< ဂလာတိ 6 >

1 ညီ​အစ်​ကို​တို့​လူ​တစ်​ဦး​တစ်​ယောက်​သည်​မ​ကောင်း မှု​တစ်​စုံ​တစ်​ရာ​ပြု​သည်​ကို သင်​တို့​တွေ့​ရှိ​လျှင် ဝိ​ညာဉ်​ပါ​ရ​မီ​ရှိ​သော​သင်​တို့​က နူး​ညံ့​သိမ်​မွေ့ စွာ​ထို​သူ​ကို​ပြု​ပြင်​ပေး​ရ​မည်။ သင်​တို့​သည် မိ​မိ​တို့​ကိုယ်​တိုင်​လည်း စုံ​စမ်း​သွေး​ဆောင်​ရာ သို့​မ​လိုက်​မ​ပါ​စေ​ရန်​သ​တိ​ပြု​ကြ​လော့။-
Brothers, if a man is taken in any wrongdoing, you who are of the Spirit will put such a one right in a spirit of love; keeping watch on yourself, for fear that you yourself may be tested.
2 အ​ချင်း​ချင်း​၏​ဝန်​များ​ကို​ကူ​ညီ​ထမ်း​ရွက် သော​အား​ဖြင့် ခ​ရစ်​တော်​၏​တ​ရား​တော်​ကို ကျင့်​ကြ​လော့။-
Take on yourselves one another's troubles, and so keep the law of Christ.
3 အ​ရေး​ပါ​အ​ရာ​ရောက်​သူ​မ​ဖြစ်​ဘဲ မိ​မိ​ကိုယ် ကို​အ​ရေး​ပါ​အ​ရာ​ရောက်​သူ​ဟု​ထင်​မှတ်​သော သူ​သည် မိ​မိ​ကိုယ်​ကို​လှည့်​စား​၏။-
For if a man has an idea that he is something when he is nothing, he is tricked by himself.
4 လူ​တိုင်း​ပင်​မိ​မိ​၏​အ​ပြု​အ​မူ​ကို​စစ်​ကြော အပ်​၏။ မိ​မိ​၏​အ​ပြု​အ​မူ​သည်​ကောင်း​မွန်​ပါ​က ဂုဏ်​ယူ​ဝါ​ကြွား​နိုင်​ပေ​သည်။-
But let every man make test of his work, and then will his cause for glory be in himself only, and not in his neighbour.
5 အ​ဘယ်​ကြောင့်​ဆို​သော်​လူ​တိုင်း​ပင် မိ​မိ​၏​ဝန်​ကို ထမ်း​ရွက်​ရ​မည်​ဖြစ်​သော​ကြောင့်​တည်း။
Because every man is responsible for his part of the work.
6 တ​ရား​တော်​ကို​သင်​ယူ​သူ​သည်​သင်​ပေး​သော သူ​အား ကောင်း​သော​အ​ရာ​ရှိ​သ​မျှ​တို့​ကို ဝေ​မျှ​စေ။
But let him who gets teaching in the word give a part in all good things to his teacher.
7 သင်​တို့​သည်​အ​ယူ​အ​ဆ​မ​လွဲ​မှား​ကြ​နှင့်။ ဘု​ရား သ​ခင်​အား​အ​ဘယ်​သူ​မျှ​လိမ်​လည်​၍​မ​ရ။ လူ သည်​မိ​မိ​မျိုး​ကြဲ​သည့်​အ​တိုင်း အ​သီး​အ​နှံ​ကို ရိတ်​သိမ်း​ရ​လိမ့်​မည်။-
Be not tricked; God is not made sport of: for whatever seed a man puts in, that will he get back as grain.
8 လူ့​ဇာ​တိ​မြေ​၌​မျိုး​ကြဲ​သော​သူ​သည်​သေ​ခြင်း​ကို ရိတ်​သိမ်း​ရ​လိမ့်​မည်။ ဝိ​ညာဉ်​တော်​မြေ​၌​မျိုး​ကြဲ​သူ သည်​ဝိ​ညာဉ်​တော်​မှ ထာ​ဝ​ရ​အ​သက်​ကို​ရိတ်​သိမ်း ရ​လိမ့်​မည်။- (aiōnios g166)
Because he who puts in the seed of the flesh will of the flesh get the reward of death; but he who puts in the seed of the Spirit will of the Spirit get the reward of eternal life. (aiōnios g166)
9 သို့​ဖြစ်​၍​ငါ​တို့​သည်​အား​မ​လျော့​စိတ်​မ​ပျက်​ဘဲ ကောင်း​သော​အ​ကျင့်​ကို​ကျင့်​ကြ​ကုန်​အံ့။ ယင်း​သို့ အား​မ​လျော့​စိတ်​မ​ပျက်​ကြ​ပါ​မူ ငါ​တို့​သည် အ​ချိန်​တန်​သော​အ​ခါ​အ​သီး​အ​နှံ​ကို​ရိတ် သိမ်း​ရ​လိမ့်​မည်။-
And let us not get tired of well-doing; for at the right time we will get in the grain, if we do not give way to weariness.
10 ၁၀ သို့​ဖြစ်​၍​ငါ​တို့​သည်​အ​ခါ​အ​ခွင့်​ရ​တိုင်း လူ​ခပ်​သိမ်း တို့​၏​အ​ကျိုး​ကို​သယ်​ပိုး​ဆောင်​ရွက်​ကြ​ကုန်​အံ့။ အ​ထူး​သ​ဖြင့်​ယုံ​ကြည်​သူ​များ​ဖြစ်​ကြ​သော အိမ်​ထောင်​စု​သား​တို့​၏​အ​ကျိုး​ကို​သယ်​ပိုး ဆောင်​ရွက်​ကြ​ကုန်​အံ့။
So then, as we have the chance, let us do good to all men, and specially to those who are of the family of the faith.
11 ၁၁ ယ​ခု​အ​ဘယ်​မျှ​ကြီး​သော​စာ​လုံး​များ​ဖြင့် သင်​တို့ ထံ​သို့​ငါ့​လက်​ဖြင့်​ရေး​သား​သည်​ကို​ကြည့်​ကြ လော့။-
See the size of the handwriting which I myself have made use of in writing to you.
12 ၁၂ သင်​တို့​အား​အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ခံ​ရန် အ​နိုင် အ​ထက်​တိုက်​တွန်း​ကြ​သူ​တို့​သည် ပြင်​ပ​အ​မှတ် လက္ခ​ဏာ​များ​အ​တွက် ဂုဏ်​ယူ​ပြ​စား​လို​သူ​များ ဖြစ်​ပေ​သည်။ သို့​ရာ​တွင်​ဤ​သို့​ပြု​ရ​ခြင်း​မှာ ခ​ရစ်​တော်​၏​လက်​ဝါး​ကပ်​တိုင်​တ​ရား​တော် အ​တွက် သူ​တို့​ကိုယ်​တိုင်​ညှဉ်း​ဆဲ​နှိပ်​စက်​ခြင်း ခံ​ကြ​ရ​မည်​စိုး​သော​ကြောင့်​ဖြစ်​၏။-
Those who have the desire to seem important in the flesh, put force on you to undergo circumcision; only that they may not be attacked because of the cross of Christ.
13 ၁၃ အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ခံ​ယူ​ကြ​သူ​တို့​ပင်​လျှင် ပ​ညတ်​တ​ရား​ကို​မ​စောင့်​ထိန်း​ကြ​ချေ။ အ​ရေ ဖျား​လှီး​မင်္ဂ​လာ​ကို​သင်​တို့​ခံ​ယူ​သည့်​အ​တွက် ဂုဏ်​ယူ​ဝါ​ကြွား​လို​သ​ဖြင့်​သင်​တို့​အား​ခံ​ယူ စေ​လို​ခြင်း​ဖြစ်​၏။-
Because even those who undergo circumcision do not themselves keep the law; but they would have you undergo circumcision, so that they may have glory in your flesh.
14 ၁၄ ငါ​မူ​ကား​ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်​၏ လက်​ဝါး​ကပ်​တိုင်​တော်​မှ​တစ်​ပါး အ​ခြား အ​ဘယ်​အ​ရာ​အ​တွက်​မျှ​ဂုဏ်​ယူ​ဝါ​ကြွား လိမ့်​မည်​မ​ဟုတ်။ ကိုယ်​တော်​၏​လက်​ဝါး​ကပ် တိုင်​တော်​ကြောင့် ဤ​လော​က​နှင့်​သက်​ဆိုင်​သည့် အ​ရာ​ရှိ​သ​မျှ​သည် ငါ​နှင့်​လည်း​ကောင်း၊ ငါ သည်​လည်း​ဤ​လော​က​နှင့်​သက်​ဆိုင်​သည့် အ​ရာ​ရှိ​သ​မျှ​နှင့်​လည်း​ကောင်း အ​ဆက် ပြတ်​လျက်​ရှိ​၏။-
But far be it from me to have glory in anything, but only in the cross of our Lord Jesus Christ, through which this world has come to an end on the cross for me, and I for it.
15 ၁၅ လူ​တစ်​စုံ​တစ်​ယောက်​သည်​အ​ရေ​ဖျား​လှီး​မင်္ဂ လာ​ခံ​သည်​မ​ခံ​သည်​မှာ အ​ရေး​မ​ကြီး​ပေ။ သတ္တဝါ သစ်​ဖြစ်​ခြင်း​သာ​လျှင်​အ​ရေး​ကြီး​၏။-
For having circumcision is nothing, and not having circumcision is nothing, but only a new order of existence.
16 ၁၆ ဤ​သ​ဘော​တ​ရား​ကို​လိုက်​နာ​သူ​အ​ပေါင်း​တို့ အ​ပေါ်​သို့​လည်း​ကောင်း၊ ဘု​ရား​သ​ခင်​၏​လူ​စု တော်​အ​ပေါင်း​တို့​အ​ပေါ်​သို့​လည်း​ကောင်း ငြိမ် သက်​ခြင်း​နှင့်​က​ရု​ဏာ​တော်​သက်​ရောက်​ပါ စေ​သော။
And on all who are guided by this rule be peace and mercy, and on the Israel of God.
17 ၁၇ နိ​ဂုံး​ချုပ်​ရ​မည်​ဆို​လျှင် ငါ့​အား​အ​ဘယ်​သူ​မျှ နောက်​ထပ်​မ​နှောင့်​ယှက်​ကြ​နှင့်။ အ​ဘယ်​ကြောင့်​ဆို သော်​ငါ​၏​ကိုယ်​ပေါ်​တွင်​ရှိ​သော​ဒဏ်​ရာ​ဒဏ်​ချက် များ​က ငါ​သည်​သ​ခင်​ယေ​ရှု​၏​ကျွန်​ဖြစ်​ကြောင်း သက်​သေ​ပြ​လျက်​ရှိ​သော​ကြောင့်​ဖြစ်​၏။
From this time on let no man be a trouble to me; because my body is marked with the marks of Jesus.
18 ၁၈ ညီ​အစ်​ကို​တို့၊ ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်​၏ ကျေး​ဇူး​တော်​သည် သင်​တို့​နှင့်​အ​တူ​ရှိ​ပါ စေ​သော။ အာ​မင်။ ဂ​လာ​တိ​သြ​ဝါ​ဒ​စာ​ပြီး​၏။
The grace of our Lord Jesus Christ be with your spirit, brothers. So be it.

< ဂလာတိ 6 >