< ဧ​ဇ​ရ 9 >

1 ဤ​အ​မှု​ကိစ္စ​အ​ပေါင်း​ကို​ဆောင်​ရွက်​၍​ပြီး​သော အ​ခါ ဣ​သ​ရေ​လ​အ​မျိုး​သား​ခေါင်း​ဆောင်​အ​ချို့ တို့​သည် ငါ့​ထံ​သို့​လာ​၍``ပြည်​သူ​များ၊ ယဇ်​ပု​ရော ဟိတ်​များ​နှင့်​လေ​ဝိ​အ​နွယ်​ဝင်​များ​သည် မိ​မိ တို့​ပတ်​ဝန်း​ကျင်​တွင် ရှိ​သည့်​အမ္မုန်​ပြည်၊ မော​ဘ ပြည်၊ အီ​ဂျစ်​ပြည်​တို့​မှ​လူ​များ​နှင့်​လည်း​ကောင်း၊ ခါ​နာ​နိ၊ ဟိတ္တိ​အ​မျိုး​သား​များ၊ ဖေ​ရ​ဇိ​အ​မျိုး သား၊ ယေ​ဗု​သိ​အ​မျိုး​သား​များ၊ အာ​မော​ရိ အ​မျိုး​သား​များ​နှင့်​လည်း​ကောင်း ကင်း​ရှင်း စွာ​မ​နေ​ကြ။ သူ​တို့​သည်​ထို​သူ​တို့​ပြု​ကျင့် သည့် စက်​ဆုတ်​ရွံ​ရှာ​ဖွယ်​ကောင်း​သော​အ​မှု တို့​ကို​ပြု​ကျင့်​ကြ​ပါ​၏။-
וּכְכַלֹּ֣ות אֵ֗לֶּה נִגְּשׁ֨וּ אֵלַ֤י הַשָּׂרִים֙ לֵאמֹ֔ר לֹֽא־נִבְדְּל֞וּ הָעָ֤ם יִשְׂרָאֵל֙ וְהַכֹּהֲנִ֣ים וְהַלְוִיִּ֔ם מֵעַמֵּ֖י הָאֲרָצֹ֑ות כְּ֠תֹועֲבֹֽתֵיהֶם לַכְּנַעֲנִ֨י הַחִתִּ֜י הַפְּרִזִּ֣י הַיְבוּסִ֗י הָֽעַמֹּנִי֙ הַמֹּ֣אָבִ֔י הַמִּצְרִ֖י וְהָאֱמֹרִֽי׃
2 ယု​ဒ​အ​မျိုး​သား​တို့​သည်​လူ​မျိုး​ခြား​အ​မျိုး သ​မီး​များ​နှင့်​အိမ်​ထောင်​ပြု​ကြ​သည်​ဖြစ်​၍ ဘု​ရား​သ​ခင်​၏​သီး​သန့်​လူ​မျိုး​တော်​သည် ညစ်​ညမ်း​လေ​ပြီ။ ဤ​အ​ပြစ်​ကို​ကူး​လွန်​ရာ တွင်​ခေါင်း​ဆောင်​များ​နှင့်​အ​ရာ​ရှိ​များ​သည် အ​ဆိုး​ဆုံး​ဖြစ်​ပါ​သည်'' ဟု​ပြော​ကြား​ကြ​၏။-
כִּֽי־נָשְׂא֣וּ מִבְּנֹֽתֵיהֶ֗ם לָהֶם֙ וְלִבְנֵיהֶ֔ם וְהִתְעָֽרְבוּ֙ זֶ֣רַע הַקֹּ֔דֶשׁ בְּעַמֵּ֖י הָאֲרָצֹ֑ות וְיַ֧ד הַשָּׂרִ֣ים וְהַסְּגָנִ֗ים הָ֥יְתָ֛ה בַּמַּ֥עַל הַזֶּ֖ה רִאשֹׁונָֽה׃ ס
3 ထို​စ​ကား​ကို​ကြား​သော​အ​ခါ​ငါ​သည် အ​ဝတ်​များ​ကို​ဆုတ်​ပြီး​နောက် ဆံ​ပင်​နှင့် မုတ်​ဆိတ်​ကို​ဆွဲ​နုတ်​ကာ​ဝမ်း​နည်း​လျက် ထိုင်​နေ​၏။-
וּכְשָׁמְעִי֙ אֶת־הַדָּבָ֣ר הַזֶּ֔ה קָרַ֥עְתִּי אֶת־בִּגְדִ֖י וּמְעִילִ֑י וָאֶמְרְטָ֞ה מִשְּׂעַ֤ר רֹאשִׁי֙ וּזְקָנִ֔י וָאֵשְׁבָ֖ה מְשֹׁומֵֽם׃
4 ညဥ့်​ဦး​ယဇ်​ပူ​ဇော်​ချိန်​ကျ​ရောက်​၍​လူ​တို့​သည် ငါ​၏​အ​နီး​တွင်​လာ​ရောက်​စု​ရုံး​ကြ​သည့်​တိုင် အောင် ငါ​သည်​ဝမ်း​နည်း​ကြေ​ကွဲ​သော​စိတ်​နှင့် ထို​အ​ရပ်​တွင်​ထိုင်​လျက်​နေ​၏။ ထို​သူ​တို့​သည် ပြည်​နှင်​ဒဏ်​သင့်​ရာ​မှ​ပြန်​လာ​သူ​တို့​၏ အ​ပြစ်​များ​အ​ကြောင်း​နှင့်​ပတ်​သက်​၍ ဣ​သ ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် မိန့်​တော်​မူ​သော​စ​ကား​ကြောင့် ကြောက်​လန့် နေ​ကြ​သူ​များ​ဖြစ်​သ​တည်း။
וְאֵלַ֣י יֵאָסְפ֗וּ כֹּ֤ל חָרֵד֙ בְּדִבְרֵ֣י אֱלֹהֵֽי־יִשְׂרָאֵ֔ל עַ֖ל מַ֣עַל הַגֹּולָ֑ה וַאֲנִי֙ יֹשֵׁ֣ב מְשֹׁומֵ֔ם עַ֖ד לְמִנְחַ֥ת הָעָֽרֶב׃
5 ညဥ့်​ဦး​ယဇ်​ပူ​ဇော်​ချိန်​ရောက်​သော​အ​ခါ ငါ သည်​ညည်း​တွား​မြည်​တမ်း​လျက် ထိုင်​၍​နေ​ရာ မှ​ထ​ပြီး​လျှင် စုတ်​နေ​သော​အ​ဝတ်​များ​နှင့်​ပင် ဒူး​ထောက်​လျက် ငါ​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​၏​ထံ​တော်​သို့​လက်​အုပ်​ချီ​၍​ဆု တောင်း​ပတ္ထ​နာ​ပြု​၏။-
וּבְמִנְחַ֣ת הָעֶ֗רֶב קַ֚מְתִּי מִתַּֽעֲנִיתִ֔י וּבְקָרְעִ֥י בִגְדִ֖י וּמְעִילִ֑י וָֽאֶכְרְעָה֙ עַל־בִּרְכַּ֔י וָאֶפְרְשָׂ֥ה כַפַּ֖י אֶל־יְהוָ֥ה אֱלֹהָֽי׃
6 ငါ​က``အို ဘု​ရား​သ​ခင်၊ အ​ကျွန်ုပ်​သည်​ကိုယ်​တော် ၏​ရှေ့​တော်​၌ ခေါင်း​မ​မော်​ဝံ့​အောင်​ပင်​ရှက်​ပါ​၏။ အ​ကျွန်ုပ်​တို့​၏​အ​ပြစ်​များ​သည် အ​ကျွန်ုပ်​တို့ ဦး​ခေါင်း​ကို​လွှမ်း​မိုး​သည့်​တိုင်​အောင်​များ​ပြား ပါ​၏။ ထို​အ​ပြစ်​များ​သည် မိုး​ကောင်း​ကင် အ​ထိ​မြင့်​မား​ကြီး​လေး​ပါ​၏။-
וָאֹמְרָ֗ה אֱלֹהַי֙ בֹּ֣שְׁתִּי וְנִכְלַ֔מְתִּי לְהָרִ֧ים אֱלֹהַ֛י פָּנַ֖י אֵלֶ֑יךָ כִּ֣י עֲוֹנֹתֵ֤ינוּ רָבוּ֙ לְמַ֣עְלָה רֹּ֔אשׁ וְאַשְׁמָתֵ֥נוּ גָדְלָ֖ה עַ֥ד לַשָּׁמָֽיִם׃
7 ဘိုး​ဘေး​များ​လက်​ထက်​မှ​အ​စ​ပြု​၍​ယ​နေ့ တိုင်​အောင်​ပင် ကိုယ်​တော်​၏​လူ​မျိုး​တော်​အ​ကျွန်ုပ် တို့​သည် လွန်​စွာ​အ​ပြစ်​ကူး​ခဲ့​ကြ​ပါ​၏။ ထို အ​ပြစ်​များ​ကြောင့်​အ​ကျွန်ုပ်​တို့​၏​ဘု​ရင်​များ နှင့်​ယဇ်​ပု​ရော​ဟိတ်​တို့​သည် လူ​မျိုး​ခြား​ဘု​ရင် များ​၏​လက်​သို့​အပ်​နှင်း​ခြင်း၊ ဋ္ဌား​ဘေး​သင့်​ခြင်း၊ လု​ယက်​ခြင်း၊ သုံ့​ပန်း​အ​ဖြစ်​ဖမ်း​ဆီး​သွား​ခြင်း၊ ယ​ခု​အ​ခါ​၌​ကဲ့​သို့​လုံး​ဝ​အ​သ​ရေ​ပျက် ခြင်း​တို့​ကို​ခံ​ရ​ကြ​ပါ​၏။-
מִימֵ֣י אֲבֹתֵ֗ינוּ אֲנַ֙חְנוּ֙ בְּאַשְׁמָ֣ה גְדֹלָ֔ה עַ֖ד הַיֹּ֣ום הַזֶּ֑ה וּבַעֲוֹנֹתֵ֡ינוּ נִתַּ֡נּוּ אֲנַחְנוּ֩ מְלָכֵ֨ינוּ כֹהֲנֵ֜ינוּ בְּיַ֣ד ׀ מַלְכֵ֣י הָאֲרָצֹ֗ות בַּחֶ֜רֶב בַּשְּׁבִ֧י וּבַבִּזָּ֛ה וּבְבֹ֥שֶׁת פָּנִ֖ים כְּהַיֹּ֥ום הַזֶּֽה׃
8 အို အ​ကျွန်ုပ်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည်​အ​ကျွန်ုပ်​တို့​အား​က​ရု​ဏာ​ထား တော်​မူ​သ​ဖြင့် လူ​မျိုး​ခြား​တို့​၏​လက်​မှ​လွတ် မြောက်​စေ​၍ ယ​ခု​အ​ခါ​သန့်​ရှင်း​မြင့်​မြတ်​သည့် ဌာ​န​တော်​တွင် ကာ​လ​အ​နည်း​ငယ်​မျှ​ဘေး​မဲ့ လုံ​ခြုံ​စွာ​နေ​ရ​သော​အ​ခွင့်​ကို​ပေး​တော်​မူ​ပါ ပြီ။ ကိုယ်​တော်​သည်​ကျွန်ုပ်​တို့​အား ကျွန်​ဘ​ဝ​မှ လွတ်​မြောက်​စေ​၍​ဘ​ဝ​သစ်​ကို​ပေး​တော်​မူ ပါ​ပြီ။-
וְעַתָּ֡ה כִּמְעַט־רֶגַע֩ הָיְתָ֨ה תְחִנָּ֜ה מֵאֵ֣ת ׀ יְהוָ֣ה אֱלֹהֵ֗ינוּ לְהַשְׁאִ֥יר לָ֙נוּ֙ פְּלֵיטָ֔ה וְלָתֶת־לָ֥נוּ יָתֵ֖ד בִּמְקֹ֣ום קָדְשֹׁ֑ו לְהָאִ֤יר עֵינֵ֙ינוּ֙ אֱלֹהֵ֔ינוּ וּלְתִתֵּ֛נוּ מִֽחְיָ֥ה מְעַ֖ט בְּעַבְדֻתֵֽנוּ׃
9 အ​ကျွန်ုပ်​တို့​သည်​ကျွန်​ခံ​လျက်​နေ​ကြ​ရ သော်​လည်း ကိုယ်​တော်​ရှင်​သည်​အ​ကျွန်ုပ်​တို့ ကို​စွန့်​ပစ်​တော်​မ​မူ​ပါ။ ကိုယ်​တော်​သည်​ပေ​ရ​သိ ဘု​ရင်​တို့​ရှေ့​တွင် အ​ကျွန်ုပ်​တို့​ကို​မျက်​နှာ​သာ ရ​စေ​တော်​မူ​၍ အ​သက်​ရှင်​ခွင့်​နှင့်​ပျက်​စီး ယို​ယွင်း​နေ​သည့်​ဗိ​မာန်​တော်​ကို​ပြန်​လည် တည်​ဆောက်​ခွင့်​နှင့် ယု​ဒ​ပြည်​နှင့်​ယေ​ရု​ရှ​လင် မြို့​တို့​တွင် ဘေး​မဲ့​လုံ​ခြုံ​စွာ​နေ​ထိုင်​ခွင့်​ကို ပေး​စေ​တော်​မူ​ပါ​၏။
כִּֽי־עֲבָדִ֣ים אֲנַ֔חְנוּ וּבְעַבְדֻתֵ֔נוּ לֹ֥א עֲזָבָ֖נוּ אֱלֹהֵ֑ינוּ וֽ͏ַיַּט־עָלֵ֣ינוּ חֶ֡סֶד לִפְנֵי֩ מַלְכֵ֨י פָרַ֜ס לָֽתֶת־לָ֣נוּ מִֽחְיָ֗ה לְרֹומֵ֞ם אֶת־בֵּ֤ית אֱלֹהֵ֙ינוּ֙ וּלְהַעֲמִ֣יד אֶת־חָרְבֹתָ֔יו וְלָֽתֶת־לָ֣נוּ גָדֵ֔ר בִּֽיהוּדָ֖ה וּבִירוּשָׁלָֽ͏ִם׃ ס
10 ၁၀ ``သို့​ရာ​တွင် အို ဘု​ရား​သ​ခင်၊ ထို​သို့​ကျေး​ဇူး တော်​ကို​ခံ​စား​ရ​ပြီး​မှ အ​ကျွန်ုပ်​တို့​သည် အ​ဘယ်​သို့​လျှောက်​ထား​နိုင်​ကြ​ပါ​မည်​နည်း။ ကိုယ်​တော်​က`သင်​တို့​သိမ်း​ပိုက်​လတ္တံ့​သော​ပြည် သည်​ညစ်​ညမ်း​သည်။ ပြည်​သူ​ပြည်​သား​တို့​သည် ပြည်​တစ်​စွန်း​မှ​တစ်​စွန်း​တိုင်​အောင် စက်​ဆုတ် ရွံ​ရှာ​ဖွယ်​ကောင်း​သည့်​အ​ကျင့်​ဆိုး​များ​ဖြင့် ပြည့်​နှက်​စေ​လေ​ပြီ။ သင်​တို့​သည်​ထို​ပြည် ထွက်​အ​သီး​အ​နှံ​များ​ကို​ဝ​စွာ​စား​သုံး​ကာ ထို​ပြည်​ကို​လည်း​မိ​မိ​တို့​သား​မြေး​များ လက်​သို့​ထာ​ဝ​စဉ်​အပ်​နှံ​လို​ကြ​ပါ​က ထို ပြည်​သူ​ပြည်​သား​တို့​နှင့်​အ​ဘယ်​အ​ခါ​၌ မျှ​ထိမ်း​မြား​စုံ​ဖက်​မှု​မ​ပြု​ကြ​နှင့်။ သူ​တို့ ၏​ကြီး​ပွား​တိုး​တက်​ရေး​အ​တွက်​အ​ဘယ် အ​ခါ​၌​မျှ အ​ကူ​အ​ညီ​မ​ပေး​ကြ​နှင့်' ဟု​ကိုယ်​တော်​၏​အ​စေ​ခံ​ပ​ရော​ဖက်​များ အား​ဖြင့် ပေး​တော်​မူ​သော​အ​မိန့်​တော်​တို့​ကို အ​ကျွန်ုပ်​တို့​မ​နာ​ခံ​ကြ​ပါ။-
וְעַתָּ֛ה מַה־נֹּאמַ֥ר אֱלֹהֵ֖ינוּ אֽ͏ַחֲרֵי־זֹ֑את כִּ֥י עָזַ֖בְנוּ מִצְוֹתֶֽיךָ׃
11 ၁၁
אֲשֶׁ֣ר צִוִּ֗יתָ בְּיַ֨ד עֲבָדֶ֣יךָ הַנְּבִיאִים֮ לֵאמֹר֒ הָאָ֗רֶץ אֲשֶׁ֨ר אַתֶּ֤ם בָּאִים֙ לְרִשְׁתָּ֔הּ אֶ֤רֶץ נִדָּה֙ הִ֔יא בְּנִדַּ֖ת עַמֵּ֣י הָאֲרָצֹ֑ות בְּתֹועֲבֹֽתֵיהֶ֗ם אֲשֶׁ֥ר מִלְא֛וּהָ מִפֶּ֥ה אֶל־פֶּ֖ה בְּטֻמְאָתָֽם׃
12 ၁၂
וְ֠עַתָּה בְּֽנֹותֵיכֶ֞ם אַל־תִּתְּנ֣וּ לִבְנֵיהֶ֗ם וּבְנֹֽתֵיהֶם֙ אַל־תִּשְׂא֣וּ לִבְנֵיכֶ֔ם וְלֹֽא־תִדְרְשׁ֧וּ שְׁלֹמָ֛ם וְטֹובָתָ֖ם עַד־עֹולָ֑ם לְמַ֣עַן תֶּחֶזְק֗וּ וַאֲכַלְתֶּם֙ אֶת־ט֣וּב הָאָ֔רֶץ וְהֹורַשְׁתֶּ֥ם לִבְנֵיכֶ֖ם עַד־עֹולָֽם׃
13 ၁၃ အ​ကျွန်ုပ်​တို့​သည်​မိ​မိ​တို့​အ​ပြစ်​ဒု​စ​ရိုက် များ​အ​တွက် ဤ​မျှ​အ​ပြစ်​ဒဏ်​ခံ​ကြ​ရ​ပြီး သော်​လည်း၊ အို အ​ကျွန်ုပ်​တို့​၏​ဘု​ရား​သ​ခင်၊ ကိုယ်​တော်​သည်​အ​ကျွန်ုပ်​တို့​အား​ခံ​ထိုက်​သည် ထက်​ပင်​လျှော့​၍​အ​ပြစ်​ပေး​တော်​မူ​ကာ အ​သက်​မ​သေ​ဘဲ​ကျန်​ရှိ​စေ​တော်​မူ​ပြီ။-
וְאַֽחֲרֵי֙ כָּל־הַבָּ֣א עָלֵ֔ינוּ בְּמַעֲשֵׂ֙ינוּ֙ הָרָעִ֔ים וּבְאַשְׁמָתֵ֖נוּ הַגְּדֹלָ֑ה כִּ֣י ׀ אַתָּ֣ה אֱלֹהֵ֗ינוּ חָשַׂ֤כְתָּֽ לְמַ֙טָּה֙ מֵֽעֲוֹנֵ֔נוּ וְנָתַ֥תָּה לָּ֛נוּ פְּלֵיטָ֖ה כָּזֹֽאת׃
14 ၁၄ အ​ကျွန်ုပ်​တို့​သည်​ကိုယ်​တော်​၏​ပ​ညတ်​တော် တို့​ကို​တစ်​ဖန်​လျစ်​လူ​ရှု​လျက် ဤ​ယုတ်​မာ​သူ များ​နှင့်​ထိမ်း​မြား​စုံ​ဖက်​ကြ​လျှင် ကိုယ်​တော် သည်​အ​ကျွန်ုပ်​တို့​အား​အ​မျက်​ပြင်း​စွာ​ထွက် တော်​မူ​သ​ဖြင့် တစ်​ယောက်​မျှ​မ​ကျန်​အောင် သုတ်​သင်​ဖျက်​ဆီး​ပစ်​တော်​မူ​မည်​မ​ဟုတ် ပါ​လော။-
הֲנָשׁוּב֙ לְהָפֵ֣ר מִצְוֹתֶ֔יךָ וּ֨לְהִתְחַתֵּ֔ן בְּעַמֵּ֥י הַתֹּעֵבֹ֖ות הָאֵ֑לֶּה הֲלֹ֤וא תֶֽאֱנַף־בָּ֙נוּ֙ עַד־כַּלֵּ֔ה לְאֵ֥ין שְׁאֵרִ֖ית וּפְלֵיטָֽה׃ פ
15 ၁၅ အို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည်​ဖြောင့်​မတ်​တော် မူ​သော​အ​ရှင်​ဖြစ်​တော်​မူ​ပါ​၏။ သို့​ရာ​တွင် ကိုယ်​တော်​သည် အ​ကျွန်ုပ်​တို့​အား​အ​သက်​ကို ချမ်း​သာ​ပေး​တော်​မူ​ပါ​ပြီ။ အ​ကျွန်ုပ်​တို့​သည် မိ​မိ​တို့​၏​အ​ပြစ်​ကို​ဖော်​ပြ​ဝန်​ခံ​ကြ​ပါ​၏။ ဤ​အ​ပြစ်​ကြောင့်​ရှေ့​တော်​မှောက်​သို့ ဝင်​ရောက် နိုင်​သူ​တစ်​ယောက်​မျှ​မ​ရှိ​ပါ'' ဟု​တောင်း လျှောက်​လေ​၏။
יְהוָ֞ה אֱלֹהֵ֤י יִשְׂרָאֵל֙ צַדִּ֣יק אַ֔תָּה כִּֽי־נִשְׁאַ֥רְנוּ פְלֵיטָ֖ה כְּהַיֹּ֣ום הַזֶּ֑ה הִנְנ֤וּ לְפָנֶ֙יךָ֙ בְּאַשְׁמָתֵ֔ינוּ כִּ֣י אֵ֥ין לַעֲמֹ֛וד לְפָנֶ֖יךָ עַל־זֹֽאת׃ פ

< ဧ​ဇ​ရ 9 >