< ဂလာတိ 2 >

1 တစ်​ဆယ့်​လေး​နှစ်​မျှ​ကြာ​သော​အ​ခါ ငါ​နှင့် ဗာ​န​ဗ​တို့​သည် တိ​တု​ကို​ခေါ်​၍​ယေ​ရု ရှ​လင်​မြို့​သို့​ပြန်​သွား​၏။-
Then after the space of fourteen years I went up again to Jerusalem with Barnabas, taking Titus also with me.
2 ဘု​ရား​သ​ခင်​၏​ဗျာ​ဒိတ်​တော်​အ​တိုင်း ဤ​သို့ သွား​ရောက်​ခြင်း​ဖြစ်​သည်။ ငါ​သည်​ခေါင်း​ဆောင် များ​နှင့်​သာ​တွေ့​ဆုံ​ကာ​လူ​မျိုး​ခြား​တို့​အား ငါ​ဟော​ပြော​ကြေ​ညာ​သည့်​သ​တင်း​ကောင်း ကို​တင်​ပြ​၏။ ဤ​သို့​တင်​ပြ​ရ​ခြင်း​မှာ ယ​ခင် အ​ခါ​က​သော်​လည်း​ကောင်း၊ ယ​ခု​အ​ခါ ၌​သော်​လည်း​ကောင်း ငါ​ကြိုး​စား​ဆောင်​ရွက် သည့်​အ​မှု​တော်​ကို​အ​ချည်း​နှီး​မ​ဖြစ်​စေ လို​သော​ကြောင့်​ဖြစ်​၏။-
And I went up by revelation; and I laid before them the gospel which I preach among the Gentiles but privately before them who were of repute, lest by any means I should be running, or had run, in vain.
3 ငါ​တို့​အ​သိုင်း​အ​ဝိုင်း​ထဲ​သို့​ဝင်​ရောက်​လာ သူ​ယုံ​ကြည်​သူ​အ​ယောင်​ဆောင်​အ​ချို့​တို့​က ငါ​၏​အ​ဖော်​တိ​တု​အား​အ​ရေ​ဖျား​လှီး မင်္ဂ​လာ​ကို​ပေး​စေ​လို​ကြ​၏။ သူ​သည်​ဂ​ရိ အ​မျိုး​သား​ပင်​ဖြစ်​သော်​လည်း ငါ​သည် သူ့​အား​အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ကို​အ​တင်း မ​ခံ​စေ​ပါ။ ခ​ရစ်​တော်​နှင့်​တစ်​လုံး​တစ်​ဝ တည်း​ရှိ​ခြင်း​အား​ဖြင့် ငါ​တို့​ရ​ရှိ​သော လွတ်​လပ်​မှု​ကို​လျှို့​ဝှက်​စွာ​စုံ​စမ်း​လို​သ​ဖြင့် ထို​သူ​တို့​သည်​ငါ​တို့​အ​သိုင်း​အ​ဝိုင်း​ထဲ သို့​ဝင်​ရောက်​လာ​ကြ​ခြင်း​ဖြစ်​သည်။ သူ​တို့ က​ငါ​တို့​အား​ကျွန်​ဖြစ်​စေ​လို​ကြ​၏။-
But not even Titus who was with me, being a Greek, was compelled to be circumcised:
4
and that because of the false brethren privily brought in, who came in privily to spy out our liberty which we have in Christ Jesus, that they might bring us into bondage:
5 သို့​ရာ​တွင်​သ​တင်း​ကောင်း​ဆိုင်​ရာ​သစ္စာ​တ​ရား ကို သင်​တို့​အ​တွက်​ထိန်း​သိမ်း​ထား​နိုင်​ရန် ငါ တို့​သည်​သူ​တို့​အား​ခေတ္တ​ခ​ဏ​မျှ​ပင် အ​လျှော့​မ​ပေး​ခဲ့။
to whom we gave place in the way of subjection, no, not for an hour; that the truth of the gospel might continue with you.
6 ခေါင်း​ဆောင်​များ​ဟု​ထင်​မှတ်​ရ​သူ​တို့​သည် ငါ့​အား​အ​ကြံ​ဉာဏ်​သစ်​မ​ပေး​ကြ။ သူ​တို့ သည်​အ​ကယ်​ပင်​ခေါင်း​ဆောင်​များ​ဟုတ် သည်​မ​ဟုတ်​သည်​မှာ ငါ​၏​အ​တွက်​အ​ရေး မ​ကြီး​ပါ။ အ​ဘယ်​ကြောင့်​ဆို​သော်​ဘု​ရား သ​ခင်​သည်​အ​ပြင်​ပုံ​သဏ္ဌာန်​အား​ဖြင့် လူ တို့​အား​အ​ကဲ​ဖြတ်​တော်​မ​မူ​သော​ကြောင့် ပင်​ဖြစ်​၏။-
But from those who were reputed to be somewhat (whatsoever they were, it maketh no matter to me: God accepteth not man’s person)—they, I say, who were of repute imparted nothing to me:
7 ထို​သူ​တို့​သည်​ငါ့​အား​အ​ကြံ​ဉာဏ်​သစ် ပေး​မည့်​အ​စား​ဘု​ရား​သ​ခင်​သည် ပေ​တ​ရု အား​သ​တင်း​ကောင်း​ကို​အ​ရေ​ဖျား​လှီး မင်္ဂ​လာ​ခံ​သူ​တို့​အား ဟော​ပြော​ကြေ​ညာ ရန်​တာ​ဝန်​ပေး​တော်​မူ​သ​ကဲ့​သို့ ငါ့​အား လူ​မျိုး​ခြား​တို့​အား​သ​တင်း​ကောင်း​ကို ဟော​ပြော​ကြေ​ညာ​ရန် တာ​ဝန်​ပေး​တော်​မူ ကြောင်း​သိ​မြင်​လာ​ကြ​လေ​သည်။-
but contrariwise, when they saw that I had been intrusted with the gospel of the uncircumcision, even as Peter with [the gospel] of the circumcision
8 အ​ဘယ်​ကြောင့်​ဆို​သော်​ဘု​ရား​သ​ခင်​သည် တန်​ခိုး​တော်​ဖြင့် ပေ​တ​ရု​အား​အ​ရေ​ဖျား လှီး​မင်္ဂ​လာ​ခံ​သူ​တို့​အ​တွက် တ​မန်​တော် အ​ဖြစ်​ခန့်​ထား​တော်​မူ​သ​ကဲ့​သို့ ငါ့​အား လည်း​လူ​မျိုး​ခြား​တို့​အ​တွက်​တ​မန်​တော် အ​ဖြစ်​ခန့်​ထား​တော်​မူ​သော​ကြောင့်​ဖြစ်​၏။-
(for he that wrought for Peter unto the apostleship of the circumcision wrought for me also unto the Gentiles);
9 အ​သင်း​တော်​၏​မဏ္ဍိုင်​များ​ဖြစ်​ကြ​သော ယာ​ကုပ်၊ ပေ​တ​ရု​နှင့်​ယော​ဟန်​တို့​က​ငါ့ အား​ဘု​ရား​သ​ခင်​ပေး​တော်​မူ​သော​အ​ခွင့် ထူး​ကို အ​သိ​အ​မှတ်​ပြု​ကြ​ပေ​သည်။ သို့ ဖြစ်​၍​ငါ​တို့​အား​လုံး​သည်​လုပ်​ဖော်​ကိုင် ဘက်​များ​ဖြစ်​ကြောင်း​ကို​ပြ​သည့်​အ​နေ ဖြင့် သူ​တို့​သည်​ဗာ​န​ဗ​နှင့်​ငါ့​အား​လက် ဆွဲ​၍​နှုတ်​ဆက်​ကြ​၏။ ငါ​တို့​က​လူ​မျိုး ခြား​တို့​ထံ​တွင်​အ​မှု​တော်​ဆောင်​ရန်​နှင့် သူ​တို့​က​ယု​ဒ​အ​မျိုး​သား​တို့​ထံ​တွင် အ​မှု​တော်​ဆောင်​ရန်​သ​ဘော​တူ​ကြ​သည်။-
and when they perceived the grace that was given unto me, James and Cephas and John, they who were reputed to be pillars, gave to me and Barnabas the right hands of fellowship, that we should go unto the Gentiles, and they unto the circumcision;
10 ၁၀ ငါ​တို့​သည်​ဆင်း​ရဲ​သူ​တို့​ကို​သ​တိ​ရ ကူ​ညီ​မ​စ​ရန်​သူ​တို့​အ​လို​ရှိ​၏။ ထို​သို့ ဆောင်​ရွက်​ရန်​ငါ​လည်း​စိတ်​စေ​တ​နာ ထက်​သန်​၏။
only [they would] that we should remember the poor; which very thing I was also zealous to do.
11 ၁၁ အန္တိ​အုတ်​မြို့​သို့​ပေ​တ​ရု​ရောက်​ရှိ​လာ​သော အ​ခါ သူ​၏​အ​ပြု​အ​မူ​သည်​မှား​လျက်​နေ သည်​မှာ​သိ​သာ​ထင်​ရှား​သ​ဖြင့် ငါ​သည် သူ့​အား​လူ​တို့​ရှေ့​တွင်​ပြစ်​တင်​ပြော​ဆို​၏။-
But when Cephas came to Antioch, I resisted him to the face, because he stood condemned.
12 ၁၂ ယာ​ကုပ်​စေ​လွှတ်​လိုက်​သော​သူ​များ​မ​ရောက်​မီ သူ​သည်​လူ​မျိုး​ခြား​တို့​နှင့်​အ​တူ​စား​သောက် လျက်​နေ​၏။ သို့​သော်​လည်း​ယာ​ကုပ်​စေ​လွှတ် လိုက်​သော​သူ​တို့​ရောက်​ရှိ​လာ​သော​အ​ခါ​၌ မူ​ကား လူ​မျိုး​ခြား​တို့​နှင့်​ပေါင်း​ဖော်​စား သောက်​မှု​ကို​မ​ပြု​တော့​ချေ။ အ​ဘယ်​ကြောင့် ဆို​သော်​သူ​သည်​လူ​မျိုး​ခြား​တို့​အား အ​ရေ ဖျား​လှီး​မင်္ဂလာ​ခံ​စေ​လို​သော​သူ​တို့​ကို ကြောက်​သော​ကြောင့်​ဖြစ်​သည်။-
For before that certain came from James, he ate with the Gentiles; but when they came, he drew back and separated himself, fearing them that were of the circumcision.
13 ၁၃ အ​ခြား​ယု​ဒ​အ​မျိုး​သား​ယုံ​ကြည်​သူ​များ သည်​လည်း ပေ​တ​ရု​ကဲ့​သို့​ပင်​သူ​ရဲ​ဘော​ကြောင် သည့်​အ​ပြု​အ​မူ​ကို​ပြု​လုပ်​လာ​သ​ဖြင့် ဗာ​န​ဗ ပင်​လျှင်​သူ​တို့​၏​ဘက်​သို့​လိုက်​ပါ​သွား​လေ သည်။-
And the rest of the Jews dissembled likewise with him; insomuch that even Barnabas was carried away with their dissimulation.
14 ၁၄ သို့​ရာ​တွင်​သူ​တို့​၏​အ​ပြု​အ​မူ​သည်​သ​တင်း ကောင်း​ဆိုင်​ရာ​သစ္စာ​တ​ရား​နှင့်​ကိုက်​ညီ​မှု​မ​ရှိ ကြောင်း​ကို ငါ​သိ​မြင်​သော​အ​ခါ ပေ​တ​ရု​အား လူ​အ​ပေါင်း​တို့​ရှေ့​တွင်``သင်​သည်​ယု​ဒ​အ​မျိုး သား​ဖြစ်​ပါ​လျက် ယု​ဒ​အ​မျိုး​သား​ကဲ့​သို့ မ​ဟုတ်​ဘဲ လူ​မျိုး​ခြား​ကဲ့​သို့​ပြု​မူ​နေ​ထိုင် လျက်​ရှိ​ရာ သင်​သည်​အ​ဘယ်​ကြောင့်​လူ​မျိုး ခြား​တို့​အား​ယု​ဒ​အ​မျိုး​သား​တို့​ကဲ့​သို့ ပြု​မူ​နေ​ထိုင်​စေ​ရန်​အ​နိုင်​အ​ထက်​ပြု​ပါ သ​နည်း'' ဟု​မေး​၏။
But when I saw that they walked not uprightly according to the truth of the gospel, I said unto Cephas before [them] all, If thou, being a Jew, livest as do the Gentiles, and not as do the Jews, how compellest thou the Gentiles to live as do the Jews?
15 ၁၅ ငါ​တို့​ကိုယ်​တိုင်​ပင်​လျှင်​ဇာ​တိ​အား​ဖြင့်​ယု​ဒ အ​မျိုး​သား​များ​ဖြစ်​ကြ​၏။ ``အ​ပြစ်​ကူး​သူ လူ​မျိုး​ခြား​များ'' မ​ဟုတ်​ကြ။-
We being Jews by nature, and not sinners of the Gentiles,
16 ၁၆ သို့​ရာ​တွင်​လူ​သည်​ပ​ညတ်​တ​ရား​ကို​စောင့်​ထိန်း ခြင်း​အား​ဖြင့် ဘု​ရား​သ​ခင်​နှင့်​မှန်​ကန်​စွာ​ဆက် ဆံ​ခွင့်​ကို​မ​ရ​နိုင်​ကြောင်း၊ ခ​ရစ်​တော်​ကို​ယုံ​ကြည် ခြင်း​အား​ဖြင့်​သာ​လျှင်​ရ​နိုင်​ကြောင်း​ကို​ငါ​တို့ သိ​ကြ​၏။ ငါ​တို့​သည်​လည်း​ပ​ညတ်​တ​ရား​ကို စောင့်​ထိန်း​ခြင်း​အား​ဖြင့်​မ​ဟုတ်​ဘဲ ခ​ရစ်​တော် ကို​ယုံ​ကြည်​ခြင်း​အား​ဖြင့် ဘု​ရား​သ​ခင်​နှင့် မှန်​ကန်​စွာ​ဆက်​ဆံ​ခွင့်​ကို​ရ​ရှိ​နိုင်​ရန် ခ​ရစ် တော်​ယေ​ရှု​ကို​ယုံ​ကြည်​ကြ​၏။ အ​ဘယ်​ကြောင့် ဆို​သော်​ပ​ညတ်​တ​ရား​ကို​စောင့်​ထိန်း​ခြင်း အား​ဖြင့် မည်​သူ​မျှ​ဘု​ရား​သ​ခင်​နှင့်​မှန်​ကန် စွာ​ဆက်​ဆံ​ခွင့်​ကို​မ​ရ​နိုင်​သော​ကြောင့်​ဖြစ်​၏။-
yet knowing that a man is not justified by the works of the law but through faith in Jesus Christ, even we believed on Christ Jesus, that we might be justified by faith in Christ, and not by the works of the law: because by the works of the law shall no flesh be justified.
17 ၁၇ သို့​ဖြစ်​၍​ငါ​တို့​သည်​ခ​ရစ်​တော်​နှင့်​တစ်​လုံး တစ်​ဝ​တည်း​ဖြစ်​ခြင်း​အား​ဖြင့် ဘု​ရား​သ​ခင် နှင့်​မှန်​ကန်​စွာ​ဆက်​ဆံ​ခွင့်​ကို​ရ​ရှိ​နိုင်​ရန်​ကြိုး စား​ကြ​ရာ​တွင် မိ​မိ​တို့​သည်​လည်း​လူ​မျိုး​ခြား တို့​နည်း​တူ​အ​ပြစ်​ကူး​သူ​များ​ဖြစ်​ကြောင်း တွေ့​ရှိ​ကြ​ပါ​လျှင် ခ​ရစ်​တော်​သည်​ငါ​တို့ အ​ပြစ်​ကူး​မှု​ကို​အား​ပေး​သည်​ဟု​ဆို​နိုင် မည်​လော။ အ​ဘယ်​နည်း​နှင့်​မျှ​မ​ဆို​နိုင်။-
But if, while we sought to be justified in Christ, we ourselves also were found sinners, is Christ a minister of sin? God forbid.
18 ၁၈ အ​ကယ်​၍​မိ​မိ​ဖြို​ဖျက်​ခဲ့​သော​အ​ရာ​ကို ပြန်​လည်​တည်​ဆောက်​မည်​ဆို​ပါ​က ငါ​သည် ပညတ်​တ​ရား​ကို​ချိုး​ဖောက်​သူ​ဖြစ်​ကြောင်း ဖော်​ပြ​ရာ​ရောက်​ပေ​သည်။-
For if I build up again those things which I destroyed, I prove myself a transgressor.
19 ၁၉ ပ​ညတ်​တ​ရား​က​ငါ့​အား​သေ​စေ​သည်​ဖြစ်​ရာ ပ​ညတ်​တ​ရား​နှင့်​ပတ်​သက်​လျှင် ငါ​သည်​သူ​သေ ဖြစ်​၏။ သို့​မှ​သာ​ဘု​ရား​သ​ခင်​၏​အ​တွက်​အ​သက် ရှင်​နိုင်​မည်​ဖြစ်​သည်။ ငါ​သည်​ခ​ရစ်​တော်​နှင့် အ​တူ​လက်​ဝါး​ကပ်​တိုင်​ပေါ်​တွင်​ကွပ်​မျက် ခြင်း​ခံ​ရ​လေ​ပြီ။-
For I through the law died unto the law, that I might live unto God.
20 ၂၀ သို့​ဖြစ်​၍​ငါ​သည်​အ​သက်​မ​ရှင်​တော့​ဘဲ​ခ​ရစ် တော်​သာ​လျှင်​ငါ​၌​ရှင်​တော်​မူ​၏။ ယ​ခု​ငါ​၌ ရှိ​သော​အ​သက်​သည်​ဘု​ရား​သ​ခင်​၏​သား တော်​ကို​ယုံ​ကြည်​ခြင်း​အား​ဖြင့်​ရှင်​သန်​လျက် နေ​သော​အ​သက်​ဖြစ်​၏။ သား​တော်​သည်​ငါ့​ကို ချစ်​တော်​မူ​သ​ဖြင့်​ငါ​၏​အ​တွက်​မိ​မိ အ​သက်​ကို​စွန့်​တော်​မူ​၏။-
I have been crucified with Christ; and it is no longer I that live, but Christ liveth in me: and that [life] which I now live in the flesh I live in faith, [the faith] which is in the Son of God, who loved me, and gave himself up for me.
21 ၂၁ ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​ကို​ငါ​မ​ပစ် ပယ်။ အ​ကယ်​၍​လူ​တို့​သည်​ပ​ညတ်​တ​ရား​အား ဖြင့် ဘု​ရား​သ​ခင်​နှင့်​မှန်​ကန်​စွာ​ဆက်​ဆံ​ခွင့်​ကို ရ​ရှိ​နိုင်​ကြ​လျှင် ခ​ရစ်​တော်​သည်​အ​ချည်း​နှီး အ​သေ​ခံ​တော်​မူ​ပြီ။
I do not make void the grace of God: for if righteousness is through the law, then Christ died for nought.

< ဂလာတိ 2 >