< ဂလာတိ 4 >
1 ၁ ဆက်လက်၍ဖော်ပြပါမည်။ လူတစ်ဦးတစ်ယောက် ၏သားသည်အဖ၏ဥစ္စာပစ္စည်းရှိသမျှကိုအမွေ ခံထိုက်သဖြင့် အမှန်ပင်ပိုင်ဆိုင်သူဖြစ်သော်လည်း အရွယ်မရောက်မီကာလအတွင်း၌ကျွန်တစ် ယောက်ကဲ့သို့နေရ၏။-
KE olelo aku nei hoi au, o ka hooilina i kona wa opiopio, aole he ano e kona i ko ke kauwa, aka, nona ka waiwai a pau;
2 ၂ သူသည်ဖခင်သတ်မှတ်ပေးသည့်အချိန်ကာလမ ရောက်မီ အုပ်ထိန်းသူများနှင့်မိမိ၏အမှုကိစ္စ အဝဝကိုစီမံအုပ်ချုပ်သူများ၏လက်အောက် တွင်နေရ၏။-
Aia no ia malalo o ua kumu a me na kahu, a hiki i ka manawa i hoikeia mai ai e ka makua.
3 ၃ ထိုနည်းတူစွာငါတို့သည်လည်းဝိညာဉ်ရေးမ ရင့်ကျက်မီအခါက လောကစကြဝဠာကို အုပ်စိုးသောဝိညာဉ်များ၏ကျွန်ဖြစ်ကြ၏။-
Pela no kakou i ko kakou wa kamalii, ua hooluhiia e na oihana mua o ke ao nei.
4 ၄ သို့ရာတွင်နောက်ဆုံး၌အချိန်တန်သောအခါ ဘုရားသခင်သည်မိမိ၏သားတော်ကိုစေလွှတ် တော်မူ၏။ ငါတို့သည်ဘုရားသခင်၏သားများ ဖြစ်လာစိမ့်သောငှာထိုသားတော်သည်လူတို့ အား ပညတ်တရား၏လက်အောက်မှရွေးနုတ် ကယ်တင်နိုင်ရန် လူမိခင်မှပညတ်တရား အောက်ဖွားမြင်ခြင်းကိုခံတော်မူ၏။
Aka, i ka hiki ana mai o ka manawa maopopo, hoouna mai la ke Akua i kana Keiki, a ka wahine i hanau ai, i hanau malalo o ko kanawai.
E hoopakele ae i ka poe malalo o ke kanawai, i hookamaia mai ai kakou he poe keiki.
6 ၆ သင်တို့သည်ကိုယ်တော်၏သားများဖြစ်ကြောင်း သက်သေပြရန်``အဗ္ဗ၊ အဘ'' ဟုကြွေးကြော်သော သားတော်၏ဝိညာဉ်တော်ကိုငါတို့စိတ်နှလုံး ထဲသို့ဘုရားသခင်စေလွှတ်တော်မူ၏။-
No ka mea, no ko oukou keiki ana, ua hoouna mai la ke Akua i ka Uhane o kana Keiki iloko o ko oukou mau naau, e kahea ana, E Aba, ka Makua.
7 ၇ သို့ဖြစ်၍သင်သည်ကျွန်မဟုတ်တော့ဘဲသား ဖြစ်လေပြီ။ သားဖြစ်သဖြင့်သားများခံစား ထိုက်သည်များကိုဘုရားသခင်သည်သင့် အားပေးတော်မူလတ္တံ့။
No ia mea, aole he kauwa luhi oe ma ia hope aku, aka, he keiki no; ina he keiki, he hooilina no hoi na ke Akua ma o Kristo la.
8 ၈ အခါတစ်ပါးကသင်တို့သည်ဘုရားသခင်ကို မသိကြသဖြင့် မစစ်မမှန်သောဘုရားတို့၏ ကျွန်ဖြစ်ခဲ့ကြ၏။-
Aka, i ka manawa i ike ole ai oukou i ke Akua, hookauwa aku la oukou na na akua oiaio ole.
9 ၉ ယခုမှာမူသင်တို့သည်ဘုရားသခင်ကိုသိရှိ လာကြလေပြီ။ သင်တို့အားဘုရားသခင်သိရှိ တော်မူလေပြီဟုငါဆိုသင့်၏။ သို့ဖြစ်၍သင်တို့ သည်အားနည်း၍သနားစရာကောင်းသည့်ဝိညာဉ် များထံသို့အဘယ်ကြောင့်ပြန်လည်သွားလိုကြ သနည်း။ အဘယ်ကြောင့်သူတို့၏ကျွန်ပြန်၍ ဖြစ်လိုကြသနည်း။-
Ano hoi, ua ike oukou i ke Akua, he oiaio ua ikeia mai e ke Akua, pehea la hoi oukou i huli hou aku ai i na oihana mua palupalu ilihune, i na mea a oukou i makemake hou ai e hookauwa aku na lakou?
10 ၁၀ သင်တို့သည်အချို့သောနေ့၊ လ၊ ရာသီနှင့်နှစ်များ ကိုအထူးဂရုစိုက်အရေးပေးနေကြသည်။-
Ke malama nei oukou i ua la, a me na mahina, i na manawa a me na makahiki.
11 ၁၁ ငါသည်သင်တို့အတွက်စိုးရိမ်မိ၏။ သင်တို့ အတွက် ငါလုပ်ဆောင်ခဲ့သမျှသောအရာတို့ သည်အချည်းနှီးဖြစ်ရလေတော့မည်လော။
Ua hopohopo wau ia oukou, o make hewa paha kuu hooluhi ana no oukou.
12 ၁၂ ညီအစ်ကိုတို့၊ သင်တို့သည်ငါကဲ့သို့ဖြစ်ကြရန် ငါတောင်းပန်၏။ ငါသည်သင်တို့ကဲ့သို့ပင်ဖြစ်၏။ သင်တို့သည်ငါ့အားအဘယ်သို့မျှမပြစ်မှား ခဲ့ကြ။-
E na hoahanau, ke nonoi aku nei au ia oukou, i like oukou me au, no ka mea, ua like hoi au mo oukou: aole no oukou i hana ino iki mai ia'u.
13 ၁၃ ပထမဆုံးအကြိမ်သင်တို့အားသတင်း ကောင်းကိုငါဟောပြောကြေညာရခြင်းမှာ ငါ၏ကျန်းမာရေးချို့တဲ့မှုကြောင့်ဖြစ် ကြောင်းသင်တို့သိကြ၏။-
Ua ike no oukou me ka palupalu o ke kino i hai aku ai au i ka euanelio ia oukou i kinohou.
14 ၁၄ ငါ၏ကျန်းမာရေးအခြေအနေကြောင့်သင်တို့ အတွက်အနှောင့်အယှက်ဖြစ်သော်လည်း သင်တို့ သည်ငါ့ကိုအထင်အမြင်မသေးကြ။ မပစ် ပယ်ကြ။ ငါသည်ဘုရားသခင်၏ကောင်းကင် တမန်တစ်ပါးဖြစ်သကဲ့သို့လည်းကောင်း၊ ခရစ် တော်ယေရှုအားကြိုဆိုသကဲ့သို့လည်းကောင်း သင်တို့ကငါ့အားကြိုဆိုလက်ခံကြ၏။-
Aole no oukou i hoowahawaha mai i ka ino o kuu kino, aole hoi oukou i hoopailua mai; aka, na hookipa mai no oukou ia'u me he anela la no ke Akua, me Kristo Iesu hoi.
15 ၁၅ ထိုအခါကသင်တို့အလွန်ပျော်ကြပါသည် တကား။ ယခုအဘယ်သို့ဖြစ်ကြလေပြီနည်း။ ထိုစဉ်အခါကသင်တို့သည်ဖြစ်နိုင်ပါမူ မိမိ တို့၏မျက်စိများကိုပင်လျှင်ထုတ်၍ငါ့အား ပေးလှူလိုသည်ဟုငါသက်သေခံ၏။-
Heaha la hoi ko oukou pomaikai ana? No ka mea, ke hoike maka aku nei au no oukou, ina he mea hiki ia, ina ua poalo ae oukou i ko oukou mau maka a haawi mai ia'u.
16 ၁၆ ယခုငါသည်သင်တို့အားမှန်ရာကိုပြောဆို သည့်အတွက်သင်တို့၏ရန်သူဖြစ်လေပြီလော။
Ua lilo anei au i enemi no oukou, i kuu hai ana'ku i ka oiaio ia oukou?
17 ၁၇ ငါ့ကိုအတိုက်အခံပြုသူများသည်သင်တို့ အပေါ်တွင်များစွာစိတ်ဝင်စားလျက်ရှိကြ၏။ သို့ရာတွင်ရိုးသားသောရည်ရွယ်ချက်ဖြင့် မဟုတ်။ သင်တို့၏တုံ့ပြန်စိတ်ဝင်စားမှုကို ခံယူရရှိနိုင်ရန်သင်တို့အားငါနှင့်အဆက် ဖြတ်စေလိုသောကြောင့်ဖြစ်သည်။-
Ua hu mai ko lakou aloha ia oukou, aole nae ma ka pono: ke ake nei lakou e hookaawalo ia oukou, i hu mai ko oukou aloha ia lakou.
18 ၁၈ ရိုးသားသည့်ရည်ရွယ်ချက်ဖြင့်စိတ်ဝင်စားလျှင် ကောင်း၏။ ထိုသို့သောစိတ်ဝင်စားမှုသည်သင်တို့ နှင့်အတူငါရှိနေချိန်အတွင်းသာမကအစဉ် ရှိအပ်၏။-
Aka, he mea pono no ke hu ae a mau mai ke aloha i ka mea maikai, aole i ka wa wale no e noho ai au me oukou.
19 ၁၉ ငါချစ်သောသားသမီးတို့၊ ခရစ်တော်၏စိတ် နေသဘောထားမျိုးကိုသင်တို့မရမချင်း ငါသည်သားဖွားသည့်မိခင်ကဲ့သို့တစ်ဖန် ဝေဒနာခံလျက်နေရ၏။-
E kuu mau keiki liilii, ka poe a'u e haakohi nei e hoohanau hou aku, a loaa mai o Kristo iloko o oukou,
20 ၂၀ သင်တို့အားငါဆုံးမသံပြောင်းစေရန်ငါသည် ယခုပင်လျှင် သင်တို့နှင့်အတူရှိချင်ပါဘိ။ ငါ သည်သင်တို့အတွက်အလွန်စိုးရိမ်ပူပန်လျက် ရှိ၏။
Ke ake nei au e ike ia oukou i neia manawa, a e hoololi ae i kuu leo; no ka mea, ke haohao nui nei au ia oukou.
21 ၂၁ ပညတ်တရား၏လက်အောက်တွင်နေလိုသူတို့၊ သင်တို့သည်ပညတ်ကျမ်း၏မိန့်ဆိုချက်ကိုမ ကြားကြသလော။-
E hai mai oukou ia'u, e ka poe i makemake e noho malalo o ke kanawai, aole anei oukou i lohe i ke kanawai?
22 ၂၂ ထိုကျမ်းကအာဗြဟံတွင်သားနှစ်ယောက်ရှိ ကြောင်း၊ တစ်ယောက်သည်ကျွန်မနှင့်ရသောသား ဖြစ်၍အခြားတစ်ယောက်မှာလွတ်လပ်သော မိန်းမနှင့်ရသောသားဖြစ်ကြောင်းဖော်ပြပေသည်။-
No ka mea, ua palapalaia, Elua a Aberahama keikikane; hookahi na ke kauwawahine, hookahi hoi na ka hakuwahine.
23 ၂၃ ကျွန်မနှင့်ရသောသားသည်သာမန်သဘာဝ အတိုင်းမွေးဖွားလာသူဖြစ်၏။ လွတ်လပ်သော မိန်းမနှင့်ရသောသားမူကားဘုရားသခင် ၏ကတိတော်အရမွေးဖွားလာသူတည်း။-
O ka mea na ke kauwawahine, ua hanau ia ma ko ke kino; aka, o ka mea na ka hakuwahine, ma ka olelo hoopomaikai mai oia.
24 ၂၄ ဤအဖြစ်အပျက်သည်ပုံဆောင်ချက်ဖြစ်၏။ အမျိုးသမီးနှစ်ယောက်သည်ပဋိညာဉ်တော် နှစ်ပါးကိုဆိုလို၏။ အမျိုးသမီးတစ်ယောက် သည်ဟာဂရဖြစ်၍မွေးဖွားသောသားသမီး များသည်ကျွန်ဖြစ်ကြ၏။ ဟာဂရသည်သိနာ တောင်တွင်ပြုသည့်ပဋိညာဉ်တော်ကိုသရုပ် ဆောင်သတည်း။-
O keia mau mea, he hoailona ia; o laua no na kauoha elua; o kekahi nae no ke kuahiwi no Sinai mai, e hanau ana i ua keiki kauwa, oia o Hagara.
25 ၂၅ ဟာဂရသည်အာရေဗျပြည်တွင်ရှိသောသိန တောင်ကိုကိုယ်စားပြု၏။ သူသည်ယခုကျွန်ခံ နေရသောယေရုရှလင်နှင့်မြို့သူမြို့သားများ ကိုသရုပ်ဆောင်၏။-
No ka mea, o ua Hagara la oia ke kuahiwi o Sinai i Arabia; ua like hoi ia me Ierusalema i neia manawa, a e hooluhi ana oia me kana poe keiki.
26 ၂၆ သို့ရာတွင်ကောင်းကင်ဘုံဆိုင်ရာယေရုရှလင် မြို့ကား လွတ်လပ်သောမြို့ဖြစ်၍ငါတို့၏မိခင် ဖြစ်၏။-
Aka, o ka Ierusalema maluna ka hakuwahine, oia ka makuwahine o kakou a pau.
27 ၂၇ အဘယ်ကြောင့်ဆိုသော်ကျမ်းစာတော်က၊ ``အချင်းမိန်းမမြုံ၊ သင်သည်ကိုယ်ဝန်မဆောင်ဘူးသော်လည်း ရွှင်လန်းဝမ်းမြောက်လော့။ သားဖွားခြင်းဝေဒနာကိုမခံဘူးသော်လည်း ကြွေးကြော်အော်ဟစ်လော့။ လင်ယောကျာ်းစွန့်ပစ်၍ထားသောမိန်းမသည် လင်ရှိသောမိန်းမထက်ပင်ပို၍သားသမီး များကို ရရှိလိမ့်မည်'' ဟုဖော်ပြသောကြောင့်ဖြစ်၏။
No ka mea, ua palapalaia, E olioli oe, e ka mea pa, i hanau ole i keiki; e poha aku me ka hea nui, e ka mea i hanau keiki ole; no ka mea, he nui na keiki a ka mea i haaleleia, he hapa ka ka mea kane.
28 ၂၈ ညီအစ်ကိုတို့၊ သင်တို့သည်ဣဇာက်ကဲ့သို့ ဘုရားသခင်၏ကတိတော်အရဖွားမြင် သောသားသမီးများဖြစ်ကြ၏။-
E na hoahanau, he poe keiki no hoi kakou ma ka olelo hoopomaikai mai e like me Isaaka.
29 ၂၉ ထိုစဉ်အခါကသာမန်သဘာဝအားဖြင့် မွေးဖွားသောသားသည် ဝိညာဉ်အားဖြင့်မွေး ဖွားသောသားအားညှဉ်းဆဲနှိပ်စက်ခဲ့၏။ ယခု အခါ၌လည်းထိုနည်းတူပင်ဖြစ်၏။-
E like mamua, hoomaau aku la ka mea i hanau ma ke kino i ka mea i hanau ma ka Uhane, pela no hoi i neia manawa.
30 ၃၀ သို့ရာတွင်ကျမ်းစာတော်ကအဘယ်သို့ဖော်ပြ သနည်း။ ``ဤကျွန်မနှင့်သူ၏သားကိုနှင်ထုတ် လော့။ ကျွန်မ၏သားသည်လွတ်လပ်သောမိန်းမ ၏သားနှင့်အတူအမွေစားအမွေခံမဖြစ် ရ'' ဟုဖော်ပြသည်။-
Aka, heaha ka ka palapala hemolele i i mai ai? E hookuke aku oe i ua kauwawahine la a me kana keiki; no ka mea, aole e hooili pu ia'ku ka waiwai i ke keiki a ke kauwawahine me ke keiki a ka hakuwahine.
31 ၃၁ သို့ဖြစ်၍ညီအစ်ကိုတို့၊ ငါတို့ကားကျွန်မ ၏သားများမဟုတ်။ လွတ်လပ်သောမိန်းမ၏ သားများဖြစ်သတည်း။
Nolaila, e na hoahanau, aole he poe keiki kakou na ke kauwawahine, na ka hakuwahine no.