< ဂလာတိ 6 >
1 ၁ ညီအစ်ကိုတို့လူတစ်ဦးတစ်ယောက်သည်မကောင်း မှုတစ်စုံတစ်ရာပြုသည်ကို သင်တို့တွေ့ရှိလျှင် ဝိညာဉ်ပါရမီရှိသောသင်တို့က နူးညံ့သိမ်မွေ့ စွာထိုသူကိုပြုပြင်ပေးရမည်။ သင်တို့သည် မိမိတို့ကိုယ်တိုင်လည်း စုံစမ်းသွေးဆောင်ရာ သို့မလိုက်မပါစေရန်သတိပြုကြလော့။-
Fratres, etsi præoccupatus fuerit homo in aliquo delicto, vos, qui spirituales estis, hujusmodi instruite in spiritu lenitatis, considerans teipsum, ne et tu tenteris.
2 ၂ အချင်းချင်း၏ဝန်များကိုကူညီထမ်းရွက် သောအားဖြင့် ခရစ်တော်၏တရားတော်ကို ကျင့်ကြလော့။-
Alter alterius onera portate, et sic adimplebitis legem Christi.
3 ၃ အရေးပါအရာရောက်သူမဖြစ်ဘဲ မိမိကိုယ် ကိုအရေးပါအရာရောက်သူဟုထင်မှတ်သော သူသည် မိမိကိုယ်ကိုလှည့်စား၏။-
Nam si quis existimat se aliquid esse, cum nihil sit, ipse se seducit.
4 ၄ လူတိုင်းပင်မိမိ၏အပြုအမူကိုစစ်ကြော အပ်၏။ မိမိ၏အပြုအမူသည်ကောင်းမွန်ပါက ဂုဏ်ယူဝါကြွားနိုင်ပေသည်။-
Opus autem suum probet unusquisque, et sic in semetipso tantum gloriam habebit, et non in altero.
5 ၅ အဘယ်ကြောင့်ဆိုသော်လူတိုင်းပင် မိမိ၏ဝန်ကို ထမ်းရွက်ရမည်ဖြစ်သောကြောင့်တည်း။
Unusquisque enim onus suum portabit.
6 ၆ တရားတော်ကိုသင်ယူသူသည်သင်ပေးသော သူအား ကောင်းသောအရာရှိသမျှတို့ကို ဝေမျှစေ။
Communicet autem is qui catechizatur verbo, ei qui se catechizat, in omnibus bonis.
7 ၇ သင်တို့သည်အယူအဆမလွဲမှားကြနှင့်။ ဘုရား သခင်အားအဘယ်သူမျှလိမ်လည်၍မရ။ လူ သည်မိမိမျိုးကြဲသည့်အတိုင်း အသီးအနှံကို ရိတ်သိမ်းရလိမ့်မည်။-
Nolite errare: Deus non irridetur. Quæ enim seminaverit homo, hæc et metet.
8 ၈ လူ့ဇာတိမြေ၌မျိုးကြဲသောသူသည်သေခြင်းကို ရိတ်သိမ်းရလိမ့်မည်။ ဝိညာဉ်တော်မြေ၌မျိုးကြဲသူ သည်ဝိညာဉ်တော်မှ ထာဝရအသက်ကိုရိတ်သိမ်း ရလိမ့်မည်။- (aiōnios )
Quoniam qui seminat in carne sua, de carne et metet corruptionem: qui autem seminat in spiritu, de spiritu metet vitam æternam. (aiōnios )
9 ၉ သို့ဖြစ်၍ငါတို့သည်အားမလျော့စိတ်မပျက်ဘဲ ကောင်းသောအကျင့်ကိုကျင့်ကြကုန်အံ့။ ယင်းသို့ အားမလျော့စိတ်မပျက်ကြပါမူ ငါတို့သည် အချိန်တန်သောအခါအသီးအနှံကိုရိတ် သိမ်းရလိမ့်မည်။-
Bonum autem facientes, non deficiamus: tempore enim suo metemus non deficientes.
10 ၁၀ သို့ဖြစ်၍ငါတို့သည်အခါအခွင့်ရတိုင်း လူခပ်သိမ်း တို့၏အကျိုးကိုသယ်ပိုးဆောင်ရွက်ကြကုန်အံ့။ အထူးသဖြင့်ယုံကြည်သူများဖြစ်ကြသော အိမ်ထောင်စုသားတို့၏အကျိုးကိုသယ်ပိုး ဆောင်ရွက်ကြကုန်အံ့။
Ergo dum tempus habemus, operemur bonum ad omnes, maxime autem ad domesticos fidei.
11 ၁၁ ယခုအဘယ်မျှကြီးသောစာလုံးများဖြင့် သင်တို့ ထံသို့ငါ့လက်ဖြင့်ရေးသားသည်ကိုကြည့်ကြ လော့။-
Videte qualibus litteris scripsi vobis mea manu.
12 ၁၂ သင်တို့အားအရေဖျားလှီးမင်္ဂလာခံရန် အနိုင် အထက်တိုက်တွန်းကြသူတို့သည် ပြင်ပအမှတ် လက္ခဏာများအတွက် ဂုဏ်ယူပြစားလိုသူများ ဖြစ်ပေသည်။ သို့ရာတွင်ဤသို့ပြုရခြင်းမှာ ခရစ်တော်၏လက်ဝါးကပ်တိုင်တရားတော် အတွက် သူတို့ကိုယ်တိုင်ညှဉ်းဆဲနှိပ်စက်ခြင်း ခံကြရမည်စိုးသောကြောင့်ဖြစ်၏။-
Quicumque enim volunt placere in carne, hi cogunt vos circumcidi, tantum ut crucis Christi persecutionem non patiantur.
13 ၁၃ အရေဖျားလှီးမင်္ဂလာခံယူကြသူတို့ပင်လျှင် ပညတ်တရားကိုမစောင့်ထိန်းကြချေ။ အရေ ဖျားလှီးမင်္ဂလာကိုသင်တို့ခံယူသည့်အတွက် ဂုဏ်ယူဝါကြွားလိုသဖြင့်သင်တို့အားခံယူ စေလိုခြင်းဖြစ်၏။-
Neque enim qui circumciduntur, legem custodiunt: sed volunt vos circumcidi, ut in carne vestra glorientur.
14 ၁၄ ငါမူကားငါတို့သခင်ယေရှုခရစ်၏ လက်ဝါးကပ်တိုင်တော်မှတစ်ပါး အခြား အဘယ်အရာအတွက်မျှဂုဏ်ယူဝါကြွား လိမ့်မည်မဟုတ်။ ကိုယ်တော်၏လက်ဝါးကပ် တိုင်တော်ကြောင့် ဤလောကနှင့်သက်ဆိုင်သည့် အရာရှိသမျှသည် ငါနှင့်လည်းကောင်း၊ ငါ သည်လည်းဤလောကနှင့်သက်ဆိုင်သည့် အရာရှိသမျှနှင့်လည်းကောင်း အဆက် ပြတ်လျက်ရှိ၏။-
Mihi autem absit gloriari, nisi in cruce Domini nostri Jesu Christi: per quem mihi mundus crucifixus est, et ego mundo.
15 ၁၅ လူတစ်စုံတစ်ယောက်သည်အရေဖျားလှီးမင်္ဂ လာခံသည်မခံသည်မှာ အရေးမကြီးပေ။ သတ္တဝါ သစ်ဖြစ်ခြင်းသာလျှင်အရေးကြီး၏။-
In Christo enim Jesu neque circumcisio aliquid valet, neque præputium, sed nova creatura.
16 ၁၆ ဤသဘောတရားကိုလိုက်နာသူအပေါင်းတို့ အပေါ်သို့လည်းကောင်း၊ ဘုရားသခင်၏လူစု တော်အပေါင်းတို့အပေါ်သို့လည်းကောင်း ငြိမ် သက်ခြင်းနှင့်ကရုဏာတော်သက်ရောက်ပါ စေသော။
Et quicumque hanc regulam secuti fuerint, pax super illos, et misericordia, et super Israël Dei.
17 ၁၇ နိဂုံးချုပ်ရမည်ဆိုလျှင် ငါ့အားအဘယ်သူမျှ နောက်ထပ်မနှောင့်ယှက်ကြနှင့်။ အဘယ်ကြောင့်ဆို သော်ငါ၏ကိုယ်ပေါ်တွင်ရှိသောဒဏ်ရာဒဏ်ချက် များက ငါသည်သခင်ယေရှု၏ကျွန်ဖြစ်ကြောင်း သက်သေပြလျက်ရှိသောကြောင့်ဖြစ်၏။
De cetero, nemo mihi molestus sit: ego enim stigmata Domini Jesu in corpore meo porto.
18 ၁၈ ညီအစ်ကိုတို့၊ ငါတို့သခင်ယေရှုခရစ်၏ ကျေးဇူးတော်သည် သင်တို့နှင့်အတူရှိပါ စေသော။ အာမင်။ ဂလာတိသြဝါဒစာပြီး၏။
Gratia Domini nostri Jesu Christi cum spiritu vestro, fratres. Amen.