< ကမ္ဘာ​ဦး 17 >

1 အာ​ဗြံ​အ​သက်​ကိုး​ဆယ့်​ကိုး​နှစ်​ရှိ​သော​အ​ခါ ထာ​ဝ​ရ​ဘု​ရား​သည်​အာ​ဗြံ​အား​ကိုယ်​ထင်​ပြ ၍``ငါ​သည်​အ​နန္တ​တန်​ခိုး​ရှင်​ဘု​ရား​သ​ခင်​ဖြစ် ၏။ ငါ့​စ​ကား​ကို​နား​ထောင်​၍​မှန်​ရာ​ကို​အ​စဉ် ပြု​လုပ်​လော့။-
І був Аврам віку дев'ятидесяти літ і дев'яти літ, коли явився Господь Аврамові та й промовив до нього: „Я Бог Всемогутній! Ходи перед лицем Моїм, і будь непорочний!
2 သင်​နှင့်​ပ​ဋိ​ညာဉ်​ပြု​၍ သင်​၏​အ​မျိုး​အ​နွယ် ကို​များ​ပြား​စေ​မည်'' ဟု​မိန့်​တော်​မူ​၏။-
І дам Я Свого заповіта поміж Мною та поміж тобою, і дуже-дуже розмножу тебе“.
3 အာ​ဗြံ​သည်​မျက်​နှာ​ကို​မြေ​ကြီး​နှင့်​ထိ​အောင် ပျပ်​ဝပ်​၍ နေ​စဉ်​ဘု​ရား​သ​ခင်​က၊-
І впав Аврам на обличчя своє, а Бог до нього промовляв, говорячи:
4 ``သင်​နှင့်​ငါ​ပြု​မည့်​ပ​ဋိ​ညာဉ်​မှာ​ဤ​သို့​ဖြစ် ၏။ သင့်​အား​လူ​များ​စွာ​တို့​၏​ဖ​ခင်​ဖြစ်​စေ​မည်။-
„Я, — ось Мій заповіт із тобою, і станеш ти батьком багатьох наро́дів.
5 ငါ​သည်​သင့်​အား​လူ​မျိုး​များ​စွာ​တို့​၏​ဖ​ခင် ဖြစ်​စေ​မည်​ဖြစ်​သော​ကြောင့် သင်​၏​နာ​မည်​ကို အာ​ဗြံ​ဟု​မ​ခေါ်​တော့​ဘဲ​အာ​ဗြ​ဟံ​ဟု​ခေါ် ရ​မည်။-
І не буде вже кли́катись ім'я твоє: Аврам, але буде ім'я твоє: Авраа́м, бо вчинив Я тебе батьком багатьох народів.
6 ငါ​သည်​သင်​၏​အ​မျိုး​အ​နွယ်​ကို​များ​ပြား​စေ မည်။ သင်​၏​အ​မျိုး​အ​နွယ်​ထဲ​မှ​မင်း​များ​ပေါ် ထွန်း​စေ​မည်။ သင်​၏​အ​ဆက်​အ​နွယ်​တို့​သည် အ​လွန်​များ​ပြား​ကြ​သ​ဖြင့်​လူ​အ​မျိုး​မျိုး ဖြစ်​ပွား​လာ​မည်။
І вчиню Я тебе дуже-дуже плідним, і вчиню, щоб вийшли з тебе народи, і царі з тебе вийдуть.
7 သင်​နှင့်​သင်​၏​အ​မျိုး​အ​နွယ်​အ​စဉ်​အ​ဆက်​တို့ အား ငါ​ထား​သော​က​တိ​တော်​ကို​ထာ​ဝ​ရ​တည် မြဲ​သော​ပ​ဋိ​ညာဉ်​ဖြစ်​စေ​မည်။ ငါ​သည်​သင်​၏ ဘု​ရား၊ သင်​၏​အ​ဆက်​အ​နွယ်​တို့​၏​ဘု​ရား ဖြစ်​မည်။-
І Я складу заповіта Свого поміж Мною та поміж тобою, і поміж твоїм потомством по тобі на їхні покоління на вічний заповіт, що буду Я Богом для тебе й для наща́дків твої́х по тобі.
8 ယ​ခု​သင်​သူ​စိမ်း​တစ်​ရံ​ဆံ​အ​ဖြစ်​နှင့်​နေ​ထိုင် ရ​သော ဤ​ပြည်​ကို​သင်​နှင့်​သင်​၏​အ​ဆက်​အ​နွယ် တို့​အား​ငါ​ပေး​မည်။ ခါ​နာန်​ပြည်​တစ်​ပြည်​လုံး ကို သင်​၏​အ​ဆက်​အ​နွယ်​တို့​အား​ထာ​ဝ​စဉ် အ​ပိုင်​ပေး​မည်။ ငါ​သည်​လည်း​သူ​တို့​၏​ဘု​ရား ဖြစ်​မည်'' ဟု​မိန့်​တော်​မူ​၏။
І дам Я тобі та потомству твоєму по тобі землю скитання твого, увесь Край ханаанський, на вічне володіння, — і Я буду їм Богом“.
9 တစ်​ဖန်​ဘု​ရား​သ​ခင်​က``သင်​နှင့်​တ​ကွ​သင် ၏​အ​မျိုး​အ​နွယ်​အ​စဉ်​အ​ဆက်​တို့​က​လည်း ငါ​၏​ပ​ဋိ​ညာဉ်​ကို​စောင့်​ထိန်း​ရ​ကြ​မည်။-
І сказав Авраамові Бог: „А ти заповіта Мого стерегтимеш, ти й потомство твоє́ по тобі в їхніх поколіннях.
10 ၁၀ သင်​နှင့်​သင်​၏​အ​ဆက်​အ​နွယ်​တို့​တွင် ယောကျာ်း တိုင်း​အ​ရေ​ဖျား​လှီး​ခြင်း​မင်္ဂ​လာ​ကို​ခံ​ရ ကြ​မည်။-
То Мій заповіт, що його ви виконувать будете, поміж Мною й поміж вами, і поміж потомством твоїм по тобі: нехай кожен чоловічої статі бу́де обрізаний у вас.
11 ၁၁ ယ​ခု​မှ​စ​၍​သင့်​အိမ်​၌​ပေါက်​ဖွား​သော​ကျွန် များ​နှင့် တစ်​ခြား​အ​မျိုး​သား​တို့​ထံ​မှ​ဝယ်​ယူ သော​ကျွန်​များ​အ​ပါ​အ​ဝင် ရှစ်​ရက်​အ​ရွယ်​ရှိ သား​ယောကျာ်း​တိုင်း​ကို​အ​ရေ​ဖျား​လှီး​ခြင်း မင်္ဂ​လာ​စီ​ရင်​ပေး​ရ​မည်။ ဤ​အ​ရေ​ဖျား လှီး​ခြင်း​မင်္ဂ​လာ​သည် သင်​တို့​နှင့်​ငါ​ပြု​ရ သော​ပဋိ​ညာဉ်​ကို​ပြ​သ​ခြင်း​ဖြစ်​သည်။-
І бу́дете ви обрізані на тілі крайньої плоті вашої, і стане це знаком заповіту поміж Мною й поміж вами.
12 ၁၂
А кожен чоловічої ста́ті восьмиденний у вас буде обрізаний у всіх ваших поколіннях, як народжений дому, так і куплений за срібло з-поміж чужоплемінних, що він не з пото́мства твого.
13 ၁၃ ယောကျာ်း​တိုင်း​အ​ရေ​ဖျား​လှီး​ခြင်း​မင်္ဂ​လာ​ခံ ရ​မည်။ ထို​သို့​ပြု​လုပ်​ခြင်း​သည် သင်​နှင့်​ငါ​ပြု သော​ပ​ဋိ​ညာဉ်​ထာ​ဝ​စဉ်​တည်​ကြောင်း ကိုယ် ကာ​ယ​၌​ထင်​ရှား​သည့်​လက္ခ​ဏာ​အ​မှတ် အ​သား​ဖြစ်​လိမ့်​မည်။-
Щодо обрі́зання, — нехай буде обрізаний уроджений дому твого й куплений за срібло твоє, — і буде Мій заповіт на вашім тілі заповітом вічним.
14 ၁၄ အ​ရေ​ဖျား​လှီး​ခြင်း​မင်္ဂ​လာ​ကို​မ​ခံ​သော ယောကျာ်း​သည် ငါ​နှင့်​ပြု​ထား​သော​ပ​ဋိ​ညာဉ်​ကို မ​စောင့်​ထိန်း​သော​သူ​ဖြစ်​ခြင်း​ကြောင့် ငါ​၏​လူ​မျိုး တော်​ဝင်​အ​ဖြစ်​မှ​ထုတ်​ပယ်​ခြင်း​ကို​ခံ​ရ​လိမ့်​မည်'' ဟု​အာ​ဗြ​ဟံ​အား​မိန့်​တော်​မူ​၏။
А необрізаний чоловічої статі, що не буде обрізаний на тілі своєі крайньої плоті, то стята буде душа та з наро́ду свого, — він зірвав заповіта Мого!“
15 ၁၅ ဘု​ရား​သ​ခင်​က``သင်​၏​မ​ယား​ကို​စာ​ရဲ​ဟု မ​ခေါ်​တော့​ဘဲ ယ​ခု​မှ​စ​၍​သူ​၏​နာ​မည်​မှာ စာ​ရာ​ဟူ​၍​ဖြစ်​စေ​ရ​မည်။-
І сказав Авраамові Бог: „Сара, жінка твоя, нехай свого ймення не кличе вже: Сара, бо ім'я́ їй: Сарра.
16 ၁၆ ငါ​သည်​သူ့​ကို​ကောင်း​ချီး​ပေး​သ​ဖြင့် သင်​သည် သူ့​အား​ဖြင့်​သား​ရ​လိမ့်​မည်။ ငါ​သည်​သူ့​ကို ကောင်း​ချီး​ပေး​၍ သူ​သည်​လူ​အ​မျိုး​မျိုး​တို့​၏ မိ​ခင်​ဖြစ်​လိမ့်​မည်။ သူ​၏​အ​ဆက်​အ​နွယ်​တို့​မှ လူ​အ​မျိုး​မျိုး​တို့​၏​မင်း​များ​ပေါ်​ထွန်း​လာ လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
I поблагословлю́ Я її, і теж з неї дам сина тобі. І поблагословлю Я її, і стануться з неї наро́ди, і царі народів бу́дуть із неї“.
17 ၁၇ အာ​ဗြ​ဟံ​သည်​မျက်​နှာ​ကို​မြေ​ကြီး​နှင့်​ထိ အောင်​ပျပ်​ဝပ်​နေ​စဉ်``အ​သက်​တစ်​ရာ​ရှိ​သူ​၌ က​လေး​ရ​နိုင်​ပါ​ဦး​မည်​လော။ အ​သက်​ကိုး ဆယ်​ရှိ​သူ​စာ​ရာ​၌​က​လေး​မွေး​နိုင်​ပါ​ဦး မည်​လော'' ဟု​တွေး​တော​မိ​သ​ဖြင့်​ရယ်​လေ သည်။-
І впав Авраам на обличчя своє, і засміявся. І подумав він у серці своїм: „Чи в столітнього буде народжений, і чи Сарра в віці дев'ятидесяти літ уродить?“
18 ၁၈ ထို​နောက်``ဣ​ရှ​မေ​လ​ကို​အ​ကျွန်ုပ်​၏​အ​မွေ​ခံ ဖြစ်​ပါ​စေ'' ဟု​အာ​ဗြ​ဟံ​လျှောက်​၏။
А до Бога сказав Авраам: „Хоча б Ізмаїл жив перед лицем Твоїм!“
19 ၁၉ သို့​ရာ​တွင်​ဘု​ရား​သ​ခင်​က``ထို​သို့​မ​ဖြစ်​စေ​ရ။ သင်​၏​မ​ယား​စာ​ရာ​သည်​သား​ကို​ဖွား​လိမ့်​မည်။ ထို​သား​ကို​ဣ​ဇာက်​ဟု​မှည့်​ခေါ်​ရ​မည်။ ငါ​သည် သူ​နှင့်​လည်း​ကောင်း၊ သူ​၏​အ​ဆက်​အ​နွယ်​တို့​နှင့် လည်း​ကောင်း ပြု​သော​ပ​ဋိ​ညာဉ်​ကို​ထာ​ဝ​စဉ် တည်​စေ​မည်။ ထို​ပ​ဋိ​ညာဉ်​သည်​ထာ​ဝ​ရ​ပဋိ ညာဉ်​ဖြစ်​၏။-
Бог же сказав: „Але Сарра, твоя жінка, сина породить тобі, а ти назвеш ім'я́ йому Ісак. І Свого заповіта з ним Я складу, щоб був вічний заповіт для наща́дків його по нім.
20 ၂၀ ဣ​ရှ​မေ​လ​အ​တွက်​သင်​၏​လို​အင်​ဆန္ဒ​ကို​လည်း ငါ​ကြား​ရ​ပြီ။ ထို့​ကြောင့်​ငါ​သည်​သူ့​ကို​ကောင်း ချီး​ပေး​၍ သူ​၌​သား​သ​မီး​များ​စွာ​ထွန်း​ကား စေ​မည်။ သူ​၏​အ​ဆက်​အ​နွယ်​တို့​ကို​များ​ပြား စေ​မည်။ သူ​သည်​မင်း​သား​တစ်​ဆယ့်​နှစ်​ပါး​တို့ ၏​ဖ​ခင်​ဖြစ်​လိမ့်​မည်။ သူ​၏​အ​ဆက်​အ​နွယ်​တို့ ကို​လူ​မျိုး​ကြီး​ဖြစ်​စေ​မည်။-
А щодо Ізмаїла, Я послухав тебе: Ось Я поблагословлю його, і вчиню його плідним, і дуже-дуже розмножу його. Він породить дванадцять князів, і великим наро́дом учиню Я його.
21 ၂၁ သို့​ရာ​တွင်​နောင်​နှစ်​ဤ​အ​ချိန်​ခန့်​၌​စာ​ရာ​မွေး ဖွား​မည့် သင်​၏​သား​ဣဇာက်​၌​လည်း​ငါ​၏​ပ​ဋိ​ညာဉ် ကို​တည်​စေ​မည်'' ဟု​မိန့်​တော်​မူ​၏။-
А Свого заповіта Я складу з Ісаком, що його Сарра вродить тобі на цей час другого року“.
22 ၂၂ ဘု​ရား​သ​ခင်​သည်​ထို​သို့​မိန့်​မှာ​ပြီး​နောက် အာ​ဗြ​ဟံ​ထံ​မှ​ကြွ​သွား​တော်​မူ​၏။
І Він перестав говорити з ним. І Бог вознісся від Авраама.
23 ၂၃ အာ​ဗြ​ဟံ​သည်​ဘု​ရား​သ​ခင်​၏​အ​မိန့်​ကို နာ​ခံ​၍ သူ​၏​သား​ဣ​ရှ​မေ​လ၊ အိမ်​၌​ပေါက် ဖွား​သော​ကျေး​ကျွန်​နှင့်​ငွေ​ဝယ်​ကျွန်​များ အ​ပါ​အ​ဝင်​အိမ်​သား​ယောကျာ်း​အ​ပေါင်း​တို့ အား ထို​နေ့​ချင်း​၌​ပင်​အ​ရေ​ဖျား​လှီး​မင်္ဂ​လာ ကို​ပေး​လေ​၏။-
І взяв Авраам Ізмаїла, сина свого, і всіх уроджених у домі його, і всіх, хто куплений за срібло його, кожного чоловічої ста́ті з-поміж людей Авраамового дому, і обрізав тіло крайньої плоті їх того самого дня, як Бог говорив з ним.
24 ၂၄ အာ​ဗြ​ဟံ​သည်​အ​ရေ​ဖျား​လှီး​ခြင်း​ကို​ခံ​ချိန် တွင် အ​သက်​ကိုး​ဆယ့်​ကိုး​နှစ်​ရှိ​၍၊-
А Авраам був віку дев'ятидесяти й дев'яти літ, як обрізано було тіло крайньої плоті його.
25 ၂၅ သူ​၏​သား​ဣ​ရှ​မေ​လ​သည်​အ​သက်​တစ်​ဆယ့် သုံး​နှစ်​ရှိ​သည်။-
А Ізмаї́л був віку тринадцяти літ, як обрізано було ті́ло крайньої плоті його.
26 ၂၆ ထို​နေ့​၌​သူ​တို့​သား​အ​ဖ​နှစ်​ဦး​နှင့်​အိမ်​တွင် ရှိ​သော​ကျေး​ကျွန်​အ​ပေါင်း​တို့​သည် အ​ရေ​ဖျား လှီး​ခြင်း​မင်္ဂ​လာ​ကို​ခံ​ကြ​လေ​သည်။
Того самого дня був обрізаний Авраам та Ізмаїл, син його.
27 ၂၇
І всі мужі дому його, — наро́джені дому й куплені за срібло з-поміж чужоплемінних, — були́ обрізані з ним.

< ကမ္ဘာ​ဦး 17 >