုကောင်းချီးပေးတော်မူသဖြင့်၊-
上主照所許的,眷顧了撒辣;上主對撒辣實踐了他所說的話。
2 ၂ အာဗြဟံအသက်အရွယ်ကြီးရင့်သည့်အခါ ၌ စာရာသည်ကိုယ်ဝန်ဆောင်၍သားကိုဖွားမြင် လေ၏။ ဘုရားသခင်သတ်မှတ်သောအချိန်၌ ထိုသားကိုဖွားမြင်၏။-
撒辣懷了孕,在天主所許的時期,給年老的亞巴郎生了一個兒子。
3 ၃ အာဗြဟံသည်ထိုသားကိုဣဇာက်ဟုနာမည် မှည့်၍၊-
亞巴郎為撒辣給他所生的兒子,起名叫依撒格。
4 ၄ ဘုရားသခင်မိန့်မှာတော်မူသည့်အတိုင်းရှစ်ရက် သားအရွယ်၌အရေဖျားလှီးခြင်းမင်္ဂလာကို စီရင်လေသည်။-
生後第八天,亞巴郎照天主所吩咐的給自己的兒子依撒格行了割損。
5 ၅ ဣဇာက်ကိုဖွားမြင်သောအခါအာဗြဟံသည် အသက်တစ်ရာရှိပြီဖြစ်၏။-
他兒子依撒格誕生時,亞巴郎正一百歲;
6 ၆ စာရာကလည်း``ဘုရားသခင်သည်ငါ့အားရယ် စေတော်မူပြီ။ ဤသတင်းကိုကြားရသောသူ တိုင်းငါနှင့်အတူရယ်လိမ့်မည်'' ဟုဆိုလေ၏။-
為此撒辣說:「天主使我笑,凡聽見的也要與我一同笑。」
7 ၇ စာရာကဆက်လက်၍``စာရာသည်သားကိုနို့ တိုက်မည်ဟုမည်သူကအာဗြဟံအားပြောမည် နည်း။ ယခုမူကားအသက်အရွယ်ကြီးရင့်သော အချိန်၌ငါသည်သူ့အတွက်သားကိုဖွားပြီ'' ဟုဆိုလေ၏။
又說:「誰能告訴亞巴郎,撒辣要哺養兒子呢﹖可是我在他老年,卻給他生了個兒子。」
8 ၈ ထိုသူငယ်သည်ကြီးထွားလာ၍နို့ခွဲသောနေ့၌ အာဗြဟံသည်ဧည့်ခံပွဲကြီးကျင်းပလေ၏။
孩子漸漸長大,斷了乳;在依撒格斷乳的那天,亞巴郎擺了盛宴。
9 ၉ တစ်နေ့သ၌အီဂျစ်အမျိုးသမီးဟာဂရ နှင့်ရသော အာဗြဟံ၏သားဣရှမေလသည် စာရာ၏သားဣဇာက်နှင့်အတူကစားလျက် ရှိသည်။-
撒辣見那埃及女人哈加爾給亞巴郎生的兒子,戲笑自己的兒子依撒格,
10 ၁၀ ထိုအခြင်းအရာကိုမြင်လျှင်စာရာက``ဤကျွန်မ နှင့်သူ၏သားကိုနှင်ပစ်ပါ။ ကျွန်မ၏သားဣဇာက် ဆက်ခံရမည့်အမွေဥစ္စာကိုဤကျွန်မ၏သား ပါဝင်ခံစားခွင့်မရှိရ'' ဟုအာဗြဟံအား ပြောလေသည်။
就對亞巴郎說:「你該趕走這婢女和她的兒子,因為這婢女的兒子不能和我的兒子依撒格一同承受家業。」
11 ၁၁ ဣရှမေလသည်မိမိ၏သားဖြစ်သောကြောင့် အာဗြဟံသည်ထိုစကားကိုကြားရလျှင် စိတ်မချမ်းမသာဖြစ်လေ၏။-
亞巴郎為了他這兒子的事很是苦惱。
12 ၁၂ သို့ရာတွင်ဘုရားသခင်က``ထိုသူငယ်နှင့် သင်၏ကျွန်မဟာဂရအတွက်စိတ်မချမ်း မသာမဖြစ်နှင့်။ ငါကတိထားသည့်အတိုင်း ဣဇာက်မှသင်၏အမျိုးအနွယ်ဆင်းသက်မည် ဖြစ်သောကြောင့် စာရာပြောသမျှအတိုင်း ဆောင်ရွက်လော့။-
但天主對亞巴郎說:「你不必為這孩子和你的婢女苦惱;凡撒辣對你說的,你都可聽從,因為只有藉依撒格你的名才能傳後。
13 ၁၃ ကျွန်မ၏သားသည်လည်းသင်၏သားဖြစ်သော ကြောင့်သူ၏အဆက်အနွယ်ကိုလည်းလူမျိုး ကြီးဖြစ်စေမည်'' ဟုမိန့်တော်မူ၏။
至於這婢女的兒子,我也要使他成為一大民族,因為他也是你的孩子。」
14 ၁၄ နောက်တစ်နေ့နံနက်စောစော၌အာဗြဟံသည် အစားအစာနှင့်ရေဘူးကိုဟာဂရအားပေး လေ၏။ သူငယ်ကိုလည်းကျွန်မ၏ပခုံးပေါ်တွင် တင်၍အိမ်မှထွက်ခွာသွားစေ၏။ ဟာဂရသည် လည်းအိမ်မှထွက်ခွာခဲ့ရာဗေရရှေဘဟုခေါ် သောတောကန္တာရသို့ရောက်လေ၏။-
第二天,亞巴郎清早起來拿了餅和一皮囊水,交給哈加爾,放在她肩上,又將孩子交給她,打發她走了。她一路前行,在貝爾舍巴曠野迷失了路。
15 ၁၅ ရေဘူးတွင်ရေကုန်သောအခါသူသည် ကလေးကိုချုံအောက်၌ထားခဲ့ပြီးလျှင်၊-
那時皮囊裏的水已用盡,她把孩子丟在一堆小樹下,
16 ၁၆ ကိုက်တစ်ရာခန့်အကွာသို့သွား၍ထိုင်၏။ သူ က``သူငယ်ရေငတ်၍သေသည်ကိုငါမမြင်လို'' ဟုဆို၏။ ထိုအခါသူမသည်ကျယ်လောင်စွာ ငိုလေ၏။
自己走開,在約離一箭之遠的對面坐下,自言自語說:「我不忍見這孩子夭折。」就坐在對面放聲大哭。
17 ၁၇ ဘုရားသခင်သည်သားငယ်ငိုသံကိုကြား တော်မူ၏။ ထိုကြောင့်ဘုရားသခင်၏ကောင်းကင် တမန်သည်ကောင်းကင်မှ``ဟာဂရ၊ သင်သည် အဘယ်ကြောင့်စိတ်ပူပန်ရသနည်း။ မစိုးရိမ် နှင့်။ ဘုရားသခင်သည်သား၏ငိုသံကိုကြား တော်မူပြီ။-
天主聽見孩子啼哭,天主的使者由天上呼喚哈加爾說:「哈加爾! 你有什麼事﹖不要害怕,因為天主已聽見孩子在那裏的哭聲。
18 ၁၈ ထလော့၊ သွား၍သူငယ်ကိုပိုက်ချီလော့။ ငါသည် သူ၏အဆက်အနွယ်ကိုလူမျိုးကြီးဖြစ်စေ မည်'' ဟုဆိုလေ၏။-
起來,去扶起孩子來,用手攙著他,因為我要使他成為一大民族。」
19 ၁၉ ထိုနောက်ဘုရားသခင်သည်ဟာဂရ၏မျက်စိ ကိုဖွင့်တော်မူသဖြင့်သူသည်ရေတွင်းကိုမြင်ရ လေ၏။ သူသည်သားရေဘူးတွင်ရေတွင်းမှရေ နှင့်ဖြည့်၍သားငယ်ကိုရေတိုက်လေသည်။-
天主於是開了她的眼,她看見了一口水井,遂去將皮囊灌滿了水,給孩子喝。
20 ၂၀ ဘုရားသခင်သည်သူငယ်နှင့်အတူရှိတော် မူ၏။ သူငယ်သည်လည်းကြီးထွား၍ပါရန်ဟု ခေါ်သောတောကန္တာရ၌နေထိုင်သဖြင့်ကျင် လည်သောမုဆိုးဖြစ်လာသည်။-
天主與孩子同在,他漸漸長大住在曠野,成了個弓手。
21 ၂၁ သူသည်ပါရန်တောကန္တာရတွင်နေ-ထိုင်လျက် သူ့မိခင်သည်သူ့အားအီဂျစ်အမျိုးသမီး တစ်ဦးနှင့်စုံဖက်ပေးလေ၏။
他住在帕蘭曠野;他母親由埃及地給他娶了一個妻子。
22 ၂၂ ထိုအချိန်အခါအဘိမလက်သည်သူ၏စစ်ဗိုလ် ချုပ်ဖိကောလနှင့်အတူအာဗြဟံထံသို့သွား ၍``သင်ဆောင်ရွက်သမျှတို့၌ဘုရားသခင်ပါ ရှိတော်မူ၏။-
那時阿彼默肋客同他的司令非苛耳對亞巴郎說:「在你所作的一切事上,天主常與你同在。
23 ၂၃ သို့ဖြစ်၍သင်သည်ငါ့ကိုသော်လည်းကောင်း၊ ငါ ၏သားသမီးနှင့်အဆက်အနွယ်များကိုသော် လည်းကောင်းမလှည့်စားပါဟူ၍ဘုရားသခင် ၏ရှေ့တော်၌ကတိသစ္စာဆိုပါလော့။ ငါသည် သင့်အားသစ္စာစောင့်သည့်နည်းတူ ငါ့ကိုသော် လည်းကောင်း၊ သင်မှီတင်းနေထိုင်ရာဤပြည် ကိုသော်လည်းကောင်းသစ္စာစောင့်ပါမည်ဟူ၍ ကတိပြုလော့'' ဟုအာဗြဟံအားဆိုလေ၏။
現在你在這裏要指著天主對我起誓:總不要虧待我和我的子子孫孫。我怎樣厚待了你,你也要怎樣厚待我和你寄居的地方。」
24 ၂၄ အာဗြဟံကလည်း``ထိုအတိုင်းငါကတိ သစ္စာဆိုပါ၏'' ဟုဆို၏။
亞巴郎回答說:「我願起誓。」
25 ၂၅ အာဗြဟံသည်အဘိမလက်၏ကျွန်တို့က အတင်းအဋ္ဌမ္မသိမ်းယူသောရေတွင်းအကြောင်း ကိုအဘိမလက်အားတိုင်ကြားလေ၏။-
亞巴郎為了阿彼默肋客的僕人霸佔了一口水井,就責斥阿彼默肋客。
26 ၂၆ ထိုအခါအဘိမလက်က``မည်သူဤသို့ ပြုလုပ်သည်ဟူ၍ငါမသိရ။ သင်ကငါ့ကို ယခင်ကမပြောသဖြင့် ဤကိစ္စအကြောင်း ကိုယခုမှငါသိရသည်'' ဟုဆိုလေ၏။-
阿彼默肋客回答說:「我不知道誰作了這事,你也沒有通知我,我到今天才聽說。」
27 ၂၇ ထိုနောက်အာဗြဟံသည်အဘိမလက်အား သိုးနှင့်နွားတို့ကိုပေး၍သူတို့နှစ်ဦးကတိ သစ္စာပြုကြလေသည်။-
亞巴郎遂把牛羊交給阿彼默肋客,二人互相立了約。
28 ၂၈ တစ်ဖန်အာဗြဟံသည်သူ၏သိုးအုပ်မှသိုး ကလေးခုနစ်ကောင်ကိုခွဲထုတ်လေ၏။-
亞巴郎又將羊群中七隻母羔羊,另放在一邊。
29 ၂၉ အဘိမလက်က``သင်အဘယ်ကြောင့်ထိုသို့ ပြုလုပ်သနည်း'' ဟုမေး၏။
阿彼默肋客問亞巴郎說:「將這七隻母羔羊另放一邊,請問有什麼意思﹖」
30 ၃၀ အာဗြဟံက``ဤရေတွင်းသည်ငါတူးသော ရေတွင်းဖြစ်သည်ဟုအသိအမှတ်ပြုသည့် အနေဖြင့် ဤသိုးကလေးခုနစ်ကောင်ကို လက်ခံပါ'' ဟုဖြေကြားလေသည်။-
他答說:「你要由我手中接受這七隻母羔羊,作我挖了這口水井的憑據。」
31 ၃၁ ထိုသို့သူတို့နှစ်ဦးသည်သစ္စာဆိုကြသည် ဖြစ်၍ ထိုအရပ်ကိုဗေရရှေဘဟုခေါ်တွင် ကြသည်။
因為他們二人在那裏起了誓,為此那地方叫做貝爾舍巴。
32 ၃၂ ဗေရရှေဘအရပ်တွင်သူတို့ကတိသစ္စာ ဆိုပြီးသည့်နောက် အဘိမလက်နှင့်ဖိကော လတို့သည်ဖိလိတ္တိပြည်သို့ပြန်ကြလေ၏။-
他們在貝爾舍巴立了約,阿彼默肋客同他的司令非苛耳起身回培肋舍特地去了。
33 ၃၃ အာဗြဟံသည်ဗေရရှေဘအရပ်တွင်မန် ကျည်းတစ်ပင်ကိုစိုက်၍အစဉ်အမြဲတည် တော်မူသော ဘုရားသခင်တည်းဟူသော ထာဝရဘုရားကိုတိုင်တည်၍ဝတ်ပြု ကိုးကွယ်လေ၏။-
亞巴郎在貝爾舍巴栽了一株檉柳,在那裏呼求了上主,永恒天主的名。
34 ၃၄ ထိုနောက်အာဗြဟံသည်ဖိလိတ္တိပြည်တွင် ကြာမြင့်စွာနေထိုင်လေသည်။
亞巴郎在培肋舍特人地內住了許久。