< ကမ္ဘာ​ဦး 19 >

1 ထို​နေ့​ည​၌​ကောင်း​ကင်​တ​မန်​နှစ်​ပါး​တို့​သည် သော​ဒုံ​မြို့​သို့​ရောက်​ရှိ​လာ​ကြ​သော​အ​ခါ လော​တ​သည်​မြို့​တံ​ခါး​ဝ​မှာ​ထိုင်​လျက်​ရှိ​၏။ ကောင်း​ကင်​တ​မန်​တို့​ကို​မြင်​လျှင် သူ​သည်​ထ​၍​ခ​ရီး​ဦး​ကြို​ပြု​လေ​၏။ သူ​သည်​သူ​တို့​ရှေ့​တွင်​ဦး​ညွှတ်​လျက်၊-
ကောင်းကင် တမန်နှစ် ပါးတို့သည် ညဦး အချိန်၌ သောဒုံ မြို့သို့ ရောက် လာ၏။ လောတ သည် မြို့ တံခါးဝ ၌ ထိုင် လျက် သူ တို့ကိုမြင် လျှင် ၊ ခရီးဦးကြိုပြု ခြင်းငှါ ထ ၍ မြေ ၌ ဦးညွှတ် ချလျက်၊
2 အ​ကျွန်ုပ်​သည်​အ​ရှင်​တို့​အား​ဧည့်​ဝတ်​ပြု​ပါ​ရ​စေ။ အ​ကျွန်ုပ်​အိမ်​သို့​ကြွ​တော်​မူ​ကြ​ပါ။ ခြေ​ကို​ဆေး​၍​ည​အိပ်​တည်း​ခို​ကြ​ပါ။ နံ​နက်​စော​စော​ထ​၍​ခ​ရီး​ဆက်​ကြ​ပါ'' ဟု​ခေါ်​ဖိတ်​လေ​၏။ သို့​ရာ​တွင်​ကောင်း​ကင်​တ​မန်​တို့​က``ငါ​တို့​သည် အ​ပြင်​လမ်း​မ​ပေါ်​၌​သာ​နေ​ပါ​မည်'' ဟု​ဆို​လေ​၏။
အကျွန်ုပ် သခင် တို့၊ ကိုယ်တော် တို့ ကျွန် ၏အိမ် သို့ ဝင် ၍ တညဉ့် လုံးနေကြပါ။ ခြေ ကိုဆေး ကြပါ။ နံနက်စောစော ထ၍ ကြွ သွားကြပါလော့ဟု ဆို လေ၏။ ကောင်းကင်တမန်တို့က၊ ငါတို့သည်မဝင်၊ တညဉ့် လုံးလမ်း ၌ နေတော့မည်ဟု ဆို သော်လည်း၊
3 ဧည့်​သည်​နှစ်​ဦး​တို့​သည်​လော​တ​အ​ဖန်​တ​လဲ​လဲ​ခေါ်​ဖိတ်​ခြင်း​ကြောင့် သူ​၏​အိမ်​သို့​လိုက်​လာ​ကြ​၏။ လော​တ​သည်​သူ​၏​အ​စေ​ခံ​တို့​အား​မုန့်​ဖုတ်​စေ​၍ စား​ဖွယ်​ကောင်း​များ​ကို​ပြင်​ဆင်​စေ​၏။ ထို့​နောက်​ဧည့်​သည်​တို့​သည်​သုံး​ဆောင်​ကြ​၏။
ကျပ်ကျပ် သွေးဆောင် သောကြောင့် တဖန် လောတနေရာသို့ လှည့်၍ သူ ၏အိမ် သို့ ဝင် ကြ၏။ လောတ လည်း သူ တို့အဘို့ ပွဲ လုပ်၍ တဆေးမပါသော မုန့် ကို ပေါင်း ပြီးမှသူတို့သည်စား ကြ၏။
4 ဧည့်​သည်​များ​အိပ်​ရာ​မ​ဝင်​မီ​ယောကျာ်း​အ​ကြီး​အ​ငယ်​အ​ပါ​အ​ဝင် သော​ဒုံ​မြို့​သား​အ​ပေါင်း​တို့​သည်​လော​တ​၏​အိမ်​ကို​ဝိုင်း​ထား​ကြ​၏။-
ထိုသူတို့သည် မ အိပ် မှီ သောဒုံ မြို့ သား ယောက်ျား အကြီးအငယ်၊ အရပ်ရပ်ကလာသော သူ အပေါင်း တို့သည် အိမ် ကို ဝိုင်း ၍၊
5 သူ​တို့​သည်​လော​တ​ကို​ဟစ်​ခေါ်​လျက်``သင့်​ထံ​၌​ဤ​ည​တည်း​ခို​ရန်​ရောက်​ရှိ​လာ​သူ​များ​အ​ဘယ်​မှာ​နည်း။ သူ​တို့​ကို​ထုတ်​ပေး​ပါ'' ဟု​တောင်း​ဆို​ကြ​လေ​သည်။ သော​ဒုံ​မြို့​သား​တို့​က ထို​ဧည့်​သည်​တို့​နှင့်​ကာ​မ​စပ်​ယှက်​လို​ကြ​၏။
လောတ ကို ဟစ် ခေါ်လျက် ယနေ့ည မှာ သင့် အိမ်သို့ ဝင် သော လူ တို့သည် အဘယ် မှာရှိသနည်း။ ထိုသူ တို့နှင့်ငါတို့သည် ဆက်ဆံ လိုသည် ဖြစ်၍ ငါ တို့ထံသို့ ထွက် စေလော့ဟု ဆို ကြ၏။
6 လော​တ​က​အိမ်​အ​ပြင်​သို့​ထွက်​၍ တံ​ခါး​ကို​ပိတ်​လျက်၊-
လောတ သည်လည်း၊ တံခါး ပြင် မှာ သူ တို့ထံသို့ ထွက် ၍ ၊ မိမိ နောက် ၌ တံခါးကို ပိတ် ပြီးလျှင်၊
7 အ​ဆွေ​တို့၊ ဤ​ကဲ့​သို့​ယုတ်​မာ​သော​အ​မှု​ကို​မ​ပြု​ရန် တောင်း​ပန်​ပါ​၏။-
ညီအစ်ကို တို့၊ အဓမ္မ အမှုကို ဤ မျှလောက်မ ပြုကြပါနှင့်။
8 ကျွန်ုပ်​၌​အ​ပျို​စင်​သ​မီး​နှစ်​ယောက်​ရှိ​ပါ​၏။ ထို​သ​မီး​တို့​ကို​သင်​တို့​ပြု​လို​သ​မျှ​အ​တိုင်း​ပြု​နိုင်​ရန် ထုတ်​ပေး​ပါ​မည်။ ဤ​သူ​တို့​ကို​ကား​ချမ်း​သာ​ပေး​ကြ​ပါ။ သူ​တို့​သည်​အ​ကျွန်ုပ်​၏​ဧည့်​သည်​ဖြစ်​၍ သူ​တို့​အား​စောင့်​ရှောက်​ရန်​အ​ကျွန်ုပ်​မှာ​တာ​ဝန်​ရှိ​ပါ​သည်'' ဟု​တောင်း​ပန်​လေ​၏။
အကျွန်ုပ် ၌ ယောက်ျား နှင့် မ ဆက်ဆံ သော သမီး နှစ် ယောက်ရှိပါ၏။ သူ တို့ကို သင် တို့ထံသို့ ထုတ် ရသောအခွင့်ကိုပေးကြပါလော့။ သူ တို့၌ ပြု ချင် သမျှပြုကြပါလော့။ ဤလူ တို့ ၌ အလျှင်မ ပြု ကြပါနှင့်။ အကြောင်းမူကား၊ သူ တို့သည် အကျွန်ုပ် အိမ် မိုးအရိပ် ကို ခို နေပါ၏ဟု တောင်းပန်သော်လည်း၊
9 သို့​ရာ​တွင်​သူ​တို့​က``သင်​သည်​တစ်​ရပ်​တစ်​ကျေး​မှ​လာ​၍ ငါ​တို့​ကို​သြ​ဇာ​မ​ပေး​နှင့်။ ဖယ်​ပေး၊ မ​ဖယ်​ပေး​လျှင်​သူ​တို့​ခံ​ရ​သည်​ထက်​သင်​ပို​၍​ခံ​ရ​မည်'' ဟု​ဆို​လေ​သည်။ သူ​တို့​သည်​လော​တ​ကို​နောက်​သို့​ဖိ​တွန်း​လျက် အိမ်​တံ​ခါး​ကို​ချိုး​ဖျက်​ရန်​ရှေ့​သို့​တက်​လာ​ကြ​သည်။-
သူတို့က ဆုတ် လော့ဟုဆို ကြ၏။ တဖန် ကား၊ သင်သည် တည်းခို ခြင်းငှာ သာရောက် လာသည်နှင့် တရားသူကြီး လုပ်ရမည်လော။ ယခု မှာ ထို သူတို့၌ ပြု သည်ထက် ၊ သင် ၌ သာ၍ဆိုးသောအမှုကိုပြုမည်ဟုဆိုလျက်၊ လောတ ကို ကျပ်ကျပ် ဖိ ၍ တံခါး ကိုလည်း ပေါက် ခွဲချိုးဖဲ့ ခြင်းငှါ ချဉ်း လာကြ၏။
10 ၁၀ သို့​ရာ​တွင်​ဧည့်​သည်​နှစ်​ဦး​က​တံ​ခါး​ကို​ဖွင့်​လျက် လော​တ​ကို​အိမ်​ထဲ​သို့​ဆွဲ​သွင်း​ပြီး​လျှင် တံ​ခါး​ကို​ပိတ်​လိုက်​ကြ​၏။-
၁၀ထိုအခါ ကောင်းကင်တမန်တို့သည် လက် ကိုဆန့် ၍ လောတ ကို မိမိ တို့နေရာအိမ် အတွင်း သို့ ဆွဲ သွင်း ပြီးလျှင် တံခါး ကို ပိတ် ကြ၏။
11 ၁၁ ထို​နောက်​အ​ပြင်​ဘက်​၌​ရှိ​သော​သူ​အား​လုံး​တို့​ကို​မျက်​စိ​ကွယ်​စေ​ရန်​ဒဏ်​ခတ်​သ​ဖြင့် သူ​တို့​သည်​တံ​ခါး​ပေါက်​ကို​ရှာ​၍​မ​တွေ့​နိုင်​ကြ။
၁၁အိမ် တံခါး နားမှာ ရှိသောသူ အကြီး အငယ် တို့ကို မျက်စိ ကန်းစေခြင်းငှါ ဒဏ်ခတ် သဖြင့် သူတို့သည် တံခါး ကိုရှာ ၍ ပင်ပန်း ခြင်းသို့ ရောက်ကြ၏။
12 ၁၂ ဧည့်​သည်​နှစ်​ဦး​တို့​က``ငါ​တို့​သည်​ဤ​အ​ရပ်​ကို​ဖျက်​ဆီး​ပစ်​မည်​ဖြစ်​သော​ကြောင့် မြို့​ထဲ​တွင်​သင်​နှင့်​ဆိုင်​သော​သင်​၏​သား​သ​မီး၊ သ​မက်​နှင့်​အ​ခြား​ဆွေ​မျိုး​သား​ချင်း​များ​ရှိ​ကြ​လျှင်​ထွက်​ခွာ​သွား​ကြ​စေ။-
၁၂ကောင်းကင်တမန်တို့ကလည်း၊ ဤ အရပ်၌ သင် နှင့် ဆိုင်သောသူ ရှိ သေးသလော။ သားသမီး ၊ သမက် ၊ မြို့ ထဲမှာ သင် ၌ ရှိသမျှ ကို ဤအရပ် က ထုတ် ဆောင် လော့။
13 ၁၃ သော​ဒုံ​မြို့​သား​တို့​အား​ကြီး​လေး​သော​အ​ပြစ်​တင်​စွပ်​စွဲ​သံ​များ​ကို​ထာ​ဝ​ရ​ဘု​ရား​ကြား​ရ​သ​ဖြင့် သော​ဒုံ​မြို့​ကို​ဖျက်​ဆီး​ပစ်​ရန် ငါ​တို့​ကို​စေ​လွှတ်​လိုက်​သည်'' ဟု​လော​တ​အား​ဆို​လေ​သည်။
၁၃ဤ အရပ် ကို ငါ တို့သည် ဖျက်ဆီး ရမည်။ အကြောင်းမူကား ၊ အရပ်သားတို့သည် ထာဝရဘုရား ရှေ့ တော်မှာ အလွန် ကြွေးကြော် ခြင်းရှိသည်ဖြစ်၍ ၊ ဖျက်ဆီး စေခြင်းငှါ ထာဝရဘုရား သည် ငါ တို့ကို စေလွှတ် တော်မူပြီဟု လောတ အား ပြော ဆိုကြ၏။
14 ၁၄ ထို​အ​ခါ​လော​တ​သည် မိ​မိ​၏​သ​မက်​လောင်း​များ​ထံ​သို့​သွား​၍``ဤ​အ​ရပ်​မှ​အ​မြန်​ထွက်​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​သည်​ဤ​မြို့​ကို​ဖျက်​ဆီး​တော်​မူ​မည်'' ဟု​တိုက်​တွန်း​လေ​၏။ သို့​ရာ​တွင်​သ​မက်​လောင်း​တို့​သည် လော​တ​ကျီ​စား​ပြော​နေ​သည်​ဟု​ထင်​မှတ်​ကြ​လေ​သည်။
၁၄လောတ ထွက် ၍ သမီး နှင့်စုံဘက် သောသူ၊ မိမိ သမက် တို့အား ထကြ ၊ ဤ အရပ် မှ ထွက်သွား ကြ၊ ဤ မြို့ကို ထာဝရဘုရား ဖျက်ဆီး တော်မူမည်ဟုဆို သော်လည်း ၊ ကျီစား ဟန် သည်ဟု သမက် တို့ ထင် ကြ၏။
15 ၁၅ နံ​နက်​အ​ချိန်​အ​ရုဏ်​တက်​အ​ချိန်​၌ ကောင်း​ကင်​တ​မန်​တို့​က​လော​တ​အား​အ​မြန်​ထွက်​သွား​ရန်​တိုက်​တွန်း​လေ​သည်။ သူ​တို့​က``မြို့​ကို​ဖျက်​ဆီး​သော​အ​ခါ​သင်​၏​မ​ယား​နှင့်​သ​မီး​နှစ်​ယောက်​အ​သက်​မ​ဆုံး​ရ​စေ​ရန် သူ​တို့​ကို​ခေါ်​၍​ယ​ခု​အ​မြန်​ထွက်​လော့'' ဟု​ဆို​၏။-
၁၅မိုဃ်းသောက် သောအခါ ၊ ကောင်းကင် တမန် တို့သည် လောတ ကို ဆော် လျက် ၊ သင် သည်ထ ၍ ဤအရပ်၌ရှိသောမယား နှင့် သမီး နှစ် ယောက်တို့ကို ယူ သွားလော့။ သို့မဟုတ် ၊ မြို့ ၏အပြစ် ၌ ဆုံး ခြင်းသို့ ရောက် လိမ့်မည်ဟု ဆိုသော်လည်း၊
16 ၁၆ သို့​သော်​လည်း​လော​တ​သည်​ဖင့်​နွဲ​လျက်​နေ​၏။ ထာ​ဝ​ရ​ဘု​ရား​သည်​သူ့​ကို​သ​နား​တော်​မူ​၏။ သို့​ဖြစ်​၍​ကောင်း​ကင်​တ​မန်​တို့​သည် သူ​နှင့်​သူ​၏​မ​ယား၊ သူ​၏​သ​မီး​နှစ်​ယောက်​တို့​ကို​လက်​ဆွဲ​၍ မြို့​ပြင်​သို့​ထုတ်​ကြ​၏။-
၁၆သူသည်ဖင့်နွှဲ သောအခါ ထာဝရဘုရား သနား တော်မူသောကြောင့် ကောင်းကင်တမန်တို့သည် သူ နှင့် သူ ၏ မယား ၊ သူ ၏သမီး နှစ် ယောက်တို့ကို လက် ဆွဲ ၍ မြို့ ပြင် သို့ ထုတ် ဆောင်ကြ၏။
17 ၁၇ ထို​နောက်​ကောင်း​ကင်​တ​မန်​တစ်​ပါး​က``အ​သက်​ဘေး​မှ​လွတ်​အောင်​ပြေး​ကြ​လော့။ နောက်​သို့​လှည့်​မ​ကြည့်​နှင့်။ ချိုင့်​ဝှမ်း​ထဲ​၌​မ​ရပ်​နား​နေ​နှင့်။ အ​သက်​ချမ်း​သာ​ရာ​ရ​ရန်​တောင်​ပေါ်​သို့​ပြေး​ကြ​လော့'' ဟု​မှာ​ကြား​လေ​သည်။
၁၇ပြင် သို့ ရောက် သောအခါ၊ သင် သည် အသက် ချမ်းသာ ရခြင်းငှါ ပြေးလော့။ နောက် သို့လှည့်၍ မ ကြည့် နှင့် မြေညီသောအရပ် ၌ အလျှင်း မ နေ နှင့်။ တောင် ပေါ်သို့ ပြေး လော့။ သို့မဟုတ် ဆုံး လိမ့်မည်ဟု ဆိုလေ၏။
18 ၁၈ လော​တ​က``ကိုယ်​တော်၊ အ​ကျွန်ုပ်​တို့​တောင်​ပေါ်​သို့​မ​ပြေး​ပါ​ရ​စေ​နှင့်။-
၁၈လောတ ကလည်း ၊ အကျွန်ုပ် သခင် ထိုသို့မ ဆိုပါနှင့်။
19 ၁၉ ကိုယ်​တော်​သည်​အ​ကျွန်ုပ်​အား​ကျေး​ဇူး​ပြု​သ​ဖြင့် အ​သက်​ချမ်း​သာ​ရာ​ရ​ခဲ့​ပါ​ပြီ။ တောင်​များ​သည်​ခ​ရီး​ဝေး​လှ​ပါ​၏။ တောင်​ပေါ်​သို့​မ​ရောက်​မီ​ဘေး​သင့်​မည်​ဟု​စိုး​ရိမ်​ရ​ပါ​၏။-
၁၉ယခု မှာ ကိုယ်တော် ကျွန် သည် ရှေ့ တော်၌ မျက်နှာ ရပါပြီ။ အကျွန်ုပ် အသက် ချမ်းသာစေ သဖြင့်၊ အကျွန်ုပ်၌ ပြု တော်မူသောကရုဏာ ကျေးဇူးများပြား လှပါ၏။ ဘေးလွတ်၍ တောင် ပေါ် သို့ မ ပြေး နိုင်ပါ။ ဘေး တစုံတခု တွေ့ ၍ သေ မည်ကို စိုးရိမ် ပါ၏။
20 ၂၀ ရှေ့​တွင်​မြို့​က​လေး​တစ်​မြို့​ရှိ​ပါ​သည်။ ထို​မြို့​သည်​နီး​သ​ဖြင့်​ရောက်​လွယ်​ပါ​သည်။ ထို​မြို့​သို့​ပြေး​ပါ​ရ​စေ။ မြို့​ငယ်​က​လေး​ဖြစ်​၍ အ​ကျွန်ုပ်​အ​တွက်​လုံ​ခြုံ​မှု​ရှိ​ပါ​မည်'' ဟု​လျှောက်​လေ​၏။
၂၀ကြည့် ပါ။ ထို မြို့ နီး ပါ၏၊ပြေး သာပါ၏။ ငယ် သောမြို့လည်း ဖြစ်ပါ၏။ ဘေးလွတ်၍ ထို အရပ်သို့ ပြေး ပါရစေ။ ထို မြို့သည် ငယ် သောမြို့မ ဟုတ်လော။ သို့ပြေးလျှင် အသက် ချမ်းသာရပါမည်ဟု လျှောက်ဆို၏။
21 ၂၁ ကောင်း​ကင်​တ​မန်​က``ကောင်း​ပြီ။ ထို​မြို့​ကို​ငါ​မ​ဖျက်​ဆီး။-
၂၁ထိုသူ ကလည်း ၊ ကြည့် ပါ။ ဤ အမူအရာ၌လည်း သင်၏ စကား ကို ငါနား ထောင်စေခြင်းငှါ ထိုမြို့ အတွက် တောင်းပန် သောကြောင့် ငါမ ဖျက်ဆီး။
22 ၂၂ မြန်​မြန်​ပြေး​လော့။ ထို​မြို့​သို့​သင်​မ​ရောက်​မီ ငါ​သည်​သော​ဒုံ​မြို့​ကို​ဒဏ်​မ​စီ​ရင်​နိုင်'' ဟု​ဆို​လေ​၏။ လော​တ​သည်​ထို​မြို့​ကို​မြို့​က​လေး​ဟု​ခေါ်​သ​ဖြင့် ဇော​ရ​မြို့​ဟု​နာ​မည်​တွင်​လေ​၏။
၂၂ဘေးလွတ်ခြင်းငှါထို မြို့သို့ အလျင်အမြန် ပြေး လော့။ ထို မြို့သို့ မ ရောက် မှီ ငါသည် အဘယ်အမှု ကိုမျှ မ ပြု နိုင်ဟုဆို လေ၏။ ထိုကြောင့် ထိုမြို့ ကို ဇောရ မြို့ဟု သမုတ် ကြ၏။
23 ၂၃ နေ​ထွက်​ချိန်​၌​ဇော​ရ​မြို့​သို့​လော​တ​ရောက်​ရှိ​လေ​၏။-
၂၃လောတ သည် ဇောရ မြို့သို့ ဝင် သောအခါ ၊ မြေကြီး ပေါ် မှာ နေ ထွက် ချိန်ဖြစ်သတည်း။
24 ၂၄ ထို​အ​ခါ​၌​ထာ​ဝ​ရ​ဘု​ရား​သည် သော​ဒုံ​မြို့​နှင့်​ဂေါ​မော​ရ​မြို့​များ​ပေါ်​သို့ ကန့်​မီး​မိုး​ကို​ရွာ​ချ​စေ​တော်​မူ​သ​ဖြင့်၊-
၂၄ထိုအခါ ထာဝရဘုရား သည် ကောင်းကင် ထက် ၊ အထံတော်မှ သောဒုံ မြို့နှင့် ဂေါမောရ မြို့အပေါ် သို့ ကန့် နှင့် မီး မိုဃ်း ကို ရွာစေတော်မူ၏။
25 ၂၅ ထို​မြို့​များ​နှင့်​ချိုင့်​ဝှမ်း​တစ်​လျှောက်​လုံး​ရှိ​လူ​တို့​နှင့်​အ​ပင်​တို့​ကို​သေ​ကြေ​ပျက်​စီး​စေ​တော်​မူ​၏။-
၂၅ထို မြို့ တို့ကို၎င်း ၊ ချိုင့်အရပ် တရှောက်လုံး ကို၎င်း၊ မြို့ သား အပေါင်း တို့ကို၎င်းမြေ ၌ ပေါက် သမျှကို၎င်း၊ မှောက် လဲတော်မူ၏။
26 ၂၆ လော​တ​၏​မ​ယား​က​မူ​နောက်​သို့​လှည့်​ကြည့်​မိ​သ​ဖြင့် ဆား​တိုင်​အ​ဖြစ်​သို့​ပြောင်း​လဲ​သွား​လေ​သည်။
၂၆လောတ ၏ မယား မူကား နောက် သို့ လှည့်ကြည့် ၍ ဆား တိုင် ဖြစ် လေ၏။
27 ၂၇ နောက်​နေ့​နံ​နက်​စော​စော​၌​အာ​ဗြ​ဟံ​သည် ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့​တော်​တွင်​ရပ်​ခဲ့​ဖူး​သော​နေ​ရာ​သို့​အ​မြန်​သွား​လေ​၏။-
၂၇နံနက် စောစောအာဗြဟံ သည် ထ ၍ ၊ ထာဝရဘုရား ရှေ့ တော်၌ ရပ် နေသောအရပ် သို့ သွားပြီးလျှင်၊
28 ၂၈ သူ​သည်​သော​ဒုံ​မြို့၊ ဂေါ​မော​ရ​မြို့​နှင့်​ချိုင့်​ဝှမ်း​တစ်​လျှောက်​လုံး​ကို​လှမ်း​ကြည့်​လိုက်​ရာ မီး​ဖို​ကြီး​တစ်​ခု​မှ​မီး​ခိုး​တက်​သ​ကဲ့​သို့ မြေ​ပြင်​မှ​အ​ခိုး​တက်​လျက်​ရှိ​သည်​ကို​မြင်​ရ​လေ​သည်။-
၂၈သောဒုံ မြို့နှင့် ဂေါမောရ မြို့မှစသော ချိုင့် အရပ် တရှောက်လုံး ကို ကြည့်ရှု ၍ ၊ မီးဖို ၌ အခိုး ကဲ့သို့ ၊ တပြည် လုံးအခိုး တက် သည်ကို မြင် လေ၏။
29 ၂၉ သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​သည်​လော​တ​နေ​ထိုင်​ရာ ချိုင့်​ဝှမ်း​ရှိ​မြို့​များ​ကို​ဖျက်​ဆီး​သော​အ​ခါ​၌ အာ​ဗြ​ဟံ​ကို​သ​တိ​ရ​တော်​မူ​၏။ လော​တ​ကို​လည်း​ပျက်​စီး​ခြင်း​ဘေး​မှ​လွတ်​မြောက်​စေ​တော်​မူ​၏။
၂၉ထိုသို့ ဘုရား သခင်သည် ချိုင့်ထဲမှာ ရှိ သောမြို့ တို့ကို ဖျက်ဆီး သောအခါ အာဗြံဟံ ကို အောက်မေ့ တော်မူ ၏။ လောတ နေ သောမြို့ တို့ကို မှောက် လှဲသောအခါ မှောက် လှဲရာထဲက လောတ ကို လွှတ် လိုက်တော်မူ၏။
30 ၃၀ လော​တ​သည်​ဇော​ရ​မြို့​တွင်​မ​နေ​ထိုင်​ဝံ့​သ​ဖြင့် သ​မီး​နှစ်​ယောက်​တို့​နှင့်​အ​တူ​တောင်​ပေါ်​သို့​ပြောင်း​ရွှေ့​ပြီး​လျှင် လိုဏ်​ဂူ​တစ်​ခု​အ​တွင်း​၌​နေ​လေ​၏။-
၃၀လောတ သည် ဇောရ မြို့မှ ထွက် ၍ ၊ သမီး နှစ် ယောက်နှင့်တကွ တောင် ပေါ် မှာနေ ၏။ ဇောရ မြို့၌ မ နေ ဝံ့၍ ၊ သမီး နှစ် ယောက်နှင့်တကွ ဥမှင် ၌ နေ ၏။
31 ၃၁ သ​မီး​အ​ကြီး​က​သူ​၏​ညီ​မ​အား``ငါ​တို့​၏​အ​ဖ​လည်း​အို​ပြီ။ ငါ​တို့​မှ​အ​မျိုး​ဆက်​ကျန်​ရစ်​ခဲ့​စေ​ရန် ကမ္ဘာ​မှာ​ငါ​တို့​အား​ထိမ်း​မြား​မည့်​သူ​တစ်​စုံ​တစ်​ယောက်​မျှ​မ​ရှိ။-
၃၁သမီးအကြီး က၊ ငါ တို့အဘ အို ပြီး မြေကြီး သား အပေါင်း တို့၏ ဘာသာအတိုင်း ငါ တို့ထံသို့ဝင်ရသောယောက်ျား တယောက် မျှ မြေပေါ်မှာ မရှိ။
32 ၃၂ သို့​ဖြစ်​သော​ကြောင့်​ဖ​ခင်​ကို​စ​ပျစ်​ရည်​တိုက်​၍​မူး​ယစ်​စေ​ပြီး​လျှင် သူ​၏​အ​မျိုး​ဆက်​မ​ပြတ်​စေ​ရန်​သူ​နှင့်​အ​တူ​အိပ်​ကြ​စို့'' ဟု​ဆို​လေ​၏။-
၃၂လာကြ။ ငါ တို့အဘ ကိုစပျစ်ရည် တိုက် ကြစို့။ ငါ တို့အဘ ၏ အမျိုးအနွယ် ကို စောင့် မ၍ သူ နှင့် အိပ် ကြ စို့ဟု ညီမ ကို ပြောဆို ၏။
33 ၃၃ ထို​ည​၌​သူ​တို့​သည်​ဖ​ခင်​အား​စ​ပျစ်​ရည်​တိုက်​၍ သ​မီး​အ​ကြီး​သည်​ဖ​ခင်​နှင့်​အိပ်​လေ​၏။ ဖ​ခင်​သည်​မူး​ယစ်​နေ​သ​ဖြင့် မိ​မိ​ပြု​သည့်​အ​မှု​ကို​မိ​မိ​မ​သိ​ချေ။
၃၃ထို နေ့ညမှာ သူ တို့သည် အဘ ကို စပျစ်ရည် တိုက် ပြီးလျှင် ၊ သမီးအကြီး သည် ဝင် ၍ အဘ နှင့် အိပ် လေ ၏။ သူ အိပ် ကြောင်းကို၎င်း ၊ ထ ကြောင်းကို၎င်း အဘ မ သိ။
34 ၃၄ နောက်​တစ်​နေ့​၌​သ​မီး​အ​ကြီး​က​ညီ​မ​အား``ယ​မန်​နေ့​ည​က​ငါ​သည်​ဖ​ခင်​နှင့်​အိပ်​ပြီး​ပြီ။ ယ​နေ့​ည​တွင်​သူ့​အား​တစ်​ဖန်​မူး​ယစ်​စေ​၍ သင်​က​လည်း​ငါ​ကဲ့​သို့​သူ​နှင့်​ဝင်​၍​အိပ်​လော့။ သို့​မှ​သာ​လျှင်​ငါ​တို့​တစ်​ယောက်​စီ​၌ ဖ​ခင်​နှင့်​သား​သ​မီး​မျိုး​ဆက်​ရ​မည်'' ဟု​ဆို​လေ​၏။-
၃၄နက်ဖြန် နေ့တွင် အကြီး ကလည်း မနေ့ ညမှာ ငါသည် အဘ နှင့် အိပ် လေပြီ။ ယနေ့ည တဖန် သူ့ ကို စပျစ်ရည် တိုက် ကြစို့။ သင်သည်ဝင် ၍ အဘ ၏အမျိုးအနွယ် ကို စောင့် မခြင်းငှါ ၊ သူ နှင့် အိပ် လော့ဟု ညီမ ကို ပြော ဆို၏။
35 ၃၅ ထို​ည​၌​လည်း​သူ​တို့​သည်​ဖ​ခင်​ကို​စ​ပျစ်​ရည်​တိုက်​၍​မူး​ယစ်​စေ​ပြီး​လျှင် သ​မီး​အ​ငယ်​သည်​သူ​နှင့်​အိပ်​လေ​၏။ ဖ​ခင်​လည်း​မူး​ယစ်​နေ​သ​ဖြင့် မိ​မိ​ပြု​သည့်​အ​မှု​ကို​မိ​မိ​မ​သိ​ချေ။-
၃၅ထို နေ့ည၌လည်း သူ တို့သည် အဘ ကို စပျစ်ရည် တိုက် ပြီးလျှင်၊ အငယ် သည်ဝင် ၍ အဘ နှင့် အိပ် လေ၏။ အိပ် ကြောင်းကို၎င်း ၊ ထ ကြောင်းကို၎င်း အဘမ သိ။
36 ၃၆ ထို​သို့​အား​ဖြင့်​လော​တ​၏​သ​မီး​နှစ်​ယောက်​တို့​သည် သူ​တို့​၏​ဖ​ခင်​နှင့်​သန္ဓေ​စွဲ​ကြ​လေ​သည်။-
၃၆ထိုသို့ လောတ ၏ သမီး နှစ် ယောက်တို့သည်၊ မိမိ အဘ အားဖြင့် ပဋိသန္ဓေ စွဲနေ၏။
37 ၃၇ သ​မီး​အ​ကြီး​တွင်​သား​တစ်​ယောက်​ဖွား​မြင်​၍ မော​ဘ​ဟု​နာ​မည်​မှည့်​၏။ ထို​သား​သည်​လက်​ရှိ​မော​ဘ​လူ​မျိုး​တို့​၏​ဖ​ခင်​ဖြစ်​သ​တည်း။-
၃၇သမီးအကြီး သည် သား ကို ဘွား ၍ မောဘ အမည် ဖြင့် မှည့် လေ၏။ ထိုသူ သည် ယနေ့ တိုင်အောင်ရှိသောမောဘ အမျိုးသားတို့၏ အဘ ဖြစ်သတည်း။
38 ၃၈ သ​မီး​အ​ငယ်​လည်း​သား​တစ်​ယောက်​ဖွား​မြင်​၍ ဗေ​နမ္မိ​ဟု​နာ​မည်​မှည့်​၏။ ထို​သား​သည်​လက်​ရှိ​အမ္မုန်​လူ​မျိုး​၏​ဖ​ခင်​ဖြစ်​သ​တည်း။
၃၈သမီးအငယ် သည်လည်း သား ကိုဘွား ၍ ဗေနမ္မိ အမည် ဖြင့် မှည့် လေ၏။ ထိုသူ သည် ယနေ့ တိုင်အောင်ရှိသောအမ္မုန် အမျိုးသား တို့၏ အဘ ဖြစ်သတည်း။

< ကမ္ဘာ​ဦး 19 >