< ဧ​ဇ​ရ 8 >

1 အာ​တ​ဇေ​ရဇ်​ဧ​က​ရာဇ်​မင်း​လက်​ထက်​၌​ဗာ​ဗု လုန်​မြို့​တွင် ပြည်​နှင်​ဒဏ်​သင့်​ရာ​မှ​ယေ​ရု​ရှ​လင် မြို့​သို့​ပြန်​လာ​ကြ​သော သား​ချင်း​စု​ခေါင်း​ဆောင် များ​၏​အ​မည်​စာ​ရင်း​မှာ​အောက်​ပါ​အ​တိုင်း ဖြစ်​၏။
Now these are the chiefs of families, and the genealogy of them, who came up with me from Babylon in the reign of Artaxerxes the king.
2 ဖိ​န​ဟတ်​သား​ချင်း​စု​မှ​ဂေ​ရ​ရှုံ​ဣ​သ​မာ သား​ချင်း​စု​မှ​ဒံ​ယေ​လ ဒါ​ဝိဒ်​သား​ချင်း​စု​မှ​ရှေ​ခ​နိတ်​သား​ဟတ္တုတ် ဖာ​ရုတ်​၏​သား​ချင်း​စု​မှ​ဇာ​ခ​ရိ​နှင့်​သူ​၏ အ​နွယ်​ဝင်​ယောကျာ်း ၁၅၀ (သူ​တို့​အိမ်​ထောင်​စု မှတ်​တမ်း​များ​ရှိ​သည်။) ပါ​ဟတ်​မော​ဘ​သား​ချင်း​စု​မှ​ဇေ​ရာ​ယ ၏​သား ဧ​လျော​နဲ​နှင့်​ယောကျာ်း ၂၀၀ ဇတ္တု​သား​ချင်း​စု​မှ​ယ​ဟာ​ဇေ​လ​၏​သား ရှေ​ခ​နိ​နှင့်​ယောကျာ်း ၃၀၀ အာ​ဒိန်​သား​ချင်း​စု​မှ​ယော​န​သန်​၏​သား ဧ​ဗက်​နှင့်​ယောကျာ်း ၅၀ ဧ​လံ​သား​ချင်း​စု​မှ​အာ​သ​လိ​၏​သား ယေ​ရှာ​ယ​နှင့်​ယောကျာ်း ၇၀ ရှေ​ဖ​တိ​သား​ချင်း​စု​မှ​မိက္ခေ​လ​၏​သား ဇေ​ဗ​ဒိ​နှင့်​ယောကျာ်း ၈၀ ယွာ​ဘ​သား​ချင်း​စု​မှ​ယေ​ဟေ​လ​၏​သား သြ​ဗ​ဒိ​နှင့်​ယောကျာ်း ၂၁၈ ဗာ​နိ​သား​ချင်း​စု​မှ​ယော​သိ​ဖိ​၏​သား ရှေ​လော​မိတ်​နှင့်​ယောကျာ်း ၁၆၀ ဗေ​ဗဲ​သား​ချင်း​စု​မှ​ဗေ​ဗဲ​၏​သား ဇာ​ခ​ရိ​နှင့်​ယောကျာ်း ၂၈ အာ​ဇ​ဂဒ်​သား​ချင်း​စု​မှ​ဟက္က​တန်​၏​သား ယော​ဟ​နန်​နှင့်​ယောကျာ်း ၁၁၀ အ​ဒေါ​နိ​ကံ​သား​ချင်း​စု​မှ​ဧ​လိ​ဖ​လက်၊ ယေ​ယေ​လ၊ ရှေ​မာ​ယ​နှင့်​ယောကျာ်း ၆၀ (သူ​တို့​သည်​နောက်​မှ​လိုက်​လာ​ကြ​သူ​များ ဖြစ်​၏။) ဗိ​ဂ​ဝဲ​သား​ချင်း​စု​မှ​ဥ​သဲ၊ဇဗ္ဗုဒ်​နှင့်​ယောကျာ်း ၇၀
Of the sons of Phinees, Gersom. Of the sons of Ithamar, Daniel. Of the sons of David, Hattus.
3
Of the sons of Sechenias, the son of Pharos, Zacharias, and with him were numbered a hundred and fifty men.
4
Of the sons of Phahath Moab, Eleoenai the son of Zareha, and with him two hundred men.
5
Of the sons of Sechenias, the son of Ezechiel, and with him three hundred men.
6
Of the sons of Adan, Abed the son of Jonathan, and with him fifty men.
7
Of the sons of Alam, Isaias the son of Athalias, and with him seventy men.
8
Of the sons of Saphatia: Zebodia the son of Michael, and with him eighty men.
9
Of the sons of Joab, Obedia the son of Jahiel, and with him two hundred and eighteen men.
10 ၁၀
Of the sons of Selomith, the son of Josphia, and with him a hundred and sixty men.
11 ၁၁
Of the sons of Bebai, Zacharias the son of Bebai: and with him eight and twenty men.
12 ၁၂
Of the sons of Azgad, Joanan the son of Eccetan, and with him a hundred and ten men.
13 ၁၃
Of the sons of Adonicam, who were the last: and these are their names: Eliphelet, and Jehiel, and Samaias, and with them sixty men.
14 ၁၄
Of the sons of Begui, Uthai and Zachur, and with them seventy men.
15 ၁၅ ငါ​သည်​ထို​သူ​အ​ပေါင်း​တို့​ကို​အ​ဟာ​ဝ​မြို့ သို့​စီး​သော​တူး​မြောင်း​အ​နီး​တွင်​စု​ဝေး​စေ​၍ ထို​အ​ရပ်​တွင်​ငါ​တို့​သုံး​ရက်​မျှ​စ​ခန်း​ချ ကြ​၏။ ထို​လူ​စု​တွင်​ယဇ်​ပု​ရော​ဟိတ်​များ ပါ​ရှိ​သော်​လည်း လေ​ဝိ​အ​နွယ်​ဝင်​များ​ကို မ​တွေ့​သ​ဖြင့်၊-
And I gathered them together to the river, which runneth down to Ahava, and we stayed there three days: and I sought among the people and among the priests for the sons of Levi, and found none there.
16 ၁၆ ငါ​သည်​ခေါင်း​ဆောင်​ကိုး​ဦး​ဖြစ်​ကြ​သော ဧ​လျေ​ဇာ၊ အ​ရေ​လ၊ ရှေ​မာ​ယ၊ နာ​သန်၊ ယာ​ရိမ်၊ ဧ​လ​နာ​သန်၊ ဇာ​ခ​ရိ​နှင့်​မေ​ရှု​လံ​တို့​ကို​လည်း ကောင်း၊ ပ​ညာ​ရှိ​နှစ်​ဦး​ဖြစ်​ကြ​သော​ယွာ​ရိပ် နှင့် ဧ​လ​နာ​သန်​တို့​ကို​လည်း​ကောင်း​ခေါ်​ပြီး လျှင်၊-
So I sent Eliezer, and Ariel, and Semeias, and Elnathan, and Jarib, and another Elnathan, and Nathan, and Zacharias, and Mosollam, chief men: and Joiarib, and Elnathan, wise men.
17 ၁၇ က​သိ​ဖိ​မြို့​သူ​ကြီး​ဣ​ဒေါ​ထံ​သို့​စေ​လွှတ်​၍ ဣ​ဒေါ​နှင့်​သူ​၏​အ​ပေါင်း​အ​ဖော်​ဗိ​မာန်​တော် အ​လုပ်​သ​မား​များ​အား``ဘု​ရား​သ​ခင်​၏ ဗိ​မာန်​တော်​တွင် အ​မှု​တော်​ဆောင်​ရန်​လူ​များ ကို​ငါ​တို့​ထံ​သို့​စေ​လွှတ်​ပေး​ပါ'' ဟု​ပြော ကြား​စေ​၏။-
And I sent them to Eddo, who is chief in the place of Chasphia, and I put in their mouth the words that they should speak to Eddo, and his brethren the Nathinites in the place of Chasphia, that they should bring us ministers of the house of our God.
18 ၁၈ ထို​သူ​တို့​သည်​ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော် ကြောင့် မ​ဟာ​လိ​သား​ချင်း​စု​မှ​လေ​ဝိ​အ​နွယ် ဝင်၊ အ​ရည်​အ​ချင်း​ကောင်း​မွန်​သူ​ရှေ​ရ​ဘိ​ကို ငါ​တို့​ထံ​သို့​စေ​လွှတ်​လေ​သည်။ သူ​၏​သား​နှင့် ညီ​အစ်​ကို​တစ်​ဆယ့်​ရှစ်​ယောက်​တို့​သည်​လည်း အ​တူ​လိုက်​ပါ​လာ​ကြ​၏။-
And by the good hand of our God upon us, they brought us a most learned man of the sons of Moholi the son of Levi the son of Israel, and Sarabias and his sons, and his brethren eighteen,
19 ၁၉ ဣ​ဒေါ​နှင့်​သူ​၏​အ​ပေါင်း​အ​ဖော်​တို့​သည် မေ ရာ​ရိ​သား​ချင်း​စု​ဟာ​ရှ​ဘိ​နှင့်​ယေ​ရှာ​ယ တို့​ကို​လည်း​ကောင်း သူ​တို့​ဆွေ​မျိုး​သား​ချင်း နှစ်​ဆယ်​နှင့်​အ​တူ​စေ​လွှတ်​၏။-
And Hasabias, and with him Isaias of the sons of Merari, and his brethren, and his sons twenty.
20 ၂၀ ထို့​ပြင်​လေ​ဝိ​အ​နွယ်​ဝင်​များ​ကို​ကူ​ညီ​ရန် ဒါ​ဝိဒ်​မင်း​နှင့်​မှူး​မတ်​တော်​များ​စီ​မံ​ခဲ့​သည့် ဗိ​မာန်​တော်​အ​လုပ်​သ​မား​နှစ်​ရာ့​နှစ်​ဆယ် တို့​လည်း​ပါ​လာ​လေ​သည်။ သူ​တို့​အား​လုံး ၏​နာ​မည်​များ​ကို​စာ​ရင်း​သွင်း​ထား​သ​တည်း။
And of the Nathinites, whom David, and the princes gave for the service of the Levites, Nathinites two hundred and twenty: all these were called by their names.
21 ၂၁ ဘု​ရား​သ​ခင်​သည်​ငါ​တို့​ခ​ရီး​ပြု​ရာ​တွင် ရှေ့​ဆောင်​လမ်း​ပြ​တော်​မူ​၍​ငါ​တို့​နှင့်​တ​ကွ သား​သ​မီး​များ​နှင့်​ပစ္စည်း​ဥစ္စာ​များ​ကို​ကာ​ကွယ် စောင့်​ရှောက်​တော်​မူ​စိမ့်​သော​ငှာ ငါ​တို့​ရှိ​သ​မျှ သည်​ကိုယ်​တော်​၏​ရှေ့​တော်​၌​စိတ်​နှ​လုံး​နှိမ့်​ချ လျက် အ​စာ​ရှောင်​ကြ​ရန်​ထို​အ​ဟာ​ဝ​တူး မြောင်း​အ​နီး​တွင် ငါ​အ​မိန့်​ထုတ်​ပြန်​ခဲ့​၏။-
And I proclaimed there a fast by the river Ahava, that we might afflict ourselves before the Lord our God, and might ask of him a right way for us and for our children, and for all our substance.
22 ၂၂ ငါ​တို့​၏​ဘု​ရား​သ​ခင်​သည်​ကိုယ်​တော်​အား ယုံ​ကြည်​ကိုး​စား​ကြ​သူ​အ​ပေါင်း​တို့​ကို ကောင်း​ချီး​ပေး​တော်​မူ​၍ ကိုယ်​တော်​အား ကျော​ခိုင်း​ကြ​သူ​တို့​ကို​မူ​နှစ်​သက်​တော် မ​မူ​ဘဲ အ​ပြစ်​ဒဏ်​ခတ်​တော်​မူ​တတ်​ကြောင်း မင်း​ကြီး​အား​လျှောက်​ထား​ခဲ့​၏။ သို့​ဖြစ်​၍ ငါ​သည်​ခ​ရီး​လမ်း​တွင် ရန်​သူ​များ​၏​ဘေး မှ​ကာ​ကွယ်​စောင့်​ရှောက်​ရန်​အ​တွက် သူ​၏ ထံ​မှ​မြင်း​တပ်​အ​ကူ​အ​ညီ​ကို​တောင်း​ခံ ရ​မည်​မှာ​ရှက်​စ​ရာ​ပင်​ဖြစ်​ပေ​သည်။-
For I was ashamed to ask the king for aid and for horsemen, to defend us from the enemy in the way: because we had said to the king: The hand of our God is upon all them that seek him in goodness: and his power and strength, and wrath upon all them that forsake him.
23 ၂၃ ထို့​ကြောင့်​ငါ​တို့​သည်​ဘု​ရား​သ​ခင်​၏​ကာ​ကွယ် စောင့်​ရှောက်​မှု​ကို​ခံ​ယူ​ရ​ရှိ​ကြ​စေ​ရန် အ​စာ ရှောင်​လျက်​အ​ထံ​တော်​သို့​ဆု​တောင်း​ပတ္ထ​နာ ပြု​ကြ​ရ​၏။ ကိုယ်​တော်​သည်​ငါ​တို့​၏​ဆု တောင်း​ပတ္ထ​နာ​ကို​နား​ညောင်း​တော်​မူ​၏။
And we fasted, and besought our God for this: and it fell out prosperously unto us.
24 ၂၄ ငါ​သည်​ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​အ​ကဲ​များ အ​နက် ရှေ​ရ​ဘိ၊ ဟာ​ရှ​ဘိ​နှင့်​အ​ခြား​ဆယ် ဦး​တို့​ကို​ရွေး​ချယ်​ပြီး​လျှင်၊-
And I separated twelve of the chief of the priests, Sarabias, and Hasabias, and with them ten of their brethren,
25 ၂၅ ဗိ​မာန်​တော်​တွင်​အ​သုံး​ပြု​ရန်​မင်း​ကြီး​နှင့် သူ​၏​အ​တိုင်​ပင်​ခံ​အ​မတ်​များ၊ အ​ရာ​ရှိ များ​နှင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ပေး လှူ​ကြ​သော​ရွှေ​ငွေ​နှင့်​အ​သုံး​အ​ဆောင် များ​ကို​ချိန်​တွယ်​၍ ထို​ယဇ်​ပု​ရော​ဟိတ်​တို့ အား​ပေး​အပ်​လိုက်​၏။-
And I weighed unto them the silver and gold, and the vessels consecrated for the house of our God, which the king and his counsellors, and his princes, and all Israel, that were found had offered.
26 ၂၆ ငါ​ပေး​အပ်​သည့်​ပစ္စည်း​များ​မှာ​အောက်​ပါ အ​တိုင်း​ဖြစ်​သည်။ ငွေ ၂၅ တန်၊ ငွေ​အ​သုံး​အ​ဆောင် ၁၀၀ ငွေ​သား​ပေါင် ၁၅၀ ရွှေ​ပေါင် ၇၅၀၀ ရွှေ​ဖ​လား၂၀ ခွက် ရွှေ​ချိန် ၂၇၀ အောင်​စ။ ရွှေ​ဖ​လား​နှင့်​တန်​ဖိုး​ညီ​မျှ​သည့်​ကြေး​ဝါ​စစ် ဖ​လား ၂ လုံး
And I weighed to their hands six hundred and fifty talents of silver, and a hundred vessels of silver, and a hundred talents of gold,
27 ၂၇
And twenty cups of gold, of a thousand solids, and two vessels of the best shining brass, beautiful as gold.
28 ၂၈ ငါ​သည်​ယဇ်​ပု​ရော​ဟိတ်​တို့​အား``သင်​တို့​သည် ဘိုး​ဘေး​များ​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား အ​ဖို့ သီး​သန့်​သူ​များ​ဖြစ်​ကြ​သ​ကဲ့​သို့ ကိုယ် တော်​အား​စေ​တ​နာ​အ​လျောက် ပေး​လှူ​သော ရွှေ​ငွေ​အ​သုံး​အ​ဆောင်​များ​သည်​လည်း သီး သန့်​သော​ဝတ္ထု​ပစ္စည်း​ဖြစ်​သည်။-
And I said to them: You are the holy ones of the Lord, and the vessels are holy, and the silver and gold, that is freely offered to the Lord the God of our fathers.
29 ၂၉ သင်​တို့​သည်​ဗိ​မာန်​တော်​သို့​မ​ရောက်​မ​ချင်း ထို​ပစ္စည်း​များ​ကို​စောင့်​ထိန်း​လျက် ဗိ​မာန်​တော် ရှိ​ယဇ်​ပု​ရော​ဟိတ်​တို့​၏​အ​ခန်း​များ​တွင် ချိန်​တွယ်​၍ ယဇ်​ပု​ရော​ဟိတ်​ခေါင်း​ဆောင်​များ၊ လေ​ဝိ​အနွယ်​ဝင်​ခေါင်း​ဆောင်​များ၊ ယေ​ရု​ရှ​လင် မြို့​ရှိ​ဣ​သ​ရေ​လ​ပြည်​သူ​တို့​၏​ခေါင်း​ဆောင် များ​လက်​သို့​ပေး​အပ်​ကြ​လော့'' ဟု​မှာ ထား​၏။-
Watch ye and beep them, till you deliver them by weight before the chief of the priests, and of the Levites, and the heads of the families of Israel in Jerusalem, into the treasure of the house of the Lord.
30 ၃၀ သို့​ဖြစ်​၍​ယဇ်​ပု​ရော​ဟိတ်​များ​နှင့် လေ​ဝိ အ​နွယ်​ဝင်​များ​သည်​ရွှေ​ငွေ​နှင့်​အ​သုံး အ​ဆောင်​တို့​ကို ယေ​ရု​ရှ​လင်​မြို့​ဗိ​မာန်​တော် သို့​ပို့​ဆောင်​ရန်​တာ​ဝန်​ယူ​ကြ​လေ​သည်။
And the priests and the Levites received the weight of the silver and gold, and the vessels, to carry them to Jerusalem to the house of our God.
31 ၃၁ ပ​ထ​မ​လ​တစ်​ဆယ့်​နှစ်​ရက်​နေ့​၌ ငါ​တို့​သည် အ​ဟာ​ဝ​တူး​မြောင်း​မှ ယေ​ရု​ရှ​လင်​မြို့​သို့ ထွက်​ခွာ​လာ​ကြ​၏။ ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့​နှင့်​အ​တူ​ရှိ​တော်​မူ​၍ ငါ​တို့​အား ရန်​သူ့​ဘေး​မှ​လည်း​ကောင်း၊ ခြုံ​ခို​တိုက်​ခိုက် မှု​မှ​လည်း​ကောင်း​ကာ​ကွယ်​စောင့်​ရှောက် တော်​မူ​၏။-
Then we set forward from the river Ahava on the twelfth day of the first month to go to Jerusalem: and the hand of our God was upon us, and delivered us from the hand of the enemy, and of such as lay in wait by the way.
32 ၃၂ ယေ​ရု​ရှ​လင်​မြို့​သို့​ရောက်​သော​အ​ခါ​ငါ​တို့ သည် သုံး​ရက်​တိုင်​တိုင်​နား​နေ​ကြ​၏။-
And we came to Jerusalem, and we stayed there three days.
33 ၃၃ ထို​နောက်​စ​တုတ္ထ​နေ့​၌​ဗိ​မာန်​တော်​သို့​သွား​၍ ရွှေ​ငွေ​နှင့်​အ​သုံး​အ​ဆောင်​များ​ကို​ချိန်​တွယ် ကာ ဥ​ရိ​ယ​၏​သား​ယဇ်​ပု​ရော​ဟိတ်​မေ​ရ​မုတ် လက်​သို့​ပေး​အပ်​ကြ​၏။ သူ​နှင့်​အ​တူ​ဖိ​န​ဟတ် ၏​သား ဧ​လာ​ဇာ​နှင့်​လေ​ဝိ​အ​နွယ်​ဝင်​နှစ်​ဦး ဖြစ်​ကြ​သော ယော​ရှု​၏​သား​ယော​ဇ​ဗဒ်​နှင့် ဗိ​နွိ​၏​သား​နော​ဒိ​တို့​လည်း​ရှိ​ကြ​၏။-
And on the fourth day the silver and the gold, and the vessels were weighed in the house of our God by the hand of Meremoth the son of Urias the priest, and with him was Eleazar the son of Phinees, and with them Jozabad the son of Josue, and Noadaia the son of Benoi, Levites.
34 ၃၄ ငါ​တို့​သည်​ပစ္စည်း​ရှိ​သ​မျှ​ကို​ရေ​တွက်​ချိန် တွယ်​ကြ​၏။ တစ်​ချိန်​တည်း​မှာ​ပင်​စာ​ရင်း​မှတ် ယူ​ကြ​၏။
According to the number and weight of every thing: and all the weight was written at that time.
35 ၃၅ ထို​နောက်​ပြည်​နှင်​ဒဏ်​သင့်​ရာ​မှ​ပြန်​လာ​သူ အ​ပေါင်း​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ ၏​ဘု​ရား​သ​ခင်​အား​မီး​ရှို့​ဆက်​သ​ရန် ပူ​ဇော် သကာ​များ​ကို​ယူ​လာ​ကြ​၏။ ဣ​သ​ရေ​လ အ​မျိုး​သား​တစ်​ရပ်​လုံး​အ​တွက် နွား​တစ်​ဆယ့် နှစ်​ကောင်၊ သိုး​ထီး​ကိုး​ဆယ့်​ခြောက်​ကောင်၊ သိုး သား​ငယ်​ခု​နစ်​ဆယ့်​ခု​နစ်​ကောင်​ကို​ပူ​ဇော် ကြ​၏။ ဆိတ်​တစ်​ဆယ့်​နှစ်​ကောင်​ကို​လည်း အ​ပြစ် ဖြေ​ရာ​ယဇ်​အ​ဖြစ်​ပူ​ဇော်​ကြ​၏။ ဤ​တိ​ရစ္ဆာန် အား​လုံး​ကို​ထာ​ဝ​ရ​ဘု​ရား​အား မီး​ရှို့​ရာ သကာ​အ​ဖြစ်​ပူ​ဇော်​ကြ​လေ​သည်။-
Moreover the children of them that had been carried away that were come out of the captivity, offered holocausts to the God of Israel, twelve calves for all the people of Israel, ninety-six rams, seventy-seven lambs, and twelve he goats for sin: all for a holocaust to the Lord.
36 ၃၆ လူ​တို့​သည်​မိ​မိ​တို့​အား​မင်း​ကြီး​ပေး​အပ် လိုက်​သည့်​အ​မိန့်​တော်​စာ​ကို ဥ​ဖ​ရတ်​မြစ်​ကြီး အ​နောက်​ဘက်​ပြည်​နယ် ဘု​ရင်​ခံ​များ​နှင့် အ​ရာ​ရှိ​များ​အား​ပေး​အပ်​ကြ​သော​အ​ခါ သူ​တို့​သည်​ပြည်​သူ​များ​နှင့်​ဗိ​မာန်​တော် ဝတ်​ပြု​ကိုး​ကွယ်​မှု​ကို​အား​ပေး​ကူ​ညီ​ကြ ကုန်​၏။
And they gave the king’s edicts to the lords that were from the king’s court, and the governors beyond the river, and they furthered the people and the house of God.

< ဧ​ဇ​ရ 8 >