< ကမ္ဘာဦး 2 >
1 ၁ ဘုရားသခင်သည်စကြဝဠာတစ်ခုလုံး ကို ဤသို့ဖန်ဆင်း၍ပြီးဆုံး၏။-
Igitur perfecti sunt cæli et terra, et omnis ornatus eorum.
2 ၂ ဆဋ္ဌမနေ့၌ဘုရားသခင်သည် မိမိဖန်ဆင်း ခြင်းအမှုအလုံးစုံပြီးစီး၍ သတ္တမနေ့၌ ရပ်နားတော်မူ၏။-
Complevitque Deus die septimo opus suum quod fecerat: et requievit die septimo ab universo opere quod patrarat.
3 ၃ ထိုသို့သတ္တမနေ့၌ဖန်ဆင်းခြင်းအမှုပြီး သဖြင့်ရပ်နားသောကြောင့် ဘုရားသခင်သည် ထိုနေ့ရက်ကိုကောင်းချီးပေး၍ အထူးနေ့ အဖြစ်သတ်မှတ်တော်မူ၏။-
Et benedixit diei septimo, et sanctificavit illum, quia in ipso cessaverat ab omni opere suo quod creavit Deus ut faceret.
4 ၄ ဤနည်းအားဖြင့်စကြဝဠာကိုဖန်ဆင်း တော်မူ၏။ ထာဝရအရှင် ဘုရားသခင်သည်စကြဝဠာကို ဖန်ဆင်း တော်မူသောအခါ၊-
Istæ sunt generationes cæli et terræ, quando creata sunt, in die quo fecit Dominus Deus cælum et terram,
5 ၅ မြေပေါ်သို့မိုးကိုရွာစေတော်မမူသေးသ ဖြင့်အပင်မပေါက်၊ အညှောက်လည်းမထွက် သေး။ မြေကိုထွန်ယက်မည့်သူလည်းမရှိသေး။-
et omne virgultum agri antequam oriretur in terra, omnemque herbam regionis priusquam germinaret: non enim pluerat Dominus Deus super terram, et homo non erat qui operaretur terram:
6 ၆ သို့ရာတွင်မြေအောက်မှရေထွက်သဖြင့်မြေ ကိုစိုစေ၏။
sed fons ascendebat e terra, irrigans universam superficiem terræ.
7 ၇ ထိုနောက်ထာဝရအရှင်ဘုရားသခင်သည် မြေဖြင့်လူကိုဖန်ဆင်းပြီးလျှင် လူ၏နှာခေါင်း ထဲသို့ဇီဝအသက်ကိုမှုတ်သွင်းတော်မူရာ လူသည် အသက်ရှင်သောသတ္တဝါဖြစ်လာ ၏။
Formavit igitur Dominus Deus hominem de limo terræ, et inspiravit in faciem ejus spiraculum vitæ, et factus est homo in animam viventem.
8 ၈ ထို့နောက်ထာဝရအရှင်ဘုရားသခင်သည် အရှေ့ဘက်ရှိဧဒင်အရပ်၌ဥယျာဉ်ကိုတည် ပြီးလျှင် ဖန်ဆင်းတော်မူသောလူကိုထိုဥယျာဉ် တွင်နေစေတော်မူ၏။-
Plantaverat autem Dominus Deus paradisum voluptatis a principio, in quo posuit hominem quem formaverat.
9 ၉ ထိုဥယျာဉ်တွင်ရှုချင်ဖွယ်ကောင်း၍ စားဖွယ် ကောင်းသောအသီးပင်အမျိုးမျိုးကိုပေါက် စေတော်မူ၏။ ဥယျာဉ်အလယ်တွင်အသက် ရှင်စေသောအပင်ရှိ၏။ အကောင်းနှင့်အဆိုး ကိုပိုင်းခြားသိမြင်စေသောအပင်လည်းရှိ ၏။
Produxitque Dominus Deus de humo omne lignum pulchrum visu, et ad vescendum suave lignum etiam vitæ in medio paradisi, lignumque scientiæ boni et mali.
10 ၁၀ မြစ်တစ်မြစ်သည်ဧဒင်အရပ်တွင်စီးထွက် လျက် ဥယျာဉ်ကိုရေပေး၏။ ဧဒင်ဥယျာဉ်ကို ကျော်လွန်သောအခါမြစ်လေးသွယ်ခွဲ၍ ဖြာဆင်း၏။-
Et fluvius egrediebatur de loco voluptatis ad irrigandum paradisum, qui inde dividitur in quatuor capita.
11 ၁၁ ပထမမြစ်သည်ကားဖိရှုန်မြစ်ဖြစ်၍ ဟာဝိလပြည်ကိုပတ်၍စီးဆင်း၏။-
Nomen uni Phison: ipse est qui circuit omnem terram Hevilath, ubi nascitur aurum:
12 ၁၂ (ဤအရပ်တွင်ရွှေစင်ထွက်၏။ အဖိုးထိုက်တန် သောနံ့သာနှင့်ကျောက်မျက်ရတနာလည်း ထွက်၏။-)
et aurum terræ illius optimum est; ibi invenitur bdellium, et lapis onychinus.
13 ၁၃ ဒုတိယမြစ်သည်ကားဂိဟုန်မြစ်ဖြစ်၍ကုရှ ပြည်ကိုပတ်၍စီးဆင်း၏။-
Et nomen fluvii secundi Gehon; ipse est qui circumit omnem terram Æthiopiæ.
14 ၁၄ တတိယမြစ်သည်ကားတိဂရစ်မြစ်ဖြစ်၍ အာရှုရိပြည်အရှေ့ဘက်မှစီးဆင်း၏။ စတုတ္ထ မြစ်သည်ကားဥဖရတ်မြစ်ဖြစ်၏။
Nomen vero fluminis tertii, Tigris: ipse vadit contra Assyrios. Fluvius autem quartus, ipse est Euphrates.
15 ၁၅ ထို့နောက်ထာဝရအရှင်ဘုရားသခင်သည် ဧဒင်ဥယျာဉ်ကို ထွန်ယက်စိုက်ပျိုးရန်နှင့်စောင့် ရှောက်ထိန်းသိမ်းရန် လူကိုထိုဥယျာဉ်တွင်နေ စေတော်မူ၏။-
Tulit ergo Dominus Deus hominem, et posuit eum in paradiso voluptatis, ut operaretur, et custodiret illum:
16 ၁၆ ထာဝရအရှင်ဘုရားသခင်က``သင်သည် အကောင်းနှင့်အဆိုးကို ပိုင်းခြားသိမြင်နိုင်စေ သောအပင်၏အသီးမှတစ်ပါး ဥယျာဉ်ထဲ၌ ရှိသမျှသောအပင်၏အသီးကိုစားနိုင်၏။ ထိုအပင်၏အသီးကိုကားမစားရ။ စား သောနေ့၌သေရမည်'' ဟုလူအားပညတ် တော်မူ၏။
præcepitque ei, dicens: Ex omni ligno paradisi comede;
de ligno autem scientiæ boni et mali ne comedas: in quocumque enim die comederis ex eo, morte morieris.
18 ၁၈ ထိုနောက်ထာဝရအရှင်ဘုရားသခင်က``လူ သည်တစ်ယောက်တည်းနေထိုင်ရန်မသင့်။ သူ့ အားကူညီရန် သင့်တော်သောအဖော်ကိုငါ ဖန်ဆင်းပေးမည်'' ဟုမိန့်တော်မူ၏။-
Dixit quoque Dominus Deus: Non est bonum esse hominem solum: faciamus ei adjutorium simile sibi.
19 ၁၉ ထိုကြောင့်ထာဝရအရှင်ဘုရားသခင်သည် မြေကိုယူ၍ တိရစ္ဆာန်နှင့်ငှက်အပေါင်းတို့ကို ဖန်ဆင်းပြီးလျှင် အသီးသီးတို့အားနာမည် မှည့်ခေါ်ရန် လူ၏ထံသို့ယူဆောင်တော်မူခဲ့၏။ လူကမှည့်ခေါ်သည့်အတိုင်းနာမည်တွင်ကြ၏။-
Formatis igitur Dominus Deus de humo cunctis animantibus terræ, et universis volatilibus cæli, adduxit ea ad Adam, ut videret quid vocaret ea: omne enim quod vocavit Adam animæ viventis, ipsum est nomen ejus.
20 ၂၀ လူသည်တိရစ္ဆာန်နှင့်ငှက်အားလုံးတို့အားနာ မည်မှည့်ခေါ်သော်လည်း ၎င်းတို့အနက်မှလူ ကိုကူညီရန်သင့်တော်သောအဖော်မပေါ် မရှိ။
Appellavitque Adam nominibus suis cuncta animantia, et universa volatilia cæli, et omnes bestias terræ: Adæ vero non inveniebatur adjutor similis ejus.
21 ၂၁ ထို့ကြောင့်ထာဝရအရှင်ဘုရားသခင်သည် လူကိုနှစ်ခြိုက်စွာအိပ်မောကျစေတော်မူ၏။ အိပ်နေစဉ်နံရိုးတစ်ချောင်းကိုထုတ်ယူပြီး လျှင် အသားကိုပြန်၍ပိတ်တော်မူ၏။-
Immisit ergo Dominus Deus soporem in Adam: cumque obdormisset, tulit unam de costis ejus, et replevit carnem pro ea.
22 ၂၂ ထိုနောက်ထိုနံရိုးဖြင့်မိန်းမကိုဖန်ဆင်း၍ လူ၏ထံသို့ခေါ်ဆောင်ခဲ့တော်မူ၏။-
Et ædificavit Dominus Deus costam, quam tulerat de Adam, in mulierem: et adduxit eam ad Adam.
23 ၂၃ လူကလည်း၊ ``ဤသူသည်ငါ့အရိုးမှအရိုး၊ငါ့အသားမှ အသားဖြစ်၏။ သူ့အားလူယောကျာ်းမှထုတ်ယူရသဖြင့် `လူမိန်းမ' ဟုမှည့်ခေါ်ရမည်'' ဟုဆို၏။
Dixitque Adam: Hoc nunc os ex ossibus meis, et caro de carne mea: hæc vocabitur Virago, quoniam de viro sumpta est.
24 ၂၄ ထိုအကြောင်းကြောင့်ယောကျာ်းသည်မိဘကို စွန့်၍ဇနီးနှင့်စုံဖက်သဖြင့် သူတို့နှစ်ဦး သည်တစ်သွေးတစ်သားတည်းဖြစ်လာ ကြ၏။
Quam ob rem relinquet homo patrem suum, et matrem, et adhærebit uxori suæ: et erunt duo in carne una.
25 ၂၅ ထိုသူနှစ်ဦးစလုံးတွင်အဝတ်အချည်းစည်း ဖြစ်နေသော်လည်းရှက်ကြောက်ခြင်းမရှိ။
Erat autem uterque nudus, Adam scilicet et uxor ejus: et non erubescebant.