< ဧဇရ 9 >
1 ၁ ဤအမှုကိစ္စအပေါင်းကိုဆောင်ရွက်၍ပြီးသော အခါ ဣသရေလအမျိုးသားခေါင်းဆောင်အချို့ တို့သည် ငါ့ထံသို့လာ၍``ပြည်သူများ၊ ယဇ်ပုရော ဟိတ်များနှင့်လေဝိအနွယ်ဝင်များသည် မိမိ တို့ပတ်ဝန်းကျင်တွင် ရှိသည့်အမ္မုန်ပြည်၊ မောဘ ပြည်၊ အီဂျစ်ပြည်တို့မှလူများနှင့်လည်းကောင်း၊ ခါနာနိ၊ ဟိတ္တိအမျိုးသားများ၊ ဖေရဇိအမျိုး သား၊ ယေဗုသိအမျိုးသားများ၊ အာမောရိ အမျိုးသားများနှင့်လည်းကောင်း ကင်းရှင်း စွာမနေကြ။ သူတို့သည်ထိုသူတို့ပြုကျင့် သည့် စက်ဆုတ်ရွံရှာဖွယ်ကောင်းသောအမှု တို့ကိုပြုကျင့်ကြပါ၏။-
၁ထို အမှုပြီး မှ၊ အကြီး အကဲတို့သည် ငါ့ ထံ သို့လာ ၍ ယဇ်ပုရောဟိတ် ၊ လေဝိ သားအစရှိသော ဣသရေလ အမျိုးသားတို့သည် ဤပြည်သား ရင်းတို့နှင့် ပေါင်းဘော် သဖြင့်၊ ခါနာနိ လူ၊ ဟိတ္တိ လူ၊ ဖေရဇိ လူ၊ ယေဗုသိ လူ၊ အမ္မုန် လူ၊ မောဘ လူ၊ အဲဂုတ္တု လူ၊ အာမောရိ လူတို့ ရွံရှာ ဘွယ်သောအကျင့် ကို ကျင့်ကြပါ၏။
2 ၂ ယုဒအမျိုးသားတို့သည်လူမျိုးခြားအမျိုး သမီးများနှင့်အိမ်ထောင်ပြုကြသည်ဖြစ်၍ ဘုရားသခင်၏သီးသန့်လူမျိုးတော်သည် ညစ်ညမ်းလေပြီ။ ဤအပြစ်ကိုကူးလွန်ရာ တွင်ခေါင်းဆောင်များနှင့်အရာရှိများသည် အဆိုးဆုံးဖြစ်ပါသည်'' ဟုပြောကြားကြ၏။-
၂အကြောင်း မူကား၊ သူ တို့သမီး များကို ကိုယ် ဘို့ ၎င်း၊ ကိုယ် သား ဘို့ ၎င်း၊ သိမ်း ယူသဖြင့် ၊ သန့်ရှင်း သော အမျိုး သည် ဤပြည်သား ရင်းအမျိုးနှင့် ရောနှော လျက်ရှိ၍ ၊ အကြီး အကဲနှင့် မင်း အရာရှိတို့သည်၊ ဤဒုစရိုက် အမှုကို အဦးပြုကြပြီတကားဟု ကြားပြောကြ၏။
3 ၃ ထိုစကားကိုကြားသောအခါငါသည် အဝတ်များကိုဆုတ်ပြီးနောက် ဆံပင်နှင့် မုတ်ဆိတ်ကိုဆွဲနုတ်ကာဝမ်းနည်းလျက် ထိုင်နေ၏။-
၃ထို စကား ကို ငါ ကြား လျှင် အတွင်း အဝတ်၊ အပြင် အဝတ်ကို ဆုတ် ၍ ဆံပင် နှင့် မုတ်ဆိတ် ကို နှုတ် ပစ်လျက်၊ မိန်းမော တွေဝေလျက် ထိုင် နေ၏။
4 ၄ ညဥ့်ဦးယဇ်ပူဇော်ချိန်ကျရောက်၍လူတို့သည် ငါ၏အနီးတွင်လာရောက်စုရုံးကြသည့်တိုင် အောင် ငါသည်ဝမ်းနည်းကြေကွဲသောစိတ်နှင့် ထိုအရပ်တွင်ထိုင်လျက်နေ၏။ ထိုသူတို့သည် ပြည်နှင်ဒဏ်သင့်ရာမှပြန်လာသူတို့၏ အပြစ်များအကြောင်းနှင့်ပတ်သက်၍ ဣသ ရေလအမျိုးသားတို့၏ဘုရားသခင် မိန့်တော်မူသောစကားကြောင့် ကြောက်လန့် နေကြသူများဖြစ်သတည်း။
၄ထိုအခါ ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား အမိန့် တော်ကို ကြောက်ရွံ သောသူအပေါင်း တို့သည်၊ သိမ်း သွားခြင်းကို ခံရသောသူတို့ ပြစ်မှားသော အပြစ် ကြောင့် ၊ ငါ့ ထံ မှာစည်းဝေး ၍၊ ညဦးယံ ယဇ် ပူဇော်ချိန်တိုင်အောင် ငါ သည်မိန်းမော တွေဝေလျက် နေ ၏။
5 ၅ ညဥ့်ဦးယဇ်ပူဇော်ချိန်ရောက်သောအခါ ငါ သည်ညည်းတွားမြည်တမ်းလျက် ထိုင်၍နေရာ မှထပြီးလျှင် စုတ်နေသောအဝတ်များနှင့်ပင် ဒူးထောက်လျက် ငါ၏ဘုရားသခင်ထာဝရ ဘုရား၏ထံတော်သို့လက်အုပ်ချီ၍ဆု တောင်းပတ္ထနာပြု၏။-
၅ညဦးယံ ယဇ် ပူဇော်ချိန်တွင် ၊ စိတ်ပျက် ရာမှ ထ ၍ အတွင်း အဝတ်၊ ပြင် အဝတ်ကို ဆုတ် ပြီးလျှင် ၊ ဒူး ထောက် ၍ ၊ ငါ ၏ ဘုရား သခင်ထာဝရဘုရား ထံ တော်သို့ လက်ဝါး တို့ကို ဖြန့် လျက်၊
6 ၆ ငါက``အို ဘုရားသခင်၊ အကျွန်ုပ်သည်ကိုယ်တော် ၏ရှေ့တော်၌ ခေါင်းမမော်ဝံ့အောင်ပင်ရှက်ပါ၏။ အကျွန်ုပ်တို့၏အပြစ်များသည် အကျွန်ုပ်တို့ ဦးခေါင်းကိုလွှမ်းမိုးသည့်တိုင်အောင်များပြား ပါ၏။ ထိုအပြစ်များသည် မိုးကောင်းကင် အထိမြင့်မားကြီးလေးပါ၏။-
၆အို အကျွန်ုပ် ဘုရား သခင်၊ ကိုယ်တော်သို့ မမျှော် မ ကြည့်ဝံ့၊ ရှက်ကြောက် ၍ မျက်နှာနီပါ၏။ အကျွန်ုပ် ဘုရား သခင်၊ အကျွန်ုပ် တို့ ပြုမိသော ဒုစရိုက် တို့သည် အကျွနုပ်တို့ ခေါင်း ပေါ် မှာ အထပ်ထပ် လွှမ်းမိုး၍ ၊ ကြီးစွာသော အပြစ် သည် မိုဃ်းကောင်းကင် သို့ မှီ ပါ၏။
7 ၇ ဘိုးဘေးများလက်ထက်မှအစပြု၍ယနေ့ တိုင်အောင်ပင် ကိုယ်တော်၏လူမျိုးတော်အကျွန်ုပ် တို့သည် လွန်စွာအပြစ်ကူးခဲ့ကြပါ၏။ ထို အပြစ်များကြောင့်အကျွန်ုပ်တို့၏ဘုရင်များ နှင့်ယဇ်ပုရောဟိတ်တို့သည် လူမျိုးခြားဘုရင် များ၏လက်သို့အပ်နှင်းခြင်း၊ ဋ္ဌားဘေးသင့်ခြင်း၊ လုယက်ခြင်း၊ သုံ့ပန်းအဖြစ်ဖမ်းဆီးသွားခြင်း၊ ယခုအခါ၌ကဲ့သို့လုံးဝအသရေပျက် ခြင်းတို့ကိုခံရကြပါ၏။-
၇ဘိုးဘေး လက်ထက် မှစ၍ ယနေ့ တိုင်အောင် ၊ အလွန် ပြစ်မှား ပါပြီ။ ကိုယ် အပြစ် ကြောင့် ရှင်ဘုရင် နှင့် ယဇ်ပုရောဟိတ် မှစ၍၊ အကျွန်ုပ် တို့သည် ယနေ့ တိုင်အောင်ခံသကဲ့သို့ ၊ တပါးအမျိုးသားရှင်ဘုရင် လက် သို့ အပ် ခြင်း၊ အသေ သတ်ခြင်း၊ သိမ်း သွားခြင်း၊ လုယက် ခြင်း၊ မျက်နှာပျက် ခြင်းကို ခံရပါ၏။
8 ၈ အို အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော်သည်အကျွန်ုပ်တို့အားကရုဏာထား တော်မူသဖြင့် လူမျိုးခြားတို့၏လက်မှလွတ် မြောက်စေ၍ ယခုအခါသန့်ရှင်းမြင့်မြတ်သည့် ဌာနတော်တွင် ကာလအနည်းငယ်မျှဘေးမဲ့ လုံခြုံစွာနေရသောအခွင့်ကိုပေးတော်မူပါ ပြီ။ ကိုယ်တော်သည်ကျွန်ုပ်တို့အား ကျွန်ဘဝမှ လွတ်မြောက်စေ၍ဘဝသစ်ကိုပေးတော်မူ ပါပြီ။-
၈ယခု ခဏ တွင်၊ အကျွန်ုပ် တို့၏ ဘုရား သခင်ထာဝရဘုရား သည်၊ အကျွန်ုပ် တို့ကို ဘေးမဲ့လွှတ် ၍ ကျန် ကြွင်းစေလျက် ၊ သန့်ရှင်း သော ဌာန တော်၌ စွဲထားသော တံစို့ ကိုပေး တော်မူသောကျေးဇူး တော်ကြီးလှပါ၏။ အကျွန်ုပ် တို့ဘုရား သခင်သည် အကျွန်ုပ် တို့ မျက်စိ ကို လင်း စေ၍ ၊ အကျွန်ုပ် တို့ ကျွန် ခံနေရာ၌ အသက်ရှု ပြန်ရသော အခွင့်ကိုပေး တော်မူပြီ။
9 ၉ အကျွန်ုပ်တို့သည်ကျွန်ခံလျက်နေကြရ သော်လည်း ကိုယ်တော်ရှင်သည်အကျွန်ုပ်တို့ ကိုစွန့်ပစ်တော်မမူပါ။ ကိုယ်တော်သည်ပေရသိ ဘုရင်တို့ရှေ့တွင် အကျွန်ုပ်တို့ကိုမျက်နှာသာ ရစေတော်မူ၍ အသက်ရှင်ခွင့်နှင့်ပျက်စီး ယိုယွင်းနေသည့်ဗိမာန်တော်ကိုပြန်လည် တည်ဆောက်ခွင့်နှင့် ယုဒပြည်နှင့်ယေရုရှလင် မြို့တို့တွင် ဘေးမဲ့လုံခြုံစွာနေထိုင်ခွင့်ကို ပေးစေတော်မူပါ၏။
၉အကျွန်ုပ် တို့သည် ကျွန် ခံလျက်နေရပါ၏။ ထိုသို့ ကျွန် ခံလျက် နေရသော်လည်း ၊ အကျွန်ုပ် တို့၏ ဘုရား သခင် သည် စွန့်ပစ် တော်မ မူ။ အကျွန်ုပ် တို့ အသက် လွတ် ခြင်းငှါ ၎င်း၊ အကျွန်ုပ် တို့ ဘုရား သခင်၏အိမ် တော်ကို ထူထောင် ၍ ၊ ပြိုပျက် ရာတို့ကို ပြုပြင် ခြင်းငှါ ၎င်း ၊ ယုဒ ပြည် ယေရုရှလင် မြို့၌ ခိုလှုံရာအရပ်ကို အကျွန်ုပ် အား ပေး ခြင်းငှါ ၎င်း ၊ ပေရသိ ရှင် ဘုရင်တို့သည် အကျွန်ုပ် တို့၌ ကျေးဇူးပြုချင်သော စေတနာ စိတ်ကိုပေး သနားတော်မူပြီ။
10 ၁၀ ``သို့ရာတွင် အို ဘုရားသခင်၊ ထိုသို့ကျေးဇူး တော်ကိုခံစားရပြီးမှ အကျွန်ုပ်တို့သည် အဘယ်သို့လျှောက်ထားနိုင်ကြပါမည်နည်း။ ကိုယ်တော်က`သင်တို့သိမ်းပိုက်လတ္တံ့သောပြည် သည်ညစ်ညမ်းသည်။ ပြည်သူပြည်သားတို့သည် ပြည်တစ်စွန်းမှတစ်စွန်းတိုင်အောင် စက်ဆုတ် ရွံရှာဖွယ်ကောင်းသည့်အကျင့်ဆိုးများဖြင့် ပြည့်နှက်စေလေပြီ။ သင်တို့သည်ထိုပြည် ထွက်အသီးအနှံများကိုဝစွာစားသုံးကာ ထိုပြည်ကိုလည်းမိမိတို့သားမြေးများ လက်သို့ထာဝစဉ်အပ်နှံလိုကြပါက ထို ပြည်သူပြည်သားတို့နှင့်အဘယ်အခါ၌ မျှထိမ်းမြားစုံဖက်မှုမပြုကြနှင့်။ သူတို့ ၏ကြီးပွားတိုးတက်ရေးအတွက်အဘယ် အခါ၌မျှ အကူအညီမပေးကြနှင့်' ဟုကိုယ်တော်၏အစေခံပရောဖက်များ အားဖြင့် ပေးတော်မူသောအမိန့်တော်တို့ကို အကျွန်ုပ်တို့မနာခံကြပါ။-
၁၀ယခု လည်း အိုအကျွန်ုပ် တို့၏ ဘုရား သခင်၊ ဤသို့ ပြုမိပြီးမှ၊ အဘယ် သို့လျှောက် ရပါမည်နည်း။
၁၁ကိုယ်တော်က၊ သင် တို့သွား ၍ သိမ်း ယူလတံ့ သော ပြည် သည်၊ ပြည်သူ ပြည်သားတို့ အညစ် အကြေးကြောင့် ညစ်ညူး သော ပြည် ဖြစ်၏။ တပြည်လုံး ကို ရွံရှာ ဘွယ်အမှုတို့နှင့် ပြည့် စေကြပြီ။
၁၂သို့ဖြစ်၍ သင် တို့သမီး ကို သူ တို့သား အား မ ပေးစား ကြနှင့်။ သူ တို့၏သမီး ကို သင် တို့သား နှင့် မ စုံဘက် စေကြနှင့်။ သူ တို့ချမ်းသာ နှင့် သူ တို့စည်းစိမ် ကို အလျှင်းမ ပြုစု ကြနှင့်။ သင်တို့သည် ခွန်အား ကြီး၍ မြေ အသီး အနှံကို စား ရသောအခွင့်၊ ထိုမြေ ကို ကိုယ် သား မြေးတို့၌ နိစ္စ အမွေမြေဖြစ်စေ၍၊ အပ်ရသောအခွင့်ရှိစေခြင်းငှါ၊ ထိုသို့ကျင့်၍ နေကြလော့ဟု ကိုယ်တော် ကျွန် ၊ ပရောဖက် တို့အားဖြင့်မှာ ထားတော်မူသော ပညတ် စကားတော်ကို အကျွန်ုပ်တို့သည် နား မထောင်ပါ တကား။
13 ၁၃ အကျွန်ုပ်တို့သည်မိမိတို့အပြစ်ဒုစရိုက် များအတွက် ဤမျှအပြစ်ဒဏ်ခံကြရပြီး သော်လည်း၊ အို အကျွန်ုပ်တို့၏ဘုရားသခင်၊ ကိုယ်တော်သည်အကျွန်ုပ်တို့အားခံထိုက်သည် ထက်ပင်လျှော့၍အပြစ်ပေးတော်မူကာ အသက်မသေဘဲကျန်ရှိစေတော်မူပြီ။-
၁၃အကျွန်ုပ် တို့၏ ဘုရား သခင်ထာဝရဘုရား တည်းဟူသောကိုယ်တော် သည် အကျွန်ုပ် တို့ခံထိုက်သမျှသော အပြစ် ဒဏ်ကိုပေး တော်မမူသော်လည်း ၊ အကျွန်ုပ် တို့သည် ကိုယ်တိုင်ပြု မိသော ဒုစရိုက် အမှု၊ ကြီး စွာသော လွန်ကျူးခြင်းအပြစ် ကြောင့် ၊ ဤမျှလောက်ခံရ ပြီးမှ ၎င်း၊ ကိုယ်တော်သည် ဤ မျှလောက် ချမ်းသာ ပေး တော်မူပြီးမှ၎င်း၊
14 ၁၄ အကျွန်ုပ်တို့သည်ကိုယ်တော်၏ပညတ်တော် တို့ကိုတစ်ဖန်လျစ်လူရှုလျက် ဤယုတ်မာသူ များနှင့်ထိမ်းမြားစုံဖက်ကြလျှင် ကိုယ်တော် သည်အကျွန်ုပ်တို့အားအမျက်ပြင်းစွာထွက် တော်မူသဖြင့် တစ်ယောက်မျှမကျန်အောင် သုတ်သင်ဖျက်ဆီးပစ်တော်မူမည်မဟုတ် ပါလော။-
၁၄အကျွန်ုပ်တို့သည် ပညတ် တရားတော်တို့ကို တဖန် လွန်ကျူး ၍ ၊ ဤ ရွံရှာ ဘွယ်အမှုတို့ကို ပြုတတ်သော လူမျိုး နှင့် ပေါင်းဘော် လျှင် တယောက်မျှမလွတ်၊ မ ကျန် ကြွင်းစေခြင်းငှါ ၊ အမျက် တော်ထွက်၍ အကျွန်ုပ် တို့ကို ဖျက်ဆီး တော်မူမည်မဟုတ် လော။
15 ၁၅ အို ဣသရေလအမျိုးသားတို့၏ဘုရားသခင် ထာဝရဘုရား၊ ကိုယ်တော်သည်ဖြောင့်မတ်တော် မူသောအရှင်ဖြစ်တော်မူပါ၏။ သို့ရာတွင် ကိုယ်တော်သည် အကျွန်ုပ်တို့အားအသက်ကို ချမ်းသာပေးတော်မူပါပြီ။ အကျွန်ုပ်တို့သည် မိမိတို့၏အပြစ်ကိုဖော်ပြဝန်ခံကြပါ၏။ ဤအပြစ်ကြောင့်ရှေ့တော်မှောက်သို့ ဝင်ရောက် နိုင်သူတစ်ယောက်မျှမရှိပါ'' ဟုတောင်း လျှောက်လေ၏။
၁၅အို ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား ၊ ကိုယ်တော် သည် ဖြောင့်မတ် တော်မူ၏။ အကျွန်ုပ် တို့သည် ယနေ့ အသက် လွတ်၍ ကျန် ကြွင်းသေးသောသူဖြစ် ပါ၏။ ကိုယ် အပြစ် များကို ရှေ့ တော်၌ တောင်းပန်ပါ၏။ ထို အပြစ်ကြောင့် ၊ ရှေ့ တော်၌ နေရာ မရနိုင်ပါဟု တောင်းလျှောက်လေ၏။