< ကမ္ဘာ​ဦး 13 >

1 အာ​ဗြံ​ဇ​နီး​မောင်​နှံ​တို့​သည်​ပိုင်​သ​မျှ​ပစ္စည်း​တို့​ကို​ယူ​၍ အီ​ဂျစ်​ပြည်​မြောက်​ပိုင်း​မှ​ခါ​နာန်​ပြည်​တောင်​ပိုင်း​သို့​ထွက်​ခွာ​ခဲ့​သည်။ လော​တ​လည်း​လိုက်​ပါ​လာ​ခဲ့​လေ​သည်။-
Und Abram zog mit seinem Weib und mit allem, was er hatte, auch mit Lot, von Ägypten hinauf in das südliche Kanaan.
2 အာ​ဗြံ​သည် သိုး၊ နွား၊ ဆိတ်၊ ရွှေ၊ ငွေ​စ​သည်​တို့​ကို​ပိုင်​သ​ဖြင့်​အ​လွန်​ကြွယ်​ဝ​ချမ်း​သာ​သူ​ဖြစ်​၏။-
Und Abram war sehr reich an Vieh, Silber und Gold.
3 တစ်​ဖန်​ထို​အ​ရပ်​မှ​ထွက်​ခွာ​၍​ခ​ရီး​အ​ဆင့်​ဆင့်​ဆက်​သွား​ပြီး​နောက် ဗေ​သ​လ​မြို့​သို့​ရှေ့​ရှု​လာ​ခဲ့​လေ​သည်။ သူ​သည်​ဗေ​သ​လ​မြို့​နှင့်​အာ​ဣ​မြို့​စပ်​ကြား​အ​ရပ်​သို့​ရောက်​ရှိ​လာ​၏။-
Und er kam auf seinen Nomadenzügen von Süden her bis nach Bethel, bis zu dem Ort, da sein Zelt zuerst gestanden hatte, zwischen Bethel und Ai,
4 ထို​အ​ရပ်​တွင်​ယ​ခင်​က​စ​ခန်း​ချ​၍​ယဇ်​ပလ္လင်​တည်​ခဲ့​ဖူး​၏။ ထို​အ​ရပ်​၌​သူ​သည်​ထာ​ဝ​ရ​ဘု​ရား​ကို​ဝတ်​ပြု​ကိုး​ကွယ်​လေ​သည်။
an die Stätte des Altars, welchen er in der ersten Zeit gemacht hatte; und Abram rief daselbst den Namen des HERRN an.
5 အာ​ဗြံ​နှင့်​အ​တူ​လိုက်​ပါ​လာ​သော​လော​တ​သည်​လည်း သိုး၊ ဆိတ်​စ​သည့်​တိ​ရစ္ဆာန်​တို့​အ​ပြင်​ကျေး​ကျွန်​များ​ကို​ပိုင်​၏။-
Aber auch Lot, der mit Abram ging, hatte Schafe, Rinder und Zelte.
6 သူ​တို့​နှစ်​ဦး​တွင်​တိ​ရစ္ဆာန်​များ​၍​စား​ကျက်​မ​လုံ​လောက်​သည့်​အ​တွက်​ကြောင့် အ​တူ​တူ​နေ​ထိုင်​ရန်​မ​ဖြစ်​နိုင်​တော့​ချေ။-
Und das Land mochte es nicht ertragen, daß sie beieinander wohnten; denn ihre Habe war groß, und sie konnten nicht beieinander bleiben.
7 သို့​ဖြစ်​၍​အာ​ဗြံ​၏​တိ​ရစ္ဆာန်​များ​ကို​ထိန်း​ကျောင်း​သူ​များ​နှင့် လော​တ​၏​တိ​ရစ္ဆာန်​များ​ကို​ထိန်း​ကျောင်း​သူ​တို့​အ​ချင်း​ချင်း​ခိုက်​ရန်​ဖြစ်​ပွား​ကြ​လေ​သည်။ (ထို​အ​ချိန်​၌​ခါ​နာန်​အ​မျိုး​သား​နှင့်​ဖေ​ရ​ဇိ​အ​မျိုး​သား​တို့​သည်​လည်း ထို​ပြည်​တွင်​နေ​ထိုင်​လျက်​ရှိ​ကြ​သေး​၏။)
Und es entstand Streit zwischen den Hirten über Abrams Vieh und den Hirten über Lots Vieh; auch wohnten zu der Zeit die Kanaaniter und Pheresiter im Lande.
8 ထို​အ​ခါ​အာ​ဗြံ​က​လော​တ​အား``ငါ​တို့​သည်​ဆွေ​မျိုး​သား​ချင်း​များ​ဖြစ်​ကြ​၍ သင့်​လူ​စု​နှင့်​ငါ့​လူ​စု​တို့​သည်​ခိုက်​ရန်​ဖြစ်​ပွား​နေ​ရန်​မ​သင့်​ချေ။-
Da sprach Abram zu Lot: Es soll doch nicht Zank sein zwischen mir und dir, zwischen meinen Hirten und deinen Hirten! Denn wir sind Brüder.
9 ထို့​ကြောင့်​သင်​နှင့်​ငါ​ခွဲ​ခွာ​ကြ​ပါ​စို့။ သင့်​ရှေ့​မှောက်​တွင်​မြေ​တစ်​ပြင်​လုံး​ရှိ​၏။ သင်​ကြိုက်​နှစ်​သက်​ရာ​ကို​ရွေး​ယူ​လော့။ သင်​က​တစ်​ဘက်​သို့​သွား​လျှင်​ငါ​က​တ​ခြား​တစ်​ဘက်​သို့​သွား​မည်'' ဟု​ပြော​လေ​၏။
Steht dir nicht das ganze Land offen? Trenne dich von mir! Willst du zur Linken, so gehe ich zur Rechten; und willst du zur Rechten, so gehe ich zur Linken.
10 ၁၀ ထို​အ​ခါ​လော​တ​သည်​ပတ်​ဝန်း​ကျင်​သို့​လှည့်​ကြည့်​ရာ​ဇော​ရ​မြို့​သို့​တိုင်​အောင် ယော်​ဒန်​မြစ်​ဝှမ်း​တစ်​လျှောက်​လုံး​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ဥ​ယျာဉ်​တော် ကဲ့​သို့​လည်း​ကောင်း၊ အီ​ဂျစ်​ပြည်​ကဲ့​သို့​လည်း​ကောင်း​ရေ​ပေါ​များ​ကြောင်း​တွေ့​ရ​လေ​သည်။ (ထာ​ဝ​ရ​ဘု​ရား​သည်​သော​ဒုံ​မြို့​နှင့်​ဂေါ​မော​ရ​မြို့​တို့​ကို​မ​ဖျက်​ဆီး​မီ​က​အ​ခြေ​အ​နေ​ဖြစ်​၏။-)
Da hob Lot seine Augen auf und besah die ganze Jordanaue; denn sie war allenthalben bewässert, wie ein Garten des HERRN, wie Ägyptenland, bis nach Zoar hinab, ehe der HERR Sodom und Gomorra verderbte.
11 ၁၁ ထို့​ကြောင့်​လော​တ​သည်​ယော်​ဒန်​မြစ်​ဝှမ်း​တစ်​လျှောက်​လုံး​ကို​ရွေး​ယူ​၍ အ​ရှေ့​ဘက်​သို့​ပြောင်း​ရွှေ့​ခဲ့​လေ​သည်။ ဤ​သို့​အား​ဖြင့်​သူ​တို့​နှစ်​ဦး​ခွဲ​ခွာ​ခဲ့​ကြ​သည်။-
Darum erwählte sich Lot die ganze Jordanaue und zog gegen Osten. Also trennte sich ein Bruder von dem andern.
12 ၁၂ အာ​ဗြံ​သည်​ခါ​နာန်​ပြည်​တွင်​နေ​ထိုင်​သည်။ လော​တ​မူ​ကား​မြစ်​ဝှမ်း​ရှိ​မြို့​များ​နှင့်​ပတ်​ဝန်း​ကျင်​တွင် နေ​ထိုင်​ရန်​ရွေး​ချယ်​လျက်​သော​ဒုံ​မြို့​အ​နီး​တွင်​တဲ​စ​ခန်း​ချ​လေ​၏။-
Abram wohnte im Lande Kanaan und Lot in den Städten der Aue und zeltete bis nach Sodom hin.
13 ၁၃ သော​ဒုံ​မြို့​သား​တို့​သည်​ဆိုး​သွမ်း​၍ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်​၌​အ​ပြစ်​များ​သော​သူ​များ​ဖြစ်​ကြ​၏။
Aber die Leute zu Sodom waren schlecht und sündigten sehr wider den HERRN.
14 ၁၄ လော​တ​နှင့်​အာ​ဗြံ​တို့​ခွဲ​ခွာ​သွား​ကြ​ပြီး​နောက် ထာ​ဝ​ရ​ဘု​ရား​က​အာ​ဗြံ​အား``သင်​ရှိ​ရာ​မှ​အ​ရပ်​လေး​မျက်​နှာ​သို့​ကြည့်​ရှု​လော့။-
Der HERR aber sprach zu Abram, nachdem sich Lot von ihm getrennt hatte: Hebe doch deine Augen auf und schaue von dem Orte, da du wohnst, nach Norden, Süden, Osten und Westen!
15 ၁၅ သင်​မြင်​သ​မျှ​မြေ​ကို​ငါ​သည်​သင်​၏​အ​ဆက်​အ​နွယ်​တို့​အား​ထာ​ဝ​စဉ်​အ​ပိုင်​စား​ပေး​မည်။ သင်​၏​အ​ဆက်​အ​နွယ်​တို့​ကို​လည်း​မ​ရေ​မ​တွက်​နိုင်​အောင်​များ​ပြား​စေ​မည်။-
Denn das ganze Land, das du siehst, will ich dir und deinem Samen geben auf ewig.
16 ၁၆ မြေ​ကြီး​ပေါ်​ရှိ​မြေ​မှုန့်​ကို​ရေ​တွက်​နိုင်​ပါ​မှ သင်​၏​အ​ဆက်​အ​နွယ်​များ​ကို​ရေ​တွက်​နိုင်​မည်။-
Und ich will deinen Samen machen wie den Staub auf Erden; wenn ein Mensch den Staub auf Erden zählen kann, so soll man auch deinen Samen zählen.
17 ၁၇ သင်​သည်​ယ​ခု​ထ​၍​မြေ​တစ်​ပြင်​လုံး​ကို​လှည့်​ပတ်​ကြည့်​ရှု​လော့။ သင်​မြင်​ရ​သ​မျှ​သော​မြေ​ကို​သင့်​အား​ငါ​ပေး​မည်'' ဟု​မိန့်​တော်​မူ​၏။-
Mache dich auf, durchziehe das Land seiner Länge und Breite nach! Denn dir will ich es geben.
18 ၁၈ ထို့​ကြောင့်​အာ​ဗြံ​သည်​မိ​မိ​၏​စ​ခန်း​မှ ဟေ​ဗြုန်​မြို့​ရှိ​မံ​ရေ​သ​ပိတ်​တော​သစ်​ပင်​များ​အ​နီး​သို့​ပြောင်း​ရွှေ့​နေ​ထိုင်​ပြီး​လျှင် ထို​နေ​ရာ​၌​ထာ​ဝ​ရ​ဘု​ရား​အား​ပူ​ဇော်​ရန်​ယဇ်​ပလ္လင်​ကို​တည်​လေ​၏။
Da brach Abram auf, kam und wohnte bei den Eichen Mamres zu Hebron und baute daselbst dem HERRN einen Altar.

< ကမ္ဘာ​ဦး 13 >