< ဧဇရ 7 >
1 ၁ နှစ်ပေါင်းများစွာကြာသောအခါ ပေရသိ ဧကရာဇ်ဘုရင်အာတဇေရဇ်လက်ထက်၌ ဧဇရနာမည်ရှိသူလူတစ်ယောက်ရှိ၏။ သူ သည်ယဇ်ပုရောဟိတ်မင်းအာရုန်မှဆင်းသက် လာကြောင်း အောက်ပါအတိုင်းသိနိုင်ပေသည်။ ဧဇရ၏အဖသည်စရာယ၊ စရာယ၏ အဖမှာအာဇရိ၊ အာဇရိ၏အဖကား ဟိလခိဖြစ်၏။-
Po těch pak věcech, za kralování Artaxerxa krále Perského, Ezdráš syn Saraiáše, syna Azariášova, syna Helkiášova,
2 ၂ ဟိလခိ၏အဖသည်ရှလ္လုံ၊ ရှလ္လုံ၏အဖ မှာဇာဒုတ်၊ ဇာဒုတ်၏အဖကားအဟိ တုတ်ဖြစ်၏။-
Syna Sallumova, syna Sádochova, syna Achitobova,
3 ၃ အဟိတုတ်၏အဖသည်အာမရိ၊ အာမရိ ၏အဖမှာအာဇရိ၊ အာဇရိ၏အဖကား မေရာယုတ်ဖြစ်၏။-
Syna Amariášova, syna Azariášova, syna Meraiotova,
4 ၄ မေရာယုတ်၏အဖသည်ဇေရဟိ၊ ဇေရဟိ ၏အဖမှာသြဇိ၊ သြဇိ၏အဖကားဗုက္ကိ ဖြစ်၏။-
Syna Zerachiášova, syna Uzi, syna Bukki,
5 ၅ ဗုက္ကိ၏အဖသည်အဘိရွှ၊ အဘိရွှ၏အဖ သည် ဖိနဟတ်၊ ဖိနဟတ်၏အဖမှာဧလာဇာ၊ ဧလဇာ၏အဖကားအာရုန်ဖြစ်သတည်း။
Syna Abisuova, syna Fínesova, syna Eleazarova, syna Aronova, kněze nejvyššího,
6 ၆ ဧဇရသည်မောရှေအားဣသရေလအမျိုး သားတို့၏ဘုရားသခင်ထာဝရဘုရား ပေးအပ်တော်မူသည့်ပညတ်ကျမ်းကိုကြေ ညက်စွာတတ်မြောက်သူပညာရှိကြီးဖြစ် ၏။ ဧဇရသည်ဘုရားသခင်၏ကောင်းချီး မင်္ဂလာကိုခံစားရသူဖြစ်သဖြင့် မင်း ကြီးသည်သူတောင်းသမျှသောအရာ တို့ကိုပေးသနားတော်မူလေသည်။-
Tento Ezdráš vyšel z Babylona, a byl člověk zběhlý v zákoně Mojžíšově, kterýž dal Hospodin Bůh Izraelský, a dal mu král podlé toho, jakž ruka Hospodina Boha jeho byla s ním, všecko, zač ho koli žádal.
7 ၇ ဧဇရသည်ယဇ်ပုရောဟိတ်များ၊ လေဝိ အနွယ်ဝင်များ၊ ဗိမာန်တော်ဂီတပညာသည် များ၊ ဗိမာန်တော်အစောင့်တပ်သားများနှင့် အလုပ်သမားများပါဝင်သည့်ဣသရေလ အမျိုးသားများနှင့်အတူ အာတဇေရဇ် မင်းနန်းစံခုနစ်နှစ်မြောက်၌ ဗာဗုလုန်မြို့ မှယေရုရှလင်မြို့သို့လိုက်လာခဲ့၏။-
Vyšli také synové Izraelští a kněží, i Levítové a zpěváci, vrátní a Netinejští do Jeruzaléma, léta sedmého Artaxerxa krále.
8 ၈ ထိုသူတို့သည်ပထမလ၊ တစ်ရက်နေ့၌ ဗာဗုလုန်မြို့မှထွက်ခွာလာကြရာ ထာဝရ ဘုရားကူမတော်မူခြင်းကြောင့်ပဉ္စမလ၊ တစ်ရက်နေ့၌ယေရုရှလင်မြို့သို့ရောက် ရှိကြလေသည်။-
A přišel do Jeruzaléma pátého měsíce. Tenť jest rok sedmý krále Daria.
Prvního zajisté dne měsíce prvního vyšel z Babylona, a prvního dne měsíce pátého přišel do Jeruzaléma s pomocí Boha svého.
10 ၁၀ ဧဇရသည်တစ်သက်ပတ်လုံး ထာဝရ ဘုရား၏ပညတ်ကျမ်းကိုလေ့လာဆည်း ပူးလိုက်နာကျင့်သုံးကာ ထိုကျမ်းတွင်ပါ ရှိသည့်ပညတ်များနှင့်စည်းမျဉ်းများကို ဣသရေလအမျိုးသားတို့အားသင် ကြားပို့ချပေး၏။
Nebo Ezdráš byl uložil v srdci svém, aby zpytoval zákon Hospodinův i plnil jej, a aby učil lid Izraelský ustanovením a soudům.
11 ၁၁ အာတဇေရဇ်မင်းသည်ဣသရေလအမျိုး သားတို့အား ထာဝရဘုရားပေးအပ်တော် မူသည့်တရားတော်များနှင့် ပညတ်တော်တို့ ကိုကြေညက်စွာတတ်မြောက်သောယဇ်ပုရော ဟိတ်ဧဇရအား အမိန့်တော်စာကိုပေးတော် မူ၏။ ထိုစာတွင်၊
Tento pak jest přípis listu, kterýž dal král Artaxerxes Ezdrášovi knězi umělému v zákoně, zběhlému v těch věcech, kteréž přikázal Hospodin, a v ustanoveních jeho v Izraeli:
12 ၁၂ ``ဧကရာဇ်မင်းအာတဇေရဇ် ထံမှကောင်းကင်ဘုံရှင်ဘုရားသခင်၏ ပညတ်ကျမ်းတတ်မြောက်သောယဇ်ပုရော ဟိတ်ဧဇရထံသို့၊
Artaxerxes, král nad králi, Ezdrášovi knězi umělému v zákoně Boha nebeského, muži zachovalému i Cheenetským.
13 ၁၃ ``ငါ၏အင်ပါယာနိုင်ငံတော်တစ်လျှောက်လုံး တွင်ရှိသည့် ဣသရေလအမျိုးသားများ၊ ယဇ် ပုရောဟိတ်များနှင့်လေဝိအနွယ်ဝင်များ သည်ယေရုရှလင်မြို့သို့ သင်နှင့်အတူသွား လိုပါကသွားခွင့်ပြုသည်။ ဤကားငါ၏ အမိန့်တော်ဖြစ်သည်။-
Ode mne jest přikázáno, kdož by koli v království mém z lidu Izraelského, a z kněží jeho i z Levítů, dobrovolně jíti chtěl s tebou do Jeruzaléma, aby šel.
14 ၁၄ ငါဘုရင်မင်းမြတ်နှင့်ငါ၏အတိုင်ပင်ခံအ မတ်ခုနစ်ဦးတို့သည် သင့်အားယေရုရှလင် မြို့နှင့်ယုဒပြည်အခြေအနေကိုစုံစမ်းရန် စေလွှတ်သည်။ သင်သည်သင့်အားပေးအပ်ထား တော်မူသည့် သင့်ဘုရားသခင်၏တရား တော်ကိုလူတို့အဘယ်မျှလိုက်နာကျင့် သုံးကြသည်ကိုစုံစမ်းလော့။-
Poněvadž jsi od krále a sedmi rad jeho poslán, abys dohlédal k Judstvu a k Jeruzalému podlé zákona Boha svého, kterýž máš v ruce své,
15 ၁၅ သင်သည်ယေရုရှလင်မြို့ဗိမာန်တော်တွင်စံ တော်မူသော ဣသရေလအမျိုးသားတို့၏ ဘုရားသခင်အား ငါနှင့်ငါ၏အတိုင်ပင်ခံ အမတ်များလှူဒါန်းသည့်ရွှေနှင့်ငွေကိုယူ ဆောင်သွားလော့။-
A abys donesl stříbro a zlato, kteréž král a rady jeho dobrovolně obětovali Bohu Izraelskému, jehož příbytek jest v Jeruzalémě,
16 ၁၆ ထို့အပြင်သင်သည်ဗာဗုလုန်ပြည်နယ်တစ် ခုလုံးမှကောက်ခံရသမျှရွှေငွေကိုလည်း ကောင်း၊ ဣသရေလအမျိုးသားများနှင့်ယဇ် ပုရောဟိတ်တို့သည် ယေရုရှလင်မြို့တွင်စံ တော်မူသည့် မိမိတို့၏ဘုရားသခင်အား ပေးလှူသည့်ပူဇော်သကာများကိုလည်း ကောင်းယူဆောင်သွားလော့။
A všecko stříbro a zlato, kteréhož bys dostal ve vší krajině Babylonské u těch, kteříž by z lidu dobrovolně co obětovati chtěli, i s kněžími, kteříž by dobrovolně obětovali k domu Boha svého, kterýž jest v Jeruzalémě,
17 ၁၇ ``သင်သည်ဤငွေကိုသတိနှင့်သုံးစွဲ၍ နွား၊ သိုးထီး၊ သိုးသားငယ်၊ ဂျုံစပါးနှင့်စပျစ် ရည်တို့ကိုဝယ်ပြီးလျှင် ယေရုရှလင်မြို့ ဗိမာန်တော်ယဇ်ပလ္လင်တွင်တင်လှူပူဇော် လော့။-
Abys rychle nakoupil za to stříbro telat, skopců, beránků s suchými i mokrými obětmi jejich, a obětoval je na oltáři domu Boha vašeho v Jeruzalémě.
18 ၁၈ ကြွင်းကျန်သည့်ရွှေငွေကို သင်နှင့်သင်၏အမျိုး သားများဆန္ဒရှိသည့်အတိုင်း သင်တို့ဘုရားသခင်၏အလိုတော်နှင့်အညီသုံးစွဲနိုင် သည်။-
A což se koli tobě a bratřím tvým za dobré viděti bude, s ostatkem stříbra a zlata učiniti, vedlé vůle Boha vašeho učiňte.
19 ၁၉ ဗိမာန်တော်ဝတ်ပြုကိုးကွယ်မှုတွင်အသုံး ပြုရန် သင့်အားပေးအပ်လိုက်သည့်အသုံး အဆောင်တို့ကို ယေရုရှလင်မြို့တွင်စံတော် မူသောထာဝရဘုရားအားဆက်သလော့။-
Nádoby pak, kteréžť jsou dány k službě domu Boha tvého, navrať před Bohem v Jeruzalémě,
20 ၂၀ ထို့ပြင်ဗိမာန်တော်အတွက်လိုသေးသော အရာများကို ဘဏ္ဍာတော်တိုက်မှငွေကို ထုတ်၍ဝယ်နိုင်သည်။
I jiné věci přináležející k domu Boha tvého. A což by bylo potřebí dáti, dáš z komory královské.
21 ၂၁ ``ငါအာတဇေရဇ်မင်းသည်ကောင်းကင်ဘုံ ရှင် ဘုရားသခင်၏ပညတ်ကျမ်းတတ်မြောက် သောယဇ်ပုရောဟိတ်ဧဇရ တောင်းသမျှ သောအရာတို့ကိုအလျင်အမြန်ထုတ် ပေးကြရန် ဥဖရတ်မြစ်ကြီးအနောက် ဘက်ပြည်နယ်ရှိငွေတိုက်စိုးအပေါင်း တို့အားအမိန့်တော်ရှိသည်။-
A já, já Artaxerxes král poručil jsem všechněm výběrčím, kteříž jste za řekou, aby všecko, čehož by koli žádal od vás Ezdráš kněz, učitel zákona Boha nebeského, rychle se stalo,
22 ၂၂ သင်တို့သည်ငွေပေါင်ခုနစ်ထောင့်ငါးရာ၊ ဂျုံ ဆန်တင်းငါးရာ၊ စပျစ်ရည်ဂါလံငါးရာ့ ငါးဆယ်၊ သံလွင်ဆီဂါလံငါးရာ့ငါး ဆယ်အထိလိုသမျှဆားကိုထုတ်ပေး ကြစေ။-
Až do sta centnéřů stříbra, a až do sta měr pšenice, a až do sta sudů vína, a až do sta tun oleje, a soli bez míry.
23 ၂၃ ကောင်းကင်ဘုံရှင်ဘုရင်ဘုရားသခင်သည် မိမိ၏ဗိမာန်တော်အတွက်လိုအပ်သည့် အရာဟူသမျှကိုပေးရန် သင်တို့သတိ ပြုကြရမည်။ သို့မှသာလျှင်ကိုယ်တော် သည် ငါနှင့်ငါ၏နောက်တွင်အုပ်စိုးမည့် ဘုရင်များအားအမျက်ထွက်တော်မမူ ဘဲနေလိမ့်မည်။-
Což by koli bylo z rozkazu Boha nebeského, nechť rychle spraví k domu Boha nebeského. Nebo proč má býti prchlivost jeho proti království královu i synům jeho?
24 ၂၄ သင်တို့သည်ယဇ်ပုရောဟိတ်များ၊ လေဝိ အနွယ်ဝင်များ၊ ဂီတပညာသည်များ၊ အစောင့် တပ်သားများနှင့်အလုပ်သမားများထံမှ သော်လည်းကောင်း၊ ဗိမာန်တော်နှင့်သက်ဆိုင် သည့်အခြားသူများထံမှသော်လည်းကောင်း အဘယ်အခွန်တော်ကိုမျှမကောက်မခံ ကြရ။
Také vám oznamujeme, aby na žádného z kněží a Levítů, zpěváků, vrátných, Netinejských a služebníků v domě Boha toho, platu, cla a úroku žádný úředník nevzkládal.
25 ၂၅ ``သင်ဧဇရသည်သင့်အားဘုရားသခင်ပေး အပ်တော်မူသည့်ပညာဉာဏ်ကိုအသုံးပြု လျက် ဥဖရတ်မြစ်ကြီးအနောက်ဘက်ပြည် နယ်တွင် သင့်ဘုရားသခင်၏တရားတော်ကို လိုက်နာကျင့်သုံးကြသူလူအပေါင်းတို့အား အုပ်စိုးရန်အတွက်အုပ်ချုပ်ရေးမှူးများနှင့် တရားသူကြီးများကိုခန့်ထားလော့။ ထို တရားတော်ကိုမသိသူကိုသင်သည်သင် ကြားပို့ချပေးလော့။-
Přesto, ty Ezdráši, podlé moudrosti Boha svého, kterouž jsi obdařen, nařídíš soudce a rádce, kteříž by soudili všecken lid, jenž jest za řekou, ze všech, kteříž povědomi jsou zákona Boha tvého. A kdo by neuměl, budete učiti.
26 ၂၆ အကယ်၍သင့်ဘုရားသခင်၏ပညတ်တော် များကိုဖြစ်စေ၊ အင်ပါယာနိုင်ငံတော်၏ တရားဥပဒေများကိုဖြစ်စေချိုးဖောက် သူအားသေဒဏ်၊ ပြည်နှင်ဒဏ်၊ ထိုသူပိုင်ပစ္စည်း များကိုသိမ်းယူခြင်းဒဏ်၊ သို့မဟုတ်ထောင် ဒဏ်အလျင်အမြန်ခံစေ'' ဟူ၍ဖော်ပြ ပါရှိ၏။
Kdož by pak koli neplnil zákona Boha tvého a zákona králova, ať se i hned soud vynese o něm, buď k smrti, buďto k vypovědění jeho, neb aby na statku pokutován byl, aneb vězením trestán.
27 ၂၇ ဧဇရက``ငါတို့ဘိုးဘေးများ၏ဘုရားသခင်ထာဝရဘုရားအား ထောမနာပြု ကြလော့။ ကိုယ်တော်သည်မင်းကြီးအား ယေရု ရှလင်မြို့ရှိထာဝရဘုရားဗိမာန်တော်ကို ဤသို့ဂုဏ်ပြုစိတ်ကိုပေးတော်မူပါတကား။-
Požehnaný Hospodin Bůh otců našich, kterýž dal to srdce královo, aby zvelebil dům Hospodinův, kterýž jest v Jeruzalémě,
28 ၂၈ ဘုရားသခင်၏ကျေးဇူးတော်ကြောင့်ငါသည် မင်းကြီးနှင့်တကွ သူ၏အတိုင်ပင်ခံအမတ် များ၊ တန်ခိုးကြီးသည့်အရာရှိများ၏ရှေ့ တွင်မျက်နှာသာရစေတော်မူသည်။ ဘုရားသခင်သည်ငါ့အားရဲစွမ်းသတ္တိကိုပေးတော် မူ၍ ငါသည်ဣသရေလသားချင်းစုခေါင်း ဆောင်အမြောက်အမြားကို ငါနှင့်အတူ လိုက်ကြရန်စုရုံးနိုင်လေပြီ'' ဟုဆို၏။
A naklonil ke mně milosrdenstvím krále i rad jeho, i všech mocných knížat královských. Protož já posilněn jsa rukou Hospodina Boha svého nade mnou, shromáždil jsem z lidu Izraelského přednější, kteříž by šli se mnou.