< ကမ္ဘာဦး 17 >
1 ၁ အာဗြံအသက်ကိုးဆယ့်ကိုးနှစ်ရှိသောအခါ ထာဝရဘုရားသည်အာဗြံအားကိုယ်ထင်ပြ ၍``ငါသည်အနန္တတန်ခိုးရှင်ဘုရားသခင်ဖြစ် ၏။ ငါ့စကားကိုနားထောင်၍မှန်ရာကိုအစဉ် ပြုလုပ်လော့။-
၁ထိုနောက် ၊ အာဗြံ သည် အသက် ကိုး ဆယ်ကိုး နှစ် ရှိ သောအခါ ၊ ထာဝရဘုရား သည် အာဗြံ အား ထင်ရှား တော်မူ၍ ၊ ငါ သည် အနန္တ တန်ခိုးရှင် ဘုရား သခင်ဖြစ်၏။ ငါ့ ရှေ့ မှာ သွား လာ၍ စုံလင် ခြင်းရှိ လော့။
2 ၂ သင်နှင့်ပဋိညာဉ်ပြု၍ သင်၏အမျိုးအနွယ် ကိုများပြားစေမည်'' ဟုမိန့်တော်မူ၏။-
၂ငါ ၏ ပဋိညာဉ် ကို သင် နှင့် ငါပြု မည်။ သင့် ကို ငါအလွန် များပြား စေမည်ဟု မိန့် တော်မူ၏။
3 ၃ အာဗြံသည်မျက်နှာကိုမြေကြီးနှင့်ထိအောင် ပျပ်ဝပ်၍ နေစဉ်ဘုရားသခင်က၊-
၃အာဗြံ သည်လည်း ပြပ်ဝပ် လျင် ၊ ဘုရား သခင်က၊
4 ၄ ``သင်နှင့်ငါပြုမည့်ပဋိညာဉ်မှာဤသို့ဖြစ် ၏။ သင့်အားလူများစွာတို့၏ဖခင်ဖြစ်စေမည်။-
၄ငါ ပြုသော ပဋိညာဉ် သည် သင် ၌ ရှိ၏။ သင်သည် လူမျိုး အများ တို့၏ အဘ ဖြစ် လိမ့်မည်။
5 ၅ ငါသည်သင့်အားလူမျိုးများစွာတို့၏ဖခင် ဖြစ်စေမည်ဖြစ်သောကြောင့် သင်၏နာမည်ကို အာဗြံဟုမခေါ်တော့ဘဲအာဗြဟံဟုခေါ် ရမည်။-
၅နောက်တဖန် သင် ၏ အမည် ကို အာဗြံ ဟုမ ခေါ် ရ။ သင် ၏အမည် ကို အာဗြံဟံ ဟုခေါ်ရ၏။ အကြောင်းမူကား ၊ ငါသည် သင့် ကို များ စွာသော လူ အမျိုးတို့၏ အဘ အရာ၌ ခန့်ထား ပြီ။
6 ၆ ငါသည်သင်၏အမျိုးအနွယ်ကိုများပြားစေ မည်။ သင်၏အမျိုးအနွယ်ထဲမှမင်းများပေါ် ထွန်းစေမည်။ သင်၏အဆက်အနွယ်တို့သည် အလွန်များပြားကြသဖြင့်လူအမျိုးမျိုး ဖြစ်ပွားလာမည်။
၆ငါသည် သင့် ကို အလွန် ပွား များစေမည်။ သင် အားဖြင့်လူအမျိုးမျိုးတို့ကို ဖြစ် စေမည်။ သင် ၏ အမျိုးအနွှယ် ၌ လည်း ရှင်ဘုရင် ဖြစ် ရကြလိမ့်မည်။
7 ၇ သင်နှင့်သင်၏အမျိုးအနွယ်အစဉ်အဆက်တို့ အား ငါထားသောကတိတော်ကိုထာဝရတည် မြဲသောပဋိညာဉ်ဖြစ်စေမည်။ ငါသည်သင်၏ ဘုရား၊ သင်၏အဆက်အနွယ်တို့၏ဘုရား ဖြစ်မည်။-
၇ငါသည်သင်၏ဘုရား၊ သင့် နောက် ၌ သင့် အမျိုးအနွယ် ၏ ဘုရား ဖြစ်မည်ဟု၊ သင် နှင့် သင် ၏ အမျိုးအနွှယ် အစဉ် အဆက်တို့၌ ၊ ငါ့ ပဋိညာဉ် ကို ထာဝရ ပဋိညာဉ် ဖြစ် စေမည်။
8 ၈ ယခုသင်သူစိမ်းတစ်ရံဆံအဖြစ်နှင့်နေထိုင် ရသော ဤပြည်ကိုသင်နှင့်သင်၏အဆက်အနွယ် တို့အားငါပေးမည်။ ခါနာန်ပြည်တစ်ပြည်လုံး ကို သင်၏အဆက်အနွယ်တို့အားထာဝစဉ် အပိုင်ပေးမည်။ ငါသည်လည်းသူတို့၏ဘုရား ဖြစ်မည်'' ဟုမိန့်တော်မူ၏။
၈သင် သည် ယခုဧည့်သည် ဖြစ်၍နေသောပြည် တည်းဟူသော၊ ခါနာန် ပြည် တရှောက်လုံး ကို၊ သင် အား ၎င်း ၊ သင့် နောက် ၌သင် ၏အမျိုးအနွယ် အား ၎င်း ၊ အစဉ်အမြဲ အပိုင် ပေး မည်။ သူ တို့၏ ဘုရား လည်း ငါဖြစ် မည်ဟု မိန့်မြွက်တော်မူ၏။
9 ၉ တစ်ဖန်ဘုရားသခင်က``သင်နှင့်တကွသင် ၏အမျိုးအနွယ်အစဉ်အဆက်တို့ကလည်း ငါ၏ပဋိညာဉ်ကိုစောင့်ထိန်းရကြမည်။-
၉တဖန် ဘုရား သခင်က၊ သို့ဖြစ်၍ သင် နှင့်တကွ သင့် နောက် ၌ သင် ၏အမျိုးအနွယ် အစဉ် အဆက်တို့သည်၊ ငါ ၏ပဋိညာဉ် ကို စောင့်ရှောက် ရကြမည်။
10 ၁၀ သင်နှင့်သင်၏အဆက်အနွယ်တို့တွင် ယောကျာ်း တိုင်းအရေဖျားလှီးခြင်းမင်္ဂလာကိုခံရ ကြမည်။-
၁၀သင် နှင့်တကွ သင့် နောက် ၌ သင် ၏အမျိုးအနွယ် သည်၊ ငါ့ ရှေ့မှာ စောင့်ရှောက် ရသောငါ ၏ ပဋိညာဉ် ဟူမူကား ၊ သင် တို့တွင် သား ယောက်ျားတိုင်း အရေဖျား လှီးမင်္ဂလာကို ခံရမည်။
11 ၁၁ ယခုမှစ၍သင့်အိမ်၌ပေါက်ဖွားသောကျွန် များနှင့် တစ်ခြားအမျိုးသားတို့ထံမှဝယ်ယူ သောကျွန်များအပါအဝင် ရှစ်ရက်အရွယ်ရှိ သားယောကျာ်းတိုင်းကိုအရေဖျားလှီးခြင်း မင်္ဂလာစီရင်ပေးရမည်။ ဤအရေဖျား လှီးခြင်းမင်္ဂလာသည် သင်တို့နှင့်ငါပြုရ သောပဋိညာဉ်ကိုပြသခြင်းဖြစ်သည်။-
၁၁အရေဖျား လှီးမင်္ဂလာသည်၊ ငါ နှင့် သင် တို့ပြုသောပဋိညာဉ် ၏ လက္ခဏာ သက်သေဖြစ် ရလိမ့်မည်။
၁၂သင် တို့အမျိုး အစဉ်အဆက်တို့၌ သား ယောက်ျားတိုင်း ၊ ကိုယ်အိမ် ၌ဘွား သောသူဖြစ်စေ၊ ကိုယ့် အမျိုး မ ဟုတ်။ တပါး အမျိုးသား၌ ငွေ နှင့်ဝယ် သောသူ ဖြစ်စေ ၊ အသက်ရှစ် ရက် မြောက်လျှင် ၊ အရေဖျား လှီး မင်္ဂလာကို ခံရမည်။
13 ၁၃ ယောကျာ်းတိုင်းအရေဖျားလှီးခြင်းမင်္ဂလာခံ ရမည်။ ထိုသို့ပြုလုပ်ခြင်းသည် သင်နှင့်ငါပြု သောပဋိညာဉ်ထာဝစဉ်တည်ကြောင်း ကိုယ် ကာယ၌ထင်ရှားသည့်လက္ခဏာအမှတ် အသားဖြစ်လိမ့်မည်။-
၁၃ကိုယ် အိမ် ၌ ဘွား သောသူ၊ ကိုယ် ငွေ နှင့်ဝယ် သောသူသည်၊ အရေဖျား လှီးမင်္ဂလာကို ခံရမည်။ ငါ့ ပဋိညာဉ် လည်း သင် တို့၏အသား ၌ ထာဝရ ပဋိညာဉ် ဖြစ် လိမ့်မည်။
14 ၁၄ အရေဖျားလှီးခြင်းမင်္ဂလာကိုမခံသော ယောကျာ်းသည် ငါနှင့်ပြုထားသောပဋိညာဉ်ကို မစောင့်ထိန်းသောသူဖြစ်ခြင်းကြောင့် ငါ၏လူမျိုး တော်ဝင်အဖြစ်မှထုတ်ပယ်ခြင်းကိုခံရလိမ့်မည်'' ဟုအာဗြဟံအားမိန့်တော်မူ၏။
၁၄အရေဖျား မလှီး၊ အရေဖျား လှီးမင်္ဂလာကို မ ခံသောသား ယောက်ျားကို သူ ၏ အမျိုး မှ ပယ်ရှင်း ရ၏။ ထို သူ သည် ငါ့ ပဋိညာဉ် ကို ဖျက် လေပြီဟု အာဗြံဟံ အား မိန့် တော်မူ၏။
15 ၁၅ ဘုရားသခင်က``သင်၏မယားကိုစာရဲဟု မခေါ်တော့ဘဲ ယခုမှစ၍သူ၏နာမည်မှာ စာရာဟူ၍ဖြစ်စေရမည်။-
၁၅တဖန် ဘုရား သခင်က၊ သင် ၏မယား စာရဲ ကို မူကား၊ စာရဲ ဟူသောအမည် ဖြင့်မ ခေါ် ရ၊ စာရာ ဟူသောအမည် ဖြင့်ခေါ်ရ၏။
16 ၁၆ ငါသည်သူ့ကိုကောင်းချီးပေးသဖြင့် သင်သည် သူ့အားဖြင့်သားရလိမ့်မည်။ ငါသည်သူ့ကို ကောင်းချီးပေး၍ သူသည်လူအမျိုးမျိုးတို့၏ မိခင်ဖြစ်လိမ့်မည်။ သူ၏အဆက်အနွယ်တို့မှ လူအမျိုးမျိုးတို့၏မင်းများပေါ်ထွန်းလာ လိမ့်မည်'' ဟုမိန့်တော်မူ၏။
၁၆သူ့ ကိုငါကောင်းကြီး ပေး၍ ၊ သူ့ အားဖြင့် လည်း သင် အား သား ကိုပေး မည်။ အကယ်စင်စစ်သူ့ ကို ကောင်းကြီး ပေး၍ ၊ သူသည် လူအမျိုးမျိုးဖြစ်လိမ့်မည်။ သူ ၏အမျိုးအနွယ် ၌ လည်း အပြည် ပြည်သော ရှင်ဘုရင် ဖြစ် ကြ လိမ့်မည်ဟု၊ အာဗြဟံ အား မိန့် တော်မူ၏။
17 ၁၇ အာဗြဟံသည်မျက်နှာကိုမြေကြီးနှင့်ထိ အောင်ပျပ်ဝပ်နေစဉ်``အသက်တစ်ရာရှိသူ၌ ကလေးရနိုင်ပါဦးမည်လော။ အသက်ကိုး ဆယ်ရှိသူစာရာ၌ကလေးမွေးနိုင်ပါဦး မည်လော'' ဟုတွေးတောမိသဖြင့်ရယ်လေ သည်။-
၁၇ထိုအခါ အာဗြဟံ သည် ပြပ်ဝပ် လျက် အသက် တ ရာရှိသောသူသည် သား ကို ရ လိမ့်မည်လော။ အသက် ကိုး ဆယ်ရှိသောစာရာ သည် သား ကိုဘွား လိမ့်မည်လော ဟု ရယ် လျက် ၊ စိတ် နှလုံးထဲမှာ အောက်မေ့ပြီးလျှင်၊
18 ၁၈ ထိုနောက်``ဣရှမေလကိုအကျွန်ုပ်၏အမွေခံ ဖြစ်ပါစေ'' ဟုအာဗြဟံလျှောက်၏။
၁၈ဣရှမေလ သည် ရှေ့ တော်၌ အသက်ရှင် ပါစေသောဟု၊ ဘုရား သခင်ကို လျှောက် သောအခါ၊
19 ၁၉ သို့ရာတွင်ဘုရားသခင်က``ထိုသို့မဖြစ်စေရ။ သင်၏မယားစာရာသည်သားကိုဖွားလိမ့်မည်။ ထိုသားကိုဣဇာက်ဟုမှည့်ခေါ်ရမည်။ ငါသည် သူနှင့်လည်းကောင်း၊ သူ၏အဆက်အနွယ်တို့နှင့် လည်းကောင်း ပြုသောပဋိညာဉ်ကိုထာဝစဉ် တည်စေမည်။ ထိုပဋိညာဉ်သည်ထာဝရပဋိ ညာဉ်ဖြစ်၏။-
၁၉ဘုရား သခင်က၊ သင် ၏မယား စာရာ သည် သင် အား သား ကိုဘွား လိမ့်မည်။ ထို သားကိုလည်း ဣဇာက် အမည် ဖြင့် မှည့် ရမည်။ သူ ၌ ၎င်း သူ့ နောက်မှ သူ ၏ အမျိုးအနွယ် ၌ ၎င်း ငါ ၏ပဋိညာဉ် ကို ထာဝရ ပဋိညာဉ် ဖြစ်စေမည်။
20 ၂၀ ဣရှမေလအတွက်သင်၏လိုအင်ဆန္ဒကိုလည်း ငါကြားရပြီ။ ထို့ကြောင့်ငါသည်သူ့ကိုကောင်း ချီးပေး၍ သူ၌သားသမီးများစွာထွန်းကား စေမည်။ သူ၏အဆက်အနွယ်တို့ကိုများပြား စေမည်။ သူသည်မင်းသားတစ်ဆယ့်နှစ်ပါးတို့ ၏ဖခင်ဖြစ်လိမ့်မည်။ သူ၏အဆက်အနွယ်တို့ ကိုလူမျိုးကြီးဖြစ်စေမည်။-
၂၀ဣရှမေလ အမှု၌ ကား ၊ သင် ၏စကားကို ငါနားထောင် ၏။ သူ့ ကို ငါကောင်းကြီး ပေး၏။ သူ့ အနွှယ်ကို တိုးပွား စေ၍ သူ့ ကို အလွန် များပြား စေမည်။ သူသည် မင်း သားဆယ် နှစ် ပါးတို့၏အဘ ဖြစ်လိမ့်မည်။ ကြီး သော လူမျိုး ဖြစ် စေခြင်းငှါလည်း ငါပြု မည်။
21 ၂၁ သို့ရာတွင်နောင်နှစ်ဤအချိန်ခန့်၌စာရာမွေး ဖွားမည့် သင်၏သားဣဇာက်၌လည်းငါ၏ပဋိညာဉ် ကိုတည်စေမည်'' ဟုမိန့်တော်မူ၏။-
၂၁သို့သော်လည်း ၊ နောင် နှစ် ၊ ချိန်းချက် သောအချိန်တွင်၊ စာရာ သည် သင် အား ဘွား လတံ့သော သားဣဇာက် ၌ ၊ ငါ ၏ပဋိညာဉ် ကို ငါတည် စေမည်ဟု မိန့် တော်မူပြီးလျှင်၊
22 ၂၂ ဘုရားသခင်သည်ထိုသို့မိန့်မှာပြီးနောက် အာဗြဟံထံမှကြွသွားတော်မူ၏။
၂၂မိန့် မြွက်တော်မူသံငြိမ်း ၍ ဘုရား သခင်သည် အာဗြံဟံ မှ တက် ကြွတော်မူ၏။
23 ၂၃ အာဗြဟံသည်ဘုရားသခင်၏အမိန့်ကို နာခံ၍ သူ၏သားဣရှမေလ၊ အိမ်၌ပေါက် ဖွားသောကျေးကျွန်နှင့်ငွေဝယ်ကျွန်များ အပါအဝင်အိမ်သားယောကျာ်းအပေါင်းတို့ အား ထိုနေ့ချင်း၌ပင်အရေဖျားလှီးမင်္ဂလာ ကိုပေးလေ၏။-
၂၃အာဗြဟံ သည်လည်း ၊ သား ဣမေလ မှစ၍ ၊ ကိုယ် အိမ် ၌ ဘွား သော သူအပေါင်း ၊ ကိုယ် ငွေ နှင့် ဝယ် သော သူအပေါင်း တည်းဟူသော ၊ အာဗြဟံ အိမ် နှင့်ဆိုင်သော ယောက်ျား အပေါင်း တို့ကို ယူ၍၊ ဘုရား သခင်မိန့် တော်မူသည် အတိုင်း ၊ တ နေ့ခြင်းတွင် အရေဖျား လှီးမင်္ဂလာကို ပေးလေ၏။
24 ၂၄ အာဗြဟံသည်အရေဖျားလှီးခြင်းကိုခံချိန် တွင် အသက်ကိုးဆယ့်ကိုးနှစ်ရှိ၍၊-
၂၄အာဗြဟံ သည် ကိုယ်တိုင် အရေဖျား လှီးမင်္ဂလာကို ခံသောအခါ ၊ အသက် ကိုး ဆယ်ကိုး နှစ်ရှိ၏။
25 ၂၅ သူ၏သားဣရှမေလသည်အသက်တစ်ဆယ့် သုံးနှစ်ရှိသည်။-
၂၅သား ဣရှမေလ သည် အရေဖျား လှီး မင်္ဂလာကို ခံသောအခါ ၊ အသက် တ ဆယ်သုံး နှစ်ရှိ၏။
26 ၂၆ ထိုနေ့၌သူတို့သားအဖနှစ်ဦးနှင့်အိမ်တွင် ရှိသောကျေးကျွန်အပေါင်းတို့သည် အရေဖျား လှီးခြင်းမင်္ဂလာကိုခံကြလေသည်။
၂၆တ နေ့ခြင်းတွင် အာဗြဟံ နှင့် သား ဣရှမေလ သည် အရေဖျား လှီးမင်္ဂလာကို ခံလေ၏။
၂၇သူ ၏အိမ် ၌ ဘွား သော သူတပါး အမျိုးသား၌ သူ၏ငွေ နှင့် ဝယ် သောသူ၊ သူ၏အိမ် နှင့်ဆိုင်သော ယောက်ျား အပေါင်း တို့သည်၊ သူ နှင့်အတူ အရေဖျား လှီး မင်္ဂလာကို ခံကြလေ၏။