< ကမ္ဘာ​ဦး 20 >

1 အာ​ဗြ​ဟံ​သည်​မံ​ရေ​အ​ရပ်​မှ​ခါ​နာန်​ပြည်​တောင် ပိုင်း​သို့​ပြောင်း​ရွှေ့​ခဲ့​ပြီး​လျှင် ကာ​ဒေ​ရှ​မြို့​နှင့်​ရှု​ရ မြို့​စပ်​ကြား​ရှိ​အ​ရပ်​တွင်​နေ​ထိုင်​လေ​၏။ သူ​သည် ဂေ​ရာ​မြို့​၌​နေ​ထိုင်​စဉ်၊-
Abraham traveled from there toward the land of the Negev, and lived between Kadesh and Shur. He lived as a foreigner in Gerar.
2 သူ​၏​မ​ယား​စာ​ရာ​သည်​မိ​မိ​၏​နှ​မ​ဖြစ်​သည် ဟု​ဆို​၏။ ထို့​ကြောင့်​ဂေ​ရာ​ဘု​ရင်​အ​ဘိ​မ​လက် က​စာ​ရာ​ကို​သိမ်း​ပိုက်​လေ​သည်။-
Abraham said about Sarah his wife, "She is my sister." Abimelech king of Gerar sent, and took Sarah.
3 ည​အ​ခါ​အိပ်​မက်​ထဲ​၌​ဘု​ရား​သ​ခင်​က``သင် သည်​ဤ​မိန်း​မ​ကို​သိမ်း​ပိုက်​သ​ဖြင့်​သေ​ရ​မည်။ သူ​သည်​လင်​ရှိ​မ​ယား​ဖြစ်​သည်'' ဟု​အ​ဘိ မ​လက်​အား​မိန့်​တော်​မူ​၏။
But God came to Abimelech in a dream of the night, and said to him, "Look, you are a dead man, because of the woman whom you have taken. For she is a man's wife."
4 သို့​ရာ​တွင်​အ​ဘိ​မ​လက်​သည် သူ​မ​အ​နီး​သို့ မ​ချဉ်း​ကပ်​သေး။ သူ​က``ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ် သည်​အ​ပြစ်​ကင်း​ပါ​၏။ အ​ကျွန်ုပ်​နှင့်​အ​ကျွန်ုပ်​၏ လူ​မျိုး​ကို​ဖျက်​ဆီး​မည်​လော။-
Now Abimelech had not come near her. He said, "Lord, will you kill even a righteous nation?
5 အာ​ဗြ​ဟံ​ကိုယ်​တိုင်​က​သူ​၏​နှ​မ​ဖြစ်​သည်​ဟု ဆို​ပါ​၏။ သူ​က​လည်း​အာ​ဗြ​ဟံ​သည်​သူ​၏​အစ်​ကို ဖြစ်​သည်​ဟု​ဆို​ပါ​သည်။ အ​ကျွန်ုပ်​သည်​စိတ်​သ​ဘော ရိုး​သား​စွာ​ဖြင့် ဤ​အ​မှု​ကို​ကြံ​စည်​မိ​ပါ​သည်။ သို့​ရာ​တွင်​အ​ပြစ်​ကူး​လွန်​ခြင်း​မ​ရှိ​ပါ'' ဟု လျှောက်​ဆို​၏။
Did not he tell me, 'She is my sister?' She, even she herself, said, 'He is my brother.' In the integrity of my heart and the innocence of my hands have I done this."
6 အိပ်​မက်​ထဲ​၌​ပင်​ဘု​ရား​သ​ခင်​က``သင်​သည် စိတ်​သ​ဘော​ရိုး​သား​စွာ​ဖြင့် ဤ​အ​မှု​ကို​ကြံ စည်​မိ​ခြင်း​ဖြစ်​ကြောင်း​ငါ​သိ​၏။ သို့​ဖြစ်​၍​သင် သည်​ငါ့​ကို​မ​ပြစ်​မှား​မိ​စေ​ခြင်း​ငှာ ထို​မိန်း​မ ကို​လက်​ရောက်​မ​ကူး​လွန်​ရန်​ငါ​တား​ဆီး​ခဲ့​ပြီ။-
God said to him in the dream, "Yes, I know that in the integrity of your heart you have done this, and I also withheld you from sinning against me. Therefore I did not allow you to touch her.
7 ယ​ခု​ပင်​ထို​မိန်း​မ​ကို​သူ​၏​ယောကျာ်း​ထံ​သို့ ပြန်​အပ်​လော့။ ထို​သူ​သည်​ပ​ရော​ဖက်​ဖြစ်​၍​သင့် အ​သက်​ချမ်း​သာ​ရာ​ရ​စေ​ရန် သူ​သည်​သင့်​အ တွက်​ဆု​တောင်း​ပေး​လိမ့်​မည်။ ထို​မိန်း​မ​ကို​ပြန် ၍​မ​အပ်​လျှင်​မူ​ကား သင်​နှင့်​တ​ကွ​သင်​၏​လူ မျိုး​အား​လုံး​တို့​သည်​မု​ချ​သေ​ရ​ကြ​မည်'' ဟု​ဘု​ရင်​အား​မိန့်​တော်​မူ​၏။
Now therefore, restore the man's wife. For he is a prophet, and he will pray for you, and you will live. If you do not restore her, know for sure that you will die, you, and all who are yours."
8 နောက်​တစ်​နေ့​နံ​နက်​စော​စော​၌​အ​ဘိ​မ​လက် သည် သူ​၏​အ​ရာ​ရှိ​အ​ပေါင်း​တို့​ကို​ဆင့်​ခေါ်​၍ အ​ဖြစ်​အ​ပျက်​အ​လုံး​စုံ​ကို​ပြော​ပြ​သည့် အ​ခါ သူ​တို့​သည်​အ​လွန်​ကြောက်​ရွံ့​ကြ​၏။-
Abimelech rose early in the morning, and called all his servants, and told all these things in their ear. The men were very scared.
9 ထို​နောက်​အ​ဘိ​မ​လက်​သည်​အာ​ဗြ​ဟံ​ကို​ခေါ် ၍``သင်​သည် ငါ​တို့​အား​အ​ဘယ်​သို့​ပြု​ဘိ​သ​နည်း။ သင့်​ကို​ငါ​ဘယ်​ကဲ့​သို့​ပြစ်​မှား​မိ​ခဲ့​သ​ဖြင့် သင် သည်​ငါ​နှင့်​တ​ကွ​ငါ​၏​နိုင်​ငံ​ကို​ဘေး​ဒုက္ခ​ဆိုက် ရောက်​စေ​ပါ​သ​နည်း။ သင်​သည် ငါ့​အား​မ​ပြု​အပ် သည့်​အ​မှု​ကို​ပြုပါ​သည်​တ​ကား။-
Then Abimelech called Abraham, and said to him, "What have you done to us? How have I sinned against you, that you have brought on me and on my kingdom a great sin? You have done deeds to me that ought not to be done."
10 ၁၀ အ​ဘယ်​ကြောင့်​သင်​ဤ​သို့​ပြု​ပါ​သ​နည်း'' ဟု မေး​လေ​သည်။
Abimelech said to Abraham, "What were you thinking, to do this thing?"
11 ၁၁ အာ​ဗြ​ဟံ​က``ဤ​အ​ရပ်​သား​တို့​သည်​ဘု​ရား သခင်​ကို​ကြောက်​ရွံ့​ခြင်း​မ​ရှိ​ကြ​သ​ဖြင့် ကျွန်ုပ် ၏​မယား​ကို​သိမ်း​ယူ​ရန်​ကျွန်ုပ်​ကို​သတ်​ကြ​လိမ့် မည်​ဟု​ထင်​သော​ကြောင့်​ဤ​သို့​ပြု​မိ​ပါ​သည်။-
Abraham said, "Because I thought, 'Surely the fear of God is not in this place, so they will kill me because of my wife.'
12 ၁၂ စင်​စစ်​အား​ဖြင့်​သူ​သည်​ကျွန်ုပ်​၏​နှ​မ​ဖြစ်​ပါ​၏။ သူ​သည်​ကျွန်ုပ်​နှင့်​ဖ​အေ​တူ၊ မ​အေ​ကွဲ​နှ​မ​ဖြစ် သည့်​အ​ပြင်​ကျွန်ုပ်​၏​မ​ယား​လည်း​ဖြစ်​ပါ​သည်။-
Besides, she is indeed my sister, the daughter of my father, but not the daughter of my mother; and she became my wife.
13 ၁၃ သို့​ဖြစ်​၍​ထာ​ဝ​ရ​ဘု​ရား​သည်​ကျွန်ုပ်​အား​ဖ​ခင် ၏​အိမ်​မှ​နိုင်​ငံ​ရပ်​ခြား​သို့​ထွက်​ခွာ​သွား​စေ​သည့် အ​ခါ ကျွန်ုပ်​က​စာ​ရာ​အား​ငါ့​ကို​သစ္စာ​စောင့်​သည့် အ​နေ​ဖြင့် သင်​ရောက်​လေ​ရာ​ရာ​တွင်​ငါ​သည်​သင် ၏​အစ်​ကို​ဖြစ်​ကြောင်း​ပြော​ရန်​မှာ​ကြား​ခဲ့​ပါ​သည်'' ဟု​ဖြေ​ကြား​လေ​သည်။
It happened, when God caused me to wander from my father's house, that I said to her, 'This is your kindness which you shall show to me. Everywhere that we go, say of me, "He is my brother."'"
14 ၁၄ ထို​နောက်​အ​ဘိ​မ​လက်​သည် စာ​ရာ​ကို​အာ​ဗြ​ဟံ ထံ​ပြန်​အပ်​လေ​၏။ အာ​ဗြ​ဟံ​အား​သိုး​နွား​နှင့် ကျေး​ကျွန်​များ​ကို​လည်း​ပေး​သ​နား​လေ​သည်။-
Abimelech took sheep and cattle, male servants and female servants, and gave them to Abraham, and restored Sarah, his wife, to him.
15 ၁၅ အ​ဘိ​မ​လက်​က``ငါ​၏​တိုင်း​ပြည်​တစ်​ဝန်း လုံး​တွင် သင်​ကြိုက်​ရာ​အ​ရပ်​၌​နေ​လော့'' ဟု အာ​ဗြ​ဟံ​အား​မိန့်​ကြား​၏။-
Abimelech said, "Look, my land is before you. Dwell where it pleases you."
16 ၁၆ ထို​နောက်​စာ​ရာ​အား``သင်​သည်​အ​ပြစ်​မဲ့​ကြောင်း သင်​၏​အ​ပေါင်း​အ​ဖော်​တို့​သိ​စေ​ရန်​သက်​သေ အ​ထောက်​အ​ထား​အ​ဖြစ် ငါ​သည်​သင်​၏​အစ်​ကို အား​ငွေ​သား​တစ်​ထောင်​ပေး​ပြီ။ လူ​တိုင်း​က​သင် သည်​အ​ပြစ်​တစ်​စုံ​တစ်​ရာ​ကူး​လွန်​ခြင်း​မ​ရှိ ကြောင်း​သိ​လိမ့်​မည်'' ဟု​ဆို​လေ​၏။
To Sarah he said, "Look, I have given your brother a thousand pieces of silver. Look, it is to cover the offense against you before all who are with you. In front of all you are vindicated."
17 ၁၇ အာ​ဗြ​ဟံ​၏​မ​ယား​စာ​ရာ​ကို​သိမ်း​ပိုက်​သည့် ကိစ္စ​ကြောင့် အ​ဘိ​မ​လက်​၏​နန်း​တော်​တွင်​ရှိ သ​မျှ​သော​မိန်း​မ​တို့​သည် သား​သ​မီး​မ​ရ​စေ ခြင်း​ငှာ​ထာ​ဝ​ရ​ဘု​ရား​စီ​ရင်​တော်​မူ​၏။ ထို​ကြောင့် အာ​ဗြ​ဟံ​သည်​အ​ဘိ​မ​လက်​အ​တွက် ထာ​ဝ​ရ ဘု​ရား​ထံ​ဆု​တောင်း​သ​ဖြင့်​သူ​သည်​ကျန်း​မာ လာ​၏။ သူ​၏​မ​ယား​နှင့်​သူ​၏​ကျွန်​မ​တို့​သည် လည်း သား​သ​မီး​ရ​နိုင်​ရန်​ကျန်း​မာ​လာ​ကြ လေ​သည်။
Abraham prayed to God, and God healed Abimelech, and his wife, and his female servants, and they bore children.
18 ၁၈
For God had made every woman infertile in the household of Abimelech, because of Sarah, Abraham's wife.

< ကမ္ဘာ​ဦး 20 >