< ဧ​ဇ​ရ 7 >

1 နှစ်​ပေါင်း​များ​စွာ​ကြာ​သော​အ​ခါ ပေ​ရ​သိ ဧ​က​ရာဇ်​ဘု​ရင်​အာ​တ​ဇေ​ရဇ်​လက်​ထက်​၌ ဧ​ဇ​ရ​နာ​မည်​ရှိ​သူ​လူ​တစ်​ယောက်​ရှိ​၏။ သူ သည်​ယဇ်​ပု​ရော​ဟိတ်​မင်း​အာ​ရုန်​မှ​ဆင်း​သက် လာ​ကြောင်း အောက်​ပါ​အ​တိုင်း​သိ​နိုင်​ပေ​သည်။ ဧ​ဇ​ရ​၏​အ​ဖ​သည်​စ​ရာ​ယ၊ စ​ရာ​ယ​၏ အ​ဖ​မှာ​အာ​ဇ​ရိ၊ အာ​ဇ​ရိ​၏​အ​ဖ​ကား ဟိ​လ​ခိ​ဖြစ်​၏။-
וְאַחַר֙ הַדְּבָרִ֣ים הָאֵ֔לֶּה בְּמַלְכ֖וּת אַרְתַּחְשַׁ֣סְתְּא מֶֽלֶךְ־פָּרָ֑ס עֶזְרָא֙ בֶּן־שְׂרָיָ֔ה בֶּן־עֲזַרְיָ֖ה בֶּן־חִלְקִיָּֽה׃
2 ဟိ​လ​ခိ​၏​အ​ဖ​သည်​ရှလ္လုံ၊ ရှလ္လုံ​၏​အ​ဖ မှာ​ဇာ​ဒုတ်၊ ဇာ​ဒုတ်​၏​အ​ဖ​ကား​အ​ဟိ တုတ်​ဖြစ်​၏။-
בֶּן־שַׁלּ֥וּם בֶּן־צָד֖וֹק בֶּן־אֲחִיטֽוּב׃
3 အ​ဟိ​တုတ်​၏​အ​ဖ​သည်​အာ​မ​ရိ၊ အာ​မ​ရိ ၏​အ​ဖ​မှာ​အာ​ဇ​ရိ၊ အာ​ဇ​ရိ​၏​အ​ဖ​ကား မေ​ရာ​ယုတ်​ဖြစ်​၏။-
בֶּן־אֲמַרְיָ֥ה בֶן־עֲזַרְיָ֖ה בֶּן־מְרָיֽוֹת׃
4 မေ​ရာ​ယုတ်​၏​အ​ဖ​သည်​ဇေ​ရ​ဟိ၊ ဇေ​ရ​ဟိ ၏​အ​ဖ​မှာ​သြ​ဇိ၊ သြ​ဇိ​၏​အ​ဖ​ကား​ဗုက္ကိ ဖြစ်​၏။-
בֶּן־זְרַֽחְיָ֥ה בֶן־עֻזִּ֖י בֶּן־בֻּקִּֽי׃
5 ဗုက္ကိ​၏​အ​ဖ​သည်​အ​ဘိ​ရွှ၊ အ​ဘိ​ရွှ​၏​အ​ဖ သည် ဖိ​န​ဟတ်၊ ဖိ​န​ဟတ်​၏​အ​ဖ​မှာ​ဧ​လာ​ဇာ၊ ဧ​လ​ဇာ​၏​အ​ဖ​ကား​အာ​ရုန်​ဖြစ်​သ​တည်း။
בֶּן־אֲבִישׁ֗וּעַ בֶּן־פִּֽינְחָס֙ בֶּן־אֶלְעָזָ֔ר בֶּן־אַהֲרֹ֥ן הַכֹּהֵ֖ן הָרֹֽאשׁ׃
6 ဧ​ဇ​ရ​သည်​မော​ရှေ​အား​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ပေး​အပ်​တော်​မူ​သည့်​ပ​ညတ်​ကျမ်း​ကို​ကြေ ညက်​စွာ​တတ်​မြောက်​သူ​ပ​ညာ​ရှိ​ကြီး​ဖြစ် ၏။ ဧ​ဇ​ရ​သည်​ဘု​ရား​သ​ခင်​၏​ကောင်း​ချီး မင်္ဂ​လာ​ကို​ခံ​စား​ရ​သူ​ဖြစ်​သ​ဖြင့် မင်း ကြီး​သည်​သူ​တောင်း​သ​မျှ​သော​အ​ရာ တို့​ကို​ပေး​သ​နား​တော်​မူ​လေ​သည်။-
ה֤וּא עֶזְרָא֙ עָלָ֣ה מִבָּבֶ֔ל וְהֽוּא־סֹפֵ֤ר מָהִיר֙ בְּתוֹרַ֣ת מֹשֶׁ֔ה אֲשֶׁר־נָתַ֥ן יְהוָ֖ה אֱלֹהֵ֣י יִשְׂרָאֵ֑ל וַיִּתֶּן־ל֣וֹ הַמֶּ֗לֶךְ כְּיַד־יְהוָ֤ה אֱלֹהָיו֙ עָלָ֔יו כֹּ֖ל בַּקָּשָׁתֽוֹ׃ פ
7 ဧ​ဇ​ရ​သည်​ယဇ်​ပု​ရော​ဟိတ်​များ၊ လေ​ဝိ အ​နွယ်​ဝင်​များ၊ ဗိ​မာန်​တော်​ဂီ​တ​ပညာ​သည် များ၊ ဗိ​မာန်​တော်​အ​စောင့်​တပ်​သား​များ​နှင့် အ​လုပ်​သ​မား​များ​ပါ​ဝင်​သည့်​ဣ​သ​ရေ​လ အ​မျိုး​သား​များ​နှင့်​အ​တူ အာ​တ​ဇေ​ရဇ် မင်း​နန်း​စံ​ခု​နစ်​နှစ်​မြောက်​၌ ဗာ​ဗု​လုန်​မြို့ မှ​ယေ​ရု​ရှ​လင်​မြို့​သို့​လိုက်​လာ​ခဲ့​၏။-
וַיַּֽעֲל֣וּ מִבְּנֵֽי־יִ֠שְׂרָאֵל וּמִן־הַכֹּהֲנִ֨ים וְהַלְוִיִּ֜ם וְהַמְשֹׁרְרִ֧ים וְהַשֹּׁעֲרִ֛ים וְהַנְּתִינִ֖ים אֶל־יְרוּשָׁלִָ֑ם בִּשְׁנַת־שֶׁ֖בַע לְאַרְתַּחְשַׁ֥סְתְּא הַמֶּֽלֶךְ׃
8 ထို​သူ​တို့​သည်​ပ​ထ​မ​လ၊ တစ်​ရက်​နေ့​၌ ဗာ​ဗု​လုန်​မြို့​မှ​ထွက်​ခွာ​လာ​ကြ​ရာ ထာ​ဝ​ရ ဘု​ရား​ကူ​မ​တော်​မူ​ခြင်း​ကြောင့်​ပဉ္စမ​လ၊ တစ်​ရက်​နေ့​၌​ယေ​ရု​ရှ​လင်​မြို့​သို့​ရောက် ရှိ​ကြ​လေ​သည်။-
וַיָּבֹ֥א יְרוּשָׁלִַ֖ם בַּחֹ֣דֶשׁ הַחֲמִישִׁ֑י הִ֛יא שְׁנַ֥ת הַשְּׁבִיעִ֖ית לַמֶּֽלֶךְ׃
9
כִּ֗י בְּאֶחָד֙ לַחֹ֣דֶשׁ הָרִאשׁ֔וֹן ה֣וּא יְסֻ֔ד הַֽמַּעֲלָ֖ה מִבָּבֶ֑ל וּבְאֶחָ֞ד לַחֹ֣דֶשׁ הַחֲמִישִׁ֗י בָּ֚א אֶל־יְר֣וּשָׁלִַ֔ם כְּיַד־אֱלֹהָ֖יו הַטּוֹבָ֥ה עָלָֽיו׃
10 ၁၀ ဧ​ဇ​ရ​သည်​တစ်​သက်​ပတ်​လုံး ထာ​ဝ​ရ ဘု​ရား​၏​ပ​ညတ်​ကျမ်း​ကို​လေ့​လာ​ဆည်း ပူး​လိုက်​နာ​ကျင့်​သုံး​ကာ ထို​ကျမ်း​တွင်​ပါ ရှိ​သည့်​ပ​ညတ်​များ​နှင့်​စည်း​မျဉ်း​များ​ကို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​သင် ကြား​ပို့​ချ​ပေး​၏။
כִּ֤י עֶזְרָא֙ הֵכִ֣ין לְבָב֔וֹ לִדְר֛וֹשׁ אֶת־תּוֹרַ֥ת יְהוָ֖ה וְלַעֲשֹׂ֑ת וּלְלַמֵּ֥ד בְּיִשְׂרָאֵ֖ל חֹ֥ק וּמִשְׁפָּֽט׃ ס
11 ၁၁ အာ​တ​ဇေ​ရဇ်​မင်း​သည်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​အား ထာ​ဝ​ရ​ဘု​ရား​ပေး​အပ်​တော် မူ​သည့်​တ​ရား​တော်​များ​နှင့် ပ​ညတ်​တော်​တို့ ကို​ကြေ​ညက်​စွာ​တတ်​မြောက်​သော​ယဇ်​ပု​ရော ဟိတ်​ဧ​ဇ​ရ​အား အ​မိန့်​တော်​စာ​ကို​ပေး​တော် မူ​၏။ ထို​စာ​တွင်၊
וְזֶ֣ה ׀ פַּרְשֶׁ֣גֶן הַֽנִּשְׁתְּוָ֗ן אֲשֶׁ֤ר נָתַן֙ הַמֶּ֣לֶךְ אַרְתַּחְשַׁ֔סְתְּא לְעֶזְרָ֥א הַכֹּהֵ֖ן הַסֹּפֵ֑ר סֹפֵ֞ר דִּבְרֵ֧י מִצְוֺת־יְהוָ֛ה וְחֻקָּ֖יו עַל־יִשְׂרָאֵֽל׃ פ
12 ၁၂ ``ဧ​က​ရာဇ်​မင်း​အာ​တ​ဇေ​ရဇ် ထံ​မှ​ကောင်း​ကင်​ဘုံ​ရှင်​ဘု​ရား​သ​ခင်​၏ ပ​ညတ်​ကျမ်း​တတ်​မြောက်​သော​ယဇ်​ပု​ရော ဟိတ်​ဧ​ဇ​ရ​ထံ​သို့၊
אַ֨רְתַּחְשַׁ֔סְתְּא מֶ֖לֶךְ מַלְכַיָּ֑א לְעֶזְרָ֣א כָ֠הֲנָא סָפַ֨ר דָּתָ֜א דִּֽי־אֱלָ֧הּ שְׁמַיָּ֛א גְּמִ֖יר וּכְעֶֽנֶת׃
13 ၁၃ ``ငါ​၏​အင်​ပါ​ယာ​နိုင်​ငံ​တော်​တစ်​လျှောက်​လုံး တွင်​ရှိ​သည့် ဣ​သ​ရေ​လ​အ​မျိုး​သား​များ၊ ယဇ် ပု​ရော​ဟိတ်​များ​နှင့်​လေ​ဝိ​အ​နွယ်​ဝင်​များ သည်​ယေ​ရု​ရှ​လင်​မြို့​သို့ သင်​နှင့်​အ​တူ​သွား လို​ပါ​က​သွား​ခွင့်​ပြု​သည်။ ဤ​ကား​ငါ​၏ အ​မိန့်​တော်​ဖြစ်​သည်။-
מִנִּי֮ שִׂ֣ים טְעֵם֒ דִּ֣י כָל־מִתְנַדַּ֣ב בְּמַלְכוּתִי֩ מִן־עַמָּ֨ה יִשְׂרָאֵ֜ל וְכָהֲנ֣וֹהִי וְלֵוָיֵ֗א לִמְהָ֧ךְ לִֽירוּשְׁלֶ֛ם עִמָּ֖ךְ יְהָֽךְ׃
14 ၁၄ ငါ​ဘု​ရင်​မင်း​မြတ်​နှင့်​ငါ​၏​အ​တိုင်​ပင်​ခံ​အ မတ်​ခု​နစ်​ဦး​တို့​သည် သင့်​အား​ယေ​ရု​ရှ​လင် မြို့​နှင့်​ယု​ဒ​ပြည်​အ​ခြေ​အ​နေ​ကို​စုံ​စမ်း​ရန် စေ​လွှတ်​သည်။ သင်​သည်​သင့်​အား​ပေး​အပ်​ထား တော်​မူ​သည့် သင့်​ဘု​ရား​သ​ခင်​၏​တ​ရား တော်​ကို​လူ​တို့​အ​ဘယ်​မျှ​လိုက်​နာ​ကျင့် သုံး​ကြ​သည်​ကို​စုံ​စမ်း​လော့။-
כָּל־קֳבֵ֗ל דִּי֩ מִן־קֳדָ֨ם מַלְכָּ֜א וְשִׁבְעַ֤ת יָעֲטֹ֙הִי֙ שְׁלִ֔יחַ לְבַקָּרָ֥א עַל־יְה֖וּד וְלִֽירוּשְׁלֶ֑ם בְּדָ֥ת אֱלָהָ֖ךְ דִּ֥י בִידָֽךְ׃
15 ၁၅ သင်​သည်​ယေ​ရု​ရှ​လင်​မြို့​ဗိ​မာန်​တော်​တွင်​စံ တော်​မူ​သော ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏ ဘု​ရား​သ​ခင်​အား ငါ​နှင့်​ငါ​၏​အ​တိုင်​ပင်​ခံ အ​မတ်​များ​လှူ​ဒါန်း​သည့်​ရွှေ​နှင့်​ငွေ​ကို​ယူ ဆောင်​သွား​လော့။-
וּלְהֵיבָלָ֖ה כְּסַ֣ף וּדְהַ֑ב דִּֽי־מַלְכָּ֣א וְיָעֲט֗וֹהִי הִתְנַדַּ֙בוּ֙ לֶאֱלָ֣הּ יִשְׂרָאֵ֔ל דִּ֥י בִֽירוּשְׁלֶ֖ם מִשְׁכְּנֵֽהּ׃
16 ၁၆ ထို့​အ​ပြင်​သင်​သည်​ဗာ​ဗု​လုန်​ပြည်​နယ်​တစ် ခု​လုံး​မှ​ကောက်​ခံ​ရ​သ​မျှ​ရွှေ​ငွေ​ကို​လည်း ကောင်း၊ ဣ​သ​ရေ​လ​အ​မျိုး​သား​များ​နှင့်​ယဇ် ပု​ရော​ဟိတ်​တို့​သည် ယေ​ရု​ရှ​လင်​မြို့​တွင်​စံ တော်​မူ​သည့် မိ​မိ​တို့​၏​ဘု​ရား​သ​ခင်​အား ပေး​လှူ​သည့်​ပူ​ဇော်​သ​ကာ​များ​ကို​လည်း ကောင်း​ယူ​ဆောင်​သွား​လော့။
וְכֹל֙ כְּסַ֣ף וּדְהַ֔ב דִּ֣י תְהַשְׁכַּ֔ח בְּכֹ֖ל מְדִינַ֣ת בָּבֶ֑ל עִם֩ הִתְנַדָּב֨וּת עַמָּ֤א וְכָֽהֲנַיָּא֙ מִֽתְנַדְּבִ֔ין לְבֵ֥ית אֱלָהֲהֹ֖ם דִּ֥י בִירוּשְׁלֶֽם׃
17 ၁၇ ``သင်​သည်​ဤ​ငွေ​ကို​သ​တိ​နှင့်​သုံး​စွဲ​၍ နွား၊ သိုး​ထီး၊ သိုး​သား​ငယ်၊ ဂျုံ​စ​ပါး​နှင့်​စ​ပျစ် ရည်​တို့​ကို​ဝယ်​ပြီး​လျှင် ယေ​ရု​ရှ​လင်​မြို့ ဗိ​မာန်​တော်​ယဇ်​ပလ္လင်​တွင်​တင်​လှူ​ပူ​ဇော် လော့။-
כָּל־קֳבֵ֣ל דְּנָה֩ אָסְפַּ֨רְנָא תִקְנֵ֜א בְּכַסְפָּ֣א דְנָ֗ה תּוֹרִ֤ין ׀ דִּכְרִין֙ אִמְּרִ֔ין וּמִנְחָתְה֖וֹן וְנִסְכֵּיה֑וֹן וּתְקָרֵ֣ב הִמּ֔וֹ עַֽל־מַדְבְּחָ֔ה דִּ֛י בֵּ֥ית אֱלָהֲכֹ֖ם דִּ֥י בִירוּשְׁלֶֽם׃
18 ၁၈ ကြွင်း​ကျန်​သည့်​ရွှေ​ငွေ​ကို သင်​နှင့်​သင်​၏​အ​မျိုး သား​များ​ဆန္ဒ​ရှိ​သည့်​အ​တိုင်း သင်​တို့​ဘု​ရား​သ​ခင်​၏​အ​လို​တော်​နှင့်​အ​ညီ​သုံး​စွဲ​နိုင် သည်။-
וּמָ֣ה דִי֩ עליך וְעַל־אחיך יֵיטַ֗ב בִּשְׁאָ֛ר כַּסְפָּ֥א וְדַהֲבָ֖ה לְמֶעְבַּ֑ד כִּרְע֥וּת אֱלָהֲכֹ֖ם תַּעַבְדֽוּן׃
19 ၁၉ ဗိ​မာန်​တော်​ဝတ်​ပြု​ကိုး​ကွယ်​မှု​တွင်​အ​သုံး ပြု​ရန် သင့်​အား​ပေး​အပ်​လိုက်​သည့်​အ​သုံး အ​ဆောင်​တို့​ကို ယေ​ရု​ရှ​လင်​မြို့​တွင်​စံ​တော် မူ​သော​ထာ​ဝ​ရ​ဘု​ရား​အား​ဆက်​သ​လော့။-
וּמָֽאנַיָּא֙ דִּֽי־מִתְיַהֲבִ֣ין לָ֔ךְ לְפָלְחָ֖ן בֵּ֣ית אֱלָהָ֑ךְ הַשְׁלֵ֕ם קֳדָ֖ם אֱלָ֥הּ יְרוּשְׁלֶֽם׃
20 ၂၀ ထို့​ပြင်​ဗိ​မာန်​တော်​အ​တွက်​လို​သေး​သော အ​ရာ​များ​ကို ဘဏ္ဍာ​တော်​တိုက်​မှ​ငွေ​ကို ထုတ်​၍​ဝယ်​နိုင်​သည်။
וּשְׁאָ֗ר חַשְׁחוּת֙ בֵּ֣ית אֱלָהָ֔ךְ דִּ֥י יִפֶּל־לָ֖ךְ לְמִנְתַּ֑ן תִּנְתֵּ֕ן מִן־בֵּ֖ית גִּנְזֵ֥י מַלְכָּֽא׃
21 ၂၁ ``ငါ​အာ​တ​ဇေ​ရဇ်​မင်း​သည်​ကောင်း​ကင်​ဘုံ ရှင် ဘု​ရား​သ​ခင်​၏​ပ​ညတ်​ကျမ်း​တတ်​မြောက် သော​ယဇ်​ပု​ရော​ဟိတ်​ဧ​ဇ​ရ တောင်း​သ​မျှ သော​အ​ရာ​တို့​ကို​အ​လျင်​အ​မြန်​ထုတ် ပေး​ကြ​ရန် ဥ​ဖ​ရတ်​မြစ်​ကြီး​အ​နောက် ဘက်​ပြည်​နယ်​ရှိ​ငွေ​တိုက်​စိုး​အ​ပေါင်း တို့​အား​အ​မိန့်​တော်​ရှိ​သည်။-
וּ֠מִנִּי אֲנָ֞ה אַרְתַּחְשַׁ֤סְתְּא מַלְכָּא֙ שִׂ֣ים טְעֵ֔ם לְכֹל֙ גִּזַּֽבְרַיָּ֔א דִּ֖י בַּעֲבַ֣ר נַהֲרָ֑ה דִּ֣י כָל־דִּ֣י יִ֠שְׁאֲלֶנְכוֹן עֶזְרָ֨א כָהֲנָ֜ה סָפַ֤ר דָּתָא֙ דִּֽי־אֱלָ֣הּ שְׁמַיָּ֔א אָסְפַּ֖רְנָא יִתְעֲבִֽד׃
22 ၂၂ သင်​တို့​သည်​ငွေ​ပေါင်​ခု​နစ်​ထောင့်​ငါး​ရာ၊ ဂျုံ ဆန်​တင်း​ငါး​ရာ၊ စ​ပျစ်​ရည်​ဂါ​လံ​ငါး​ရာ့ ငါး​ဆယ်၊ သံ​လွင်​ဆီ​ဂါ​လံ​ငါး​ရာ့​ငါး ဆယ်​အ​ထိ​လို​သ​မျှ​ဆား​ကို​ထုတ်​ပေး ကြ​စေ။-
עַד־כְּסַף֮ כַּכְּרִ֣ין מְאָה֒ וְעַד־חִנְטִין֙ כֹּרִ֣ין מְאָ֔ה וְעַד־חֲמַר֙ בַּתִּ֣ין מְאָ֔ה וְעַד־בַּתִּ֥ין מְשַׁ֖ח מְאָ֑ה וּמְלַ֖ח דִּי־לָ֥א כְתָֽב׃
23 ၂၃ ကောင်း​ကင်​ဘုံ​ရှင်​ဘု​ရင်​ဘု​ရား​သ​ခင်​သည် မိ​မိ​၏​ဗိ​မာန်​တော်​အ​တွက်​လို​အပ်​သည့် အ​ရာ​ဟူ​သ​မျှ​ကို​ပေး​ရန် သင်​တို့​သ​တိ ပြု​ကြ​ရ​မည်။ သို့​မှ​သာ​လျှင်​ကိုယ်​တော် သည် ငါ​နှင့်​ငါ​၏​နောက်​တွင်​အုပ်​စိုး​မည့် ဘု​ရင်​များ​အား​အ​မျက်​ထွက်​တော်​မ​မူ ဘဲ​နေ​လိမ့်​မည်။-
כָּל־דִּ֗י מִן־טַ֙עַם֙ אֱלָ֣הּ שְׁמַיָּ֔א יִתְעֲבֵד֙ אַדְרַזְדָּ֔א לְבֵ֖ית אֱלָ֣הּ שְׁמַיָּ֑א דִּֽי־לְמָ֤ה לֶֽהֱוֵא֙ קְצַ֔ף עַל־מַלְכ֥וּת מַלְכָּ֖א וּבְנֽוֹהִי׃
24 ၂၄ သင်​တို့​သည်​ယဇ်​ပု​ရော​ဟိတ်​များ၊ လေ​ဝိ အ​နွယ်​ဝင်​များ၊ ဂီ​တ​ပ​ညာ​သည်​များ၊ အ​စောင့် တပ်​သား​များ​နှင့်​အ​လုပ်​သ​မား​များ​ထံ​မှ သော်​လည်း​ကောင်း၊ ဗိ​မာန်​တော်​နှင့်​သက်​ဆိုင် သည့်​အ​ခြား​သူ​များ​ထံ​မှ​သော်​လည်း​ကောင်း အ​ဘယ်​အ​ခွန်​တော်​ကို​မျှ​မ​ကောက်​မ​ခံ ကြ​ရ။
וּלְכֹ֣ם מְהוֹדְעִ֗ין דִּ֣י כָל־כָּהֲנַיָּ֣א וְ֠לֵוָיֵא זַמָּ֨רַיָּ֤א תָרָֽעַיָּא֙ נְתִ֣ינַיָּ֔א וּפָ֣לְחֵ֔י בֵּ֖ית אֱלָהָ֣א דְנָ֑ה מִנְדָּ֤ה בְלוֹ֙ וַהֲלָ֔ךְ לָ֥א שַׁלִּ֖יט לְמִרְמֵ֥א עֲלֵיהֹֽם׃
25 ၂၅ ``သင်​ဧ​ဇ​ရ​သည်​သင့်​အား​ဘု​ရား​သ​ခင်​ပေး အပ်​တော်​မူ​သည့်​ပ​ညာ​ဉာဏ်​ကို​အ​သုံး​ပြု လျက် ဥ​ဖ​ရတ်​မြစ်​ကြီး​အ​နောက်​ဘက်​ပြည် နယ်​တွင် သင့်​ဘု​ရား​သ​ခင်​၏​တ​ရား​တော်​ကို လိုက်​နာ​ကျင့်​သုံး​ကြ​သူ​လူ​အ​ပေါင်း​တို့​အား အုပ်​စိုး​ရန်​အ​တွက်​အုပ်​ချုပ်​ရေး​မှူး​များ​နှင့် တ​ရား​သူ​ကြီး​များ​ကို​ခန့်​ထား​လော့။ ထို တ​ရား​တော်​ကို​မ​သိ​သူ​ကို​သင်​သည်​သင် ကြား​ပို့​ချ​ပေး​လော့။-
וְאַ֣נְתְּ עֶזְרָ֗א כְּחָכְמַ֨ת אֱלָהָ֤ךְ דִּֽי־בִידָךְ֙ מֶ֣נִּי שָׁפְטִ֞ין וְדַיָּנִ֗ין דִּי־לֶהֱוֺ֤ן דאנין לְכָל־עַמָּה֙ דִּ֚י בַּעֲבַ֣ר נַהֲרָ֔ה לְכָל־יָדְעֵ֖י דָּתֵ֣י אֱלָהָ֑ךְ וְדִ֧י לָ֦א יָדַ֖ע תְּהוֹדְעֽוּן׃
26 ၂၆ အ​ကယ်​၍​သင့်​ဘု​ရား​သ​ခင်​၏​ပ​ညတ်​တော် များ​ကို​ဖြစ်​စေ၊ အင်​ပါ​ယာ​နိုင်​ငံ​တော်​၏ တ​ရား​ဥ​ပ​ဒေ​များ​ကို​ဖြစ်​စေ​ချိုး​ဖောက် သူ​အား​သေ​ဒဏ်၊ ပြည်​နှင်​ဒဏ်၊ ထို​သူ​ပိုင်​ပစ္စည်း များ​ကို​သိမ်း​ယူ​ခြင်း​ဒဏ်၊ သို့​မ​ဟုတ်​ထောင် ဒဏ်​အ​လျင်​အ​မြန်​ခံ​စေ'' ဟူ​၍​ဖော်​ပြ ပါ​ရှိ​၏။
וְכָל־דִּי־לָא֩ לֶהֱוֵ֨א עָבֵ֜ד דָּתָ֣א דִֽי־אֱלָהָ֗ךְ וְדָתָא֙ דִּ֣י מַלְכָּ֔א אָסְפַּ֕רְנָא דִּינָ֕ה לֶהֱוֵ֥א מִתְעֲבֵ֖ד מִנֵּ֑הּ הֵ֤ן לְמוֹת֙ הֵ֣ן לשרשו הֵן־לַעֲנָ֥שׁ נִכְסִ֖ין וְלֶאֱסוּרִֽין׃ פ
27 ၂၇ ဧ​ဇ​ရ​က``ငါ​တို့​ဘိုး​ဘေး​များ​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား ထော​မ​နာ​ပြု ကြ​လော့။ ကိုယ်​တော်​သည်​မင်း​ကြီး​အား ယေ​ရု ရှ​လင်​မြို့​ရှိ​ထာ​ဝ​ရ​ဘု​ရား​ဗိ​မာန်​တော်​ကို ဤ​သို့​ဂုဏ်​ပြု​စိတ်​ကို​ပေး​တော်​မူ​ပါ​တ​ကား။-
בָּר֥וּךְ יְהוָ֖ה אֱלֹהֵ֣י אֲבוֹתֵ֑ינוּ אֲשֶׁ֨ר נָתַ֤ן כָּזֹאת֙ בְּלֵ֣ב הַמֶּ֔לֶךְ לְפָאֵ֕ר אֶת־בֵּ֥ית יְהוָ֖ה אֲשֶׁ֥ר בִּירוּשָׁלִָֽם׃
28 ၂၈ ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​ကြောင့်​ငါ​သည် မင်း​ကြီး​နှင့်​တ​ကွ သူ​၏​အ​တိုင်​ပင်​ခံ​အ​မတ် များ၊ တန်​ခိုး​ကြီး​သည့်​အ​ရာ​ရှိ​များ​၏​ရှေ့ တွင်​မျက်​နှာ​သာ​ရ​စေ​တော်​မူ​သည်။ ဘု​ရား​သ​ခင်​သည်​ငါ့​အား​ရဲ​စွမ်း​သတ္တိ​ကို​ပေး​တော် မူ​၍ ငါ​သည်​ဣ​သ​ရေ​လ​သား​ချင်း​စု​ခေါင်း ဆောင်​အ​မြောက်​အ​မြား​ကို ငါ​နှင့်​အ​တူ လိုက်​ကြ​ရန်​စု​ရုံး​နိုင်​လေ​ပြီ'' ဟု​ဆို​၏။
וְעָלַ֣י הִטָּה־חֶ֗סֶד לִפְנֵ֤י הַמֶּ֙לֶךְ֙ וְיֽוֹעֲצָ֔יו וּלְכָל־שָׂרֵ֥י הַמֶּ֖לֶךְ הַגִּבֹּרִ֑ים וַאֲנִ֣י הִתְחַזַּ֗קְתִּי כְּיַד־יְהוָ֤ה אֱלֹהַי֙ עָלַ֔י וָאֶקְבְּצָ֧ה מִיִּשְׂרָאֵ֛ל רָאשִׁ֖ים לַעֲל֥וֹת עִמִּֽי׃ פ

< ဧ​ဇ​ရ 7 >