< ကမ္ဘာ​ဦး 10 >

1 ရေ​လွှမ်း​မိုး​ပြီး​သည့်​နောက်​နော​ဧ​၏​သား​များ ဖြစ်​ကြ​သော​ရှေ​မ၊ ဟာ​မ​နှင့်​ယာ​ဖက်​တို့​မှ ဆင်း​သက်​သော​သား​စဉ်​မြေး​ဆက်​ကို​ဖော်​ပြ ပေ​အံ့။-
Now these are the generations of the sons of Noah, of Shem, Ham, and Japheth. And sons were born to them after the flood.
2 ယာ​ဖက်​၏​သား​များ​ဖြစ်​ကြ​သော​ဂေါ​မာ၊ မာ ဂေါ​ဂ၊ မာ​ဒဲ၊ ယာ​ဝန်၊ တု​ဗ​လ၊ မေ​ရှက်၊ ထိ​ရတ် တို့​သည်​ကား သူ​တို့​၏​နာ​မည်​ကို​ခံ​ယူ​ကြ သော​လူ​မျိုး​တို့​၏​ဖ​ခင်​များ​ဖြစ်​ကြ​၏။-
The sons of Japheth: Gomer, and Magog, and Madai, and Javan, and Tubal, and Meshech, and Tiras.
3 ဂေါ​မာ​မှ​ဆင်း​သက်​သော​သား​စဉ်​မြေး​ဆက် တို့​သည်​ကား အာ​ရှ​ကေ​နတ်၊ ရိ​ဖတ်၊ တော်​ဂ​မ လူ​မျိုး​များ​ဖြစ်​ကြ​၏။-
And the sons of Gomer: Ashkenaz, and Riphath, and Togarmah.
4 ယာ​ဝန်​မှ​ဆင်း​သက်​သော​သား​စဉ်​မြေး​ဆက်​တို့ သည်​ကား ဧ​လိ​ရှာ၊ စ​ပိန်၊ ကု​ပ​ရု​နှင့်​ရိုဒ်​တို့ ဖြစ်​ကြ​၏။-
And the sons of Javan: Elishah, and Tarshish, Kittim, and Dodanim.
5 ထို​သူ​အ​ပေါင်း​တို့​သည်​ပင်​လယ်​ကမ်း​ခြေ​တစ် လျှောက်​နှင့် ကျွန်း​များ​ပေါ်​တွင်​အ​နှံ့​အ​ပြား​နေ ထိုင်​သူ​တို့​၏​ဖ​ခင်​များ​ဖြစ်​ကြ​၏။ ဤ​လူ​မျိုး အား​လုံး​တို့​သည်​ယာ​ဖက်​မှ​ပေါက်​ဖွား​ဆင်း သက်​လာ​သော​သား​စဉ်​မြေး​ဆက်​တို့​ဖြစ်​၍ လူ အ​မျိုး​မျိုး​ကွဲ​ပြား​လျက်​အ​ပြည်​ပြည်​တို့ ၌​နေ​ထိုင်​ပြီး​လျှင် လူ​မျိုး​စု​အ​လိုက်​သီး​ခြား ဘာ​သာ​စ​ကား​များ​ကို​ပြော​ဆို​ကြ​၏။
From these were the islands of the nations divided in their lands, every man according to his tongue, according to their families, in their nations.
6 ဟာ​မ​၏​သား​များ​ဖြစ်​ကြ​သော​ကု​ရှ၊ အီ​ဂျစ်၊ လစ်​ဗြား​နှင့်​ခါ​နာန်​တို့​သည်​ကား သူ​တို့​၏ နာ​မည်​ကို​ခံ​ယူ​ကြ​သူ​လူ​မျိုး​တို့​၏​ဖ​ခင် များ​ဖြစ်​ကြ​၏။-
And the sons of Ham: Cush, and Mizraim, and Put, and Canaan.
7 ကု​ရှ​မှ​ပေါက်​ဖွား​ဆင်း​သက်​လာ​သော​သား​စဉ် မြေး​ဆက်​တို့​သည်​ကား သေ​ဘ​လူ​မျိုး၊ ဟာ​ဝိ​လ လူ​မျိုး၊ သာ​ဘ​တ​လူ​မျိုး၊ ရာ​ဂ​မ​လူ​မျိုး​နှင့် သတ္တေ​ခါ​လူ​မျိုး​များ​ဖြစ်​ကြ​၏။ ရာ​ဂ​မ​၏​သား စဉ်​မြေး​ဆက်​တို့​မှာ​ရှေ​ဘ​နှင့်​ဒေ​ဒန်​လူ​မျိုး များ​ဖြစ်​သည်။-
And the sons of Cush: Seba, and Havilah, and Sabtah, and Raamah, and Sabteca. And the sons of Raamah: Sheba, and Dedan.
8 ကု​ရှ​တွင်​နိမ်​ရော​ဒ​နာ​မည်​ရှိ​သား​တစ်​ယောက် ရှိ​၏။ ထို​သား​သည်​ကမ္ဘာ​ပေါ်​တွင် ပ​ထ​မ​ဦး​ဆုံး နယ်​ပယ်​များ​ကို​တိုက်​ခိုက်​အောင်​မြင်​သော​သူ ဖြစ်​၏။-
And Cush begot Nimrod. He began to be a mighty man on the earth.
9 သူ​သည်​ထာ​ဝ​ရ​ဘု​ရား​မ​စ​တော်​မူ​ခြင်း​အား ဖြင့် အ​စွမ်း​သတ္တိ​နှင့်​ပြည့်​စုံ​သော​မု​ဆိုး​ဖြစ်​ရ ကား​လူ​တို့​က``ထာ​ဝ​ရ​ဘု​ရား​သည်​သင့်​အား နိမ်​ရော​ဒ​ကဲ့​သို့ အ​စွမ်း​သတ္တိ​နှင့်​ပြည့်​စုံ​သော မု​ဆိုး​ကြီး​ဖြစ်​ပါ​စေ​သော'' ဟု​ဆို​လေ့​ရှိ ကြ​သည်။-
He was a mighty hunter before Jehovah. Therefore it is said, Like Nimrod a mighty hunter before Jehovah.
10 ၁၀ သူ​၏​နိုင်​ငံ​တွင်​ဦး​စွာ​ဗာ​ဗု​လုန်​မြို့၊ ဧ​ရက်​မြို့​နှင့် အက္ကဒ်​မြို့​များ​ပါ​ဝင်​၏။-
And the beginning of his kingdom was Babel, and Erech, and Accad, and Calneh, in the land of Shinar.
11 ၁၁ သူ​သည်​ထို​ပြည်​မှ​အာ​ရှု​ရိ​ပြည်​သို့​သွား​၍ နိ​နေ​ဝေ​မြို့၊ ရ​ဟော​ဘုတ်၊ ဣ​ရ​မြို့၊ ကာ​လ​မြို့ စ​သော​မြို့​ကြီး​များ​ကို​လည်း​ကောင်း၊-
He went forth out of that land into Assyria, and built Nineveh, and Rehoboth-ir, and Calah,
12 ၁၂ နိ​နေ​ဝေ​မြို့​နှင့်​ကာ​လ​မြို့​ကြီး​စပ်​ကြား​ရှိ ရေ​သင်​မြို့​ကို​လည်း​ကောင်း​တည်​လေ​၏။
and Resen between Nineveh and Calah (the same is the great city).
13 ၁၃ မိ​လ​ရိမ်​မှ​ဆင်း​သက်​သော​သား​စဉ်​မြေး​ဆက် တို့​မှာ လု​ဒိ​လူ​မျိုး၊ အာ​န​မိမ်​လူ​မျိုး၊ လ​ဟာ​ဗိမ် လူ​မျိုး၊ နတ္တု​ဟိမ်​လူ​မျိုး၊-
And Mizraim begot Ludim, and Anamim, and Lehabim, and Naphtuhim,
14 ၁၄ ပါ​သ​ရု​သိမ်​လူ​မျိုး၊ ကာ​သ​လု​ဟိမ်​လူ​မျိုး​နှင့် က​တ္တော​ရိမ်​လူ​မျိုး​များ​ဖြစ်​ကြ​၏။ ကာ​သ လု​ဟိမ်​လူ​မျိုး​မှ​ဖိ​လိတ္တိ​လူ​မျိုး​ဆင်း​သက် လာ​၏။
and Pathrusim, and Casluhim (from where the Philistines went forth), and Caphtorim.
15 ၁၅ ခါ​နာန်​၏​သား​ဦး​ဇိ​ဒုန်​နှင့်​သား​ဟေ​သ​တို့​သည် သူ​တို့​၏​နာ​မည်​ကို​ခံ​ယူ​ကြ​သော​လူ​မျိုး​တို့ ၏​ဖ​ခင်​များ​ဖြစ်​ကြ​သည်။-
And Canaan begot Sidon his firstborn, and Heth,
16 ၁၆ ခါ​နာန်​သည်​ယေ​ဗု​သိ​လူ​မျိုး၊ အာ​မော​ရိ​လူ​မျိုး၊ ဂိ​ရ​ဂါ​ရှိ​လူ​မျိုး၊-
and the Jebusite, and the Amorite, and the Girgashite,
17 ၁၇ ဟိ​ဝိ​လူ​မျိုး၊ အာ​ကိ​လူ​မျိုး၊ သိ​နိ​လူ​မျိုး၊
and the Hivite, and the Arkite, and the Sinite,
18 ၁၈ အာ​ဝ​ဒိ​လူ​မျိုး၊ ဇေ​မ​ရိ​လူ​မျိုး၊ ဟာ​မ​သိ​လူ​မျိုး တို့​၏​ဖ​ခင်​လည်း​ဖြစ်​သည်။ ခါ​နာန်​အ​မျိုး​အ​နွယ် အ​သီး​သီး​တို့​သည်၊-
and the Arvadite, and the Zemarite, and the Hamathite. And afterward the families of the Canaanite were spread abroad.
19 ၁၉ ဇိ​ဒုန်​မြို့​မှ​တောင်​ဘက်​ရှိ​ဂါဇ​မြို့​အ​နီး​ဂေ​ရာ မြို့​သို့​လည်း​ကောင်း၊ အ​ရှေ့​ဘက်​ရှိ​သောဒုံ​မြို့၊ ဂေါ မော​ရ​မြို့၊ အာ​ဒ​မာ​မြို့​နှင့်​လာ​ရှ​မြို့​အ​နီး ဇေ​ဘိုင်​မြို့​သို့​လည်း​ကောင်း​အ​နှံ့​အ​ပြား ရောက်​ရှိ​နေ​ထိုင်​ကြ​၏။-
And the border of the Canaanite was from Sidon, as thou go toward Gerar, to Gaza, as thou go toward Sodom and Gomorrah and Admah and Zeboiim, to Lasha.
20 ၂၀ ဤ​လူ​မျိုး​တို့​သည်​ကား​အ​ပြည်​ပြည်​တို့​၌​နေ ထိုင်​၍ လူ​မျိုး​စု​အ​လိုက်​သီး​ခြား​ဘာ​သာ စ​ကား​များ​ကို​ပြော​ဆို​ကြ​သော​ဟာမ​၏ အ​ဆက်​အ​နွယ်​များ​ဖြစ်​ကြ​၏။
These are the sons of Ham, according to their families, according to their tongues, in their lands, in their nations.
21 ၂၁ ယာ​ဖက်​၏​အစ်​ကို​ရှေ​မ​သည် ဟေ​ဗြဲ​လူ​မျိုး အ​ပေါင်း​တို့​၏​ဖ​ခင်​ဖြစ်​သည်။-
And to Shem, the father of all the sons of Eber, the elder brother of Japheth, sons were also born to him.
22 ၂၂ ရှေ​မ​၏​သား​များ​ဖြစ်​ကြ​သော​ဧ​လံ၊ အာ​ရှု​ရ၊ အာ​ဖာ​ဇဒ်၊ လု​ဒ​နှင့်​အာ​ရံ​တို့​သည်​ကား​သူ​တို့ ၏​နာ​မည်​ကို​ခံ​ယူ​ကြ​သော​လူ​မျိုး​တို့​၏ ဖ​ခင်​များ​ဖြစ်​ကြ​၏။-
The sons of Shem: Elam, and Asshur, and Arphaxad, and Lud, and Aram.
23 ၂၃ အာ​ရံ​မှ​ပေါက်​ဖွား​ဆင်း​သက်​သော​သား​စဉ်​မြေး ဆက်​တို့​သည်​ကား ဥ​ဇ​လူ​မျိုး၊ ဟု​လ​လူ​မျိုး၊ ဂေ​သာ​လူ​မျိုး​နှင့်​မာ​ရှ​လူ​မျိုး​များ​ဖြစ်​ကြ သည်။-
And the sons of Aram: Uz, and Hul, and Gether, and Mash.
24 ၂၄ အာ​ဖာ​ဇဒ်​၏​သား​ရှာ​လ​သည်​ဟေ​ဗာ​၏​ဖ​ခင် ဖြစ်​၏။-
And Arphaxad begot Shelah, and Shelah begot Eber.
25 ၂၅ ဟေ​ဗာ​တွင်​သား​နှစ်​ယောက်​ရှိ​၏။ သား​တစ်​ယောက် ကို​ဖာ​လက်​ဟု​နာ​မည်​မှည့်​၏။ ထို​သား​၏​လက်​ထက် တွင်​ကမ္ဘာ​လော​က​၌​နေ​ထိုင်​ကြ​သော​လူ​တို့​သည် ကွဲ​ပြား​သွား​ခြင်း​ကြောင့်​ထို​နာ​မည်​ကို​ပေး​ခြင်း ဖြစ်​၏။ အ​ခြား​သော​သား​ကို​ယုတ္တန်​ဟု​နာ​မည် မှည့်​ခေါ်​၏။-
And to Eber were born two sons. The name of the one was Peleg. For in his days the earth was divided. And his brother's name was Joktan.
26 ၂၆ ယုတ္တန်​မှ​ဆင်း​သက်​သော​အ​ဆက်​အ​နွယ်​တို့ သည်​ကား​အာ​လ​မော​ဒဒ်​လူ​မျိုး၊ ရှေ​လပ်​လူ မျိုး၊ ဟာ​ဇာ​မာ​ဝက်​လူ​မျိုး၊ ယေ​ရ​လူ​မျိုး၊-
And Joktan begot Almodad, and Sheleph, and Hazarmaveth, and Jerah,
27 ၂၇ ဟ​ဒေါ​ရံ​လူ​မျိုး၊ ဥ​ဇ​လ​လူ​မျိုး၊ ဒိ​က​လ လူ​မျိုး၊-
and Hadoram, and Uzal, and Diklah,
28 ၂၈ သြ​ဗ​လ​လူ​မျိုး၊ အ​ဘိ​မေ​လ​လူ​မျိုး၊ ရှေ​ဘ​လူ​မျိုး၊-
and Obal, and Abimael, and Sheba,
29 ၂၉ သြ​ဖိ​ရ​လူ​မျိုး၊ ဟ​ဝိ​လ​လူ​မျိုး​နှင့်​ယော​ဗပ်​လူ​မျိုး များ​ဖြစ်​ကြ​၏။ ထို​လူ​မျိုး​အား​လုံး​တို့​သည်​ယုတ္တန် မှ​ဆင်း​သက်​လာ​ကြ​သည်။-
and Ophir, and Havilah, and Jobab. All these were the sons of Joktan.
30 ၃၀ သူ​တို့​နေ​ထိုင်​ရာ​အ​ရပ်​သည် မေ​ရှ​မြို့​မှ​အ​ရှေ့​ဘက် တောင်​ထူ​ထပ်​သော​ဒေ​သ​ရှိ​သေ​ဖာ​မြို့​တိုင်​အောင် ကျယ်​ပြန့်​သည်။-
And their dwelling was from Mesha, as thou go toward Sephar, the mountain of the east.
31 ၃၁ ဤ​လူ​မျိုး​တို့​သည်​ကား​လူ​အ​မျိုး​မျိုး​ကွဲ​ပြား လျက် အ​ပြည်​ပြည်​တို့​၌​နေ​ထိုင်​၍ လူ​မျိုး​စု​အ​လိုက် သီး​ခြား​ဘာ​သာ​စ​ကား​များ​ကို​ပြော​ဆို​ကြ သော​ရှေ​မ​၏​အ​ဆက်​အ​နွယ်​များ​ဖြစ်​ကြ​၏။
These are the sons of Shem, according to their families, according to their tongues, in their lands, according to their nations.
32 ၃၂ ဤ​လူ​မျိုး​အား​လုံး​တို့​သည်​သူ​တို့​၏​အ​ဆက် အ​နွယ်​နှင့် လူ​မျိုး​အ​သီး​သီး​အ​လိုက်​ဖော်​ပြ ထား​သော​နော​ဧ​၏​သား​စဉ်​မြေး​ဆက်​တို့​ဖြစ် သ​တည်း။ ရေ​လွှမ်း​မိုး​ပြီး​နောက်​ကမ္ဘာ​မြေ​ကြီး ပေါ်​တွင်​ရှိ​သ​မျှ​သော​လူ​မျိုး​တို့​သည် နော​ဧ ၏​သား​များ​မှ​ဆင်း​သက်​လာ​သော​အ​ဆက် အ​နွယ်​များ​ပင်​ဖြစ်​ကြ​၏။
These are the families of the sons of Noah, according to their generations, in their nations. And from these the nations were divided on the earth after the flood.

< ကမ္ဘာ​ဦး 10 >