< ကမ္ဘာ​ဦး 2 >

1 ဘု​ရား​သ​ခင်​သည်​စ​ကြ​ဝ​ဠာ​တစ်​ခု​လုံး ကို ဤ​သို့​ဖန်​ဆင်း​၍​ပြီး​ဆုံး​၏။-
Ainsi furent terminés les cieux et la terre, avec tout ce qu’ils renferment.
2 ဆ​ဋ္ဌ​မ​နေ့​၌​ဘု​ရား​သ​ခင်​သည် မိ​မိ​ဖန်​ဆင်း ခြင်း​အ​မှု​အ​လုံး​စုံ​ပြီး​စီး​၍ သတ္တ​မ​နေ့​၌ ရပ်​နား​တော်​မူ​၏။-
Dieu mit fin, le septième jour, à l’œuvre faite par lui; et il se reposa, le septième jour, de toute l’œuvre qu’il avait faite.
3 ထို​သို့​သတ္တ​မ​နေ့​၌​ဖန်​ဆင်း​ခြင်း​အ​မှု​ပြီး သ​ဖြင့်​ရပ်​နား​သော​ကြောင့် ဘု​ရား​သ​ခင်​သည် ထို​နေ့​ရက်​ကို​ကောင်း​ချီး​ပေး​၍ အ​ထူး​နေ့ အ​ဖြစ်​သတ်​မှတ်​တော်​မူ​၏။-
Dieu bénit le septième jour et le proclama saint, parce qu’en ce jour il se reposa de l’œuvre entière qu’il avait produite et organisée.
4 ဤ​နည်း​အား​ဖြင့်​စ​ကြ​ဝ​ဠာ​ကို​ဖန်​ဆင်း တော်​မူ​၏။ ထာ​ဝ​ရ​အ​ရှင် ဘု​ရား​သ​ခင်​သည်​စ​ကြ​ဝ​ဠာ​ကို ဖန်​ဆင်း တော်​မူ​သော​အ​ခါ၊-
Telles sont les origines du ciel et de la terre, lorsqu’ils furent créés; à l’époque où l’Éternel-Dieu fit une terre et un ciel.
5 မြေ​ပေါ်​သို့​မိုး​ကို​ရွာ​စေ​တော်​မ​မူ​သေး​သ ဖြင့်​အ​ပင်​မ​ပေါက်၊ အ​ညှောက်​လည်း​မ​ထွက် သေး။ မြေ​ကို​ထွန်​ယက်​မည့်​သူ​လည်း​မ​ရှိ​သေး။-
Or, aucun produit des champs ne paraissait encore sur la terre, et aucune herbe des champs ne poussait encore; car l’Éternel-Dieu n’avait pas fait pleuvoir sur la terre, et d’homme, il n’y en avait point pour cultiver la terre.
6 သို့​ရာ​တွင်​မြေ​အောက်​မှ​ရေ​ထွက်​သ​ဖြင့်​မြေ ကို​စို​စေ​၏။
Mais une exhalaison s’élevait de la terre et humectait toute la surface du sol.
7 ထို​နောက်​ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​သည် မြေ​ဖြင့်​လူ​ကို​ဖန်​ဆင်း​ပြီး​လျှင် လူ​၏​နှာ​ခေါင်း ထဲ​သို့​ဇီ​ဝ​အ​သက်​ကို​မှုတ်​သွင်း​တော်​မူ​ရာ လူ​သည် အ​သက်​ရှင်​သော​သတ္တ​ဝါ​ဖြစ်​လာ ၏။
L’Éternel-Dieu façonna l’homme, —poussière détachée du sol, —fit pénétrer dans ses narines un souffle de vie, et l’homme devint un être vivant.
8 ထို့​နောက်​ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​သည် အ​ရှေ့​ဘက်​ရှိ​ဧ​ဒင်​အ​ရပ်​၌​ဥ​ယျာဉ်​ကို​တည် ပြီး​လျှင် ဖန်​ဆင်း​တော်​မူ​သော​လူ​ကို​ထို​ဥ​ယျာဉ် တွင်​နေ​စေ​တော်​မူ​၏။-
L’Éternel-Dieu planta un jardin en Éden, vers l’orient, et y plaça l’homme qu’il avait façonné.
9 ထို​ဥ​ယျာဉ်​တွင်​ရှု​ချင်​ဖွယ်​ကောင်း​၍ စား​ဖွယ် ကောင်း​သော​အ​သီး​ပင်​အ​မျိုး​မျိုး​ကို​ပေါက် စေ​တော်​မူ​၏။ ဥ​ယျာဉ်​အ​လယ်​တွင်​အ​သက် ရှင်​စေ​သော​အ​ပင်​ရှိ​၏။ အ​ကောင်း​နှင့်​အ​ဆိုး ကို​ပိုင်း​ခြား​သိ​မြင်​စေ​သော​အ​ပင်​လည်း​ရှိ ၏။
L’Éternel-Dieu fit surgir du sol toute espèce d’arbres, beaux à voir et propres à la nourriture; et l’arbre de vie au milieu du jardin, avec l’arbre de la science du bien et du mal.
10 ၁၀ မြစ်​တစ်​မြစ်​သည်​ဧ​ဒင်​အ​ရပ်​တွင်​စီး​ထွက် လျက် ဥ​ယျာဉ်​ကို​ရေ​ပေး​၏။ ဧ​ဒင်​ဥ​ယျာဉ်​ကို ကျော်​လွန်​သော​အ​ခါ​မြစ်​လေး​သွယ်​ခွဲ​၍ ဖြာ​ဆင်း​၏။-
Un fleuve sortait d’Éden pour arroser le jardin; de là il se divisait et formait quatre bras.
11 ၁၁ ပ​ထ​မ​မြစ်​သည်​ကား​ဖိ​ရှုန်​မြစ်​ဖြစ်​၍ ဟာ​ဝိ​လ​ပြည်​ကို​ပတ်​၍​စီး​ဆင်း​၏။-
Le nom du premier: Pichon; c’est celui qui coule tout autour du pays de Havila, où se trouve l’or.
12 ၁၂ (ဤ​အ​ရပ်​တွင်​ရွှေ​စင်​ထွက်​၏။ အ​ဖိုး​ထိုက်​တန် သော​နံ့​သာ​နှင့်​ကျောက်​မျက်​ရ​တ​နာ​လည်း ထွက်​၏။-)
L’Or de ce pays-là est bon; là aussi le bdellium et la pierre de chôham.
13 ၁၃ ဒု​တိ​ယ​မြစ်​သည်​ကား​ဂိ​ဟုန်​မြစ်​ဖြစ်​၍​ကု​ရှ ပြည်​ကို​ပတ်​၍​စီး​ဆင်း​၏။-
Le nom du deuxième fleuve: Ghihôn; c’est lui qui coule tout autour du pays de Kouch.
14 ၁၄ တ​တိ​ယ​မြစ်​သည်​ကား​တိ​ဂ​ရစ်​မြစ်​ဖြစ်​၍ အာ​ရှု​ရိ​ပြည်​အ​ရှေ့​ဘက်​မှ​စီး​ဆင်း​၏။ စတုတ္ထ မြစ်​သည်​ကား​ဥ​ဖ​ရတ်​မြစ်​ဖြစ်​၏။
Le nom du troisième fleuve: Hiddékel; c’est celui qui coule à l’orient d’Assur; et le quatrième fleuve était l’Euphrate.
15 ၁၅ ထို့​နောက်​ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​သည် ဧ​ဒင်​ဥ​ယျာဉ်​ကို ထွန်​ယက်​စိုက်​ပျိုး​ရန်​နှင့်​စောင့် ရှောက်​ထိန်း​သိမ်း​ရန် လူ​ကို​ထို​ဥ​ယျာဉ်​တွင်​နေ စေ​တော်​မူ​၏။-
L’Éternel-Dieu prit donc l’homme et l’établit dans le jardin d’Eden pour le cultiver et le soigner.
16 ၁၆ ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​က``သင်​သည် အ​ကောင်း​နှင့်​အ​ဆိုး​ကို ပိုင်း​ခြား​သိ​မြင်​နိုင်​စေ သော​အ​ပင်​၏​အ​သီး​မှ​တစ်​ပါး ဥ​ယျာဉ်​ထဲ​၌ ရှိ​သ​မျှ​သော​အ​ပင်​၏​အ​သီး​ကို​စား​နိုင်​၏။ ထို​အ​ပင်​၏​အ​သီး​ကို​ကား​မ​စား​ရ။ စား သော​နေ့​၌​သေ​ရ​မည်'' ဟု​လူ​အား​ပညတ် တော်​မူ​၏။
L’Éternel-Dieu donna un ordre à l’homme, en disant: "Tous les arbres du jardin, tu peux t’en nourrir;
17 ၁၇
mais l’arbre de la science du bien et du mal, tu n’en mangeras point: car du jour où tu en mangeras, tu dois mourir!"
18 ၁၈ ထို​နောက်​ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​က``လူ သည်​တစ်​ယောက်​တည်း​နေ​ထိုင်​ရန်​မ​သင့်။ သူ့ အား​ကူ​ညီ​ရန် သင့်​တော်​သော​အ​ဖော်​ကို​ငါ ဖန်​ဆင်း​ပေး​မည်'' ဟု​မိန့်​တော်​မူ​၏။-
L’Éternel-Dieu dit: "Il n’est pas bon que l’homme soit isolé; je lui ferai une aide digne de lui."
19 ၁၉ ထို​ကြောင့်​ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​သည် မြေ​ကို​ယူ​၍ တိ​ရစ္ဆာန်​နှင့်​ငှက်​အ​ပေါင်း​တို့​ကို ဖန်​ဆင်း​ပြီး​လျှင် အ​သီး​သီး​တို့​အား​နာ​မည် မှည့်​ခေါ်​ရန် လူ​၏​ထံ​သို့​ယူ​ဆောင်​တော်​မူ​ခဲ့​၏။ လူ​က​မှည့်​ခေါ်​သည့်​အ​တိုင်း​နာ​မည်​တွင်​ကြ​၏။-
L’Éternel-Dieu avait formé de matière terrestre tous les animaux des champs et tous les oiseaux du ciel. Il les amena devant l’homme pour qu’il avisât à les nommer; et telle chaque espèce animée serait nommée par l’homme, tel serait son nom.
20 ၂၀ လူ​သည်​တိရစ္ဆာန်​နှင့်​ငှက်​အား​လုံး​တို့​အား​နာ မည်​မှည့်​ခေါ်​သော်​လည်း ၎င်း​တို့​အ​နက်​မှ​လူ ကို​ကူ​ညီ​ရန်​သင့်​တော်​သော​အ​ဖော်​မ​ပေါ် မ​ရှိ။
L’Homme imposa des noms à tous les animaux qui paissent, aux oiseaux du ciel, à toutes les bêtes sauvages; mais pour lui-même, il ne trouva pas de compagne qui lui fût assortie.
21 ၂၁ ထို့​ကြောင့်​ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​သည် လူ​ကို​နှစ်​ခြိုက်​စွာ​အိပ်​မော​ကျ​စေ​တော်​မူ​၏။ အိပ်​နေ​စဉ်​နံ​ရိုး​တစ်​ချောင်း​ကို​ထုတ်​ယူ​ပြီး လျှင် အ​သား​ကို​ပြန်​၍​ပိတ်​တော်​မူ​၏။-
L’Éternel-Dieu fit peser une torpeur sur l’Homme, qui s’endormi; il prit une de ses côtes, et forma un tissu de chair à la place.
22 ၂၂ ထို​နောက်​ထို​နံ​ရိုး​ဖြင့်​မိန်း​မ​ကို​ဖန်​ဆင်း​၍ လူ​၏​ထံ​သို့​ခေါ်​ဆောင်​ခဲ့​တော်​မူ​၏။-
L’Éternel-Dieu organisa en une femme la côte qu’il avait prise à l’homme, et il la présenta à l’homme.
23 ၂၃ လူ​က​လည်း၊ ``ဤ​သူ​သည်​ငါ့​အ​ရိုး​မှ​အ​ရိုး၊ငါ့​အ​သား​မှ အ​သား​ဖြစ်​၏။ သူ့​အား​လူ​ယောကျာ်း​မှ​ထုတ်​ယူ​ရ​သ​ဖြင့် `လူ​မိန်း​မ' ဟု​မှည့်​ခေါ်​ရ​မည်'' ဟု​ဆို​၏။
Et l’homme dit: "Celle-ci, pour le coup, est un membre extrait de mes membres et une chair de ma chair; celle-ci sera nommée Icha, parce qu’elle a été prise de Ich."
24 ၂၄ ထို​အ​ကြောင်း​ကြောင့်​ယောကျာ်း​သည်​မိ​ဘ​ကို စွန့်​၍​ဇ​နီး​နှင့်​စုံ​ဖက်​သ​ဖြင့် သူ​တို့​နှစ်​ဦး သည်​တစ်​သွေး​တစ်​သား​တည်း​ဖြစ်​လာ ကြ​၏။
C’Est pourquoi l’homme abandonne son père et sa mère; il s’unit à sa femme, et ils deviennent une seule chair.
25 ၂၅ ထို​သူ​နှစ်​ဦး​စ​လုံး​တွင်​အ​ဝတ်​အ​ချည်း​စည်း ဖြစ်​နေ​သော်​လည်း​ရှက်​ကြောက်​ခြင်း​မ​ရှိ။
Or ils étaient tous deux nus, l’homme et sa femme, et ils n’en éprouvaient point de honte.

< ကမ္ဘာ​ဦး 2 >