+ ကမ္ဘာ​ဦး 1 >

1 ဘု​ရား​သ​ခင်​သည်​စ​ကြ​ဝ​ဠာ​ကို​ဖန်​ဆင်း တော်​မူ​သော​အ​ခါ၊-
Pachiyambi Mulungu analenga kumwamba ndi dziko lapansi.
2 ကမ္ဘာ​မြေ​ကြီး​သည်​အ​သွင်​သဏ္ဌာန်​ဟူ​၍​မ​ရှိ။ လ​ဟာ​သက်​သက်​ဖြစ်​၏။ သ​မုဒ္ဒ​ရာ​ရေ​ပြင် ကြီး​ကို​မှောင်​အ​တိ​ဖုံး​၍​ရေ​ပြင်​ပေါ်​၌ ဘု​ရား​သ​ခင်​၏​တန်​ခိုး​တော် လှုပ်​ရှား​လျက်​ရှိ​၏။-
Dziko lapansi linali losakonzedwa ndi lopanda kanthu. Mdima wandiweyani unakuta nyanja ndipo Mzimu wa Mulungu unkayendayenda pamwamba pa madziwo.
3 ဘု​ရား​သ​ခင်​က``အ​လင်း​ရောင်​ပေါ်​စေ'' ဟု အ​မိန့်​တော်​ချ​မှတ်​သော​အ​ခါ အ​လင်း​ရောင် ထွက်​ပေါ်​လာ​၏။-
Pamenepo Mulungu anati, “Kuwale” ndipo kunawaladi.
4 ဘု​ရား​သ​ခင်​သည်​အ​လင်း​ရောင်​ကို​ရှု​မြင်​၍ နှစ်​သက်​တော်​မူ​၏။ ထို့​နောက်​အ​လင်း​နှင့် အ​မှောင်​ကို​ပိုင်း​ခြား​လျက်၊-
Mulungu anaona kuti kuwalako kunali bwino ndipo Iye analekanitsa kuwala ndi mdima.
5 အ​လင်း​ကို ``နေ့'' ဟူ​၍​လည်း​ကောင်း၊ အ​မှောင် ကို ``ညဥ့်'' ဟူ​၍​လည်း​ကောင်း​ခေါ်​တွင်​စေ​တော် မူ​၏။ ည​ဦး​မှ​နံ​နက်​အ​ထိ​ပ​ထ​မ​နေ့​ရက် ဖြစ်​လေ​၏။
Mulungu anatcha kuwalako “usana” ndipo mdima anawutcha “usiku.” Ndipo panali madzulo ndiponso mmawa pa tsiku loyamba.
6 ထို​နောက်​ဘု​ရား​သ​ခင်​က ``ရေ​ရေ​ချင်း​နှစ်​ပိုင်း ခွဲ​ခြား​တည်​ရှိ​စေ​ရန် မိုး​မျက်​နှာ​ကြက်​ဖြစ်​ပေါ် စေ'' ဟု​မိန့်​တော်​မူ​သည့်​အ​တိုင်း​ဖြစ်​ပေါ်​လာ​၏။ ဘု​ရား​သ​ခင်​သည်​ထို​သို့​မိုး​မျက်​နှာ​ကြက် ကို​ဖြစ်​ပေါ်​စေ​၍ မိုး​မျက်​နှာ​ကြက်​ရှိ​ရေ​နှင့် အောက်​ရှိ​ရေ​ကို​ပိုင်း​ခြား​တော်​မူ​၏။-
Kenaka Mulungu anati, “Pakhale thambo pakati pa madzi kuti lilekanitse madzi a mʼmwamba ndi madzi a pansi.”
7
Ndipo Mulungu anapanga thambo nalekanitsa madzi amene anali pansi ndi pamwamba pa thambo lija, ndipo zinachitikadi.
8 မိုး​မျက်​နှာ​ကြက်​ကို``မိုး​ကောင်း​ကင်'' ဟု​ခေါ် တွင်​စေ​တော်​မူ​၏။ ညဦး​မှ​နံ​နက်​အထိ​ဒု​တိ​ယ နေ့​ရက်​ဖြစ်​လေ​၏။
Mulungu anatcha thambo lija “kumwamba.” Ndipo panali madzulo ndiponso mmawa pa tsiku lachiwiri.
9 တစ်​ဖန်​ဘု​ရား​သ​ခင်​က``မိုး​ကောင်း​ကင်​အောက် တွင်​ကုန်း​ပေါ်​လာ​ရန် တစ်​နေ​ရာ​တည်း​၌​ရေ​စု ဝေး​စေ'' ဟု​အ​မိန့်​ပေး​သည့်​အ​တိုင်း​ကုန်း​ပေါ် လာ​၏။-
Mulungu anati, “Madzi a pansi pa thambo asonkhane pa malo amodzi kuti mtunda uwoneke,” ndipo zinachitikadi.
10 ၁၀ ကုန်း​ကို``မြေ​ကြီး'' ဟူ​၍​လည်း​ကောင်း၊ စု​ဝေး လျက်​ရှိ​သော​ရေ​ကို``ပင်​လယ်'' ဟူ​၍​လည်း​ကောင်း ခေါ်​တွင်​စေ​တော်​မူ​၏။ ဘု​ရား​သ​ခင်​သည် ထို အ​မှု​အ​ရာ​ကို​ရှု​မြင်​၍​နှစ်​သက်​တော်​မူ​၏။-
Mulungu anawutcha mtundawo “dziko,” madzi osonkhana pamodziwo anawatcha “nyanja.” Ndipo Mulungu anaona kuti zinali bwino.
11 ၁၁ ထို​နောက်``ကောက်​ပဲ​သီး​နှံ​နှင့်​သစ်​သီး​ပင်​အ​မျိုး မျိုး​ကို​မြေ​ကြီး​မှ​ပေါက်​စေ'' ဟု​အ​မိန့်​ပေး သည့်​အ​တိုင်း​ပေါက်​လာကြ​၏။-
Kenaka Mulungu anati, “Dziko libereke zomera zobala mbewu, mitengo yobala zipatso za mbewu, molingana ndi mitundu yake.” Ndipo zinachitikadi.
12 ၁၂ သို့​ဖြစ်​၍​မြေ​ကြီး​မှ အ​ပင်​အ​မျိုး​မျိုး​ပေါက် လာ​ကြ​၏။ ဘု​ရား​သ​ခင်​သည် ထို​အ​မှု​အ​ရာ ကို​ရှု​မြင်​၍​နှစ်​သက်​တော်​မူ​၏။-
Dziko linabereka zomera zokhala ndi mbewu monga mwa mitundu yake ndi mitengo yokhala ndi zipatso za mbewu mʼkati mwake monga mwa mitundu yake. Ndipo Mulungu anaona kuti zinali bwino.
13 ၁၃ ညဦး​မှ​နံ​နက်​အ​ထိ​တ​တိ​ယ​နေ့​ရက်​ဖြစ် လေ​၏။
Ndipo panali madzulo ndiponso mmawa pa tsiku lachitatu.
14 ၁၄ တစ်​ဖန်​ဘု​ရား​သ​ခင်​က``နေ့​နှင့်​ညဥ့်​ကို ခွဲ​ခြား​ရန်​နှင့်​နေ့​ရက်၊ နှစ်၊ ပွဲ​တော်​ရက်
Mulungu anati, “Pakhale zowunikira kuthambo kuti zilekanitse usana ndi usiku. Ndipo zimenezi zikhale zizindikiro zoonetsa nyengo, masiku ndi zaka;
15 ၁၅ ထို​အ​လင်း​ဗိ​မာန်​တို့​သည်​မိုး​ကောင်း​ကင်​မှာ အ​လင်း​ရောင်​ထွန်း​သ​ဖြင့် မြေ​ကြီး​ပေါ်​တွင် အ​လင်း​ရ​စေ'' ဟု​အ​မိန့်​ပေး​သည့်​အ​တိုင်း ဖြစ်​ပေါ်​လာ​၏။-
zikhale kuthambo kuti ziwunikire pa dziko lapansi. Ndipo zinachitikadi.”
16 ၁၆ သို့​ဖြစ်​၍​နေ့​ကို​ကြီး​စိုး​ရန်​နေ​ဗိ​မာန်​နှင့်​ည ကို​ကြီး​စိုး​ရန် လ​ဗိ​မာန်​နှင့်​ကြယ်​များ​ကို ဖန်​ဆင်း​တော်​မူ​၏။-
Mulungu anapanga zowunikira zazikulu ziwiri; chachikulu chilamulire usana ndi chachingʼono chilamulire usiku. Iye anapanganso nyenyezi.
17 ၁၇ ဘု​ရား​သ​ခင်​သည်​မြေ​ကြီး​ပေါ်​မှာ​အ​လင်း​ရ စေ​ရန်​နှင့်၊-
Mulungu anaziyika mlengalenga kuti ziziwunikira pa dziko lapansi,
18 ၁၈ နေ့​နှင့်​ည​ကို​ကြီး​စိုး​၍​အ​လင်း​နှင့်​အ​မှောင်​ကို ခွဲ​ခြား​စေ​ရန် မိုး​ကောင်း​ကင်​တွင်​အ​လင်း​ဗိ​မာန် များ​ကို​တည်​ရှိ​စေ​တော်​မူ​၏။ ဘု​ရား​သ​ခင် သည်​ထို​အ​မှု​အ​ရာ​ကို​ရှု​မြင်​၍​နှစ်​သက် တော်​မူ​၏။-
kuti zilamulire usana ndi usiku, ndi kuti zilekanitse kuwala ndi mdima. Mulungu anaona kuti zinali bwino.
19 ၁၉ ည​ဦး​မှ​နံ​နက်​အ​ထိ​စတုတ္ထ​နေ့​ရက်​ဖြစ်​လေ​၏။
Ndipo panali madzulo ndiponso mmawa pa tsiku lachinayi.
20 ၂၀ တစ်​ဖန်​ဘု​ရား​သ​ခင်​က``ရေ​ထဲ​၌​သက်​ရှိ​သတ္တ ဝါ​အ​မျိုး​မျိုး​ဖြစ်​ပွား​စေ၊ လေ​ထဲ​၌​လည်း​ငှက် များ​ပျံ​ဝဲ​စေ'' ဟု​အ​မိန့်​ပေး​သည့်​အ​တိုင်း​ရေ သတ္တ​ဝါ​နှင့်​ငှက်​သတ္တ​ဝါ​များ​ဖြစ်​ပွား​လာ ကြ​၏။-
Mulungu anati, “Mʼmadzi mukhale zamoyo zochuluka ndipo mbalame ziwuluke mlengalenga pamwamba pa dziko lapansi.”
21 ၂၁ သို့​ဖြစ်​၍​ဘု​ရား​သ​ခင်​သည်​ပင်​လယ်​ငါး​သတ္တ ဝါ​ကြီး​များ​အ​စ​ရှိ​သော​ရေ​သတ္တ​ဝါ​အ​မျိုး မျိုး၊ ငှက်​အ​မျိုး​မျိုး​တို့​ကို​ဖန်​ဆင်း​တော်​မူ​၏။ ဘု​ရား​သ​ခင်​သည် ထို​အ​မှု​အ​ရာ​ကို​ရှု​မြင် ၍​နှစ်​သက်​တော်​မူ​၏။-
Choncho Mulungu analenga zamoyo zikuluzikulu za mʼnyanja ndi chamoyo chamtundu uliwonse chokhala mʼmadzi ndi mbalame iliyonse ya mapiko monga mwa mtundu wake. Mulungu anaona kuti zinali bwino.
22 ၂၂ ``ရေ​သတ္တ​ဝါ​တို့​သည်​ပင်​လယ်​ထဲ​၌​မြောက်​မြား စွာ​ပေါက်​ပွား​ကြ​စေ၊ ငှက်​တို့​သည်​လည်း​တိုး​ပွား ကြ​စေ'' ဟု​ဘု​ရား​သ​ခင်​အ​မိန့်​ပေး​၍​ထို သတ္တဝါ​တို့​အား ကောင်း​ချီး​ပေး​တော်​မူ​၏။-
Mulungu anazidalitsa nati, “Muswane, ndi kudzaza mʼmadzi a mʼnyanja, ndipo mbalame zichuluke pa dziko lapansi.”
23 ၂၃ ည​ဦး​မှ​နံ​နက်​အ​ထိ​ပဉ္စမ​နေ့​ရက်​ဖြစ်​လေ​၏။
Ndipo panali madzulo ndiponso mmawa pa tsiku lachisanu.
24 ၂၄ တစ်​ဖန်​ဘု​ရား​သ​ခင်​က``ကမ္ဘာ​မြေ​ကြီး​ပေါ် တွင် တိ​ရစ္ဆာန်​အ​ယဉ်​နှင့်​တိ​ရစ္ဆာန်​အ​ရိုင်း​အ​ကြီး အ​ငယ်​အ​မျိုး​မျိုး​ဖြစ်​ပွား​ကြ​စေ'' ဟု​အ​မိန့် ပေး​သည့်​အ​တိုင်း​ဖြစ်​ပွား​လာ​ကြ​၏။-
Kenaka Mulungu anati, “Dziko lapansi litulutse zolengedwa zamoyo monga mwa mitundu yawo: ziweto, zolengedwa zokwawa ndi nyama zakuthengo, iliyonse monga mwa mtundu wake.” Ndipo zinaterodi.
25 ၂၅ ဘု​ရား​သ​ခင်​သည်​တိရစ္ဆာန်​အ​မျိုး​မျိုး​တို့​ကို ထို​ကဲ့​သို့​ဖန်​ဆင်း​တော်​မူ​၏။ ဘု​ရား​သ​ခင် သည် ထို​အ​မှု​အ​ရာ​ကို​ရှု​မြင်​၍​နှစ်​သက် တော်​မူ​၏။
Mulungu anapanga nyama zakuthengo monga mwa mitundu yawo, nyama zoweta monga mwa mitundu yawo ndi nyama zokwawa monga mwa mitundu yawo. Ndipo Mulungu anaona kuti zinali bwino.
26 ၂၆ ထို​နောက်​ဘု​ရား​သ​ခင်​က``ငါ​တို့​သည် ငါ​တို့ ၏​ပုံ​သဏ္ဌာန်​နှင့်​တူ​သော​လူ​သတ္တ​ဝါ​တို့​ကို ဖန်​ဆင်း​ကြ​ကုန်​အံ့။ သူ​တို့​အား​ရေ​သတ္တ​ဝါ၊ ငှက်​သတ္တ​ဝါ​နှင့်​တိရစ္ဆာန်​အ​ယဉ်​အ​ရိုင်း​အ​ကြီး အ​ငယ်​တို့​ကို​အ​စိုး​ရ​စေ​မည်'' ဟု​မိန့်​တော် မူ​၏။-
Zitatha izi Mulungu anati, “Tipange munthu mʼchifanizo chathu, mofanana ndi ife kuti alamulire nsomba za mʼnyanja, mbalame zamlengalenga, nyama zonse zoweta ndi zonse zokwawa za pa dziko lapansi ndi zamoyo zonse zakutchire.”
27 ၂၇ သို့​ဖြစ်​၍​ဘု​ရား​သ​ခင်​သည် မိ​မိ​နှင့်​ပုံ သဏ္ဌာန်​တူ​သော​လူ​ယောကျာ်း၊ လူ​မိန်း​မ ကို​ဖန်​ဆင်း​တော်​မူ​၍၊-
Ndipo Mulungu analenga munthu mʼchifanizo chake. Anawalengadi mʼchifanizo cha Mulungu; analenga iwo, mwamuna ndi mkazi.
28 ၂၈ သူ​တို့​ကို​ကောင်း​ချီး​ပေး​လျက်``သား​သ​မီး များ​စွာ​မွေး​ဖွား​ကြ​လော့။ ကမ္ဘာ​မြေ​ကြီး အ​ရပ်​ရပ်​တို့​တွင် သင်​တို့​၏​အ​မျိုး​စဉ်​အ​မျိုး ဆက်​နေ​ထိုင်​ကြ​လော့။ ကမ္ဘာ​မြေ​ကြီး​ကို​လည်း စိုး​ပိုင်​ကြ​လော့။ ရေ​သတ္တ​ဝါ၊ ငှက်​သတ္တ​ဝါ​နှင့် တိ​ရစ္ဆာန်​ရိုင်း​အ​မျိုး​မျိုး​တို့​ကို​အုပ်​စိုး​ကြ လော့'' ဟု​မိန့်​တော်​မူ​၏။-
Mulungu anawadalitsa nati kwa iwo, “Muberekane, muchulukane, mudzaze dziko lapansi ndipo muligonjetse. Mulamulire nsomba zamʼnyanja, mbalame zamlengalenga ndi cholengedwa chamoyo chilichonse chimene chimayenda mokwawa pa dziko lapansi.”
29 ၂၉ ဘု​ရား​သ​ခင်​က​လည်း``ကောက်​ပဲ​သီး​နှံ​အ​မျိုး မျိုး၊ သစ်​သီး​အ​မျိုး​မျိုး​တို့​ကို​သင်​တို့​စား​သုံး ရန်​ငါ​ပေး​၏။-
Kenaka Mulungu anati, “Ine ndakupatsani chomera chilichonse cha pa dziko lapansi chimene chili ndi mbewu komanso mtengo uliwonse wobala zipatso zokhala ndi mbewu mʼkati mwake kuti zikhale chakudya chanu.
30 ၃၀ တိရစ္ဆာန်​အ​ရိုင်း​အ​မျိုး​မျိုး​နှင့်​ငှက်​အ​မျိုး​မျိုး တို့​စား​ရန်​အ​တွက် အ​ပင်​အ​မျိုး​မျိုး​ကို​ငါ ပေး​၏'' ဟု​မိန့်​တော်​မူ​သည့်​အ​တိုင်း​ဖြစ် လေ​၏။-
Ndaperekanso msipu kwa nyama zonse za pa dziko lapansi ndi kwa mbalame zamlengalenga ndi kwa cholengedwa chamoyo chilichonse chimene chimakwawa, chilichonse chimene chili ndi moyo.” Ndipo zinachitikadi.
31 ၃၁ ဘု​ရား​သ​ခင်​သည်​ဖန်​ဆင်း​တော်​မူ​ခဲ့​သ​မျှ တို့​ကို​ရှု​မြင်​၍ အ​လွန်​နှစ်​သက်​တော်​မူ​၏။ ည​ဦး​မှ​နံ​နက်​အ​ထိ​ဆ​ဋ္ဌ​မ​နေ့​ရက် ဖြစ်​လေ​၏။
Mulungu anaona zonse zimene anazilenga kuti zinali zabwino kwambiri. Ndipo panali madzulo ndiponso mmawa, tsiku lachisanu ndi chimodzi.

+ ကမ္ဘာ​ဦး 1 >