< ကမ္ဘာဦး 10 >
1 ၁ ရေလွှမ်းမိုးပြီးသည့်နောက်နောဧ၏သားများ ဖြစ်ကြသောရှေမ၊ ဟာမနှင့်ယာဖက်တို့မှ ဆင်းသက်သောသားစဉ်မြေးဆက်ကိုဖော်ပြ ပေအံ့။-
These are the generations of the sons of Noah: Shem, Ham, and Japheth, and of the sons who were born to them after the great flood.
2 ၂ ယာဖက်၏သားများဖြစ်ကြသောဂေါမာ၊ မာ ဂေါဂ၊ မာဒဲ၊ ယာဝန်၊ တုဗလ၊ မေရှက်၊ ထိရတ် တို့သည်ကား သူတို့၏နာမည်ကိုခံယူကြ သောလူမျိုးတို့၏ဖခင်များဖြစ်ကြ၏။-
The sons of Japheth were Gomer, and Magog, and Madai, and Javan, and Tubal, and Meshech, and Tiras.
3 ၃ ဂေါမာမှဆင်းသက်သောသားစဉ်မြေးဆက် တို့သည်ကား အာရှကေနတ်၊ ရိဖတ်၊ တော်ဂမ လူမျိုးများဖြစ်ကြ၏။-
And then the sons of Gomer were Ashkenaz, and Riphath, and Togarmah.
4 ၄ ယာဝန်မှဆင်းသက်သောသားစဉ်မြေးဆက်တို့ သည်ကား ဧလိရှာ၊ စပိန်၊ ကုပရုနှင့်ရိုဒ်တို့ ဖြစ်ကြ၏။-
And the sons of Javan were Elishah, and Tarshish, Kittim, and Rodanim.
5 ၅ ထိုသူအပေါင်းတို့သည်ပင်လယ်ကမ်းခြေတစ် လျှောက်နှင့် ကျွန်းများပေါ်တွင်အနှံ့အပြားနေ ထိုင်သူတို့၏ဖခင်များဖြစ်ကြ၏။ ဤလူမျိုး အားလုံးတို့သည်ယာဖက်မှပေါက်ဖွားဆင်း သက်လာသောသားစဉ်မြေးဆက်တို့ဖြစ်၍ လူ အမျိုးမျိုးကွဲပြားလျက်အပြည်ပြည်တို့ ၌နေထိုင်ပြီးလျှင် လူမျိုးစုအလိုက်သီးခြား ဘာသာစကားများကိုပြောဆိုကြ၏။
The islands of the Gentiles were divided by these into their regions, each one according to his tongue, and their families in their nations.
6 ၆ ဟာမ၏သားများဖြစ်ကြသောကုရှ၊ အီဂျစ်၊ လစ်ဗြားနှင့်ခါနာန်တို့သည်ကား သူတို့၏ နာမည်ကိုခံယူကြသူလူမျိုးတို့၏ဖခင် များဖြစ်ကြ၏။-
And the Sons of Ham were Cush, and Mizraim, and Put, and Canaan.
7 ၇ ကုရှမှပေါက်ဖွားဆင်းသက်လာသောသားစဉ် မြေးဆက်တို့သည်ကား သေဘလူမျိုး၊ ဟာဝိလ လူမျိုး၊ သာဘတလူမျိုး၊ ရာဂမလူမျိုးနှင့် သတ္တေခါလူမျိုးများဖြစ်ကြ၏။ ရာဂမ၏သား စဉ်မြေးဆက်တို့မှာရှေဘနှင့်ဒေဒန်လူမျိုး များဖြစ်သည်။-
And the sons of Cush were Seba, and Havilah, and Sabtah, and Raamah, and Sabteca. The sons of Raamah were Sheba and Dadan.
8 ၈ ကုရှတွင်နိမ်ရောဒနာမည်ရှိသားတစ်ယောက် ရှိ၏။ ထိုသားသည်ကမ္ဘာပေါ်တွင် ပထမဦးဆုံး နယ်ပယ်များကိုတိုက်ခိုက်အောင်မြင်သောသူ ဖြစ်၏။-
And then Cush conceived Nimrod; he began to be powerful on the earth.
9 ၉ သူသည်ထာဝရဘုရားမစတော်မူခြင်းအား ဖြင့် အစွမ်းသတ္တိနှင့်ပြည့်စုံသောမုဆိုးဖြစ်ရ ကားလူတို့က``ထာဝရဘုရားသည်သင့်အား နိမ်ရောဒကဲ့သို့ အစွမ်းသတ္တိနှင့်ပြည့်စုံသော မုဆိုးကြီးဖြစ်ပါစေသော'' ဟုဆိုလေ့ရှိ ကြသည်။-
And he was an able hunter before the Lord. From this, a proverb came forth: ‘Just like Nimrod, an able hunter before the Lord.’
10 ၁၀ သူ၏နိုင်ငံတွင်ဦးစွာဗာဗုလုန်မြို့၊ ဧရက်မြို့နှင့် အက္ကဒ်မြို့များပါဝင်၏။-
And so, the beginning of his kingdom was Babylon, and Erech, and Accad, and Chalanne, in the land of Shinar.
11 ၁၁ သူသည်ထိုပြည်မှအာရှုရိပြည်သို့သွား၍ နိနေဝေမြို့၊ ရဟောဘုတ်၊ ဣရမြို့၊ ကာလမြို့ စသောမြို့ကြီးများကိုလည်းကောင်း၊-
From that land, Assur came forth, and he built Nineveh, and the streets of the city, and Calah,
12 ၁၂ နိနေဝေမြို့နှင့်ကာလမြို့ကြီးစပ်ကြားရှိ ရေသင်မြို့ကိုလည်းကောင်းတည်လေ၏။
and also Resen, between Nineveh and Calah. This is a great city.
13 ၁၃ မိလရိမ်မှဆင်းသက်သောသားစဉ်မြေးဆက် တို့မှာ လုဒိလူမျိုး၊ အာနမိမ်လူမျိုး၊ လဟာဗိမ် လူမျိုး၊ နတ္တုဟိမ်လူမျိုး၊-
And truly, Mizraim conceived Ludim, and Anamim, and Lehabim, Naphtuhim,
14 ၁၄ ပါသရုသိမ်လူမျိုး၊ ကာသလုဟိမ်လူမျိုးနှင့် ကတ္တောရိမ်လူမျိုးများဖြစ်ကြ၏။ ကာသ လုဟိမ်လူမျိုးမှဖိလိတ္တိလူမျိုးဆင်းသက် လာ၏။
and Pathrusim, and Casluhim, from whom came forth the Philistines and the Caphtorim.
15 ၁၅ ခါနာန်၏သားဦးဇိဒုန်နှင့်သားဟေသတို့သည် သူတို့၏နာမည်ကိုခံယူကြသောလူမျိုးတို့ ၏ဖခင်များဖြစ်ကြသည်။-
Then Canaan conceived Sidon his firstborn, the Hittite,
16 ၁၆ ခါနာန်သည်ယေဗုသိလူမျိုး၊ အာမောရိလူမျိုး၊ ဂိရဂါရှိလူမျိုး၊-
and the Jebusite, and the Amorite, the Girgashite,
17 ၁၇ ဟိဝိလူမျိုး၊ အာကိလူမျိုး၊ သိနိလူမျိုး၊
the Hivite, and the Arkite: the Sinite,
18 ၁၈ အာဝဒိလူမျိုး၊ ဇေမရိလူမျိုး၊ ဟာမသိလူမျိုး တို့၏ဖခင်လည်းဖြစ်သည်။ ခါနာန်အမျိုးအနွယ် အသီးသီးတို့သည်၊-
and the Arvadian, the Samarite, and the Hamathite. And after this, the peoples of the Canaanites became widespread.
19 ၁၉ ဇိဒုန်မြို့မှတောင်ဘက်ရှိဂါဇမြို့အနီးဂေရာ မြို့သို့လည်းကောင်း၊ အရှေ့ဘက်ရှိသောဒုံမြို့၊ ဂေါ မောရမြို့၊ အာဒမာမြို့နှင့်လာရှမြို့အနီး ဇေဘိုင်မြို့သို့လည်းကောင်းအနှံ့အပြား ရောက်ရှိနေထိုင်ကြ၏။-
And the borders of Canaan went, as one travels, from Sidon to Gerar, even to Gaza, until one enters Sodom and Gomorrah, and from Admah and Zeboiim, even to Lesa.
20 ၂၀ ဤလူမျိုးတို့သည်ကားအပြည်ပြည်တို့၌နေ ထိုင်၍ လူမျိုးစုအလိုက်သီးခြားဘာသာ စကားများကိုပြောဆိုကြသောဟာမ၏ အဆက်အနွယ်များဖြစ်ကြ၏။
These are the sons of Ham in their kindred, and tongues, and generations, and lands, and nations.
21 ၂၁ ယာဖက်၏အစ်ကိုရှေမသည် ဟေဗြဲလူမျိုး အပေါင်းတို့၏ဖခင်ဖြစ်သည်။-
Likewise, from Shem, the father of all the sons of Heber, the elder brother of Japheth, sons were born.
22 ၂၂ ရှေမ၏သားများဖြစ်ကြသောဧလံ၊ အာရှုရ၊ အာဖာဇဒ်၊ လုဒနှင့်အာရံတို့သည်ကားသူတို့ ၏နာမည်ကိုခံယူကြသောလူမျိုးတို့၏ ဖခင်များဖြစ်ကြ၏။-
The sons of Shem were Elam, and Asshur, and Arphaxad, and Lud, and Aram.
23 ၂၃ အာရံမှပေါက်ဖွားဆင်းသက်သောသားစဉ်မြေး ဆက်တို့သည်ကား ဥဇလူမျိုး၊ ဟုလလူမျိုး၊ ဂေသာလူမျိုးနှင့်မာရှလူမျိုးများဖြစ်ကြ သည်။-
The sons of Aram were Uz, and Hul, and Gether, and Mash.
24 ၂၄ အာဖာဇဒ်၏သားရှာလသည်ဟေဗာ၏ဖခင် ဖြစ်၏။-
But truly, Arphaxad conceived Shelah, from whom was born Eber.
25 ၂၅ ဟေဗာတွင်သားနှစ်ယောက်ရှိ၏။ သားတစ်ယောက် ကိုဖာလက်ဟုနာမည်မှည့်၏။ ထိုသား၏လက်ထက် တွင်ကမ္ဘာလောက၌နေထိုင်ကြသောလူတို့သည် ကွဲပြားသွားခြင်းကြောင့်ထိုနာမည်ကိုပေးခြင်း ဖြစ်၏။ အခြားသောသားကိုယုတ္တန်ဟုနာမည် မှည့်ခေါ်၏။-
And to Eber were born two sons: the name of the one was Peleg, for in his days the earth became divided, and his brother’s name was Joktan.
26 ၂၆ ယုတ္တန်မှဆင်းသက်သောအဆက်အနွယ်တို့ သည်ကားအာလမောဒဒ်လူမျိုး၊ ရှေလပ်လူ မျိုး၊ ဟာဇာမာဝက်လူမျိုး၊ ယေရလူမျိုး၊-
This Joktan conceived Almodad, and Sheleph, and Hazarmaveth, Jerah
27 ၂၇ ဟဒေါရံလူမျိုး၊ ဥဇလလူမျိုး၊ ဒိကလ လူမျိုး၊-
and Hadoram, and Uzal and Diklah,
28 ၂၈ သြဗလလူမျိုး၊ အဘိမေလလူမျိုး၊ ရှေဘလူမျိုး၊-
and Obal and Abimael, Sheba
29 ၂၉ သြဖိရလူမျိုး၊ ဟဝိလလူမျိုးနှင့်ယောဗပ်လူမျိုး များဖြစ်ကြ၏။ ထိုလူမျိုးအားလုံးတို့သည်ယုတ္တန် မှဆင်းသက်လာကြသည်။-
and Ophir, and Havilah and Jobab. All these were the sons of Joktan.
30 ၃၀ သူတို့နေထိုင်ရာအရပ်သည် မေရှမြို့မှအရှေ့ဘက် တောင်ထူထပ်သောဒေသရှိသေဖာမြို့တိုင်အောင် ကျယ်ပြန့်သည်။-
And their habitation extended from Messa, as one sojourns, even to Sephar, a mountain in the east.
31 ၃၁ ဤလူမျိုးတို့သည်ကားလူအမျိုးမျိုးကွဲပြား လျက် အပြည်ပြည်တို့၌နေထိုင်၍ လူမျိုးစုအလိုက် သီးခြားဘာသာစကားများကိုပြောဆိုကြ သောရှေမ၏အဆက်အနွယ်များဖြစ်ကြ၏။
These are the sons of Shem according to their kindred, and tongues, and the regions within their nations.
32 ၃၂ ဤလူမျိုးအားလုံးတို့သည်သူတို့၏အဆက် အနွယ်နှင့် လူမျိုးအသီးသီးအလိုက်ဖော်ပြ ထားသောနောဧ၏သားစဉ်မြေးဆက်တို့ဖြစ် သတည်း။ ရေလွှမ်းမိုးပြီးနောက်ကမ္ဘာမြေကြီး ပေါ်တွင်ရှိသမျှသောလူမျိုးတို့သည် နောဧ ၏သားများမှဆင်းသက်လာသောအဆက် အနွယ်များပင်ဖြစ်ကြ၏။
These are the families of Noah, according to their peoples and nations. The nations became divided according to these, on the earth after the great flood.