< ဂလာတိ 1 >
1 ၁ တမန်တော်ဖြစ်သူငါပေါလုနှင့် ဤအရပ်တွင် ရှိသည့်ညီအစ်ကိုအပေါင်းတို့က ဂလာတိပြည် ရှိအသင်းတော်များသို့စာရေးလိုက်ပါသည်။ ငါ သည်လူအမိန့်အာဏာဖြင့် တမန်တော်ရာထူးကို အပ်နှင်းခြင်းခံရသူမဟုတ်။ လူခန့်ထားသည့် တမန်တော်လည်းမဟုတ်။ ယေရှုခရစ်ကလည်း ကောင်း၊ ထိုအရှင်ကိုသေခြင်းမှရှင်ပြန်ထမြောက် စေတော်မူသောခမည်းတော်ဘုရားသခင်က လည်းကောင်း ခန့်ထားတော်မူသောသူဖြစ်၏။
Paul, an Apostle sent not from men nor by any man, but by Jesus Christ and by God the Father, who raised Jesus from among the dead--
and all the brethren who are with me: To the Churches of Galatia.
3 ၃ ငါတို့အဖဘုရားသခင်၏အလိုတော်နှင့် ယေရှု ခရစ်ထံတော်မှကျေးဇူးတော်နှင့်ငြိမ်သက်ခြင်း ကိုသင်တို့ခံစားကြပါစေသော။
May grace and peace be granted to you from God the Father, and from our Lord Jesus Christ,
4 ၄ ငါတို့အဖဘုရားသခင်၏အလိုတော်နှင့်အညီ ခရစ်တော်သည်ငါတို့အား ဤဆိုးယုတ်သော ပစ္စုပ္ပန်ခေတ်မှကယ်တင်နိုင်ရန် ငါတို့၏အပြစ် များအတွက်မိမိကိုယ်ကိုစွန့်တော်မူ၏။- (aiōn )
who gave Himself to suffer for our sins in order to rescue us from the present wicked age in accordance with the will of our God and Father. (aiōn )
5 ၅ ထိုအရှင်သည်ကာလအစဉ်အဆက် ဘုန်း အသရေထွန်းတောက်တော်မူပါစေသတည်း။ (aiōn )
To Him be the glory to the Ages of the Ages! Amen. (aiōn )
6 ၆ ခရစ်တော်၏ကျေးဇူးတော်အားဖြင့် သင်တို့အား ခေါ်ယူတော်မူသောအရှင်ကို သင်တို့သည်ဤ မျှဆောလျင်စွာစွန့်ပစ်ကြပြီးလျှင် အခြား သတင်းကောင်းတစ်မျိုးကိုနာယူလျက်ရှိကြ သဖြင့်ငါအံ့သြမိ၏။-
I marvel that you are so readily leaving Him who called you by the grace of Christ, and are adhering to a different Good News.
7 ၇ သခင်ယေရှုအကြောင်းသတင်းကောင်းမှာအခြား မူကွဲမရှိ။ သင်တို့၏စိတ်ကိုနှောင့်ယှက်၍ ခရစ်တော် ၏အကြောင်းသတင်းကောင်းကို မှောက်လှန်လိုသူလူ အချို့ရှိ၏။-
For other "Good News" there is none; but there are some persons who are troubling you, and are seeking to distort the Good News concerning Christ.
8 ၈ ငါတို့ဖြစ်စေ၊ ကောင်းကင်ဘုံမှကောင်းကင်တမန် ပင်ဖြစ်စေသင်တို့အား ငါဟောပြောကြေညာခဲ့ သည့်သတင်းကောင်းနှင့် ကွဲပြားခြားနားသည့် သတင်းကောင်းကိုဟောပြောလျှင်ကျိန်တော်မူ ခြင်းကိုခံစေ။-
But if even we or an angel from Heaven should bring you a Good News different from that which we have already brought you, let him be accursed.
9 ၉ သင်တို့နာယူရရှိသည့်သတင်းကောင်းနှင့်မတူ ကွဲပြားခြားနားသည့်သတင်းကောင်းကိုဟောပြော သူသည် ကျိန်တော်မူခြင်းကိုခံစေဟူ၍ ငါတို့ ဆိုခဲ့ပြီးသည့်အတိုင်းယခုထပ်မံ၍ငါဆို၏။
What I have just said I repeat--if any one is preaching to you a Good News other than that which you originally received, let him be accursed.
10 ၁၀ ဤသို့ပြောဆိုရာ၌ငါသည် လူ၏ထောက်ခံမှုကို ရရန်ကြိုးစားနေပါသလော။ ငါသည်ဘုရားသခင် ၏ထောက်ခံမှုမှလွဲ၍ မည်သူ့ထောက်ခံမှုကိုလိုပါ သနည်း။ ငါသည်လူတို့ထံမှမျက်နှာရအောင်ကြိုး စားဆောင်ရွက်နေပါသလော။ အကယ်၍ငါသည် လူတို့ထံမှမျက်နှာရအောင်ကြိုးစားဆောင်ရွက် နေသေးပါမူခရစ်တော်၏အစေခံမဖြစ်နိုင်။
For is it man's favour or God's that I aspire to? Or am I seeking to please men? If I were still a man-pleaser, I should not be Christ's bondservant.
11 ၁၁ ညီအစ်ကိုတို့၊ သင်တို့အားငါဟောပြောကြေညာ သောသတင်းကောင်းသည် လူတီထွင်သည့်သတင်း ကောင်းမဟုတ်ကြောင်းကိုသင်တို့အားဖော်ပြမည်။-
For I must tell you, brethren, that the Good News which was proclaimed by me is not such as man approves of.
12 ၁၂ ထိုသတင်းကောင်းကိုငါသည်မည်သည့်လူ တစ်စုံတစ်ယောက်ထံကမျှရသည်မဟုတ်။ မည်သူမျှလည်းငါ့ကိုသင်ကြား၍မပေး။ ထို သတင်းကောင်းကိုယေရှုခရစ်ကိုယ်တော်တိုင် ငါ့အားဗျာဒိတ်တော်အားဖြင့်ပေးအပ်တော် မူ၏။
For, in fact, it was not from man that I received or learnt it, but by a revelation from Jesus Christ.
13 ၁၃ ငါသည်ယုဒဘာသာတရားကိုကြည်ညိုလေး စားသူဖြစ်ခဲ့စဉ်အခါက မည်သို့ကျင့်ကြံပြုမူ ခဲ့ကြောင်းကိုသင်တို့ကြားသိကြပြီးဖြစ်၏။ ငါ သည်ဘုရားသခင်၏အသင်းတော်ဝင်တို့ကို ရက်စက်ကြမ်းကြုတ်စွာညှဉ်းဆဲ၍ အသင်းတော် ကိုဖျက်ဆီးရန်အစွမ်းကုန်ကြိုးစားခဲ့၏။-
For you have heard of my early career in Judaism--how I furiously persecuted the Church of God, and made havoc of it;
14 ၁၄ ဘာသာတရားကိုလက်တွေ့ကျင့်သုံးရာတွင် ငါ သည်မိမိနှင့်သက်တူရွယ်တူယုဒအမျိုးသား အများတို့ထက် ပို၍စိတ်အားထက်သန်စွာဘိုး ဘေးတို့၏ထုံးတမ်းစဉ်လာများကိုလိုက် လျှောက်ခဲ့၏။
and how in devotion to Judaism I outstripped many men of my own age among my people, being far more zealous than they on behalf of the traditions of my forefathers.
15 ၁၅ သို့ရာတွင်မမွေးမီကပင်လျှင်ဘုရားသခင်သည် ကျေးဇူးတော်အားဖြင့် ငါ့အားရွေးချယ်၍အမှု တော်ဆောင်ရန်ခေါ်ယူတော်မူ၏။ ထိုနောက်လူမျိုး ခြားတို့အားသားတော်၏အကြောင်းသတင်း ကောင်းကိုဟောပြောကြေညာနိုင်စေရန် မိမိ၏ အလိုတော်နှင့်အညီငါ့အား ထိုသားတော်ကို ဖူးမြင်ခွင့်ပေးတော်မူ၏။ ထိုအခါငါသည် အဘယ်သူ၏ထံ၌မျှအကြံဉာဏ်မတောင်း ခံခဲ့။-
But when He who set me apart even from my birth, and called me by His grace,
saw fit to reveal His Son within me in order that I might tell among the Gentiles the Good News concerning Him, at once I did not confer with any human being,
17 ၁၇ ငါ၏အလျင်တမန်တော်ရာထူးကိုရရှိသူ တို့နှင့်တွေ့ရန် ယေရုရှလင်မြို့သို့လည်းငါ မသွား။ ဦးစွာပထမအာရေဗျပြည်သို့ သွားပြီးနောက် ဒမာသက်မြို့သို့ပြန်လာခဲ့၏။-
nor did I go up to Jerusalem to those who were my seniors in the Apostleship, but I went away into Arabia, and afterwards came back to Damascus.
18 ၁၈ သုံးနှစ်မျှကြာသော်ပေတရုနှင့်တွေ့ဆုံရန် ယေရုရှလင်မြို့သို့သွား၍သူနှင့်အတူ တစ်ဆယ့်ငါးရက်မျှနေထိုင်ခဲ့၏။-
Then, three years later, I went up to Jerusalem to inquire for Peter, and I spent a fortnight with him.
19 ၁၉ သို့ရာတွင်ငါသည်သခင်ဘုရား၏ညီတော် ယာကုပ်မှလွဲ၍ အခြားအဘယ်တမန်တော် နှင့်မျှမတွေ့မဆုံခဲ့။
I saw none of the other Apostles, except James, the Lord's brother.
20 ၂၀ ဤအကြောင်းအရာများကိုမုသားသုံး၍ရေး သည်မဟုတ်ကြောင်း ဘုရားသခင်သိတော်မူ၏။
In making these assertions I am speaking the truth, as in the sight of God.
21 ၂၁ ထိုနောက်ငါသည်ရှုရိနှင့်ကိလိကိနယ်များသို့ သွားရောက်၏။-
Afterwards I visited Syria and Cilicia.
22 ၂၂ သို့သော်ထိုအချိန်ကယုဒပြည်ရှိခရစ်ယာန် အသင်းတော်ဝင်အပေါင်းတို့သည် ငါနှင့်တွေ့ဆုံ သိကျွမ်းခွင့်ကိုမရကြသေး။-
But to the Christian Churches in Judaea I was personally unknown.
23 ၂၃ ``ငါတို့ကိုနှိပ်စက်ညှဉ်းဆဲခဲ့သူသည်ယခင်က မိမိဖျက်ဆီးရန်ကြိုးစားခဲ့သည့်ဘာသာတရား တော်ကို ယခုအခါဟောပြောလျက်ရှိပါသည် တကား'' ဟုလူတို့ပြောဆိုသံကိုသာလျှင်သူ တို့ကြားသိရကြ၏။-
They only heard it said, "He who was once our persecutor is now telling the Good News of the faith of which he formerly made havoc."
24 ၂၄ ထို့ကြောင့်သူတို့သည်ငါ့ကိုအကြောင်းပြု၍ ဘုရားသခင်၏ဂုဏ်တော်ကိုချီးကူးကြပေ သည်။
And they gave glory to God on my account.