< ကမ္ဘာ​ဦး 14 >

1 ဘု​ရင်​လေး​ပါး​ဖြစ်​ကြ​သော​ဗာ​ဗု​လုန်​ဘု​ရင် အံ​ရ​ဖေ​လ၊ ဧ​လာ​သာ​ဘု​ရင်​အာ​ရုတ်၊ ဧ​လံ ဘု​ရင်​ခေ​ဒေါ​ရ​လော​မာ​နှင့်​ဂေါ​အိမ်​ဘု​ရင် တိ​ဒ​လ​တို့​သည်၊-
Or il arriva en ce temps-là qu’Amraphel roi de Sennaar, Arioch roi de Pont, Chodorlahomor roi des Elamites, et Thadal roi des Nations
2 ဘု​ရင်​ငါး​ပါး​ဖြစ်​ကြ​သော​သော​ဒုံ​ဘု​ရင်​ဗေ​ရ၊ ဂေါ​မာ​ဘု​ရင်​ဗိ​ရ​ရှ၊ အာ​ဋ္ဌ​မာ​ဘု​ရင်​ရှိ​နပ်၊ ဇေ​ဘိုင်​ဘု​ရင်​ရှေ​မ​ဘာ​နှင့်​ဗေ​လာ(သို့​မ​ဟုတ် ဇော​ရ) ဘု​ရင်​တို့​အား​စစ်​ချီ​တိုက်​ခိုက်​ကြ လေ​၏။-
Firent la guerre à Bara roi de Sodome, à Bersa roi de Gomorrhe, à Sennaab roi d’Adama, à Séméber roi de Séboïm et au roi de Bala, la même que Ségor.
3 ဤ​ဘု​ရင်​ငါး​ပါး​တို့​သည်​မ​ဟာ​မိတ်​ဖွဲ့​၍ ယ​ခု​အ​ခါ​ပင်​လယ်​သေ​ဟု​ခေါ်​သော စိဒ္ဒိမ် ချိုင့်​ဝှမ်း​တွင်​စစ်​စ​ခန်း​ချ​လျက်​ရှိ​ကြ​၏။-
Tous ces rois s’assemblèrent dans la vallée des Bois, qui est maintenant la mer de sel.
4 ထို​ဘု​ရင်​တို့​သည်​ခေ​ဒေါ​ရ​လော​မာ​ဘု​ရင် လက်​အောက်​တွင် တစ်​ဆယ့်​နှစ်​နှစ်​မျှ​အ​အုပ် အ​ချုပ်​ခံ​နေ​ရ​ပြီး တစ်​ဆယ့်​သုံး​နှစ်​ကြာ သော​အ​ခါ ထို​မင်း​အား​ပုန်​ကန်​ကြ​လေ​သည်။-
Car pendant douze ans ils avaient été soumis à Chodorlahomor, et à la treizième année ils s’étaient séparés de lui.
5 တစ်​ဆယ့်​လေး​နှစ်​သို့​ရောက်​လျှင်​ခေ​ဒေါ​ရ​လော​မာ ဘု​ရင်​သည် မ​ဟာ​မိတ်​တပ်​ဖွဲ့​တို့​နှင့်​အ​တူ​စစ်​ချီ လာ​၍ အာ​ရှ​တ​ရုတ်​ကာ​နိမ်​မြို့​တွင်​ရေ​ဖိမ်​အ​မျိုး သား​များ​ကို​လည်း​ကောင်း၊ ဟာ​မ​မြို့​တွင်​ဇူ​ဇိမ် အ​မျိုး​သား​များ​ကို​လည်း​ကောင်း၊ ကိ​ရ​ယ​သိမ် လွင်​ပြင်​တွင်​ဧ​မိမ်​အ​မျိုး​သား​များ​ကို​လည်း ကောင်း၊-
C’est pourquoi à la quatorzième année, Chodorlahomor vint, et les rois qui étaient avec lui; et ils battirent les Raphaïtes et les Zuzites à Astarothcarnaïm, et les Emites à Savé Cariathaïm,
6 ဧ​ဒုံ​စိ​ရ​တောင်​များ​ပေါ်​တွင်​ဟော​ရိ​အ​မျိုး သား​များ​ကို​လည်း​ကောင်း တိုက်​ခိုက်​အောင်​မြင်​၍ တော​ကန္တာ​ရ​အ​စပ်​ရှိ​ဧ​လ​ပါ​ရန်​မြို့​အ​ထိ လိုက်​လံ​တိုက်​ခိုက်​လေ​သည်။-
Et les Chorréens dans les montagnes de Séir jusqu’à la plaine de Pharan, qui est dans le désert.
7 ထို​နောက်​အ​ပြန်​ခ​ရီး​တွင်​ကာ​ဒေ​ရှ​မြို့(ထို​စဉ်​က အင်​မိ​ရှ​ပတ်​ဟု​တွင်​သည်) သို့​ရောက်​ပြီး​လျှင် အာ​မ​လက်​ပြည်​တစ်​ခု​လုံး​နှင့်​ဟာ​ဇ​ဇုန္တာ​မာ မြို့​၌​နေ​ထိုင်​ကြ​သော အာ​မော​ရိ​အ​မျိုး​သား တို့​ကို​တိုက်​ခိုက်​အောင်​မြင်​လေ​သည်။
Puis ils retournèrent et vinrent à la fontaine de Misphat, le même lieu que Cadès; et ils ravagèrent toute la contrée des Amalécites et des Amorrhéens qui habitaient à Asasonthamar.
8 ထို့​နောက်​ဘု​ရင်​ငါး​ပါး​ဖြစ်​ကြ​သည့်​သော​ဒုံ​ဘု​ရင်၊ ဂေါ​မော​ရ​ဘု​ရင်၊ အာ​ဋ္ဌ​မာ​ဘု​ရင်၊ ဇေ​ဘိုင်​ဘု​ရင် နှင့်​ဗေ​လာ​ဘု​ရင်​တို့​၏​စစ်​သည်​များ​သည်​စိဒ္ဒိမ် ချိုင့်​ဝှမ်း​တွင်​စု​ရုံး​၍၊-
Alors partirent le roi de Sodome, le roi de Gomorrhe, le roi d’Adama, le roi de Séboïm et le roi de Bala, la même que Ségor: et ils rangèrent leur armée en bataille contre eux, dans la vallée des Bois;
9 ဘု​ရင်​လေး​ပါး​ဖြစ်​ကြ​သော​ဧ​လံ​ဘု​ရင်၊ ဂေါ​အိမ် ဘု​ရင်၊ ဗာ​ဗု​လုန်​ဘု​ရင်၊ ဧ​လာ​သာ​ဘု​ရင်​တို့​နှင့် စစ်​တိုက်​ကြ​၏။-
C’est-à-dire, contre Chodorlahomor roi des Elamites, Thadal roi des Nations, Amraphel roi de Sennaar et Arioch roi de Pont: quatre rois contre cinq.
10 ၁၀ ထို​ချိုင့်​ဝှမ်း​တွင်​ကတ္တ​ရာ​တွင်း​များ​ပြည့်​နှက်​လျက် ရှိ​ရာ သော​ဒုံ​ဘု​ရင်​နှင့်​ဂေါ​မော​ရ​ဘု​ရင်​တို့​သည် စစ်​ရေး​မ​လှ​သ​ဖြင့် ထွက်​ပြေး​ကြ​သော​အ​ခါ ထို​တွင်း​များ​ထဲ​သို့​ကျ​ကြ​ကုန်​၏။ ကျန်​သော ဘု​ရင်​သုံး​ပါး​တို့​သည်​တောင်​များ​ပေါ်​သို့​ထွက် ပြေး​ကြ​လေ​သည်။-
Or la vallée des Bois avait beaucoup de puits de bitume. C’est pourquoi les rois de Sodome et de Gomorrhe, ayant pris la fuite, y tombèrent, et ceux qui étaient restés s’enfuirent sur la montagne.
11 ၁၁ အောင်​ပွဲ​ရ​ဘု​ရင်​လေး​ပါး​တို့​သည်​သော​ဒုံ​မြို့ နှင့်​ဂေါ​မော​ရ​မြို့​များ​မှ စား​နပ်​ရိက္ခာ​နှင့်​တ​ကွ ရှိ​သ​မျှ​ပစ္စည်း​တို့​ကို​သိမ်း​ယူ​၍​ထွက်​ခွာ​သွား ကြ​သည်။-
Et ils enlevèrent toutes les richesses de Sodome et de Gomorrhe et tous les vivres, et ils s’en allèrent.
12 ၁၂ သော​ဒုံ​မြို့​တွင်​နေ​ထိုင်​သော​အာ​ဗြံ​၏​တူ လော​တ​နှင့်​တ​ကွ သူ​၏​ပစ္စည်း​ရှိ​သ​မျှ​တို့ ကို​ဖမ်း​ဆီး​ယူ​ဆောင်​သွား​ကြ​လေ​သည်။
Ils enlevèrent aussi avec toutes ses richesses Lot, fils du frère d’Abram, qui habitait à Sodome.
13 ၁၃ ထို​မြို့​သား​တစ်​ယောက်​သည် ရန်​သူ​လက်​မှ​လွတ် မြောက်​ထွက်​ပြေး​လာ​၍​ဟေ​ဗြဲ​အ​မျိုး​သား အာ​ဗြံ​အား အ​ထက်​ပါ​အ​ဖြစ်​အ​ပျက်​အ​ကြောင်း စုံ​ကို​ပြော​ပြ​လေ​၏။ အာ​ဗြံ​သည်​အာ​မော​ရိ အ​မျိုး​သား မံ​ရေ​ပိုင်​သော​သစ်​ပင်​များ​အ​နီး တွင်​နေ​ထိုင်​လျက်​ရှိ​သည်။ မံ​ရေ​နှင့်​သူ​၏​ညီ များ​ဖြစ်​ကြ​သော​ဧ​ရှ​ကော​လ​နှင့် အာ​နေ​ရ တို့​သည်​အာ​ဗြံ​၏​မ​ဟာ​မိတ်​များ​ဖြစ်​ကြ​၏။-
Et voilà qu’un homme qui s’était sauvé annonça cette nouvelle à Abram qui habitait dans la vallée de Mambré l’Amorrhéen. frère d’Escol, et frère d’Aner; car ceux-ci avaient fait alliance avec Abram.
14 ၁၄ သူ​၏​တူ​ဖမ်း​ဆီး​ခြင်း​ခံ​ရ​ကြောင်း​ကို​ကြား သိ​ရ​သော​အ​ခါ အာ​ဗြံ​သည်​သူ​၏​စ​ခန်း​မှ တိုက်​ရည်​ခိုက်​ရည်​ရှိ​သူ​သုံး​ရာ​တစ်​ဆယ့်​ရှစ် ယောက်​တို့​ကို​စု​ရုံး​ပြီး​လျှင် ဘု​ရင်​လေး​ပါး နောက်​သို့​ဒန်​မြို့​တိုင်​အောင်​လိုက်​လေ​၏။-
Quand Abram eut entendu cela, c’est-à-dire que Lot son frère était captif, il prit les plus agiles de ses serviteurs, nés dans sa maison, au nombre de trois cent dix-huit, et poursuivit les ennemis jusqu’à Dan.
15 ၁၅ ထို​အ​ရပ်​တွင်​သူ​၏​လူ​များ​ကို​နှစ်​စု​ခွဲ​လျက် ည​အ​ချိန်​၌ ရန်​သူ​အား​တိုက်​ခိုက်​၍​အောင်​မြင် လေ​သည်။ ထို​နောက်​သူ​သည်​ရန်​သူ​ကို ဒ​မာ​သက် မြို့​မြောက်​ဘက်​ဟော​ဘ​မြို့​တိုင်​အောင်​လိုက်​လံ တိုက်​ခိုက်​၍၊-
Puis, ses alliés divisés, il fondit sur eux pendant la nuit, les battit et les poursuivit jusqu’à Hoba, qui est à la gauche de Damas.
16 ၁၆ သိမ်း​ယူ​သွား​သော​ပစ္စည်း​အား​လုံး​ကို​ပြန်​လည် ရ​ရှိ​လေ​သည်။ တူ​လော​တ​နှင့်​သူ​၏​ပစ္စည်း​များ ကို​လည်း​ကောင်း၊ အ​မျိုး​သ​မီး​များ​နှင့်​အ​ခြား အ​ဖမ်း​ခံ​ရ​သူ​များ​ကို​လည်း​ကောင်း ပြန်​လည် ခေါ်​ဆောင်​ခဲ့​လေ​သည်။
Il reprit toutes les richesses, et Lot son frère avec ses richesses, de même que les femmes et le peuple.
17 ၁၇ အာ​ဗြံ​သည်​ခေ​ဒေါ​ရ​လော​မာ​ဘု​ရင်​နှင့် အ​ခြား အ​ပေါင်း​ပါ​ဘု​ရင်​တို့​ကို​တိုက်​ခိုက်​အောင်​မြင်​၍ ပြန်​လာ​သော​အ​ခါ သော​ဒုံ​ဘု​ရင်​သည်​ခ​ရီး​ဦး ကြို​ဆို​ရန်​ရှာ​ဝေ​ချိုင့်​ဝှမ်း(ဘု​ရင့်​ချိုင့်​ဝှမ်း​ဟု လည်း​ခေါ်​တွင်​၏) သို့​သွား​ရောက်​လေ​၏။-
Mais le roi de Sodome sortit au-devant de lui, lorsqu’il revenait après la défaite de Chodorlahomor, et des rois qui étaient avec lui dans la vallée de Savé, qui est la vallée du roi.
18 ၁၈ အ​မြင့်​ဆုံး​သော​ထာ​ဝ​ရ​ဘု​ရား​၏​ယဇ်​ပု​ရော ဟိတ်​ဖြစ်​၍ ရှာ​လင်​ဘု​ရင်​လည်း​ဖြစ်​သော​မေ​လ​ခိ ဇေ​ဒက်​သည် အာ​ဗြံ​ထံ​သို့​မုန့်​နှင့်​စ​ပျစ်​ရည်​ကို ယူ​ခဲ့​ပြီး​လျှင်၊-
Mais Melchisédech roi de Salem, offrant du pain et du vin. car il était prêtre du Dieu très haut,
19 ၁၉ သူ့​အား​ကောင်း​ချီး​ပေး​လျက်``ကောင်း​ကင်​နှင့်​မြေ ကြီး​ကို​ဖန်​ဆင်း​တော်​မူ​သော​အ​မြင့်​ဆုံး​သော ထာ​ဝ​ရ​ဘု​ရား​သည်​အာ​ဗြံ​အား​ကောင်း​ချီး ပေး​တော်​မူ​ပါ​စေ​သော။-
Le bénit, et dit: Béni soit Abram par le Dieu très haut, qui a créé le ciel et la terre;
20 ၂၀ သင်​၏​ရန်​သူ​များ​ကို​အောင်​စေ​သည့်​အ​မြင့်​ဆုံး သော​ထာ​ဝ​ရ​ဘု​ရား​၏​ဂုဏ်​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ကြ​စေ​သ​တည်း'' ဟု​မြွက်​ဆို​လေ​၏။ အာ​ဗြံ​က​လည်း​မိ​မိ​သိမ်း​ယူ​ခဲ့​သော​ပစ္စည်း အား​လုံး​မှ​ဆယ်​ပုံ​တစ်​ပုံ​ကို ယဇ်​ပု​ရော​ဟိတ် မင်း​အား​ပေး​လှူ​လိုက်​လေ​၏။
Et béni le Dieu très haut, qui te protégeant, les ennemis ont été livrés entre tes mains! Et Abram lui donna la dîme de tout.
21 ၂၁ သော​ဒုံ​ဘု​ရင်​က``ကိုယ်​တော်​သိမ်း​ယူ​ခဲ့​သ​မျှ သော​ပစ္စည်း​များ​ကို​အ​ပိုင်​ယူ​ပါ။ ကျွန်ုပ်​၏​လူ တို့​ကို​သာ​ပြန်​ပေး​ပါ'' ဟု​အာ​ဗြံ​အား​ဆို​၏။
Mais le roi de Sodome dit à Abram: Donne-moi les âmes, et prends le reste pour toi.
22 ၂၂ ထို​အ​ခါ​အာ​ဗြံ​က``သင်​၏​ဥစ္စာ​ဟူ​၍​အပ်​ချည် တစ်​မျှင်၊ ခြေ​နင်း​ကြိုး​တစ်​စ​ကို​မျှ​ငါ​မ​ယူ​လို။ သို့​မှ​သာ​လျှင်​အာ​ဗြံ​အား​ကြွယ်​ဝ​ချမ်း​သာ​စေ သော​သူ​ကား ငါ​ပင်​ဖြစ်​၏​ဟု​သင်​မ​ဆို​နိုင်။ ငါ့ အ​တွက်​မည်​သည့်​ပစ္စည်း​တစ်​စုံ​တစ်​ခု​ကို​မျှ မ​ယူ။ ငါ​၏​လူ​များ​သုံး​စွဲ​ပြီး​သ​မျှ​တို့​ကို သာ ငါ​ယူ​သည်​ဟု​ထင်​မှတ်​ပါ​လော့။ သို့​ရာ​တွင် ငါ​၏​မ​ဟာ​မိတ်​များ​ဖြစ်​ကြ​သော​အာ​နေ​ရ၊ ဧ​ရှ​ကော​လ​နှင့်​မံ​ရေ​တို့​ကို​မူ​ကား​သူ​တို့ ၏​ဝေ​စု​ကို​ခွဲ​ယူ​ကြ​ပါ​စေ။ ကောင်း​ကင်​နှင့် မြေ​ကြီး​ကို​ဖန်​ဆင်း​တော်​မူ​သော အ​မြင့်​ဆုံး သော​ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​ကို​တိုင် တည်​၍ ငါ​မြွက်​ဆို​ပါ​သည်'' ဟု​ဖြေ​ကြား လေ​၏။
Abram lui répondit: Je lève ma main vers le Seigneur Dieu très-haut, possesseur du ciel et de la terre,
23 ၂၃
Que depuis le fil de la trame jusqu’à la courroie d’une chaussure, je ne recevrai rien de tout ce qui est à toi, afin que tu ne dises pas: J’ai enrichi Abram.
24 ၂၄
J’excepte seulement ce que mes jeunes gens ont mangé, et les parts des hommes qui sont venus avec moi, Aner, Escol, et Mambré: ceux-ci recevront leurs parts.

< ကမ္ဘာ​ဦး 14 >