< ကမ္ဘာဦး 14 >
1 ၁ ဘုရင်လေးပါးဖြစ်ကြသောဗာဗုလုန်ဘုရင် အံရဖေလ၊ ဧလာသာဘုရင်အာရုတ်၊ ဧလံ ဘုရင်ခေဒေါရလောမာနှင့်ဂေါအိမ်ဘုရင် တိဒလတို့သည်၊-
당시에 시날 왕 아므라벨과, 엘라살 왕 아리옥과, 엘람 왕 그돌라오멜과, 고임 왕 디달이
2 ၂ ဘုရင်ငါးပါးဖြစ်ကြသောသောဒုံဘုရင်ဗေရ၊ ဂေါမာဘုရင်ဗိရရှ၊ အာဋ္ဌမာဘုရင်ရှိနပ်၊ ဇေဘိုင်ဘုရင်ရှေမဘာနှင့်ဗေလာ(သို့မဟုတ် ဇောရ) ဘုရင်တို့အားစစ်ချီတိုက်ခိုက်ကြ လေ၏။-
소돔 왕 베라와, 고모라 왕 비르사와, 아드마 왕 시납과, 수보임 왕 세메벨과, 벨라 곧 소알 왕과 싸우니라
3 ၃ ဤဘုရင်ငါးပါးတို့သည်မဟာမိတ်ဖွဲ့၍ ယခုအခါပင်လယ်သေဟုခေါ်သော စိဒ္ဒိမ် ချိုင့်ဝှမ်းတွင်စစ်စခန်းချလျက်ရှိကြ၏။-
이들이 다 싯딤 골짜기 곧 지금 염해에 모였더라
4 ၄ ထိုဘုရင်တို့သည်ခေဒေါရလောမာဘုရင် လက်အောက်တွင် တစ်ဆယ့်နှစ်နှစ်မျှအအုပ် အချုပ်ခံနေရပြီး တစ်ဆယ့်သုံးနှစ်ကြာ သောအခါ ထိုမင်းအားပုန်ကန်ကြလေသည်။-
이들이 십 이년 동안 그돌라오멜을 섬기다가 제 십 삼년에 배반한지라
5 ၅ တစ်ဆယ့်လေးနှစ်သို့ရောက်လျှင်ခေဒေါရလောမာ ဘုရင်သည် မဟာမိတ်တပ်ဖွဲ့တို့နှင့်အတူစစ်ချီ လာ၍ အာရှတရုတ်ကာနိမ်မြို့တွင်ရေဖိမ်အမျိုး သားများကိုလည်းကောင်း၊ ဟာမမြို့တွင်ဇူဇိမ် အမျိုးသားများကိုလည်းကောင်း၊ ကိရယသိမ် လွင်ပြင်တွင်ဧမိမ်အမျိုးသားများကိုလည်း ကောင်း၊-
제 십 사년에 그돌라오멜과 그와 동맹한 왕들이 나와서 아스드롯 가르나임에서 르바 족속을, 함에서 수스 족속을, 사웨기랴다임에서 엠 족속을 치고
6 ၆ ဧဒုံစိရတောင်များပေါ်တွင်ဟောရိအမျိုး သားများကိုလည်းကောင်း တိုက်ခိုက်အောင်မြင်၍ တောကန္တာရအစပ်ရှိဧလပါရန်မြို့အထိ လိုက်လံတိုက်ခိုက်လေသည်။-
호리 족속을 그 산 세일에서 쳐서 광야 근방 엘바란까지 이르렀으며
7 ၇ ထိုနောက်အပြန်ခရီးတွင်ကာဒေရှမြို့(ထိုစဉ်က အင်မိရှပတ်ဟုတွင်သည်) သို့ရောက်ပြီးလျှင် အာမလက်ပြည်တစ်ခုလုံးနှင့်ဟာဇဇုန္တာမာ မြို့၌နေထိုင်ကြသော အာမောရိအမျိုးသား တို့ကိုတိုက်ခိုက်အောင်မြင်လေသည်။
그들이 돌이켜 엔미스밧 곧 가데스에 이르러 아말렉 족속의 온 땅과 하사손다말에 사는 아모리 족속을 친지라
8 ၈ ထို့နောက်ဘုရင်ငါးပါးဖြစ်ကြသည့်သောဒုံဘုရင်၊ ဂေါမောရဘုရင်၊ အာဋ္ဌမာဘုရင်၊ ဇေဘိုင်ဘုရင် နှင့်ဗေလာဘုရင်တို့၏စစ်သည်များသည်စိဒ္ဒိမ် ချိုင့်ဝှမ်းတွင်စုရုံး၍၊-
소돔 왕과, 고모라 왕과, 아드마 왕과, 스보임 왕과, 벨라 곧 소알 왕이 나와서 싯딤 골짜기에서 그들과 접전하였으니
9 ၉ ဘုရင်လေးပါးဖြစ်ကြသောဧလံဘုရင်၊ ဂေါအိမ် ဘုရင်၊ ဗာဗုလုန်ဘုရင်၊ ဧလာသာဘုရင်တို့နှင့် စစ်တိုက်ကြ၏။-
곧 그 다섯 왕이 엘람 왕 그돌라오멜과, 고임 왕 디달과, 시날 왕 아므라벨과, 엘라살 왕 아리옥 네 왕과 교전하였더라
10 ၁၀ ထိုချိုင့်ဝှမ်းတွင်ကတ္တရာတွင်းများပြည့်နှက်လျက် ရှိရာ သောဒုံဘုရင်နှင့်ဂေါမောရဘုရင်တို့သည် စစ်ရေးမလှသဖြင့် ထွက်ပြေးကြသောအခါ ထိုတွင်းများထဲသို့ကျကြကုန်၏။ ကျန်သော ဘုရင်သုံးပါးတို့သည်တောင်များပေါ်သို့ထွက် ပြေးကြလေသည်။-
싯딤 골짜기에는 역청 구덩이가 많은지라 소돔 왕과 고모라 왕이 달아날 때에 군사가 거기 빠지고 그 나머지는 산으로 도망하매
11 ၁၁ အောင်ပွဲရဘုရင်လေးပါးတို့သည်သောဒုံမြို့ နှင့်ဂေါမောရမြို့များမှ စားနပ်ရိက္ခာနှင့်တကွ ရှိသမျှပစ္စည်းတို့ကိုသိမ်းယူ၍ထွက်ခွာသွား ကြသည်။-
네 왕이 소돔과 고모라의 모든 재물과 양식을 빼앗아 가고
12 ၁၂ သောဒုံမြို့တွင်နေထိုင်သောအာဗြံ၏တူ လောတနှင့်တကွ သူ၏ပစ္စည်းရှိသမျှတို့ ကိုဖမ်းဆီးယူဆောင်သွားကြလေသည်။
소돔에 거하는 아브람의 조카 롯도 사로잡고 그 재물까지 노략하여 갔더라
13 ၁၃ ထိုမြို့သားတစ်ယောက်သည် ရန်သူလက်မှလွတ် မြောက်ထွက်ပြေးလာ၍ဟေဗြဲအမျိုးသား အာဗြံအား အထက်ပါအဖြစ်အပျက်အကြောင်း စုံကိုပြောပြလေ၏။ အာဗြံသည်အာမောရိ အမျိုးသား မံရေပိုင်သောသစ်ပင်များအနီး တွင်နေထိုင်လျက်ရှိသည်။ မံရေနှင့်သူ၏ညီ များဖြစ်ကြသောဧရှကောလနှင့် အာနေရ တို့သည်အာဗြံ၏မဟာမိတ်များဖြစ်ကြ၏။-
도망한 자가 와서 히브리 사람 아브람에게 고하니 때에 아브람이 아모리 족속 마므레의 상수리 수풀 근처에 거하였더라 마므레는 에스골의 형제요 또 아넬의 형제라 이들은 아브람과 동맹한 자더라
14 ၁၄ သူ၏တူဖမ်းဆီးခြင်းခံရကြောင်းကိုကြား သိရသောအခါ အာဗြံသည်သူ၏စခန်းမှ တိုက်ရည်ခိုက်ရည်ရှိသူသုံးရာတစ်ဆယ့်ရှစ် ယောက်တို့ကိုစုရုံးပြီးလျှင် ဘုရင်လေးပါး နောက်သို့ဒန်မြို့တိုင်အောင်လိုက်လေ၏။-
아브람이 그 조카의 사로 잡혔음을 듣고 집에서 길리고 연습한 자 삼백 십 팔인을 거느리고 단까지 쫓아가서
15 ၁၅ ထိုအရပ်တွင်သူ၏လူများကိုနှစ်စုခွဲလျက် ညအချိန်၌ ရန်သူအားတိုက်ခိုက်၍အောင်မြင် လေသည်။ ထိုနောက်သူသည်ရန်သူကို ဒမာသက် မြို့မြောက်ဘက်ဟောဘမြို့တိုင်အောင်လိုက်လံ တိုက်ခိုက်၍၊-
그 가신을 나누어 밤을 타서 그들을 쳐서 파하고 다메섹 좌편 호바까지 쫓아가서
16 ၁၆ သိမ်းယူသွားသောပစ္စည်းအားလုံးကိုပြန်လည် ရရှိလေသည်။ တူလောတနှင့်သူ၏ပစ္စည်းများ ကိုလည်းကောင်း၊ အမျိုးသမီးများနှင့်အခြား အဖမ်းခံရသူများကိုလည်းကောင်း ပြန်လည် ခေါ်ဆောင်ခဲ့လေသည်။
모든 빼앗겼던 재물과 자기 조카 롯과 그 재물과 또 부녀와 인민을 다 찾아 왔더라
17 ၁၇ အာဗြံသည်ခေဒေါရလောမာဘုရင်နှင့် အခြား အပေါင်းပါဘုရင်တို့ကိုတိုက်ခိုက်အောင်မြင်၍ ပြန်လာသောအခါ သောဒုံဘုရင်သည်ခရီးဦး ကြိုဆိုရန်ရှာဝေချိုင့်ဝှမ်း(ဘုရင့်ချိုင့်ဝှမ်းဟု လည်းခေါ်တွင်၏) သို့သွားရောက်လေ၏။-
아브람이 그돌라오멜과 그와 함께 한 왕들을 파하고 돌아올때에 소돔 왕이 사웨 골짜기 곧 왕곡에 나와 그를 영접하였고
18 ၁၈ အမြင့်ဆုံးသောထာဝရဘုရား၏ယဇ်ပုရော ဟိတ်ဖြစ်၍ ရှာလင်ဘုရင်လည်းဖြစ်သောမေလခိ ဇေဒက်သည် အာဗြံထံသို့မုန့်နှင့်စပျစ်ရည်ကို ယူခဲ့ပြီးလျှင်၊-
살렘 왕 멜기세덱이 떡과 포도주를 가지고 나왔으니 그는 지극히 높으신 하나님의 제사장이었더라
19 ၁၉ သူ့အားကောင်းချီးပေးလျက်``ကောင်းကင်နှင့်မြေ ကြီးကိုဖန်ဆင်းတော်မူသောအမြင့်ဆုံးသော ထာဝရဘုရားသည်အာဗြံအားကောင်းချီး ပေးတော်မူပါစေသော။-
그가 아브람에게 축복하여 가로되 `천지의 주재시요, 지극히 높으신 하나님이여 아브람에게 복을 주옵소서!
20 ၂၀ သင်၏ရန်သူများကိုအောင်စေသည့်အမြင့်ဆုံး သောထာဝရဘုရား၏ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းကြစေသတည်း'' ဟုမြွက်ဆိုလေ၏။ အာဗြံကလည်းမိမိသိမ်းယူခဲ့သောပစ္စည်း အားလုံးမှဆယ်ပုံတစ်ပုံကို ယဇ်ပုရောဟိတ် မင်းအားပေးလှူလိုက်လေ၏။
너희 대적을 네 손에 붙이신 지극히 높으신 하나님을 찬송할지로다!' 하매 아브람이 그 얻은 것에서 십분 일을 멜기세덱에게 주었더라
21 ၂၁ သောဒုံဘုရင်က``ကိုယ်တော်သိမ်းယူခဲ့သမျှ သောပစ္စည်းများကိုအပိုင်ယူပါ။ ကျွန်ုပ်၏လူ တို့ကိုသာပြန်ပေးပါ'' ဟုအာဗြံအားဆို၏။
소돔 왕이 아브람에게 이르되 `사람은 내게 보내고 물품은 네가 취하라'
22 ၂၂ ထိုအခါအာဗြံက``သင်၏ဥစ္စာဟူ၍အပ်ချည် တစ်မျှင်၊ ခြေနင်းကြိုးတစ်စကိုမျှငါမယူလို။ သို့မှသာလျှင်အာဗြံအားကြွယ်ဝချမ်းသာစေ သောသူကား ငါပင်ဖြစ်၏ဟုသင်မဆိုနိုင်။ ငါ့ အတွက်မည်သည့်ပစ္စည်းတစ်စုံတစ်ခုကိုမျှ မယူ။ ငါ၏လူများသုံးစွဲပြီးသမျှတို့ကို သာ ငါယူသည်ဟုထင်မှတ်ပါလော့။ သို့ရာတွင် ငါ၏မဟာမိတ်များဖြစ်ကြသောအာနေရ၊ ဧရှကောလနှင့်မံရေတို့ကိုမူကားသူတို့ ၏ဝေစုကိုခွဲယူကြပါစေ။ ကောင်းကင်နှင့် မြေကြီးကိုဖန်ဆင်းတော်မူသော အမြင့်ဆုံး သောထာဝရအရှင်ဘုရားသခင်ကိုတိုင် တည်၍ ငါမြွက်ဆိုပါသည်'' ဟုဖြေကြား လေ၏။
아브람이 소돔 왕에게 이르되 `천지의 주재시요 지극히 높으신 하나님 여호와께 내가 손을 들어 맹세하노니
네 말이 내가 아브람으로 치부케 하였다 할까 하여 네게 속한 것은 무론 한 실이나 신들메라도 내가 취하지 아니하리라
오직 소년들의 먹은 것과 나와 동행한 아넬과 에스골과 마므레의 분깃을 제할지니 그들이 그 분깃을 취할 것이니라'