< ကမ္ဘာ​ဦး 16 >

1 အာ​ဗြံ​၏​မ​ယား​စာ​ရဲ​တွင်​သား​တစ်​ယောက်​မျှ မ​ထွန်း​ကား​ချေ။ စာ​ရဲ​၌​ဟာ​ဂ​ရ​အ​မည်​ရှိ သော​အီ​ဂျစ်​ပြည်​သူ​ကျွန်​မ​တစ်​ယောက်​ရှိ​၏။-
Acum Sarai, soţia lui Avram, nu îi năştea copii; şi ea avea o roabă, o egipteancă, al cărei nume era Hagar.
2 သို့​ဖြစ်​၍​စာ​ရဲ​က​အာ​ဗြံ​အား``ထာ​ဝ​ရ​ဘု​ရား သည် ကျွန်​မ​ကို​သား​သ​မီး​မ​ထွန်း​ကား​စေ​ပါ။ ကျွန်​မ​၏​ကျွန်​မ​ကို​သိမ်း​ပိုက်​ပါ​လော့။ သူ့​အား ဖြင့်​ကျွန်​မ​သား​ရ​ကောင်း​ရ​လိမ့်​မည်'' ဟု​ပြော​၏။ အာ​ဗြံ​သည်​စာ​ရဲ​အ​ကြံ​ပေး​ချက်​ကို​လက်​ခံ သ​ဖြင့်၊-
Şi Sarai i-a spus lui Avram: Iată acum, DOMNUL m-a oprit de la a naşte; te rog, intră la servitoarea mea, poate că voi obţine copii prin ea. Şi Avram a dat ascultare vocii lui Sarai.
3 စာ​ရဲ​သည်​ဟာ​ဂ​ရ​ကို​သူ့​လက်​သို့​အပ်​လေ​၏။ (အာ​ဗြံ​သည်​ခါ​နာန်​ပြည်​တွင်​ဆယ်​နှစ်​နေ​ထိုင် ပြီး​နောက် ဟာ​ဂ​ရ​ကို​မ​ယား​ငယ်​အ​ဖြစ် သိမ်း​ပိုက်​ခဲ့​လေ​သည်။-)
Şi Sarai, soţia lui Avram, a luat pe Hagar, servitoarea ei, egipteanca, după ce Avram a locuit zece ani în ţara lui Canaan, şi a dat-o soţului ei, Avram, să fie soţia lui.
4 အာ​ဗြံ​သည်​ဟာ​ဂ​ရ​နှင့်​ဆက်​ဆံ​သ​ဖြင့် ဟာ​ဂ​ရ ၌​ပ​ဋိ​သန္ဓေ​စွဲ​လေ​၏။ ဟာ​ဂ​ရ​သည်​သူ​၌​ပ​ဋိ သန္ဓေ​စွဲ​ကြောင်း​သိ​ရ​လျှင် မာန်​မာ​န​ဝင်​လာ​၍ စာ​ရဲ​ကို​မ​ထီ​လေး​စား​ပြု​လေ​၏။
Şi a intrat la Hagar şi ea a rămas însărcinată; şi când a văzut că a rămas însărcinată, stăpâna ei a fost dispreţuită în ochii ei.
5 ထို​အ​ခါ​စာ​ရဲ​က​အာ​ဗြံ​အား``ကိုယ်​တော်​ကြောင့် ဟာ​ဂ​ရ​သည် ကျွန်​မ​အား​မ​ထီ​လေး​စား​ပြု​ပါ ပြီ။ ကျွန်​မ​က​သူ့​ကို​ကိုယ်​တော်​ထံ​အပ်​၍ သူ​၌ ပ​ဋိ​သန္ဓေ​စွဲ​ကြောင်း​သိ​သည်​နှင့် ကျွန်​မ​အား မ​ထီ​လေး​စား​ပြု​လာ​ပါ​သည်။ ကိုယ်​တော်​နှင့် ကျွန်​မ​တို့​နှစ်​ဦး​အ​တွက် တ​ရား​သ​ဖြင့်​ဖြစ် စေ​ရန်​ထာ​ဝ​ရ​ဘု​ရား​စီ​ရင်​တော်​မူ​ပါ​စေ'' ဟု​ဆို​၏။
Şi Sarai i-a spus lui Avram: Răul făcut mie fie asupra ta; eu am dat pe servitoarea mea la sânul tău, şi când a văzut ea că a rămas însărcinată, am fost dispreţuită în ochii ei; DOMNUL să judece între mine şi tine.
6 အာ​ဗြံ​က``သူ​သည်​သင်​၏​ကျွန်​မ​ဖြစ်​၍​သင့် လက်​ထဲ​၌​ရှိ​သည်။ သူ့​အား​သင်​ပြု​လို​ရာ​ပြု နိုင်​သည်'' ဟု​ပြန်​ပြော​၏။ ထို​အ​ခါ​စာ​ရဲ​သည် ဟာ​ဂ​ရ​အား​မ​နေ​နိုင်​လောက်​အောင်​ညှင်း​ဆဲ သ​ဖြင့် ဟာ​ဂ​ရ​ထွက်​ပြေး​လေ​သည်။
Dar Avram i-a spus lui Sarai: Iată, servitoarea ta este în mâna ta, fă-i cum îţi place. Şi când Sarai s-a purtat aspru cu ea, ea a fugit de la faţa ei.
7 ထာ​ဝ​ရ​ဘု​ရား​၏​ကောင်း​ကင်​တ​မန်​သည် ရှု​ရ​မြို့​သို့​သွား​ရာ​လမ်း၊ တော​ကန္တာ​ရ​ထဲ ရှိ​စမ်း​ရေ​တွင်း​အ​နီး​တွင်​ဟာ​ဂ​ရ​ကို​တွေ့ လျှင်၊-
Şi îngerul DOMNULUI a găsit-o lângă o fântână de apă în pustie, lângă fântâna pe calea spre Şur.
8 ``စာ​ရဲ​၏​ကျွန်​မ​ဟာ​ဂ​ရ၊ သင်​ဘယ်​အ​ရပ် သို့​သွား​မည်​နည်း'' ဟု​မေး​လေ​၏။ ဟာ​ဂ​ရ​က``ကျွန်​မ​သည်​သ​ခင်​မ​ထံ​မှ​ထွက် ပြေး​လာ​ပါ​သည်'' ဟု​ပြန်​ဖြေ​၏။
Şi a spus: Hagar, servitoarea lui Sarai, de unde vii? Şi unde mergi? Iar ea a spus: Fug de la faţa stăpânei mele Sarai.
9 ထာ​ဝ​ရ​ဘု​ရား​၏​ကောင်း​ကင်​တ​မန်​က လည်း``သ​ခင်​မ​ထံ​သို့​ပြန်​၍​ကျွန်​ခံ​လော့'' ဟု ဆို​၏။-
Şi îngerul DOMNULUI i-a spus: Întoarce-te la stăpâna ta şi supune-te sub mâinile ei.
10 ၁၀ တစ်​ဖန်​ထာ​ဝ​ရ​ဘု​ရား​၏​ကောင်း​ကင်​တ​မန် က``သင်​၏​အ​မျိုး​အ​နွယ်​ကို​မ​ရေ​မ​တွက် နိုင်​အောင်​များ​ပြား​စေ​မည်။-
Şi îngerul DOMNULUI i-a spus: Voi înmulţi sămânţa ta peste măsură, încât nu va putea fi numărată din cauza mulţimii ei.
11 ၁၁ သင်​သည်​သား​ကို​ဖွား​မြင်​လိမ့်​မည်။ ထာ​ဝ​ရ ဘု​ရား​သည်​သင်​၏​ညည်း​တွား​သံ​ကို​ကြား တော်​မူ​ပြီ။ ထို​သား​ကို​ဣ​ရှ​မေ​လ​အ​မည် ဖြင့်​မှည့်​ခေါ်​ရ​မည်။-
Şi îngerul DOMNULUI i-a spus: Iată, eşti însărcinată şi vei naşte un fiu şi îi vei pune numele Ismael, pentru că DOMNUL a auzit necazul tău.
12 ၁၂ သို့​ရာ​တွင်​သင်​၏​သား​သည်​မြည်း​ရိုင်း​ကဲ့​သို့​နေ ထိုင်​ရ​လိမ့်​မည်။ သူ​သည်​လူ​တိုင်း​နှင့်​ရန်​ဘက် ဖြစ်​၍ လူ​တိုင်း​က​လည်း​သူ့​ကို​ရန်​ဘက်​ပြု လိမ့်​မည်။ သူ​သည်​မွေး​ချင်း​ပေါက်​ဖော်​တို့​နှင့် ခွဲ​ခွာ​နေ​ထိုင်​ရ​လိမ့်​မည်'' ဟု​မြွက်​ဆို​လေ​၏။
Şi el va fi un om sălbatic, mâna lui va fi împotriva fiecărui om şi mâna fiecărui om împotriva lui şi va locui în faţa tuturor fraţilor săi.
13 ၁၃ ထို​အ​ခါ​ဟာ​ဂ​ရ​က``ငါ​သည်​ထာ​ဝ​ရ ဘု​ရား​ကို​အ​ကယ်​ပင်​ဖူး​မြင်​ရ​ပြီး​နောက် အ​သက်​ရှင်​သေး​ပါ​တ​ကား'' ဟု​ဆို​ပြီး လျှင်​သူ့​အား​ထို​သို့​မိန့်​ကြား​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား​ကို``မြင်​တော်​မူ​သော​ဘု​ရား'' ဟူ​သော​နာ​မည်​ဖြင့်​ခေါ်​ဝေါ်​လေ​၏။-
Şi ea a chemat numele DOMNULUI care i-a vorbit: Tu, Dumnezeu, mă vezi, pentru că ea a spus: Nu am privit de asemenea aici spatele celui care mă vede?
14 ၁၄ ထို​အ​ကြောင်း​ကြောင့်​ကာ​ဒေ​ရှ​မြို့​နှင့်​ဗေ​ရက် မြို့​စပ်​ကြား​ရှိ​ရေ​တွင်း​ကို``ငါ့​ကို​မြင်​တော်​မူ သည့်​အ​သက်​ရှင်​တော်​မူ​သော​အ​ရှင်​၏​ရေ​တွင်း'' ဟု​ခေါ်​တွင်​လေ​သည်။
De aceea fântâna a fost numită Beerlahairoi; iată, este între Cades şi Bered.
15 ၁၅ အာ​ဗြံ​သည်​ဟာ​ဂ​ရ​ဖြင့်​သား​ကို​ရ​၍ သူ​သည် ထို​သား​ကို​ဣ​ရှ​မေ​လ​ဟု​နာ​မည်​မှည့်​ခေါ်​၏။-
Şi Hagar a născut lui Avram un fiu şi Avram a pus fiului său, pe care Hagar l-a născut, numele Ismael.
16 ၁၆ ထို​သား​ဖွား​သော​အ​ချိန်​၌ အာ​ဗြံ​သည်​အ​သက် ရှစ်​ဆယ့်​ခြောက်​နှစ်​ရှိ​သ​တည်း။
Şi Avram era în vârstă de optzeci şi şase de ani când Hagar a născut pe Ismael lui Avram.

< ကမ္ဘာ​ဦး 16 >