< ကမ္ဘာ​ဦး 15 >

1 ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​သည်​ဗျာ​ဒိတ်​ရူ​ပါ​ရုံ အား​ဖြင့်​အာ​ဗြံ​အား``အာ​ဗြံ၊ မ​ကြောက်​နှင့်။ ငါ သည်​သင့်​အား​အန္တ​ရာယ်​မှ​ကာ​ကွယ်​၍ ကြီး​မြတ် သော​ဆု​ကို​ချ​ပေး​မည်'' ဟု​မိန့်​တော်​မူ​၏။
After these things the word of YHWH has been to Abram in a vision, saying, “Do not fear, Abram, I [am] a shield to you, your reward [is] exceedingly great.”
2 သို့​ရာ​တွင်​အာ​ဗြံ​က``အ​ရှင်​ထာ​ဝ​ရ​ဘု​ရား အ​ကျွန်ုပ်​တွင်​သား​မ​ထွန်း​ကား​သ​ဖြင့် ကိုယ် တော်​၏​ဆု​ကို​အ​ဘယ်​သို့​ခံ​စား​ရ​ပါ​မည်​နည်း။ ဒ​မာ​သက်​မြို့​သား​ဧ​လျာ​ဇာ​သည်​သာ​လျှင် အ​ကျွန်ုပ်​၏​အ​မွေ​ခံ​ဖြစ်​ပါ​၏။-
And Abram says, “Lord YHWH, what do You give to me, and I am going childless? And an acquired son in my house is Demmesek Eliezer.”
3 ကိုယ်​တော်​သည်​အ​ကျွန်ုပ်​အား​သား​မ​ထွန်း​ကား စေ​သ​ဖြင့် ကျွန်​တစ်​ဦး​က​အ​ကျွန်ုပ်​၏​အ​မွေ ကို​ခံ​ယူ​ရ​ပါ​မည်'' ဟု​လျှောက်​ဆို​လေ​၏။
And Abram says, “Behold, to me You have not given seed, and behold, a servant will be my heir.”
4 ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​က``ဤ​ကျွန်​သည် သင်​၏​အ​မွေ​ခံ​မ​ဖြစ်​ရ။ သင်​၏​သား​အ​ရင်း သည်​သင်​၏​အ​မွေ​ခံ​ဖြစ်​မည်'' ဟု​မိန့်​တော် မူ​ပြီး​လျှင်၊-
And behold, the word of YHWH [is] to him, saying, “This [one] will not be your heir; but he who comes out from your bowels, he will be your heir”;
5 အာ​ဗြံ​ကို​အ​ပြင်​သို့​ခေါ်​ဆောင်​လျက်``မိုး​ကောင်း ကင်​ကို​မော်​ကြည့်​၍​ကြယ်​များ​ကို​ရေ​တွက်​လော့။ သင်​၏​အ​မျိုး​အ​နွယ်​တို့​သည်​ထို​မျှ​လောက်​များ ပြား​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​သည်။
and He brings him out outside and says, “Now look attentively toward the heavens and count the stars, if you are able to count them”; and He says to him, “Thus is your seed.”
6 အာ​ဗြံ​သည်​ထာ​ဝ​ရ​ဘု​ရား​ကို​ယုံ​ကြည်​ကိုး​စား သည်​ဖြစ်​၍ ထာ​ဝ​ရ​ဘု​ရား​က​သူ့​အား​နှစ်​သက် လက်​ခံ​တော်​မူ​၏။
And he has believed in YHWH, and He reckons it to him—righteousness.
7 ထို​နောက်​ဘု​ရား​သ​ခင်​က``ငါ​သည်​သင့်​အား ဤ ပြည်​ကို​အ​ပိုင်​စား​ပေး​ရန်​သင့်​ကို​ဗာ​ဗု​လုန် ပြည်၊ ဥ​ရ​မြို့​မှ​ခေါ်​ဆောင်​ခဲ့​သော​ထာ​ဝ​ရ ဘု​ရား​ဖြစ်​သည်'' ဟု​မိန့်​တော်​မူ​၏။
And He says to him, “I [am] YHWH who brought you out from Ur of the Chaldees, to give to you this land to possess it”;
8 ထို​အ​ခါ​အာ​ဗြံ​က``အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ ဤ ပြည်​ကို​အ​ကျွန်ုပ်​ပိုင်​ရ​မည်​ဖြစ်​ကြောင်း မည်​သို့ သိ​နိုင်​ပါ​မည်​နည်း'' ဟု​မေး​လျှောက်​လေ​၏။
and he says, “Lord YHWH, whereby do I know that I possess it?”
9 ကိုယ်​တော်​က``သုံး​နှစ်​သား​အ​ရွယ်​စီ​ရှိ​သော​နွား​မ တစ်​ကောင်၊ ဆိတ်​မ​တစ်​ကောင်၊ သိုး​ထီး​တစ်​ကောင် နှင့်​တ​ကွ ချိုး​တစ်​ကောင်၊ ခို​တစ်​ကောင်​ကို​ငါ့​ထံ သို့​ယူ​ခဲ့​လော့'' ဟု​မိန့်​တော်​မူ​၏။-
And He says to him, “Take for Me a heifer of three years, and a female goat of three years, and a ram of three years, and a turtle-dove, and a young bird”;
10 ၁၀ အာ​ဗြံ​သည်​ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့​ထို တိ​ရစ္ဆာန်​များ​ကို​ယူ​ခဲ့​ပြီး​လျှင် ၎င်း​တို့​ကို​ထက် ဝက်​စီ​ခြမ်း​၍​တစ်​ဘက်​တစ်​ခြမ်း​စီ​နှစ်​တန်း​ဆိုင် လျက်​ချ​ထား​၏။ ငှက်​များ​ကို​မူ​ကား​မ​ခြမ်း ဘဲ​ထား​သည်။-
and he takes all these to Him, and separates them in the midst, and puts each piece opposite its fellow, but the bird he has not divided;
11 ၁၁ လင်း​တ​များ​သည်​သား​ကောင်​များ​ပေါ်​သို့​ဆင်း သက်​လာ​ကြ​သော​အ​ခါ အာ​ဗြံ​သည်​မောင်း​နှင် လေ​၏။
and the ravenous birds come down on the carcasses, and Abram causes them to turn back.
12 ၁၂ နေ​ဝင်​ချိန်​၌​အာ​ဗြံ​သည် အိပ်​မော​ကျ​နေ​စဉ် ကြောက်​ရွံ့​ထိတ်​လန့်​လာ​လေ​သည်။-
And the sun is about to go in, and deep sleep has fallen on Abram, and behold, a terror of great darkness is falling on him;
13 ၁၃ ထာ​ဝ​ရ​ဘု​ရား​က​သူ့​အား ``သင်​၏​အ​မျိုး အ​နွယ်​တို့​သည် သူ​တစ်​ပါး​၏​နိုင်​ငံ​၌​သူ​စိမ်း တစ်​ရံ​ဆံ​အ​ဖြစ်​နေ​ထိုင်​ရ​ကြ​မည်။ ထို​အ​ရပ် တွင်​သူ​တို့​သည်​နှစ်​ပေါင်း​လေး​ရာ​ကျွန်​အ​ဖြစ် ဖြင့်​နှိပ်​စက်​ညှင်း​ဆဲ​ခြင်း​ကို​ခံ​ရ​ကြ​မည်။-
and He says to Abram, “knowing—know that your seed is a sojourner in a land not theirs, and they have served them, and they have afflicted them four hundred years,
14 ၁၄ သို့​သော်​လည်း​သူ​တို့​အား​ကျွန်​စေ​စား​သော နိုင်​ငံ​သား​တို့​ကို​ငါ​ဒဏ်​စီ​ရင်​မည်။ ထို​ပြည် မှ​ထွက်​ခွာ​ရ​သော​အ​ခါ​သူ​တို့​သည်​ပစ္စည်း ဥစ္စာ​များ​စွာ​ပါ​လျက်​ထွက်​သွား​လိမ့်​မည်။-
and the nation also whom they serve I judge, and after this they go out with great substance;
15 ၁၅ သင်​သည်​သင်​၏​ဘိုး​ဘေး​တို့​ထံ​ငြိမ်​ဝပ်​စွာ​သွား ရမည်​ဖြစ်​၍၊ အ​သက်​အ​ရွယ်​ကြီး​ရင့်​သော​အ​ခါ သင်္ဂြိုဟ်​ခြင်း​ကို​ခံ​ရ​မည်။-
and you come to your fathers in peace; you are buried in a good old age;
16 ၁၆ သင်​၏​အ​မျိုး​အ​နွယ်​တို့​သည်​အ​မျိုး​လေး​ဆက် တိုင်​အောင်​နေ​ပြီး​မှ ဤ​ပြည်​သို့​ပြန်​လာ​ကြ​လိမ့် မည်။ အ​ဘယ်​ကြောင့်​ဆို​သော်​အာ​မော​ရိ​အ​မျိုး သား​တို့​သည် ဆိုး​သွမ်း​၍​ဒဏ်​သင့်​သည့်​အ​ခါ ရောက်​မှ​သူ​တို့​အား ဤ​ပြည်​မှ​ငါ​နှင်​ထုတ် မည်​ဖြစ်​သော​ကြောင့်​တည်း'' ဟု​မိန့်​တော်​မူ​၏။
and the fourth generation turns back here, for the iniquity of the Amorite is not yet complete.”
17 ၁၇ နေ​ဝင်​၍​မှောင်​ကျ​လာ​သော​အ​ခါ​မီး​ခိုး​ထွက် သော​မီး​လင်း​ဖို​နှင့်​မီး​လျှံ​တောက်​သော​မီး​တိုင် သည် ရုတ်​တ​ရက်​ပေါ်​လာ​ပြီး​လျှင်​အ​သား​ခြမ်း များ​အ​ကြား​ဖြတ်​သွား​၏။-
And it comes to pass—the sun has gone in, and thick darkness has been and behold, a furnace of smoke, and a lamp of fire, which has passed over between those pieces.
18 ၁၈ ထို​အ​ချိန်​ထို​နေ​ရာ​၌​ထာ​ဝ​ရ​ဘု​ရား​သည် အာ​ဗြံ​နှင့်​ပ​ဋိ​ညာဉ်​ပြု​တော်​မူ​၏။ ထာ​ဝ​ရ ဘု​ရား​က၊-
In that day has YHWH made with Abram a covenant, saying, “To your seed I have given this land, from the River of Egypt to the great river, the Euphrates River,
19 ၁၉ ``ကေ​နိ​အ​မျိုး​သား၊ ကေ​န​ဇိ​အ​မျိုး​သား၊ ကာ​ဒ​မော​နိ​အ​မျိုး​သား၊-
with the Kenite, and the Kenizzite, and the Kadmonite,
20 ၂၀ ဟိတ္တိ​အ​မျိုး​သား၊ ဖေ​ရ​ဇိ​အ​မျိုး​သား၊ ရေ​ဖိမ် အ​မျိုး​သား၊-
and the Hittite, and the Perizzite, and the Rephaim,
21 ၂၁ အာ​မော​ရိ​အ​မျိုး​သား၊ ခါ​န​နိ​အ​မျိုး​သား၊ ဂိ​ရ​ဂါ​ရှိ​အ​မျိုး​သား​နှင့်​ယေ​ဗု​သိ​အ​မျိုး သား​တို့​၏​ပြည်​များ​အ​ပါ​အ​ဝင် အီ​ဂျစ် ပြည်​နယ်​စပ်​မှ ဥ​ဖ​ရတ်​မြစ်​တိုင်​အောင်​ကျယ် ပြန့်​သော​ဒေ​သ​တစ်​ခု​လုံး​ကို သင်​၏​အ​မျိုး အ​နွယ်​တို့​အား​ငါ​ပေး​အပ်​မည်​ဟု​က​တိ ပြု​သည်'' ဟု​မိန့်​တော်​မူ​၏။
and the Amorite, and the Canaanite, and the Girgashite, and the Jebusite.”

< ကမ္ဘာ​ဦး 15 >